ကိုယ့်ကိုယ်ကို ယုံကြည်မှုဆိုတာ ဘဝမှာအရေးကြီးဆုံးပါပဲ။ ကိုယ့်ကိုယ်ကို မယုံရင် တခြားသူတွေက ဘယ်လိုလုပ် ကိုယ့်ကိုယုံကြည်မှာလဲ။
ယုံကြည်မှုဆိုတာ အောင်မြင်ဖို့ တိုးတက်မှုရဖို့အတွက် အခြေခံကျတဲ့ အရေးကြီးသော အချက်ပဲဖြစ်ပါ တယ်။
ယုံကြည်မှုဆိုတာကလည်း စိတ်စွမ်းအင်တစ်မျိုးပါပဲ။
ဒီလိုမျိုး စိတ်စွမ်းအင်ကို ကြီးမားလာစေပြီးသင့်ရဲ့ ယုံကြည်မှုကို တိုးတက်လာစေနိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
အောင်မြင်မှုကိုတွေးပါ။
ငါ ကျရှုံးနိုင်တယ် ရှုံးနိမ့်သွားနိုင်တယ် ဆိုတာတွေအစား အောင်မြင်နိုင်ပါတယ် ဆိုပြီး အတွေးတွေကို ပြောင်းလဲလိုက်ပါ။ အခွင့်အရေးတွေ ပေါ်လာရင်လည်း “ငါလုပ်နိုင်တယ်” ဆိုပြီး အကောင်းဖက်က အမြင်နဲ့ပဲတွေးပါ။ အောင်မြင်နိုင်မယ့်အတွေးတွေပဲ တွေးနေတဲ့အခါ သင့်ရဲ့စိတ်ထဲမှာ ဘယ်လိုအောင်မြင် အောင်ဆောင်ရွက်ရမလဲဆိုတာကိုပဲ စဉ်းစားနေမိပါလိမ့်မယ်။ အရှုံးကိုသာစဉ်းစားနေမယ်ဆိုရင် ဒီသံသရာ ထဲမှာပဲ တဝဲလည်လည် ဖြစ်နေပါလိမ့်မယ်။ သင်အောင်မြင်အောင်ဆောင်ရွက်ထားတဲ့ ကိစ္စတွေကို ပြန်လည်သတိရပါ။
READ -ဥာဏ်ထိုင်းစေမည့် ဘ၀နေထိုင်မှုပုံစံ ၁၀ မျိုး
ကိုယ့်ကိုယ်ကို တော်တယ်ဆိုပြီး ချီးကျူးပါ။
အောင်မြင်မှုရနေတဲ့သူတွေက စူပါပါဝါတွေကို ပိုင်ဆိုင်ထားတဲ့သူတွေ မဟုတ်ပါဘူး။ အောင်မြင်မှုရဖို့ဆိုတာ ကံတွေပေါ်မှာလည်း မူတည်နေတာမဟုတ်ပါဘူး။ အောင်မြင်မှုကို ရယူပိုင်ဆိုင်ထားတဲ့သူတွေက ကိုယ့်ကိုယ်ကိုရော ကိုယ့်ရဲ့အလုပ်အပေါ်မှာပါ ယုံကြည်ရှိပါတယ်။ ကိုယ်ကိုယ်ကို ယုံကြည်ပါ။ ကိုယ့်ကိုယ်ကို ဘယ်တော့မှ လျှော့မတွက်ပါနဲ့။ သင်ထင်တာထက် သင်ပိုပြီးစွမ်းဆောင်နိုင်တယ်ဆိုတာကို ယုံကြည်လိုက်ပါ။
ကြီးကြီးမားမား ယုံကြည်ပါ။
သင့်ရဲ့ အောင်မြင်မှုပမာဏက သင့်ရဲ့ယုံကြည်မှုဘယ်လောက်ရှိလဲ ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ သင်က တော်ရုံတန်ရုံရည်မှန်းချက်လောက်ပဲထားမယ်ဆိုရင် တော်ရုံတန်ရုံပဲရမှာပါ။ ရည်မှန်းချက် ကြီးကြီး ထားပြီး အောင်မြင်မှုကြီးကြီးမားမားကို ရယူလိုက်ပါ။ သင်စိတ်အားထက်သန်သလောက် ယုံကြည် သလောက်ပဲ ပြန်လည်ရရှိမှာပါ။
READ -အင်္ဂလိပ်စကားကို ကျွမ်းကျင်ပိုင်နိုင်စွာ ယုံကြည်မှုရှိရှိ ပြောနိုင်စေဖို့အတွက် နည်းလမ်းကောင်းများ
Source; thutazone