×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Monday, 07 August 2017

Scholarship ဆိုတာ!!!

Scholarship ဆိုတာ!!! google.com

ဘယ်သူတွေ Scholarship ရလေ့ရှိလဲ။

Scholarship တွေဟာ အင်္ဂလိပ်အရမ်းကောင်းတဲ့သူတွေ၊ Work experience အများကြီးရှိတဲ့သူ တွေ၊ Bachelor Degree Transcript မှာအမှတ်တွေ မိုးပျံနေတဲ့သူတွေပဲ ရနိုင်တယ်လို့ထင်ရင်ချက်ချင်း မေ့လိုက် ပါ။ လုံးဝ မဟုတ်ပါဘူး။

အသေချာဆုံးကတော့ Scholarship ရချင်ရင် လျှောက်ရပါမယ်၊ မရနိုင်ဘူး လို့ထင် ပြီး မလျှောက်ရင် ဘယ်တော့မှ ရမှာမဟုတ်ပါဘူး။ Application is our duty, Selection is their duty လို့ယူဆပြီး လျှောက်ပါ။

 

English Proficiency

IELTS or TOFEL အမှတ်ရှိဖို့ အရင်စလုပ်ပါ။ လျှောက်မယ့်ကျောင်းကတောင်းဆိုတဲ့ အနည်းဆုံးသတ်မှတ် ထားတဲ့ အမှတ်ရရင် အဆင်ပြေပါတယ်။ အများအားဖြင့် IELTS 6.5 or TOFEL 575 ဆိုရင် တော်တော်များများ လက်ခံပါတယ်။ IELTS 7 မှတ်နှင့်အထက် ဒါမှမဟုတ် TOFEL 600 အထက် ရရင်တော့ အကောင်းဆုံးပေါ့။ မရလည်း စိတ်ပျက်စရာမလိုပါဘူး။ နောက်ဆုံး english score မရှိရင် တောင် လျှောက်လို့ရတဲ့ scholarship တွေရှိပါတယ်။ ဒါပေမယ့် ကိုယ့်ဘက်က အကောင်းဆုံးပြင်ဆင် သင့်သလို score မြင့်လေ ကိုယ့်အတွက်ပိုကောင်းလေပါ။ International scholarships အများစုက competition များသလို အတော်ဆုံးကျောင်းသားကို ဦးစားပေးရွေးချယ်ကြတာများပါတယ်။

 

ဘာသာရပ်ရွေးချယ်ခြင်းနှင့် Scholarship များရှာဖွေခြင်း

Scholarship တွေက အမျိုးမျိုးရှိပါတယ်။ Scholarship body တွေကပေးတာ၊ ကျောင်းကပေးတာ ရှိတယ်။ ကျောင်းဝင်ခွင့် admission letter နဲ့တွဲလျှောက်ရတာရှိတယ်၊ Partial Scholarship၊ full scholarship တွေရှိတယ်၊ ကိုယ်ကဘယ်ဘာသာရပ်ကို စိတ်ဝင်စားတယ်ဆိုတာ ရွေးချယ်ပါ၊ ပြီးရင် online မှာ ရှာဖွေပါ။ ပြီးရင် လျှောက်လို့ရပါပြီ။

 

READ -Online education ကနေ သင်ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်မှာလဲ။

 

Essays

လျှောက်တဲ့သူတွေ အများစုရဲ့ လုပ်ငန်းအတွေ့အကြုံနဲ့ အင်္ဂလိပ်စာအရည်အချင်းတွေက သိပ်ကွာမှာ မဟုတ်ပါဘူး။ ကွာသွားမှာက essay တွေပါ။ ကိုယ်ရေးထားတာကို ဖတ်တဲ့သူက စိတ်ဝင်စားရင် interview ပါဖို့များပါတယ်။ ဒီလိုလုပ်ရတာ ဒီအားနည်းချက်တွေရှိတယ်၊ ဒါကြောင့် ပိုကောင်းလာအောင် ဘယ်လိုလုပ် ပေးချင်တယ် အဲလိုတွေလုပ်ပေးနိုင်ဖို့ ဒါကိုသင်ချင်ပါတယ်ပေါ့။ အရေးကြီးဆုံးက လက်တွေ့ကျဖို့ပါ။ အဓိက က ကိုယ့်ရဲ့စိတ်ကူးနဲ့ ရေးရပါမယ် ကိုယ့်ပတ်ဝန်းကျင် ကိုယ့်နိုင်ငံမှာ ဖြစ်နေတဲ့အကြောင်းအရာတွေကို အမှန်တိုင်းထင်သာအောင် ရေးရပါမယ်၊ကိုယ်လျှောက်မယ့်ဘာသာရပ်ပေါ် မူတည်ပြီး ဆက်စပ်မှုရှိအောင် ရေးဖို့ အရေးကြီးပါတယ်။

 

Recommendation Letters

Recommendation ရေးဖို့တောင်းဆိုတဲ့အခါ အရေးကြီးဆုံးက ကိုယ့်ကို သေချာသိပြီး ကောင်းကောင်းရေး ပေးမယ့်သူ၊ email ပုံမှန်သုံးတဲ့သူ ဖြစ်ဖို့လိုပါတယ်။ Recommender ရဲ့ရာထူးအဆင့်က အဲဒီလောက် အရေးမကြီးပါဘူး၊ ခဏခဏတောင်းရတာကိုလည်း အားမနာပါနဲ့။ ဘယ်လောက်အလုပ်များများ ကိုယ့် တပည့်တွေရဲ့ career အတွက်နာရီဝက်လောက် အချိန်ပေးရတာကို ဝန်မလေးကြပါဘူး။ Recommendation မှာလည်း ကိုယ်က ဘယ်လိုကြိုးစားခဲ့တယ်ဆိုတာကို ဖော်ပြရာမှာ ကျိုးကြောင်း ဆီလျော်မှုရှိဖို့ လိုပါတယ်။

 

Curriculum Vitae (CV)

Scholarship လျှောက်ရာမှာ CV ဆိုတဲ့ ကိုယ်ရေးအချက်အလက်ဖောင်ကလည်း တွဲတင်ပေးရတာမို့ အရမ်းအရေးကြီးပါတယ်။ ကိုယ့်ရဲ့အတွေ့အကြုံတွေ ကိုယ်လုပ်ခဲ့တာတွေကို သပ်သပ်ရပ်ရပ်နဲ့ ရက်စွဲအ ပြည့်အစုံနဲ့ တစ်ခုချင်းဖော်ပြပေးပါ။ အလုပ်ဆိုတာက volunteer လုပ်ခဲ့ဖူးတာလည်း အလုပ်မို့လို့ အားလုံးထည့်လို့ရပါတယ်။ CV ဖြည့်နည်းကို အွန်လိုင်းပေါ်က ကြည့်လို့ရပါတယ်။

 

Interview

လူတွေ့စစ်ဆေးဖို့ခေါ်ပြီဆိုရင်တော့ ရဖို့အခွင့်အရေးများပါတယ်။ အင်တာဗျူးမှာ အရေးအကြီးဆုံးက ရိုးသားဖို့၊ အပြောနဲ့ ကိုယ့် essay တွေနဲ့ထပ်တူကျဖို့၊ ကိုယ့်ရဲ့စိတ်အားထက်သန်မှုကို ပြနိုင်ဖို့ အရေးကြီး ပါတယ်။

အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်ပြီး အနာဂတ်မှာ ထွန်းလင်းတောက်ပပြီး နိုင်ငံတော်ကို အလင်းပြနိုင်မည့် ကြယ်ပွင့်လေးတွေဖြစ်ပါစေလို့ sayar.com.mm မှဆုမွန်ကောင်း တောင်းပေးလိုက် ပါတယ်။

 

READ -ရေဒီယိုကနေ အင်္ဂလိပ်စာလေ့လာကြရအောင်

 

Credit; original writer

Read times Last modified on Saturday, 28 December 2019 14:00
Rate this articles
(2 votes)