×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Saturday, 26 January 2019

ကိုယ်ဖတ်ထားသမျှစာတွေ မှတ်မိနေစေမယ့် နည်းလမ်း (၃) မျိုး

စာဖတ်တယ်ဆိုတာ ကျောင်းသားတွေမှမဟုတ်ဘူးနော် လုပ်ငန်းခွင်ဝင်နေသူတွေအဖို့လည်း အရေးကြီးတာပဲ။

စာဖတ်တာတော့ ဖတ်ပါရဲ့ ဒါပေမဲ့ မမှတ်မိဘူးဆိုတာမျိုး မဖြစ်ရအောင်၊ ဖတ်သမျှစာတွေ ခေါင်းထဲစွဲနေအောင် ဒီနည်းတွေကို သုံးစေချင်တယ်။

၁။ စက္ကန့် ၃၀ အတိုချုပ်ကိုချရေးပါ
သင်ခန်းစာ၊ အစည်းအဝေး ပြီးတာနဲ့ မှတ်မိသမျှကို ချရေးထားလိုက်ပါ။ စက္ကန့် ၃၀ အတွင်း (ချက်ခြင်း) အရေးကြီးဆုံးအရာတွေကို ချရေးလိုက်ရမှာဖြစ်ပါတယ်။ ဒါလေးတွေကိုချရေးထားလိုက်တာနဲ့ နောက်ထပ်ပြန်ကြည့်စရာမလိုလောက်အောင်ကို ခေါင်းထဲက မှတ်မိသွားတယ်။ စာအုပ်ဖတ်ရင်လည်း ဒီနည်းအတိုင်းပဲ အရေးကြီးအချက်လေးတွေကို ချမှတ်ထားလိုက်ပါ။

၂။ စိတ်ကူးတွေပေါင်းစပ်ပါ
ကိုယ့်မှာရှိထားပြီးသား စိတ်ကူးအကြံဉာဏ်တွေကို စိတ်ကူးသစ်တွေနဲ့ ပေါင်းစပ်လိုက်ပါ။ စာဖတ်ပြီးလို့ စိတ်ကူးတစ်ခုခု ရလာရင် ကိုယ့်မှာရှိထားပြီးသား စိတ်ကူးနဲ့ ပေါင်းစပ်ကြည့်ရင် ဦးနှောက်က စိတ်ကူးအကြံဉာဏ်သစ်တွေလည်း ထပ်ထွက်လာတယ်။

၃။ သာမာန်စာအုပ်လေးတစ်အုပ်လုပ်ကြည့်ပါ
မှတ်စုစာအုပ်လေးလိုမျိုး လုပ်ကြည့်ပါ။ ချမှတ်ထားတဲ့ အကြောင်းအရာမှန်သမျှကို ဒီစာအုပ်လေးထဲမှာ မှတ်ထားမယ်ဆိုရင် နောင်တစ်ချိန် လိုတဲ့အခါ ပြန်ဖတ်လို့ရမယ်။ ဖတ်ထားတာကို ပြန်နွှေးသလိုလည်းဖြစ်သွားတော့ မှတ်မိလွယ်စေပါတယ်။

Credit: Duwun

Read times Last modified on Wednesday, 29 January 2020 11:24
Rate this articles
(3 votes)