×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Friday, 23 August 2019

"အသက်၂၀အရွယ်မှာ လေ့လာလိုက်စားသင့်သည့် အကောင်းဆုံးအရာများ"

"အသက်၂၀အရွယ်မှာ လေ့လာလိုက်စားသင့်သည့် အကောင်းဆုံးအရာများ" freepick

၁။ကိုယ့်ရဲ့ပျော်ရွှင်မှုကို အလေးပေးခြင်း

ပတ်ဝန်းကျင်မှာတွေ့ဘူတဲ့ လူအများစုဟာ တစ်ယောက် ယောက်နဲ့ date လုပ်ကြပြီဆိုရင် အဲ့ဒီ လူအပေါ်မှာ စိတ်ရောကိုယ်ရော မြှပ်နှံလိုက်ကြပါ တယ်။

တစ်ကယ်တမ်း အဲ့ဒီလူနဲ့ အဆင် မပြေတော့တာတွေပြသာနာတွောကြုံလာ၇တဲ့အခါ လမ်းခွဲဖို့ ဆုံးဖြတ်တဲ့ အခါမှာ ခံနိုင်ရည်မရှိတော့တဲ့ လူတော်တော်များကို ကြုံ တွေ့ဘူးပါတယ်။

အချစ်ဆိုတဲ့ အရာပေါ်မှာ ရူးသွပ်တာ၊ အလေးအနက်ထားတယ်ဆိုတာဟာ မှန်ပါတယ်။ဒါပေမဲ့ ဒီအရာ ဟာ ကိုယ့်ရဲ့ ပျော်ရွှင် မှု ဆို တဲ့ အရာရဲ့နောက်မှသာ ရောက်လာတာဖြစ်ပါတယ်။

ကိုယ်ကိုယ် ပျော်ရွှင်မှု ရှိနေပါမှ အဲဒီ အချစ် ပေါ် မှာ ထားတဲ့အရာတွေကလည်း ပိုမို လေးနက်လာနိုင်မှာ ဖြစ်ပါတယ်။

 

၂။ဗဟုသုတရှာဖွေစုဆောင်းခြင်း

ကိုယ့်ရဲ့ ဘ၀ကို တန်ဖိုး၇ှိအောင် နေထိုင်ခြင်းထဲမှာ အရေးကြီးဆုံး အချက်ကတော့ အဆက်မပြတ် သင်ယူလေ့လာနေခြင်း ပဲဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ ကိုယ်မသိသေးတဲ့အရာတွေသိပ်ကို များပြားပါတယ်။ကိုယ် စိတ်ဝင်စားတဲ့ အရာတွေကို လေ့လာသင်ယူဖို့အတွက်နောက်ကျ တယ်ဆိုတာ ဘယ်တော့မှ မရှိပါဘူး။

ဘာကို မှမ၇ှက်မရွံ့ နဲ့ ကိုယ် သိချင်တာကို ဇွဲ ရှိရှိနဲ့ လေ့လာတတ်ဖို့ပဲလိုအပ်ပါတယ်။ပို အရေးကြီးတာက ကိုယ့်မှာ ရှိတဲ့ ဗဟု သုတ တွေကို အများနဲ့ မျှဝေတတ်ဖို့ပါ၊

တစ်ယောက်နဲ့ တစ်ယောက်ဟာ အတွေးအမြင်မတူ ကြသလို အတွေ့ အကြုံလည်း မတူကြပါဘူး။ ကိုယ့်ရဲ့ အတွေးအမြင်တွေ ကအခြားသူတွေကို ရဲရဲ ၀ံ့ဝံ့နဲ့ မျှဝေတတ်ဖို့ကြိုးစားပါ။

 

၃။အမှတ်တရများ

ကျွန်တော်တို့ရဲ့ ဦးနှောက်တွေဟာ ကျွန်တော်တို့ရဲ့ အမှတ်​တရတွေ အတွေ့ အကြုံ တွေ အားလုံး ကို တစ်သက်လုံး သိမ်းမပေးထားနိုင်ပါဘူး။

ဒါကြောင့် ကိုယ်မှတ်မိချင်တဲ့ အကြောင်း အရာလေး တွေ ကိုယ် တန်ဖိုးထားတဲ့ အခိုက်အတန့် လေးတွေကို ဓာတ်ပုံရိုက်တာပဲ ဖြစ်ဖြစ် ဗီဒီယိုရိုက်ထားတာပဲဖြစ်ဖြစ် ပြုလုပ်ပြီး သိမ်းဆဲထားသင့်ပါတယ်။

တစ်ခါတစ်ရံ သင် စိတ်ဖိစီးတာဖြစ်ဖြစ် စိတ်ညစ်နေတဲ့ အချိန်ပဲ ဖြစ်ဖြစ် ဒီလို အမှတ်တရ တွေကို ပြန်ကြည်မိတဲ့ အခါ စိတ်ဖိစီးမှုတွေကိုလျော့ကျစေသလို တစ်ချိန်ကအမှတ်တရ တွေကို ပြန်လည်ခေါ်ဆောင်ပေးနိုင်တဲ့ အတွက် စိတ်ခွန်အားလည်းရရှိစေပါတယ်။

Recommended for you >>> "ကိုယ်ကျင့်တရားကိုတန်ဖိုးထားပါ"

 

၎။ဝါသနာ

လူအများစုဟာ ကိုယ်ဝါသနာ ပါတဲ့အရာတွေကို ကိုယ့်အတွက် ဘာအကျိုးအမြတ်မှ မရရင် တောင် ဂရုတစိုက်နဲ့ စိတ်နှစ်ပြီး လုပ်တတ်ကြပါတယ်။

ဘာဖြစ်လို့ဝါသနာဟာ လူအားလုံးအတွက် အရေးကြိးလဲလို့ မေးစရာရှိပါတယ်။လူတွေရဲ့ မြတ်နိုးမှုတွေ၊ စစ်မှန်မှုတွေကို ၀ါသနာထဲမှာ ၇ှာဖွေနိုင် ပါတယ်။

လူဖြစ်ရကျိုးနပ်တယ်ဆိုတာ ကိုယ်ဝါသနာ ပါတာ ကို အနှောက်အယှက်ကင်းကင်း နဲ့ လုပ်ကိုင်နိုင် ခြင်းပေါ့။သင့်ရဲ့ စိတ်ဝိဥာဉ်နဲ့ စစ်မှန်မှုတွေကို ၀ါသနာထဲ မှာ ရှာလို့ရပါတယ်။ သင့်ဘ၀ကို ပိုပြီး လှပစေမှာလည်း အဲဒီဝါသနာဆိုတဲ့ အရာပါပဲ။

 

၅။အသက်မွေးဝမ်းကြောင်းလုပ်ငန်း

သင်မှာ ချစ်သူရည်းစားဆိုတာမျိုးမရှိသေးရင်တော့ သေချာပါတယ်၊ သင်ဟာသင့်ရဲ့ အလုပ်အပေါ် မှာ အာရုံစူးစိုက်မှုရှိသူတစ်ဦး ပါ။ဘာပဲဖြစ်ဖြစ်ဒါဟာ ကောင်းမွန်တယ်လို့ဆိုလို့ရပါသေးတယ်။

ကိုယ့်ကိုယ်ကိုကောင်းမွန်အောင်လုပ်ဆောင် နေတာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ဆိုလို့ရပါတယ်။လူတွေကသင့်ကို ပြန်မချစ်ရင် မချစ်မယ် သင့်ရဲ့ အလုပ်ကတော့ သေချာပေါက် သင့်ကို ပြန်ချစ်ပါလိမ့်မယ်။

သင် ဟာ အလုပ်အပေါ်မှာ ဘယ်လောက်မြှပ်နှံထားသလဲအာရုံစူးစိုက်မှုရှိသလဲဆိုတာမှာ မူတည်ပြီး အကျိုးအမြတ်ပြန်ရပါလိမ့်မယ်။

 

၆။ယုံကြည်စိတ်ချရသောလူများ

အခုလက်ရှိအချိန်မှာ လူတစ်ယောက်ကို ယုံကြည်ဖို့ ကိုယ့်ရဲ့ စိတ်နဲ့ ထပ်တူညီတဲ့ လူတစ်ယောက်ကို ရှာဖွေဖို့ဆိုတာ သိပ်ကို လွယ်ကူပါတယ်။ဟုတ်ပါတယ်။

သင့်ရဲ့ အနီးအနားမှာ ရှိတဲ့ သူတွေ နဲ့ စိတ်သဘော ထားမကိုက်ညီဘူး သဘောထားတွေမတူဘူးဆို၇င် click လေးတစ်ချက်နှိပ်လိုက်ရုံပါပဲ။

internet ပေါ်မှာတင် သင် နဲ့ စိတ်သဘောထားတိုက်ဆိုင်တယ်လို့ ထင်တဲ့ လူနဲ့ စကားပြောကြည့်ပြီး ကိုယ်နဲ့ စိတ်ဝိဥာဉ် ၀ါသာနာတူ တဲ့ လူတွေနဲ့်ကိုယ်ပြောချင်တဲ့ အကြောင်းအရာတွေကို လွပ်လပ်စွာဆွေးနွေးပြောဆိုနိုင်ပါတယ်။

Recommended for you >>> "သင့် ဘဝမှာ မသေခင် ပြုလုပ်သွားသင့်သောအကြောင်းအရာများ"

 

၇။အစားအသောက်

လူအများစုဟာကိုယ့်ရဲ့ အသွင်အပြင်တွေကို သာ ဂရုစိုက်လေ့ရှိကြပြီး ကောင်း မွန်တဲ့ အစားအသောက်တွေကို စားကြဖို့ လက်တွန့်တတ်ကြပါတယ်။

ဘ၀ဆိုတာ ပိန်တာ ၀တာ ကို စိုးရိမ်ပူပန်နေဖို့အတွက်သိပ်ကို တိုလွန်းပါတယ်။ကမ္ဘာပေါ်မှာ ကောင်းမွန်တဲ့ အစားအသောက်တွေကို မမြည်းစမ်းရတာလောက်ဆိုးရွားတာ မရှိတော့ပါဘူး။

အစားအသောက်တွေဆို တာ ပျော်ရွှင်မှုတစ်ခုပါပဲ။သင်ရဲ့ စိတ်က တစ်ကယ် တမ်း စားချင်လာပြီဆို ရင် ဘာကို မှ တွေးမနေ ဘဲ ဆန္ဒကို ဖြည့်ဆည်းလိုက်ပါ။

 

၈။အတွေ့အကြုံအသစ်များ

သင် နဲ့ မရင်းနှီးတဲ့ ပတ်ဝန်းကျင် တစ်ခုခုမှာနေထိုင် လုပ်ကိုင် ရတယ် ဆိုတာ မလွယ်ကူပါဘူး။ ဒါပေမဲ့ ဒီလို အတွေ့ အကြုံ အသစ်တွေကပဲ အခွင့်အေ၇းအသစ်တွေကိုယူဆောင် ပေးလာတာပါ။

အတွေ့ အကြုံအသစ်တွေကနေပဲ သင် မသိတဲ့ အရာတွေကို သင်ယူရတာပါ။အသက်တွေကြီးပြီး ဆံပင် ဖြူလာတဲ့ အခါ သင် ထပ်ခါ ထပ်ခါပြုလုပ်ခဲ့ ရတဲ့ အရာတွေ ကို တစ်ခုပ်တစ်ရ ရှိနေမှာ မဟုတ်ပါဘူး။

သင် ဘယ်လို အမှားတွေ ကြုံခဲ့ ရလဲ။

ဒီ အမှားတွေကနေ ဘယ်လိုသင်ခန်းစာယူခဲ့ ရလဲ ဆိုတာပဲ အမှတ်ရနေမှာ ဖြစ်ပါတယ်။ အတွေ့ အကြုံ အသစ်တွေ၊ကိုယ်မလုပ်နိင်ဘူ ထင်တဲ့ အရာတွေကို လုပ်ကိုင်ကြည့်ရင်း နဲ့ကိုယ့်အတွက် အခွင့်အလမ်းအသစ်တွေကို ရှာဖွေလိုက်ပါ။

 

၉။ကောင်းမွန်တဲ့ အရာတွေကို ပိုင်ဆိုင်ခြင်း

လူတွေ က စိတ်ဓာတ်မြင့်တင်ဖို့ ခွန်အားတွေ ရှိဖို့ ပြော ဆို စွမ်းဆောင်နိုင်သလို ဒြပ်ဝတ္ထု ပစ္စည်းတွေမှာလည်း ဒီလို အစွမ်း သတ္တိတွေရှိနေတယ်ဆိုတာလည်း သင် လက်ခံတယ်ဟုတ်။

သင်လိုချင်တဲ့ အရာ၊ သင်နဲ့ ထိုက်တန်တဲ့ အရာ ၊ တန်ဖိုးကြီးမားတာဖြစ်နေရင်တောင် လိုအပ်တယ်တယ်ထင်ရင် ဘာမှသိပ်မစဉ်းစားဘဲ ၀ယ်သာဝယ်လိုက်ပါ။

စိတ်ရှုပ်ထွေးတာမျိုးရှိတဲ့ အချိန်တွေ ရောက်လာ တဲ့ အခါ ဒီပစ္စည်းတွေကိုကြည့်ပြီး ငါကြိုးစားလုပ်ခဲ့ တဲ့ ရလဒ်တွေပါလားလို့ကြည့် ပြီးဂုဏ်ယူနိုင်ပါသေးတယ်။

 

၁၀။ကိုယ့်ကိုယ်ကို ဂရုစိုက်ခြင်း

နောက်ဆုံးအရေးကြီးတဲ့ အချက်ကတော့ သင့်ကိုယ်သ င် ဘယ်လို ချစ်မလဲ ၊ဘယ်လို အကောင်းဆုံးပျိုးထောင်မလဲ ဆိုတာပဲ ဖြစ်ပါတယ်။

 သေးငယ်တဲ့ ကိစ္စတွေ ကစလို့ အကြီးမားဆုံးကိစ္စတွေအထိ ကိုယ်ကိုယ်တိုင်ပဲ ဆုံးဖြတ်၊ကိုယ်ကိုယ်တိုင် ပဲ အကောင်း ဆုံး လုပ်ဆောင် ရတာပါ၊ သင့်ဘက်မှာ သင်ဘဲ ရှိပါတယ်။

ဒါကြောင့် အချိန်တိုင်း ကိုယ့် ကိုယိဂရုစိုက်ဖို့၊ ကိုယ့်ကိုယ်ကို ချစ်ဖို့နဲ့ ကိုယ့်ရဲ့ ဖြစ်တည်မှုကို အလေးထားဖို့ဟာ သိပ်ကို အရေးကြီးပါတယ်။ဘ၀အတွက် ကောင်းမွန်တဲလက်တွဲဖော်ရှာဖို့အတွက် က အချိန်အများကြီး ကျန်ပါသေးတယ်။

တစ်ကယ် တမ်း အာရုံစိုက်ရမှာကသင့်ကို သင် ဘယ်လို ဂရုစိုက်မလဲ၊ သင့်အတွက် အကောင်းဆုံးအရာတွေကို ဘယ်လို ဖန်တီးယူမလဲ ဆိုတာပဲ ဖြစ်ပါတယ်။

Recommended for you >>> ဘယ်အသက်အရွယ် ရောက်ရောက် မရပ်တန့်သင့်တဲ့ အလုပ် (၈)မျိုး ..!

 

 

 

Credit : Lucky Myanmar

sayar.com.mm

 

Read times Last modified on Wednesday, 08 January 2020 14:32
Rate this articles
(0 votes)