×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Tuesday, 25 July 2017

သင်ကြိုးစားသလောက် အရာမထင်ဘူးလား???

စာကျက်စားပွဲတွင် အချိန်အကြာကြီးထိုင်ပြီးစာလုပ်နေယုံနဲ့ စာတွေကိုလွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် မှတ်မိနိုင်မယ်လို့ ထင်တတ်ကြပါတယ်။ အချိန်အကြာကြီး စာကိုပဲအာရုံစိုက်နေတဲ့အတွက် ကြလာတာနဲ့ ဦးနှောက်ရဲ့စွမ်းဆောင်ရည်ကျဆင်းလာပါတယ်။

တစ်နာရီလောက်စာလုပ်ပြီးရင် ၅ မိနစ်လောက်အနားယူ ပေးတာတွေလုပ်သင့်ပါတယ်။ စာလေ့လာတဲ့အခါ မြန်မြန်ဆန်ဆန် လွယ်လွယ်ကူကူမှတ်မိစေနိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးထားပါတယ်။

 

၁။ ခြေထောက်ကို လှုပ်ရှားပေးပါ။ အချိန်အကြာကြီးထိုင်နေရသည့်အခါ သွေးလည်ပတ်မှုကို အနှောင့် အယှက်ဖြစ်စေပြီး အာရုံစိုက်နိုင်မှုကို လျော့ကျစေပါတယ်။

 

၂။ မနက်စာစားပေးပါ။ လူအများစုက မနက်စာမစားဖြစ်ကြပါဘူး။ မနက်စာစားခြင်းဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေကို ပေးစွမ်းနိုင်မှာပါ။ ဦးနှောက်ရဲ့ဖန်တီးနိုင်စွမ်းက မနက်ပိုင်းမှာအကောင်းဆုံး ဖြစ်တဲ့အတွက် စိတ်ကြည်လင်လန်းဆန်းနေဖို့လိုပါတယ်။

 

၃။ စိတ်ဖိစီးမှုနှင့် စိတ်ဓါတ်ကျမှုတွေကို လျော့ချပါ။ စိတ်ဖိစီးမှုတွေဟာ သင်ယူနိုင်စွမ်းကို ထိခိုက်စေ ပါတယ်။

 

၎။ အချိန်မှန်အိပ်ပါ။ အိပ်ချိန်မှန်ခြင်းက သင့်ရဲ့ဦးနှောက်လုပ်ဆောင်မှုတွေကို တိုးတက်စေပါတယ်။ ဖြေရှင်းလို့မရတဲ့ ပြဿနာတွေကို ခဏလောက်သေချာဆန်းစစ်ကြည့်ပြီး အိပ်လိုက်ပါ။ နိုးလာတဲ့အခါ ပြဿနာဖြေရှင်းဖို့နည်းလမ်းကို သင်ရှာတွေ့မှာသေချာပါတယ်။ အားပြည့်သွားတဲ့ ဦးနှောက်က ပြဿနာကို လွယ်လွယ်ကူကူဖြေရှင်းပေးနိုင်ပါတယ်။

 

၅။ ခနလောက်အနားယူပါ။ မရပ်မနားသင်ယူလေ့လာနေခြင်းထက် တစ်နာရီတွင် ၅-၁၀ မိနစ်လောက် အနားယူခြင်းက သင်ခန်းစာတွေကိုပိုမို မှတ်သားနိုင်ပါတယ်။

 

READ - အမြဲတမ်း မှတ်ဥာဏ်ကောင်းစေမည့် နည်းလမ်း (၇) ခု

 

၆။ အားလပ်ရက်တွေမှာ ခြေလျင်ခရီးထွက်ခြင်းလုပ်ဆောင်ပေးပါ။ ခရီးမထွက်နိုင်ရင်တောင် သူငယ်ချင်း အိမ်သွားလည်တာမျိုးလေးတွေလုပ်ပေးသင့်ပါတယ်။ ဒါဟာ သင့်ရဲ့ စိတ်ကိုထွက်ပေါက်ပေးတာလည်း ဖြစ်ပြီး တီထွင်နိုင်မှုစွမ်းအားကိုလည်း တိုးတက်စေပါတယ်။

 

၇။ တစ်ကြိမ်မှာတစ်ခုကိုပဲ အာရုံစိုက်ပါ။ သင်စာလေ့လာရင်းနဲ့ TV ကြည့်တာမျိုးမလုပ်ပါနဲ့။ သင့်ရဲ့လေ့ လာနိုင်မှုကို ထိခိုက်စေပါတယ်။

 

၈။ ရေချိုးပါ။ ညစ်ညူးနေတဲ့သင့်ရဲ့စိတ်ကို လန်းဆန်းစေပြီး သင်ယူလေ့လာနိုင်စွမ်းကို တိုးတက်စေပြီး ထိရောက်မှု ရှိစေပါတယ်။

 

၉။ ရယ်မောခြင်း ပြုလုပ်ပါ။ ရယ်မောခြင်းသည် ခန္ဓာကိုယ်ကို relaxes ဖြစ်စေပါတယ်။ idea အသစ်တွေကို ဖန်တီးနိုင်ပါလိမ့်မယ်။

 

၁၀။ ကိုယ့်ကိုယ်ကို စိတ်ဓါတ်မြှင့်တင်ပေးပါ။ သင်ဘာ့ကြောင့် တစုံတခုကိုသင်ယူချင်တာလဲ။ သင်ယူမှုက နေ သင်ဘာတွေရရှိနိုင်မယ်လို့ မျှော်လင့်ထားလဲ။ သင်ဘာကို သင်ယူချင်မှန်း သင်လိုချင်တာဘာလဲ မသိဘူးဆိုရင်တော့ သင်အောင်မြင်မှုပန်းတိုင်ကို ရောက်ရှိနိုင်မှာမဟုတ်ပါဘူး။

 

Source; OEDb

Read times Last modified on Monday, 30 December 2019 10:00
Rate this articles
(3 votes)