×
Warning
JUser: :_load: Unable to load user with ID: 723
JUser: :_load: Unable to load user with ID: 81428
Knowledge
Friday, 21 July 2017
အသောကမင်းတရားကြီးရဲ့ဆရာဖြစ်တဲ့ ပရောဟိတ်ကြီး စာဏကျ (Chanakya) ၏ ဘဝနှင့်ပက်သက်သော အတွေးအခေါ်များထဲမှ အချို့
အသောကမင်းတရားကြီးရဲ့ဆရာဖြစ်တဲ့ ပရောဟိတ်ကြီး စာဏကျ (Chanakya) ၏ ဘဝနှင့်ပက်သက်သော အတွေးအခေါ်များထဲမှ အချို့ scoopwhoo.com
 UNICODE
ဘဝဟာ လှေတစ်စင်းသာဆိုရင် ထိုလှေကိုပဲ့ကိုင်ဖို့ ပဲကိုင်ရှင်လိုပါတယ်။ ကိုယ်သည်သာ ကိုယ့်ဘဝရဲ့ ပဲ့ကိုင်ရှင်ပါ။ဘဝဆိုတဲ့ လှေကိုပဲ့ထိန်းရင်း မှန်ကန်တဲ့လမ်းကြောင်း၊ လိုချင်တဲ့ ပန်းတိုင်ကိုရောက်ဖို့ အတွက်သွားတဲ့လမ်းမှာ ပညာရှိတွေရဲ့ အတွေးအခေါ်၊ အဆိုအမိန့်တွေက လမ်းမှားမရောက်အောင်ထိန်းကျောင်းပေးပါတယ်။
ဘဝနဲ့ပက်သက်တဲ့ chanakya ရဲ့အတွေးအခေါ် အချို့ကိုဖော်ပြပေးလိုက်ပါတယ်။
၁။ ပညာဆိုတာ အကောင်းဆုံးမိတ်ဆွေပါ။ ပညာတတ်တစ်ယောက်ကို လူတိုင်းနေရာတိုင်းက လေးစား ကြပါတယ်။ ငယ်ရွယ်နုပျိုမှုနှင့် လှပမှုဟာ ပညာကို မယှဉ်ပြိုင်နိုင်ပါဘူး။
၂။ လူတစ်ယောက်ဟာ အလွန်အကျွံ မရိုးသားသင့်ပါဘူး။ ဖြောင့်တန်းတဲ့ သစ်ပင်တွေဟာအရင် အရှင်းခံရသလို ရိုးသားလွန်းတဲ့သူတွေကလည်း လည့်စားခံရပြီး ရှင်းထုတ်ခံရတတ်ပါတယ်။
၃။ အလုပ်တစ်ခုမစတင်ခင် ကိုယ့်ကိုယ်ကို မေးခွန်းသုံးခုအမြဲမေးပါ။ “ဘာကြောင့် ဒီအလုပ်ကိုလုပ်တာလဲ” “အကျိုးရလဒ်တွေက ဘာဖြစ်မလဲ” “အောင်မြင်မှုရနိုင်မလား” ဒီမေးခွန်းတွေနဲ့ပက်သက်ပြီး သေသေချာချာစဉ်းစားပါ၊ သင့်အတွက်စိတ်ကျေနပ်လောက်တဲ့ အဖြေရမှ ဆက်လက်လုပ်ဆောင်ပါ။
၄။ အလုပ်တခုကိုစတင်တဲ့အခါ ကျရံှုးသွားမှာကို မကြောက်ပါနဲ့၊ စွန့်လွှတ်အရှုံးမပေးပါနဲ့။ မှန်မှန်ကန်ကန် ရိုးသားမှုနဲ့ လုပ်ဆောင်တဲ့သူတွေက ပျော်ရွှင်မှုကို ခံစားရပါတယ်။
၅။ ဘယ်လိုခင်မင်ရင်းနှီးမှုမျိုးမဆို နောက်ကွယ်တွင် ကိုယ်ကျိုးကြည့်တတ်တဲ့ တစ်ကိုယ်ကောင်းစိတ် တချို့ရှိ နေတတ်ပါတယ်။ ကိုယ်ကျိုးမကြည့်တဲ့ မိတ်ဆွေစိတ်ဆိုတာမရှိပါဘူး။ ဒါဟာခါးသီးတဲ့ အမှန်တရားတစ်ခု ပါပဲ။
၆။ ဘုရားသခင်ဆိုတာ ရုပ်တုတစ်ခုအနေနဲ့ရှိနေတာမဟုတ်ပါဘူး။ သင့် ခံစားချက်ဟာ သင့်ရဲ့ ဘုရားသခင်ပါ။ သင့်စိတ်ဟာ သင့်ရဲ့ ဘုရားကျောင်းပါ။
၇။ သင်နဲ့အခြေအနေ အဆင့်အတန်းခြင်း မတူတဲ့သူတွေနဲ့ ဘယ်တော့မှမိတ်ဆွေမဖွဲ့ပါနဲ့။ ဒီလိုမိတ်ဆွေဖွဲ့မှု မျိုးက ဘယ်လိုပျော်ရွှင်မှုမျိုးမှ သင့်ကိုပေးစွမ်းနိုင်မှာမဟုတ်ပါဘူး။
၈။ စိုးရိမ်ကြောက်ရွံမှုတွေ ပေါ်လာလျှင်ချက်ချင်းတိုက်ထုတ်ပြီး ဖယ်ရှားလိုက်ပါ။
၉။ အမျိုးသမီးတစ်ယောက်၏ နုပျိုမှုနှင့် လှပမှုဟာ လောကကြီးရဲ့ အကြီးမားဆုံးစွမ်းအားဖြစ်ပါတယ်။
၁၀။ မြွေတစ်ကောင်ဟာ အဆိပ်မရှိဘူးဆိုရင်တောင် အဆိပ်ရှိချင်ယောင်ဆောင်ရပါမယ်။
၁၁။ မျက်မမြင်တစ်ယောက်အတွက် မှန်တစ်ချပ်ဟာ အသုံးမဝင်သလို လူမိုက် တစ်ယောက်အတွက် စာအုပ်တွေဟာလည်း အသုံးမဝင်ပါဘူး။
Source ; scoopwhoop
Read times Last modified on Saturday, 28 December 2019 14:37
Rate this articles
(4 votes)