×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Friday, 08 March 2019

"ပတ်ဝန်းကျင်ရဲ့အမြင် နဲ့ စိတ်ဓါတ်ခွန်အား"

ကိုယ့် ပတ်ဝန်းကျင်ဆိုတာ ကိုယ့်ကို ဝေဖန်ဖို့အတွက် အမြဲစောင့်ကြည့်ပြီး ကောင်းတာဆိုးတာဝေဖန်နေကြတာပါ။

ကိုယ်က ကောင်းတာတွေကိုလုပ်နေတာမြင်ရင် နည်းနည်းတော့ချီးမွှမ်းကြလိမ့်မယ်။ ကိုယ်က မတော်တဆလေးများလွဲချော်သွားတာရှိကြည့် အပြစ်တွေဒလစပ်ကျလာမယ် ကိုယ့်အမှားကိုထောက်ပြီးတချိန်လုံးပြောဆိုနေကြမှာ ကိုယ့်ရဲ့ပတ်ဝန်းကျင်ပါပဲ။

ဒီ ကောင်းခြင်း ဆိုးခြင်း ဝေဖန်မှုတွေအကြား ချီးမွှန်းပြောဆိုတာခံရရင်လည်း မာနမဖြစ်မိဖို့နဲ့ ကဲ့ရဲ့အပြစ်ဆိုခဲ့ရင်လည်း စိတ်ဓါတ်မကျမိဖို့က ကိုယ့်မှာသာ တာဝန်ရှိပါတယ်။

လူတစ်ချို့က ကိုယ့်ကိုချီးကျူးတဲ့စကားတွေအကြား သာယာပြီးတဖြည်းဖြည်းနဲ့ မာနတက်လာလို့ ကိုယ်သာအသိဆုံး ကိုယ်သာအတတ်ဆုံး ကိုယ့်ကိုသာ အားလုံးက လေးစားကြရတယ်ဆိုပြီးသွေးနားထင် ရောက်သွားကြတဲ့သူတွေရှိသလို။

လူတစ်ချို့ကတော့ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ရှုံ့ချမှုတွေအကြား စိတ်ဓါတ်တွေယိုင်နဲ့လာပြီး တဖြည်းဖြည်းနဲ့ ပတ်ဝန်းကျင်နဲ့ဝေးကွာလာကာ လုပ်ချင်တာလေးတွေ လုပ်သင့်တာလေးတွေရှိရင်တောင် အမှားပါမှာကို စိုးရိမ်ပြီး ဘယ်သူတွေများအပြစ်ပြောကြမလဲ ဆိုတဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေနည်းလာတာမျိုးတွေ ဖြစ်တတ်ပါတယ်။

READ - အပြောကောင်းတဲ့ ဘုန်းဘုန်း

ပတ်ဝန်းကျင်ဆိုတာ ကိုယ့်ရဲ့အပေါ်ကို ဘယ်လိုမျိုးနဲ့ပဲ ထိုးနှက်ကြပါစေ ကိုယ့်ရဲ့စိတ်ကို ခိုင်ခံ့အောင်ထားပြီး ကိုယ်တိုင်မယိုင်လဲအောင် ဆက်လျှောက်သွားနိုင်ဖို့က အရေးကြီးပါတယ်။

ပတ်ဝန်းကျင်ဆိုတာကတော့ ကောင်းကောင်းဆိုးဆိုး ဝေဖန်ပြောဆိုနေကြမှာပါပဲ။ အရေးကြီးဆုံးကတော့ ကိုယ့်စိတ်ကို ကိုယ် ကိုယ်တိုင် မရိုက်ချိုးသရွေ့ဘယ်သူကမှ ကိုယ့်ကိုနိမ့်ကျသွားအောင်လို့ မလုပ်နိုင်ကြပါဘူး။

ကိုယ်လျှောက်တဲ့လမ်းမှန်ကန်ဖို့နဲ့ ကိုယ့်လုပ်ရပ်တွေက သူတစ်ဦးတစ်ယောက်အတွက်မနစ်နာဖို့ မစော်ကားမိဖို့ပဲအရေးကြီးပါတယ်။

လူတိုင်းအမှားမကင်းကြပါဘူး။ လူတိုင်းလည်းအမြဲမှန်မနေပါဘူး။ ပတ်ဝန်းကျင်ဆိုတာ သူတို့အလုပ်သူတို့လုပ်နေကြတာပါ။ ကိုယ်တိုင်လည်း အဲဒီပတ်ဝန်းကျင်ထဲမှာ ပါဝင်နေတယ်ဆိုတာမမေ့နဲ့နော်။

ဒါကြောင့် သူများမကောင်းတာ ကိုယ်ကောင်းတာလေးပဲကွက်ပြီးမတွေးသွားကြပါနဲ့။ ကိုယ်ကောင်းတယ်မကောင်းဘူးဆိုတာလည်း ကိုယ်ကိုယ် တိုင်ပြီးရင် ပတ်ဝန်းကျင်ကလည်း ဒုတိယအသိဆုံးမို့ "ပတ်ဝန်းကျင်ရဲ့အမြင်" နဲ့ "ပတ်ဝန်းကျင်ရဲ့ဝေဖန်ခြင်း" ဆိုတာဟာ မတူပါဘူးလို့ပဲ သတိပေးချင်ပါတယ်။

READ - ယုံကြည်မှု ပျောက်ဆုံးမသွားစေဖို့....

credit- #မေခ

Read times Last modified on Thursday, 30 January 2020 17:31
Rate this articles
(1 Vote)