×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Tuesday, 15 August 2017

ဖတ်နေတာက စာ ခေါင်းထဲရောက်သွား တာကအမှိုက်

ဖတ်နေတာက စာ ခေါင်းထဲရောက်သွား တာကအမှိုက် google.com

ပညာတတ်ဖြစ်ဖို့ “ စာဖတ်ပါ ” အမှားအမှန်ကို ဝေဖန်ပိုင်ခြားနိုင်ဖို့ “ စာဖတ်ပါ ” အသိပညာဗဟုသုတ ပြည့်စုံဖို့ “စာဖတ်ပါ” သူများထက်ခေါင်းတစ်လုံးသာတဲ့သူဖြစ်ဖို့ “စာဖတ်ပါ” စာဖတ်ဖို့နည်းအမျိုးမျိုးနဲ့ တိုက်တွန်းကြပါတယ်။

ဒါဆိုရင် ရှိသမျှစာတွေ အကုန်ဖတ်တာနဲ့ပညာတွေ အသိပညာဗဟုသုတတွေ ပြည့်ဝပြီလား။

 

သင်ဖတ်လိုက်တဲ့စာတိုင်းကနေ အသိတစ်ခုခုတော့ ရမှာသေချာပါတယ်။ သင့်ကို အကျိုးပြုနိုင်တဲ့ အသိဥာဏ်လား ဒါမှမဟုတ် သင့်ကို အကျိုးမပြုပဲ သင့်ရဲ့ဘဝကို အယူအဆအမှားတွေနဲ့ ဟိုးအောက်ခြေထိရောက်အောင် ဆွဲခေါ်သွားမယ့် အသိဥာဏ်လားဆိုတာသာ မသိတာပါ။

 

ဒါကြောင့် စာအုပ်စာပေတွေကို စနစ်တကျ ရွေးချယ်ဖတ်တတ်ဖို့လိုပါတယ်။ ဒီတိုင်းတွေ့ကရာစာတွေ စာဖြစ်ရင်ပြီးရောဆိုပြီး ဖတ်နေရင်တော့ သင့်ရဲ့အချိန်တွေကို သင်ကိုယ်တိုင်ဖြုန်းတီးပြစ်ရာရောက်ပြီး သင့်ရဲ့ခေါင်းထဲကို အမှိုက်တွေထည့်နေတာနဲ့ အတူတူပါပဲ။

 

READ -စာဖတ်တတ်ရန် လေ့ကျင့်ထားသင့်သော နည်းလမ်းများ

 

စာပေအမျိုးအစားအများကြီးရှိပေမယ့် ကဏ္ဍအလိုက်ခွဲမယ်ဆိုရင် သုတစာပေ၊ ရသစာပေ နှင့်အတွေးအခေါ် စာပေ ဆိုပြီးတော့ ခွဲလို့ရပါတယ်။ စာဖတ်သူတွေလည်း အမျိုးမျိုးရှိနိုင်ပါတယ်။ ထိုအထဲကမှ တူရာစုမယ် ဆိုရင် နှစ်မျိုးရှိနိုင် ပါတယ်။ ပထမတစ်မျိုးကတော့ စာမဖတ်ရမနေနိုင်သည့်လူမျိုး စာကိုတပ်မက်သည့် လူမျိုးစာ၏အနှစ်သာရ ကို ခံစားနိုင်စွမ်းရှိပြီး ဆင်ခြင်သုံးသပ်နိုင်စွမ်းရှိသော စာပေကိုချစ်မြတ်နိုးသော လူမျိုး ဖြစ်ပါတယ်။

 

နောက်တစ်မျိုးကတော့ စာတော့ဖတ်ပေမယ့် ကိုယ်ဖတ်နေတဲ့စာပေကို လေးစားမှုမရှိတဲ့လူမျိုးဖြစ်ပါတယ်။ တခြားသူတွေဆီမှ အထင်အမြင်ကြီးမှု၊ ထင်ပေါ်မှု၊ ဗဟုသုတကြွယ်ဝသူအဖြစ် အသိအမှတ်ပြုခံမှုကို လိုချင်သောကြောင့် ဖတ်တဲ့သူတွေ ဖြစ်ပါတယ်။ ဒီလိုလူမျိုးတွေက ကိုယ်ဖတ်နေတဲ့ စာကိုသေချာ နားလည်မှုမရှိ စာကပေးတဲ့ အသိ ရသခံစားမှု ပျော်ရွှင်မှုတွေကိုလည်း ခံစားနိုင်မှာ မဟုတ်ပါဘူး။

 

တော်တဲ့သူတိုင်း စာဖတ်ပေမယ့် စာဖတ်တဲ့သူတိုင်း မတော်တာကိုတော့ ဆင်ခြင်သင့်ပါတယ်။ စာပေကို ချစ်မြတ်နိုးပြီး တလေးတစားနဲ့ဖတ်တာမဟုတ်တဲ့အတွက် စာပေရဲ့တန်ဖိုးကို မသိနားမလည်တဲ့ အခါ အဖိုးထိုက်တန်တဲ့စာပေတွေက ထိုသူတွေအတွက်တော့ အမှိုက်သဖွယ်ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် စာပေတွေကို တန်ဖိုးထားပါ။ စာပေကပေးစွမ်းတဲ့ ဗဟုသုတများစွာကို အမှိုက်တွေမဖြစ်စေပဲ ရတနာတွေ အဖြစ်ပြောင်းလဲလိုက်ပါ။

 

Read times Last modified on Monday, 30 December 2019 14:10
Rate this articles
(5 votes)