သင်ဟာ အလုပ်ခွင်ကိုရောက်တာနဲ့ ဘယ်အရာကို အရင်ဆုံးစပြီး လုပ်တတ်ပါသလဲ? တစ်နေ့တာ အလုပ်တွေကို အောင်အောင်မြင်မြင် ပြီးဆုံးနိုင်စေဖို့ဆိုရင် စတင်လုပ်ဆောင်တဲ့ အပိုင်းက အရေးကြီးဆုံးပါ။ သင့်ရဲ့လုပ်ငန်းတွေကို အကောင်းဆုံးပြီးဆုံးနိုင်ဖို့အတွက် ဒီအချက် (၅) ချက်ကို စမ်းကြည့်သင့်တယ်နော်။
၁) သင့်ရဲ့စားပွဲကို အရင်ရှင်းပါ။
ကျန်တာတွေ ဘာမှမလုပ်သေးခင် ပထမဦးဆုံးအနေနဲ့ သင့်ရဲ့ပတ်ဝန်းကျင်ကို ရှင်းလင်းလိုက်ပါ။ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်က သင့်ရဲ့စိတ်ကို ရှင်းလင်းစေပြီး တစ်နေ့တာအလုပ်တွေကို စိတ်လန်းလန်းဆန်းဆန်းနဲ့ လုပ်ဆောင်နိုင်စေပါတယ်။
၂) တစ်နေ့တာလုပ်ရမယ့် အလုပ်တွေကို ပြန်ဆန်းစစ်ပါ။
သင်တစ်နေ့တာလုပ်ရမယ့် ကိစ္စတွေအားလုံးကို ပြန်ခြုံကြည့်ပါ။ အဲဒီလိုလုပ်ခြင်းအားဖြင့် သင့်ရဲ့လုပ်ငန်းတွေကို လွယ်ကူစွာမြင်နိုင်ပြီး ပိုပြီးလည်း လျင်လျင်မြန်မြန် ပြီးစီးအောင်လုပ်ဆောင်နိုင်ပါတယ်။ နောက်ပြီး လိုအပ်ရင်လည်း ပြင်ဆင်မှုတွေကို အလွယ်တကူလုပ်နိုင်တာပေါ့။
၃) ဦးစားပေးသတ်မှတ်ပါ။
သင်ဆန်းစစ်ပြီးတဲ့ တစ်နေ့တာအလုပ်တွေကို အရေးကြီးတာတွေအလိုက် ခွဲခြားသတ်မှတ်လိုက်ပါ။ သင့်အနေနဲ့ တစ်နေ့လုံးမှာ အရေးကြီးဆုံးအရာတွေကို ဦးစားပေးလုပ်ခြင်းအားဖြင့် အလုပ်တွေကို မြန်မြန်ပြီးစေနိုင်ပါတယ်။
၎) email စစ်ပါ
လုပ်ငန်းခွင်ဝင်နေသူတစ်ယောက်အနေနဲ့ email ကို ခဏခဏ စစ်နေသင့်ပါတယ်။ သင်ဟာ manager တစ်ယောက်ဆိုလည်း သင့်ရဲ့ subordinate တွေရဲ့ ခွင့်တိုင်စာတွေ ၊ အလုပ်နဲ့ပတ်သက်တဲ့ အကူအညီတောင်းစာတွေအပြင် သင့်ထက်ရာထူးကြီးတဲ့ သင့်ရဲ့ supervisor တွေရဲ့ အလုပ်အပ်စာတွေက သင့်အတွက် အရေးကြီးလွန်းလှပါတယ်။ အဲဒါကြောင့် email ကို အချိန်နဲ့တပြေးညီ စစ်နေခြင်းက သင်လုပ်ရမယ့်အလုပ်တွေကို update ဖြစ်နေစေမှာပါ။
၅) သင့်အတွက် inspire ဖြစ်စေမယ့် quote တစ်ခုဖတ်ပေးပါ
လူတိုင်းမှာ သဘောကျနှစ်သက်ပြီး ကိုယ့်ကိုကိုယ် အားအင်တွေပေးနိုင်တဲ့ quote တစ်ခုလောက်ကတော့ ရှိကြစမြဲပါ။ ကိုယ်စိတ်အားငယ်နေတဲ့ အချိန်မှာပဲဖြစ်ဖြစ် ၊ စိတ်ဓာတ်ကျနေတဲ့ အချိန်မှာပဲဖြစ်ဖြစ် ကိုယ့်ကို စိတ်ဓာတ်ခွန်အားပေးနိုင်တဲ့ quote မျိုးကို ဖတ်လိုက်ပါ။ ထိုင်ပြီး အားလျော့နေတာထက်စာရင်တော့ နည်းနည်းလေးပဲဖြစ်ဖြစ် အားအင်တွေပြန်ရပြီး အလုပ်ဆက်လုပ်ချင်လာပါလိမ့်မယ်။
ကဲ ဒီလောက်ဆိုရင် သင့်ရဲ့လုပ်ငန်းတွေကို စနစ်တကျ ၊ လျင်လျင်မြန်မြန်နဲ့ လုပ်ဆောင်လို့ရပြီပေါ့။
Source: Kawi