×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Wednesday, 23 August 2017

အမှားထဲက အလှတရား

အမှားထဲက အလှတရား google.com

မွေးလာကတည်းက ကျွန်တော်တော့ တစ်ခါမှ အမှားမလုပ်ဖူးပါဘူး၊ ကျွန်မတော့ တစ်ခါမှ အမှားနဲ့ မကြုံဖူးပါဘူး ဆိုတဲ့လူမျိုးမရှိပါဘူး။

လူတိုင်းက အမှားနဲ့ မကင်းပါဘူး။ လူတိုင်းအမှားနဲ့ ကြုံနိုင်ပေမယ့် ကိုယ့်မှားတဲ့အမှားကို ဝန်ခံပြီး တာဝန်ယူတဲ့စိတ်ကတော့ လူတိုင်းမှာမရှိပါဘူး။ အမှားလုပ်မိတဲ့အခါမျိုးမှာ ဝန်ခံဖို့ခက်ခဲတတ်ကြပါတယ်။

ကျောင်းမှာဆိုရင်တော့ အမှန်တရားဆိုတာဘာလဲ မှန်ကန်အောင်ဘယ်လိုနေရမလဲဆိုတာ ဆရာတွေက သင်ကြားပေးပါတယ်။ မှန်ကန်တဲ့လမ်းကြောင်းကို ဘယ်လိုရွေးချယ်ရမလဲ၊ အမှန်တရားကဘာလဲ အမှားဆိုတာ ဘာလဲ သင်ကြားပေးတဲ့ ဆရာတွေကလည်း သူတို့ဖြတ်သန်းလာတဲ့ အတွေ့အကြုံတွေ အမှားတွေကနေ သင်ခန်းစာတွေယူပြီး လမ်းညွှန်သင်ကြားပေးတာပါ။

အမှန်တရားဆိုတာက စည်းဘောင်တစ်ခုဆိုရင် စည်းမကျော်ဖို့အရေးကြီးတာပေါ့ ၊ ဒါဖြင့် ဒီစည်းကို ဘယ်သူက ဆွဲထားတာလည်း။ တစ်ခါတစ်လေမှာ အမှန်တရားဆိုတာလည်း ဆန်းကြယ်ပါတယ်။ သင်အမှန်ပါလို့ လက်ခံယုံကြည်ထားတဲ့အရာတစ်ခုဆိုရင်တောင် သင့်ပတ်ဝန်းကျင်ကလူတွေက မှားနေပါတယ်လို့ ပြောတာများလာရင် ဒါဟာအမှန်လား အမှားလားဆိုတာ သင်ဝေဝါးမိမှာပါ။ ဒါဆိုရင် အမှန်တရားက လူပေါ်မှာ မူတည်နေတာလား။

READ -အတွေးအခေါ်များ နှင့် ရှင်သန်ခြင်း

အမှန်တရားက ဘယ်ပေါ်မှာပဲ မူတည် မူတည် အမှားဆိုတာကတော့ ရှိနေမှာပဲ။ ကြုံလာခဲ့မယ်ဆိုရင် အကောင်းဆုံးရင်ဆိုင်ပြီး သင်ခန်းစာယူစရာရှိတာ ယူပြီး သင်ယူစရာရှိတာ သင်ယူရမှာပါ။ “ ငါမှန်တယ် ၊ မင်းမှားနေတာ ” ဆိုတာမျိုး မပြောသင့်ပါဘူး။ သင်မှန်တယ်ဆိုရင်ဘာကြောင့်ဆိုတဲ့ သက်သေ၊ အကြောင်း ပြချက်ခိုင်လုံမှုရှိဖို့ လိုအပ်ပါတယ်။ သင့်မှာ ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘူးဆိုရင် သင်လက်ခံထားတဲ့ အရာတစ်ခုကို အမှန်ပါလို့ မပြောသင့်ပါဘူး။

လူအမျိုးမျိုးရှိတဲ့အတွက် အတွေးအမြင်တွေလည်း အမျိုးမျိုးရှိနိုင်ပါတယ်။ ကိုယ့်အမြင် အခြားသူတွေရဲ့ အမြင်တွေကို နှိုင်းယှဉ်ချင့်ချိန်ပြီးမှ ဖြစ်သင့်တဲ့အရာတစ်ခုကို မှန်ကန်တဲ့အယူအဆအဖြစ် ကောက်ချက်ချ သင့်ပါတယ်။

တခါတလေမှာ အမှန်တရားဆိုတဲ့စည်းဘောင်ထဲမှာနေ နေပေမယ့် ပျော်ရွှင်မှုလွတ်လပ်မှုတို့ ပျေက်ဆုံးတဲ့ ခံစားချက်မျိုးဖြစ်တတ်ပါတယ်။ အမှန်တရားတွေပဲ လုပ်ဆောင်နေတာက သင့်ကို ပိုပြီးကောင်းမွန်တဲ့ အတွေ့အကြုံတွေ ရင့်ကျက်မှုတွေကို ပေးနိုင်မှာ မဟုတ်ပါဘူး။ လောကကြီးအကြောင်း လောကရဲ့ အလှတရားကို ပိုမိုခံစားနိုင် စေဖို့ အမှားတွေကနေသင်ယူရမှာပါ။ မှားမှာမကြောက်ပါနဲ့။

မှားတယ်ဆိုကတည်းက အပြစ်တင်ခံရမှာ ကဲ့ရဲ့တော့မယ်ဆိုတဲ့ အကျည်းတန်တဲ့ အမြင်နဲ့ မကြည့်ပဲ သင်ယူစရာ အတွေ့အကြုံတွေရတယ်လို့ မြင်ဖို့လိုပါတယ်။ အမှားထဲက အလှတရားကို မြင်အောင်ကြည့် တတ်ဖို့ အရေးကြီးပါတယ်။

READ -အင်္ဂလိပ်စာလေ့လာနေသူတွေ ရှောင်သင့်သည့်အချက်များ

 

Source; linkedin

Read times Last modified on Monday, 30 December 2019 14:13
Rate this articles
(3 votes)