×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Wednesday, 26 July 2017

လုပ်ရလွယ်ကူပြီး အကျိုးရှိစေမယ့် လေ့ကျင့်ခန်းလေးတွေ သိပြီးပြီလား???

လုပ်ရလွယ်ကူပြီး အကျိုးရှိစေမယ့် လေ့ကျင့်ခန်းလေးတွေ သိပြီးပြီလား??? google.com

ကျောင်းသားများနှင့် တနေကုန်ထိုင်အလုပ်လုပ်နေရသော ဝန်ထမ်းများသည် ခဏတဖြုတ် လေ့ကျင့်ခန်း လေးတွေလုပ်ပေးခြင်းက စိတ်ကိုပြန်လည်လန်းဆန်းစေပြီး လုပ်သမျှလုပ်ငန်းဆောင်တာများကို မြန်မြန် ဆန်ဆန် ပြီးမြောက်စေနိုင်ပါတယ်။

 

၁။ Chair Squat

115

အတန်းထဲမှာ တနေကုန်စာသင်နေရတဲ့အတွက် သင့်ရဲ့ခြေထောက်တွေ တင်ပါးတွေညောင်းညာနေပြီလား၊ ဒီလေ့ကျင့်ခန်းလေးက သင့်ရဲ့ခန္ဓာကိုယ်အောက်ပိုင်းမှာရှိတဲ့ အဓိကကျတဲ့ ကြွက်သားတွေကို အလုပ်လုပ် စေပါတယ်။ နှလုံးခုန်နှုန်းကိုလည်း ကောင်းမွန်စေပါတယ်။

လက်ပိုက်တဲ့ပုံစံနဲ့ လက်မောင်းကို ခန္ဓာကိုယ်နဲ့ ၉၀ ဒီဂရီကျသည့်အနေအထားဖြင့် မတ်တပ်ရပ်ပါ။ ခါးဆန့်ထားပါ။ သင့်ရဲ့ body weight ကိုခြေထောက်နဲ့ထိန်းထားပြီး ခုံပေါ်ကို ထိုင်တယ်ဆိုရုံလေးထိုင်ပါ။ တစ်ကြိမ်ကို ၅-၁၀ စက္ကန့်နဲ့ ၁၀ ကြိမ်လောက်လုပ်ပေးပါ။

 

၂။ Abdominal lift

abdominal lift

စာကြည့်စားပွဲမှာ အချိန်တွေအကြာကြီး လေ့ကျင်ခန်းတွေလုပ်နေခြင်းက သင့်အတွက်သင်ခန်းစာတွေကို မှတ်မိကောင်းမှတ်မိနိုင်ပေမယ့် သင့်ရဲ့ခန္ဓာကိုယ်ကျန်းမာရေးကိုအတွက် ကောင်းတဲ့အချက်မဟုတ်ပါဘူး။ စာလုပ်နေရင်းနဲ့ အချိန်ခနလေးပေးပြီးတော့ ဝမ်းဗိုက်လေ့ကျင့်ခန်းလေးလုပ်ကြည့်ပေးပါ။ ခန္ဓာကိုယ်ကြံ့ခိုင် သန်စွမ်းလာစေယုံသာမက ဦးနှောင့်ကို ခနအနားပေးသလိုဖြစ်တာကြောင့် စာတွေကိုလဲ ပိုမိုမှတ်မိစေပါတယ်။

ခုံမှာထိုင်နေတဲ့ပုံစံအတိုင်းလေးပဲ ထိုင်ခုံအစွန်းကို လက်ဖြင့်ကိုင်ထားပါ။ ဒူးခေါင်းကွေးလျက် အနေအထားအတိုင်း သင့်ရဲ့ခန္ဓာကိုယ်ကို လက်ဖြင့်ထိန်းထားပြီး ခုံမှကြွပါ။ ဒူးခေါင်းကို မြှောက်နိုင်သလောက်မြှောက်ပေးပါ။ ဒီပုံစံအတိုင်းခုံပေါ်တွင် ၅-၁၀ စက္ကန့်လောက်နေပြီး ဖြည်းဖြည်းချင်းပြန်ထိုင်ချပါ။ ၂-၄ ကြိမ်လောက် လုပ်ပေးပါ။ ဒီလေ့ကျင့်ခန်းလေးလုပ်ရင်း textbook ဖွင့်ပြီးစာကြည့်နေလို့လဲရတယ်နော်။

 

၃။ Oblique Swivel

Oblique Swivel

ဒီလေ့ကျင့်ခန်းလေးက သင်စာလုပ်နေရင်းနဲ့ ပျင်းလာတဲ့အခါမှာလည်း လုပ်ပေးလို့ရပါတယ်။ ခါးနဲ့ပေါင် ကြွက်သားတွေရဲ့ တင်းမာမှုကို ပြေလျှော့စေတဲ့နည်းဖြစ်ပါတယ်။

ဒီလေ့ကျင့်ခန်းလေးက ထိုင်နေရင်း လုပ်ရတာဖြစ်ပါတယ်။ လက်နှစ်ဘက်ကို သင့်ရဲ့စားပွဲအစွန်းကို ကိုင်ပြီး ခန္ဓာကိုယ် ဟန်ချက်ကို ထိန်းနိုင်ပါတယ်။ အဲဒီနောက် ခြေထောက်နှစ်ဘက်ကို သင်မြှောက်နိုင် သလောက်မြှောက်ပြီး လက်ကိုအားပြုပြီးတော့ ခုံကို ဘယ်ညာလှည့်ပေးရမှာပါ။ ၁၀-၂၀ ကြိမ်လောက် လုပ်ပေးပါ။

 

၎။ Trapezius Squeeze

54

တနေကုန် ကွန်ပျုတာအသုံးပြုနေရသူနှင့် စာထိုင်လုပ်နေရသောကျောင်းသားများအတွက် ရိုးရှင်းပြီး သင့်တော်တဲ့လေ့ကျင့်ခန်းလေးဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းလေးက သင့်ရဲ့ခန္ဓာကိုယ်ကျောဘက်ရှိ ကြွက်သားတွေကို ကြံ့ခိုင်စေပါတယ်။

ခါးဆန့်ထားပြီး လက်ကိုဘေးချထားပါ။ လက်ကို ၉၀ ဒီဂရီကွေးပါ လက်ချောင်းတွေက ရှေ့ကိုညွှန်ပြသလို ဖြစ်နေပါလိမ့်မယ်။ တံတောင်ဆစ်ကို နောက်ဘက်သို့ဆွဲပြီး ပခုံးနှစ်ဖက်ကြားထဲမှာ ခဲတံညှပ်ထားမယ့်ပုံစံမျိုး ပခုံးကြွက်သားတွေကို ညှစ်ပေးရမှာပါ။ လက်ကိုရှေ့သို့ ညွှန်ပြထားမယ့်အစား flashcards လေးတွေကိုင် ပြီးတော့လဲ စာလုံးတွေလေ့ကျင့်နိုင်ပါတယ်။

 

၅။ Water Bottle Bicep Curl

Water Bottle Bicep Curl

ဒီလေ့ကျင့်ခန်းလေးကတော့ သင့်ရဲ့လက်ရုံးကြွက်သားညောင်းညာမှုကို ပြေလျော့စေပါတယ်။

ရေဘူးဖြစ်ဖြစ် အခြားအလေးချိန်တူတဲ့ ပစ္စည်းတခုခုကို အသုံးပြုပေးလို့ရပါတယ်။ လက်တစ်ဖက်ခြင်းစီ အသုံးပြုရမှာပါ။ ရေဘူးကိုင်ထားတဲ့လက်ကို ဖြည်းဖြည်းချင်းမတင်ပြီး ပြန်ချရမှာပါ။ ၁၀-၂၀ ကြိမ်လောက် လုပ်ပေးပါ။

Source; hercampus

 

 

 

Read times Last modified on Monday, 30 December 2019 10:00
Rate this articles
(2 votes)