×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Friday, 01 February 2019

နားထောင်မှုစွမ်းရည် မြင့်တက်လာစေဖို့

ကျွန်တော်တို့တွေဟာ ပျမ်းမျှအားဖြင့်တော့ တစ်နေ့တာစဖို့ နိုးထလာတာနဲ့ နားထောင်ခြင်း (listening) ဘက်မှာ အချိန်အများဆုံး အသုံးပြုနေကြတယ်။ နားထောင်စွမ်းရည်ပြည့်ဝသူတစ်ယောက်ဖြစ်လာဖို့ဆိုရင်၊ တစ်နည်းအားဖြင့် listening ပိုကောင်းလာချင်ရင်တော့ အဓိကက ကြားချင်စိတ်ရှိရမယ်။ ပြောရရင် နားထောင်ချင်စိတ်ရှိရမယ်ပေါ့။ ဒါပေမဲ့ ဒီတစ်ခုတည်း ရှိနေရုံနဲ့တော့ မပြီးသေးဘူး။ နားထောင်တဲ့နေရာမှာ အထောက်အကူဖြစ်စေနိုင်တဲ့ စကေးတစ်ချို့လည်း လိုအပ်သေတယ်။

ဒါဆို နားထောင်စွမ်းရည်ပြည့်ဝသူ (သို့) listener ကောင်းတစ်ယောက်ဖြစ်လာအောင် ဘယ်လိုလုပ်ကြမလဲ

၁။ ကြည့်ပါ

ပြောတဲ့သူကို ကြည့်ပါ။ စိတ်ဝင်စားပါ။ တခြားအရာတွေကို လျှောက်တွေးမနေပါနဲ့။ လျှောက်မလုပ်ပါနဲ့။ ဥပမာ -ဟိုဟာကိုင် ဒီဟာကိုင်လုပ်နေတာမျိုး၊ စားပွဲခုံကို လက်နဲ့ခေါက်နေတာမျိုး၊ အနားရှိ ပန်းကန်တို့ ဘာတို့ကို ပွတ်သပ်နေတာမျိုး၊ တီဗွီ လှမ်းကြည့်နေတာမျိုးတို့ကို မလုပ်ပါနဲ့။ သင့်အနေနဲ့ အဒီအတောအတွင်းမှာ နားထောင်ပေးဖို့ အချိန်မရှိဖြစ်နေမယ် ဆိုရင်လည်း သင်ရနိုင်မယ့်အချိန်ကို ပြန်ချိန်းဆိုပါ။

၂။ ကြားမဖြတ်နဲ့

ကြားဖြတ်ပြောတာမျိုး မလုပ်ပါနဲ့။ လူအများစုက ကြားဖြတ်ပြောလာရင် ဆိုးဆိုးဝါးဝါး တုံ့ပြန်တတ်ပါတယ်။ ပြီးတော့ အဲဒါက သူတို့ကို လေးစားမှုမရှိရာလည်း ကျပါတယ်။ သင့်မှာ ကြားဖြတ်ပြောတတ်တဲ့အကျင့်မျိုး ရှိနေမယ်ဆိုရင်လည်း အကြောင်းရင်းကို သေချာပြန်စစ်ကြည့်ပါ။ ပြီးရင် ပြောင်းလဲဖြစ်ဖို့ ဆုံးဖြတ်ချက်ချပါ။

၃။ အာရုံစိုက်ပါ

နားလည်အောင် အာရုံစိုက်ပါ။ လူအများစုဟာ နားထောင်ပြီးတဲ့နောက်ပိုင်း ၅၀% လောက်ပဲ ပြန်ခေါ်နိုင်လေ့ ရှိတယ်ဆိုတာ သတိရပါ။ အချိန်တွေ ကုန်ဆုံးသွားတာနဲ့အမျှ သူတို့ရဲ့ မှတ်နိုင်စွမ်းတွေကလည်း တစ်စက်ချင်း လျော့ကျကုန်ပါတယ်။ နောက်တစ်နေ့ရောက်တဲ့အခါမှာ သူတို့ရဲ့ စိတ်ဝင်စားမှုတွေဟာ များသောအားဖြင့် ၂၅% လောက်ထိ ကျသွားပါတယ်။ ဒီယိမ်းယိုင်မှုတိုက်ပွဲကို ဖြေရှင်းနိုင်တာ တစ်နည်းပဲရှိပါတယ်။ အချက်အလက်တွေကို မှတ်သားထားခြင်းထက် ရည်မှန်းချက် goal ကို နားလည်သဘောပေါက်အောင် လုပ်ပါ။ ဒါကြောင့် နားလည်အောင် အာရုံစူးစိုက် နားထောင်ပါ။

၎။ လိုအပ်ချက်တွေကို သုံးသပ်

အဲဒီအတောအတွင်းမှာ သူတို့ရဲ့ လက်ရှိ လိုအပ်ချက်တွေကို စဉ်းစားဆုံးဖြတ်ပါ။ လူဆိုတာကတော့ စကားပြောရင် အကြောင်းပြချက် အမျိုးမျိုးနဲ့ ပြောတတ်တာချည်းပါပဲ။ တစ်ချို့ကလည်း အဆင်ပြေအောင် ကြည့်ပြောတယ်။ တချို့ကျတော့ လည်း ထွက်ပေါက်ရှာတာပေါ့။ ဖြတ်သန်းနေရတဲ့ နေ့စဉ်ဘဝထဲမှာ ကြည့်ကြည့်ပါ။ အမျိုးမျိုးရှိပါတယ်။ လူအများစုဟာ ကိုယ့်ဘာသာ သဘောထားကွဲလွဲမှုတွေကို ပြန်ရှာကြတယ်။

၅။ ခံစားချက်ကို ဆန်းစစ်

သင့်ရဲ့ စိတ်ခံစားချက်ကို စစ်ဆေးကြည့်ပါ။ တခြားတစ်ယောက်ရဲ့ ပြောစကားတွေကို နားထောင်နေရတာဟာ တစ်ချိန်မဟုတ် တစ်ချိန်မှာတော့ စိတ်ခံစားချက်တစ်ခုခုတော့ မြင်တက်လာနိုင်ပါတယ်။ ထိန်းချုပ်စစ်ဆေးပါ။

၆။ ဆုံးဖြတ်ဖို့စောင့်

သင့်ရဲ့ဆုံးဖြတ်ချက်တွေကို ဆိုင်းငံ့ထားပါ။ သင့်အနေနဲ့ ချက်ချင်း ရမ်းသမ်းကောက်ချက်ချလို့မရပါဘူး။ အဲဒီတော့ မပြီးဆုံးခင် ဆုံးဖြတ်ချက်ပေးမဲ့အစား တစ်ချိန်းတည်းမှာပဲ နားထောင်စွမ်းရည်ပြည့်ဝသူဖြစ်အောင် လေ့ကျင့်လိုက်ပါ။ အကြောင်းအရာအားလုံးကို ပြောခွင့်ပြုပြီးမှ သင့်အနေနဲ့ respond ပြန်ပါ။

Reference: flrc

Read times Last modified on Thursday, 30 January 2020 15:02
Rate this articles
(1 Vote)