×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Tuesday, 15 August 2017

အလုပ်တစ်ခုကို အချိန်ဆွဲပြီး လုပ်တတ်တဲ့အကျင့်ရှိနေပြီလား။

အလုပ်တစ်ခုကို အချိန်ဆွဲပြီး လုပ်တတ်တဲ့အကျင့်ရှိနေပြီလား။ google.com

 လူတိုင်းကတော့ အဘက်ဘက်ကပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ လိုအပ်ချက်တွေ အားနည်းချက်တွေကတော့ အနည်းနဲ့အများ ရှိတတ်ကြပါတယ်။

အချိန်ဆွဲခြင်း ဆိုတာကလည်း မကောင်းတဲ့အကျင့်တစ်ခုပါ။

အလုပ်လုပ်တဲ့နေရာမှာပဲဖြစ်ဖြစ် ကျောင်းစာလေ့လာတဲ့ နေရာမှာပဲဖြစ်ဖြစ် သင့်ရဲလုပ်ငန်းဆောင်တာ တွေကို မြန်မြန်ပြီးမြောက်ဖို့ နှောင့်နှေးစေပါတယ်။

အချိန်ဆွဲတတ်တဲ့အကျင့်က သင့်ရဲ့ အခွင့်အလမ်းတွေကို ဆုံးရှုံးလိုက်ရတာ၊ အလုပ်တွေ အချိန်မှီ မပြီးနိုင်တာတွေကြောင့် စိတ်ဖိစီးမှုဖြစ်ရတာ၊ အချိန်ကို ကောင်းကောင်းမစီမံနိုင်တာမျိုးတွေ ဖြစ်စေပါတယ်။

ဒါဆိုရင် ဒီအကျင့်လေးကို ဘယ်လိုဖျောက်ကြမလဲ။ အောက်မှာဖော်ပြထားတဲ့ အချက်လေးတွေကို လုပ်ဆောင်ကြည့်ပါ။

 

၁. စဉ်းစားတာကို ရပ်ပြီး စတင်လုပ်ဆောင်လိုက်ပါ။ အလုပ်တစ်ခုကို စတင်လုပ်ဆောင်ဖို့က ခက်ခဲပါတယ်။ အဆင်ပြေပါ့မလား ဆိုပြီး စဉ်းစားနေတာက အချိန်တွေ ကုန်ပါတယ်။ စတင်လုပ်ဆောင်ခြင်းသည် တစ်ဝက်ပြီးခြင်းနဲ့ ညီတယ်ဆိုတဲ့အတိုင်းပါပဲ။

 

READ-သင့်ရဲ့မနက်ခင်းလေးကို အလှပဆုံးဖြစ်အောင်ဖန်တီးကြမယ်။

 

၂. မဖြစ်နိုင်တာကို တွေးတောနေတာက သင်လက်ရှိလုပ်နေတဲ့အလုပ်ကို နှောင့်နှေးကြန့်ကြာစေပါတယ်။ ဒါကြောင့် လက်တွေ့ဘဝမှာ နေပါ။ အလုပ်လုပ်နေတဲ့အချိန်မှာ သင့်ရဲ့အတွေးတွေကို ကန့်သတ်ထားပါ။

 

၃. အလုပ်တွေကအရမ်းများနေတယ် ဘယ်ကစရမှန်းမသိဘူးဖြစ်နေတယ် ဆိုပြီး ဒီတိုင်းထိုင်စဉ်းစားနေတာ နေတာမျိုးတွေ မလုပ်သင့်ပါဘူး။ အလုပ်တွေကို သေချာဆန်းစစ်ပြီး ဘာက အရေးကြီးဆုံးလဲ ဘယ်ဟာက အရင်ပြီးမှ ဖြစ်မှာလဲ ဒီလိုမျိုးခွဲထုတ်လိုက်ပါ။ နောက်ဆုံးပြီးရမယ့် final result ကို ဘယ်လိုလုပ်ရမလဲ စဉ်းစားမယ့်အစား တစ်ဆင့်ချင်းစီ ခွဲခြမ်းစိတ်ဖြာပြီး သေးသေးလေးတွေကနေ စလုပ်ပါ။

 

၎. သင်အကောင်းဆုံးကြိုးစားပြီး လုပ်ဆောင်ခဲ့တဲ့အရာတစ်ခုကို တခြားသူတွေရဲ့ မကောင်းတဲ့ comment တွေ အပေါ်မှာ ခံစားနေတာတွေကလည်း သင်နောက်ထပ်လုပ်ဆောင်ရမယ့် အလုပ်တွေကို မပြီးမြောက် စေပဲ အချိန်တွေကုန်ဆုံးစေပါတယ်။

 

READ-အပျင်းလည်းပြေ ဗဟုသုတလည်းရ အင်္ဂလိပ်စာလည်း လေ့လာပြီးသားဖြစ်အောင် English novel လေးတွေဖတ်ကြမယ်~~~~

 

၅. social media, shopping page , you tube တွေအသုံးပြုခြင်းက သင့်ရဲ့ အချိန်တွေကို မသိမသာ ကုန်ဆုံးသွားစေပါတယ်။ အလုပ်လုပ်တဲ့အချိန်မှာ အလုပ်ကိုပဲအာရုံစိုက်ထားပါ။ အနားယူဖို့အချိန်မှာ သင်နှစ်သက်တဲ့ အရာတွေကို လုပ်ဆောင်ပါ။ အချိန်ဇယားလေးနဲ့ စနစ်တကျလုပ်တတ်အောင် လေ့ကျင့်ထားသင့်ပါတယ်။

 

Source;Inc.

Read times Last modified on Monday, 30 December 2019 14:11
Rate this articles
(4 votes)