×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Monday, 14 August 2017

ဘာကြောင့်စာတွေလေ့လာနေရတာလဲ…

ဘာကြောင့်စာတွေလေ့လာနေရတာလဲ… google.com

“ငါ ဘာကြောင့်ဒါတွေလေ့လာနေရတာလဲ” “ ဘာဖြစ်လို့ ဒီလောက်ပင်ပင်ပန်းပန်းနဲ့ စာလုပ်နေရတာလဲ” “ မလေ့လာရင်ရော ဘာဖြစ်လဲ” ကျောင်းသာဘဝတုန်းက ဒီမေးခွန်းလေးကို ကိုယ့်ကိုယ်ကို ပြန်မေးဖူးတဲ့ အချိန်ရှိခဲ့ဖူးလား။

စာမေးပွဲတွေကလည်း နီးနေပြီ စာတွေကို ကြိုးစားပြီး လေ့လာကျက်မှတ် နေပေမယ့်လည်း စာတွေကမရနိုင်ဖြစ်နေတဲ့အချိန်၊ ကျောင်းရောက်တော့လည်း ဆရာ ဆရာမတွေက စာမရသေးဘူးဆိုပြီးဆူတယ် အိမ်ရောက်တော့လည်း မိဘတွေက စာကျက်ဖို့ ဖိအားပေးတယ်။

 

နားချိန် ကစားချိန်တောင် မရှိနိုင်လောက်အောင် မိုးလင်းလည်း “စာ” ထမင်းစားလည်း “စာ” မိုးချုပ်လည်း “စာ” တစ်ချိန်လုံးဒါပဲ လုပ်နေရတဲ့အခါ ကျောင်းသားတွေလည်း တခါတလေတော့ တွေးမိတတ်မှာပါ “ဘာဖြစ်လို့များ ဒီလောက်တောင် စာတွေကျက်မှတ်နေရတာလဲ” ။ သင်ယူလေ့လာနေတယ်ဆိုတဲ့ နေရာမှာ ကျောင်းစာတစ်ခု တည်းတော့မဟုတ်ဘူးနော်။

 

ဒါဖြင့် မလေ့လာတော့ဘူးဆိုရင်ရော လေ့လာတာတွေကို ရပ်လိုက်တော့မယ်ဆိုရင်ရော ဘာတွေပြောင်းလဲ သွားမလဲ…တွေးကြည့်မိလား။ သေချာတာတစ်ခုကတော့ သင်ယူလေ့လာနေမှုဆိုတဲ့ လုပ်ငန်းစဉ်ကို ရပ်လိုက်တာနဲ့ တစ်နှစ် နှစ်နှစ် ဆိုတဲ့ အချိန်အတိုင်းအတာမှာ သိပ်မသိသာသေးပေမယ့် နောင်တစ်ချိန် အသက်တွေကြီးလာတဲ့အချိန်ရောက်ပြီဆိုရင် သင်ကဘာမှမသိနားမလည်ပဲနဲ့ အားလုံးရဲ့နောက်မှာ လောကကြီးနဲ့ အဆက်အသွယ် ပြတ်ပြီးကျန်နေခဲ့မှာပါ။

 

READ -ယုံကြည်မှု

 

လူတစ်ယောက်ကဘယ်လိုစိတ်နေသဘောထားရှိလဲ ဘယ်လိုလူစားမျိုးလဲဆိုတာ သူဘယ်လောက် လေ့လာထားသလဲ ပညာဥာဏ် ဗဟုသုတဘယ်လောက်ရှိလဲ ဆိုတဲ့အပေါ်မှာမူတည်ပါတယ်။ သင်သာ ပညာမတတ်ဘူးဆိုရင် အလုပ်ကောင်းကောင်း ပညာတတ်တဲ့ပတ်ဝန်းကျင်ကောင်းတစ်ခုကိုလည်း သင်ပိုင်ဆိုင်နိုင်မှာမဟုတ်ပါဘူး။

 

လူဆိုတာဖြစ်လာတာနဲ့ စားဝတ်နေရေးဆိုတဲ့ အချက်တွေကို ရှောင်လွှဲလို့မရပါဘူး။ ဒါတွေကိုရင်ဆိုင် ဖြေရှင်းဖို့ အသိဥာဏ်ပညာဆိုတာ လိုအပ်လာ ပါတယ်။ အသိပညာဆိုတာရှိမှ စဉ်းစားဆင်ခြင်နိုင်တဲ့ ဥာဏ်ရှိမှာပါ။ သင်သိမှာပါ white collared အလုပ် တွေကို သင်လိုချင်တယ်ဆိုရင်တော့ သင်ဆီမှာ ဒါတွေနဲ့ပက်သက်တဲ့ ဗဟုသုတ ပညာတွေရှိနေရမှာပါ။ ဒါတွေက သင်ယူလေ့လာခြင်းမှသာ ရယူပိုင်ဆိုင်နိုင်မှာပါ။

 

ဒါဆိုရင်သင်ယူလေ့လာခြင်းက အရေးကြီးဆုံးပဲလား။ မဟုတ်ပါဘူး နောက်ထပ်အရေးကြီးတဲ့ အချက်လဲရှိပါ သေးတယ်။ ဒါကတော့ ကြိုးကြိုးစားစားဆောင်ရွက်ခြင်း ပါပဲ။ စာသာသင်ယူလေ့လာနေတယ် ကြိုးစားအား ထုတ်မှုလည်းမရှိဘူး။ ကြိုးစာချင်တဲ့စိတ်လည်း မရှိဘူးဆိုရင်တော့ သင်လေ့လာထားတာတွေက အသုံးဝင် ပြီး သင့်ဘဝကို အထောက်အပံ့ဖြစ်စေမယ့်အရာတွေအဖြစ် ပြောင်းလဲပြစ်နိုင်မှာ မဟုတ်ပါဘူး။

 

ကျောင်းသားတွေ စာလေ့လာနေတဲ့အချိန်မှာလည်း ပင်ပန်းမှုတွေ လေ့လာချင်စိတ်တွေမရှိတော့တဲ့ အချိန်ဆိုရင် မိဘတွေ ဆရာတွေအနေနဲ့ အရမ်းကြီးဖိအားမပေးပါနဲ့။ သူတို့ကို ခဏလောက် အနားပေးပြီး လေ့လာမှုတွေ သင်ယူမှုတွေမရှိတော့တဲ့အခါ ဘဝက ဘယ်လိုပြောင်းလဲသွားမလဲ။ ဘာတွေကွာခြားသွား မလဲဆိုတာ နားလည်အောင်ရှင်းပြပြီး အားပေးမှုတွေ ပြုလုပ်ပေးသင့်ပါတယ်။

 

Ref; quora

Read times Last modified on Monday, 30 December 2019 14:12
Rate this articles
(6 votes)