×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Friday, 29 November 2019

"အင္ဂ်င္နီယာဘာသာရပ္ေတြကို ေ႐ြးခ်ယ္သင္ယူေတာ့မယ္ဆိုရင္"

"အင္ဂ်င္နီယာဘာသာရပ္ေတြကို ေ႐ြးခ်ယ္သင္ယူေတာ့မယ္ဆိုရင္" freepick

အင္ဂ်င္နီယာဘာသာရပ္ေတြဆိုတာ ရႈပ္ေထြးမ်ားျပားလွေပမယ့္ အလုပ္အကိုင္အခြင့္အလမ္းေတြအရမ္းမ်ားတဲ့ ဘာသာ ရပ္တစ္ခုဆိုလည္း မွားမယ္မထင္ပါဘူး။

ဒါေပမဲ့ အင္ဂ်င္နီယာဘာသာရပ္ကို ေ႐ြးခ်ယ္သင္ၾကားေတာ့မယ္ဆိုရင္ သိထား သင့္တဲ့အေၾကာင္းအရာ တခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။

 

(၁) Aerospace/Aeronautical Engineering
Aerospace/Aeronautical Engineering ကေတာ့ ေလယာဥ္ေမာင္းမဟုတ္တဲ့ ေလေၾကာင္းအင္ဂ်င္နီယာပဲျဖစ္ ပါတယ္။ ေလယာဥ္နဲ႔ေျမျပင္ ခ်ိတ္ဆက္မႈေတြ၊ ေလယာဥ္ရဲ႕တည္ေဆာက္ပုံ၊ စက္ပိုင္းဆိုင္ရာေတြကို ျပဳလုပ္/ျပဳျပင္တဲ့ အင္ဂ်င္နီယာအလုပ္လည္းျဖစ္ပါတယ္။ အာကာသယာဥ္တည္ေဆာက္ပုံေတြကိုပါ စိတ္ဆႏၵ ရွိရင္ေလ့လာႏိုင္ပါေသးတယ္။ တကယ္လို႔ သင္သာ. ေလေၾကာင္းအင္ဂ်င္နီယာ တစ္ေယာက္ျဖစ္ခ်င္တယ္ ဆိုရင္ေတာ့ aerodynamics, aeroelasticity, composites analysis, avionics, propulsion and structures and materials ဆိုတာေတြကို အဓိကထား ေလ့လာရမွာျဖစ္ပါတယ္။

 

(၂)Chemical Engineering
သင္သာ ခြဲျခမ္းစိတ္ျဖာမႈ၊ဓာတုနဲ႔ဇီဝ ျဖစ္ပ်က္၊ ျဖစ္တည္မႈ၊ အရာဝတၳဳတိုင္းရဲ႕ ဓာတုေပါင္းစပ္မႈေတြကို စိတ္ဝင္ စားရင္ ဒီဘာသာက ေပ်ာ္စရာေကာင္းပါလိမ့္မယ္။ biology, microbiology and biochemistryဆိုတဲ့ ေမဂ်ာ အခြဲေပါင္းမ်ားစြာနဲ႔လည္း ဆက္စပ္ေနၿပီး mathematics and economics ကိုပါ ေပါင္းစပ္ေလ့လာ ရမွာပါျဖစ္ပါတယ္။ အရာဝတၳဳေတြရဲ႕ ဒီဇိုင္းပိုင္းနဲ႔ ထုတ္ကုန္ပစၥည္းေတြကို သင့္စိတ္တိုင္းက် ပိုမိုစီမံႏိုင္မွာပါ။

 

(၃)Civil Engineering
ၿမိဳ႕ျပအင္ဂ်င္နီယာ ဘာသာရပ္မွာလည္း အေဆာက္အအုံ၊ လမ္းတံတား၊ ေရအရင္းအျမစ္စီမံခန႔္ခြဲမႈဆိုတဲ့ ဘာ သာခြဲေတြအမ်ားႀကီးရွိပါတယ္။ ျမန္မာႏိုင္ငံမွာဆိုရင္ေတာ့ BE ဘြဲ႕ရတဲ့အထိ အကုန္လုံးကိုၿခဳံငုံသင္ယူရမွာ ျဖစ္ၿပီး Master တက္မယ္ဆိုရင္ေတာ့ ႀကိဳက္ႏွစ္သက္ရာ တစ္ဘာသာကို specialization သင္ၾကားရ မွာျဖစ္ပါတယ္။ အေဆာက္အအုံေဆာက္လုပ္နည္းေတြ၊ကုန္က်စရိတ္တြက္ခ်က္မႈေတြကို စိတ္ဝင္စားမယ္ ဆိုရင္ေတာ့ သင္အေနနဲ႔ ေလ့လာသင့္ပါတယ္။ Environmentေတြကို အထူးျပဳေလ့လာတဲ့ environmental engineerေတြလည္း ေပၚေပါက္လာေနပါၿပီ။ Architect နဲ႔ Civil Engineer ဆိုတာမတူပါဘူး။ Architect ဆိုတာ အေဆာက္အအုံေတြကို ဒီဇိုင္းေရးဆြဲသူျဖစ္ၿပီး Civil Engineer ကေတာ့ အေဆာက္အအုံျဖစ္ႏိုင္၊ မျဖစ္ႏိုင္၊ ေဆာက္လို႔ရႏိုင္၊ မရႏိုင္ဆိုတာကို တြက္ခ်က္သူ၊ေဆာက္လုပ္ေပးသူပဲျဖစ္ပါတယ္။

 

(၄) Computer enginnering
CEIT( Computer Engineering And Information Technology), Mechatronics ဆိုတဲ့ ဘာသာရပ္ခြဲေတြ အမ်ားႀကီးရွိပါတယ္။ Computerနဲ႔ ထိန္းခ်ဳပ္ၿပီး AI(artifical intelligence) လို႔ေခၚတဲ့ ဉာဏ္တုထိန္းခ်ဳပ္မႈေတြ ကို ေလ့လာသင္ယူၿပီး ကမာၻႀကီးဖြံၿဖိဳးတိုးတက္ဖို႔ကို တစ္ဖက္တစ္လမ္းက အေထာက္အကူျပဳေနတယ္လို႔ဆိုရင္ လည္း မမွားပါဘူး။ တိုးတက္ေနတဲ့ ကမာၻႀကီးမွာ တိုးတက္လာတဲ့ နည္းပညာေတြကိုအသုံးခ်မယ္ဆိုရင္ေတာ့ သင့္အတြက္ အခြင့္အေရးေတြအမ်ားႀကီးရွိပါတယ္။ ကမာၻေက်ာ္ Bill Gates တို႔ဆိုတာကလည္း အဆိုပါနည္းပ ညာေတြကို အသုံးခ်ၿပီး သန္းႂကြယ္သူေဌးႀကီးေတြ ျဖစ္လာၾကတာပဲျဖစ္ပါတယ္။

Recommended For You >>> "လူငယ္တစ္ေယာက္ဆိုေပမယ့္ ဒီလိုအရာေတြမွာ ပိုျပီးစဥ္းစားတတ္သင့္ပါတယ္"

 

(၅) Electrical/Electronics Engineering
Electrical Power (EP) နဲ႔ Electronics (EC) ရယ္ဆိုၿပီး လူသိမ်ားၾကပါတယ္။ ဒါေပမဲ့ က်န္တဲ့ဆက္ႏြယ္ ေနတဲ့ဘာသာရပ္ေတြလည္းရွိပါေသးတယ္။ EC ဆိုရင္လည္း Hardware, Software ပိုင္းေတြရွိၿပီး EP ဆိုရင္လည္း ေရေလွာင္တမံေတြရဲ႕ လွ်ပ္စစ္သုံးစြဲထုတ္လုပ္မႈေတြ၊ လွ်ပ္စစ္ဓာတ္အား ျဖန႔္ေဝပုံေတြကို ေလ့လာ ရမွာပါ။ power generation and supply, communications and media, computer systems and robotic systems ဆိုတဲ့ ေမဂ်ာအခြဲေတြကိုလည္း သင္အေနနဲ႔ ဆက္ေလ့လာသင္ယူႏိုင္ပါေသးတယ္။

 

(၇) Mechanical Engineering
ေရွးအက်ဆုံးနဲ႔ အက်ယ္ျပန႔္ဆုံး ဘာသာရပ္ဆိုလည္း မွားမယ္မထင္ပါဘူး။ statics and dynamics, thermodynamics, fluid dynamics, stress analysis, mechanical design and technical drawing ဆိုတဲ့ ဘာသာရပ္ေတြကို သင္ေလ့လာရမွာျဖစ္ၿပီး စက္ပစၥည္းေတြရဲ႕ထုတ္လုပ္ျပဳျပင္မႈေတြက သင့္တီထြင္ႏိုင္စြမ္း ေတြမူတည္ပါတယ္။

 

(၈)Engineering Management
အင္ဂ်င္နီယာ ဘာသာရပ္ဆိုင္ရာ စီမံခန႔္ခြဲမႈေတြကေတာ့ အခုေခတ္ေနာက္ပိုင္း Management ဘာသာရပ္ေတြ ေခတ္စားလာမွ ထြန္းကားလာတာ ျဖစ္ပါတယ္။ ကုမၸဏီႀကီးေတြမွာလည္း စီမံခန႔္ခြဲသူေတြ လိုအပ္သလို အင္ဂ်င္ နီယာနဲ႔ပတ္သတ္တဲ့ ကုမၸဏီႀကီးမွာလည္း စီမံခန႔္ခြဲသူေတြ လိုအပ္ပါတယ္။ Engineering consultant လို႔ ေခၚ တဲ့အင္ဂ်င္နီယာ အႀကံေပးပုဂၢိဳလ္ေတြလည္း ရွိပါေသးတယ္။

 

(၉) Others
ေရေၾကာင္းအင္ဂ်င္နီယာ၊ ေရနံအင္ဂ်င္နီယာ၊ သတၳဳတြင္း အင္ဂ်င္နီယာ၊ textile enginner ေတြဆိုၿပီး ရွိပါ ေသးတယ္။ ေရေၾကာင္းအင္ဂ်င္နီယာေတြအတြက္ကေတာ့ ဘယ္ႏိုင္ငံမွာမဆို အလုပ္ရဖို႔အတြက္လြယ္ကူေပ မယ့္ က်န္တဲ့အင္ဂ်င္နီယာေတြကေတာ့ ျမန္မာႏိုင္ငံမွာဆို အလုပ္အကိုင္အခြင့္အလမ္း နည္းပါးပါတယ္။ အင္ဂ်င္နီယာဘာသာရပ္ေတြကို စိတ္ဝင္စားလို႔ေ႐ြးခ်ယ္ခ်င္ရင္ေတာ့ ဘယ္သာရပ္အေပၚမွာ စိတ္အားအထက္ သန္ဆုံးျဖစ္မလဲဆိုတာကိုပဲ ဆုံးျဖတ္ရမွာပါ။ ကိုယ့္အတြက္ ဘယ္ဘာသာရပ္ေတြက စိတ္လႈပ္ရွားေစသလဲ။ ဘယ္ဟာကို သင္ယူရရင္ျဖင့္ ကိုယ့္အတြက္ အေကာင္းဆုံး ျဖစ္လာမလဲဆိုတာကို ေသခ်ာစြာဆုံးျဖတ္ရမွာ လည္းျဖစ္ပါတယ္။ ဘာသာရပ္ေတြအားလုံးကေတာ့ Porblem-Solving (လူေတြရင္ဆိုင္ႀကဳံေတြ႕ေနရတတဲ့ ျပသနာေတြကို ပိုမိုလြယ္ကူေအာင္လုပ္ျခင္း) ဆိုတဲ့ပုံစံမ်ိဳး မို႔လို႔ပါ။ ကမာၻႀကီးဟာ က်ယ္ျပန႔္ေပမယ့္လည္း တစ္ခု
နဲ႔တစ္ခု ခ်ိတ္ဆက္လ်က္ရွိေနပါေသးတယ္။ Engineering Mathematics, Management Science, Operations Management, Decision Engineering, Business Statistics and Engineering Statistics ဆိုတဲ့ ဘာသာရပ္ေတြကိုပါ ခ်ိတ္ဆက္သင္ၾကားေနရတာျဖစ္ၿပီး အင္ဂ်င္နီယာဘာသာရပ္ဆိုတာ ကမာၻႀကီး တိုးတက္လာသေ႐ႊ႕ေပ်ာက္ကြယ္သြားမွာ မဟုတ္ဘူးဆိုတာ အေသအခ်ာပါပဲ။

သင့္ရဲ ့အဂၤလိပ္စာ အရည္အခ်င္းေတြကို ျမွင့္တင္ခ်င္တယ္ဆိုရင္ေတာ့ sayar.com.mm မွာ မိမိစိတ္တိုင္းက် ကိုယ္ပိုင္ study guide မ်ားကို လြယ္လြယ္ကူကူ၊ လ်င္လ်င္ျမန္ျမန္ရွာေဖြလို ့ရနိုင္ပါတယ္။
ရွာေဖြခ်င္ရင္ေတာ့ ဤလင့္ခ္ https://www.sayar.com.mm/subjects.html မွာ အခမဲ့ဝင္ေရာက္ရွာေဖြလို ့ရႏိုင္ပါျပီ။

 

 

Sources : ပန္းတိုင္

 

UNICODE

အင်ဂျင်နီယာဘာသာရပ်တွေကို ရွေးချယ်သင်ယူတော့မယ်ဆိုရင်
အင်ဂျင်နီယာဘာသာရပ်တွေဆိုတာ ရှုပ်ထွေးများပြားလှပေမယ့် အလုပ်အကိုင်အခွင့်အလမ်းတွေအရမ်းများတဲ့ ဘာသာ ရပ်တစ်ခုဆိုလည်း မှားမယ်မထင်ပါဘူး။ ဒါပေမဲ့ အင်ဂျင်နီယာဘာသာရပ်ကို ရွေးချယ်သင်ကြားတော့မယ်ဆိုရင် သိထား သင့်တဲ့အကြောင်းအရာ တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

 

(၁) Aerospace/Aeronautical Engineering
Aerospace/Aeronautical Engineering ကတော့ လေယာဉ်မောင်းမဟုတ်တဲ့ လေကြောင်းအင်ဂျင်နီယာပဲဖြစ် ပါတယ်။ လေယာဉ်နဲ့မြေပြင် ချိတ်ဆက်မှုတွေ၊ လေယာဉ်ရဲ့တည်ဆောက်ပုံ၊ စက်ပိုင်းဆိုင်ရာတွေကို ပြုလုပ်/ပြုပြင်တဲ့ အင်ဂျင်နီယာအလုပ်လည်းဖြစ်ပါတယ်။ အာကာသယာဉ်တည်ဆောက်ပုံတွေကိုပါ စိတ်ဆန္ဒ ရှိရင်လေ့လာနိုင်ပါသေးတယ်။ တကယ်လို့ သင်သာ. လေကြောင်းအင်ဂျင်နီယာ တစ်ယောက်ဖြစ်ချင်တယ် ဆိုရင်တော့ aerodynamics, aeroelasticity, composites analysis, avionics, propulsion and structures and materials ဆိုတာတွေကို အဓိကထား လေ့လာရမှာဖြစ်ပါတယ်။

 

(၂)Chemical Engineering
သင်သာ ခွဲခြမ်းစိတ်ဖြာမှု၊ဓာတုနဲ့ဇီဝ ဖြစ်ပျက်၊ ဖြစ်တည်မှု၊ အရာဝတ္ထုတိုင်းရဲ့ ဓာတုပေါင်းစပ်မှုတွေကို စိတ်ဝင် စားရင် ဒီဘာသာက ပျော်စရာကောင်းပါလိမ့်မယ်။ biology, microbiology and biochemistryဆိုတဲ့ မေဂျာ အခွဲပေါင်းများစွာနဲ့လည်း ဆက်စပ်နေပြီး mathematics and economics ကိုပါ ပေါင်းစပ်လေ့လာ ရမှာပါဖြစ်ပါတယ်။ အရာဝတ္ထုတွေရဲ့ ဒီဇိုင်းပိုင်းနဲ့ ထုတ်ကုန်ပစ္စည်းတွေကို သင့်စိတ်တိုင်းကျ ပိုမိုစီမံနိုင်မှာပါ။

 

(၃)Civil Engineering
မြို့ပြအင်ဂျင်နီယာ ဘာသာရပ်မှာလည်း အဆောက်အအုံ၊ လမ်းတံတား၊ ရေအရင်းအမြစ်စီမံခန့်ခွဲမှုဆိုတဲ့ ဘာ သာခွဲတွေအများကြီးရှိပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်တော့ BE ဘွဲ့ရတဲ့အထိ အကုန်လုံးကိုခြုံငုံသင်ယူရမှာ ဖြစ်ပြီး Master တက်မယ်ဆိုရင်တော့ ကြိုက်နှစ်သက်ရာ တစ်ဘာသာကို specialization သင်ကြားရ မှာဖြစ်ပါတယ်။ အဆောက်အအုံဆောက်လုပ်နည်းတွေ၊ကုန်ကျစရိတ်တွက်ချက်မှုတွေကို စိတ်ဝင်စားမယ် ဆိုရင်တော့ သင်အနေနဲ့ လေ့လာသင့်ပါတယ်။ Environmentတွေကို အထူးပြုလေ့လာတဲ့ environmental engineerတွေလည်း ပေါ်ပေါက်လာနေပါပြီ။ Architect နဲ့ Civil Engineer ဆိုတာမတူပါဘူး။ Architect ဆိုတာ အဆောက်အအုံတွေကို ဒီဇိုင်းရေးဆွဲသူဖြစ်ပြီး Civil Engineer ကတော့ အဆောက်အအုံဖြစ်နိုင်၊ မဖြစ်နိုင်၊ ဆောက်လို့ရနိုင်၊ မရနိုင်ဆိုတာကို တွက်ချက်သူ၊ဆောက်လုပ်ပေးသူပဲဖြစ်ပါတယ်။

 

(၄) Computer enginnering
CEIT( Computer Engineering And Information Technology), Mechatronics ဆိုတဲ့ ဘာသာရပ်ခွဲတွေ အများကြီးရှိပါတယ်။ Computerနဲ့ ထိန်းချုပ်ပြီး AI(artifical intelligence) လို့ခေါ်တဲ့ ဉာဏ်တုထိန်းချုပ်မှုတွေ ကို လေ့လာသင်ယူပြီး ကမ္ဘာကြီးဖွံဖြိုးတိုးတက်ဖို့ကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုနေတယ်လို့ဆိုရင် လည်း မမှားပါဘူး။ တိုးတက်နေတဲ့ ကမ္ဘာကြီးမှာ တိုးတက်လာတဲ့ နည်းပညာတွေကိုအသုံးချမယ်ဆိုရင်တော့ သင့်အတွက် အခွင့်အရေးတွေအများကြီးရှိပါတယ်။ ကမ္ဘာကျော် Bill Gates တို့ဆိုတာကလည်း အဆိုပါနည်းပ ညာတွေကို အသုံးချပြီး သန်းကြွယ်သူဌေးကြီးတွေ ဖြစ်လာကြတာပဲဖြစ်ပါတယ်။

Recommended For You >>> "လူငယ်တစ်ယောက်ဆိုပေမယ့် ဒီလိုအရာတွေမှာ ပိုပြီးစဉ်းစားတတ်သင့်ပါတယ်"

 

(၅) Electrical/Electronics Engineering
Electrical Power (EP) နဲ့ Electronics (EC) ရယ်ဆိုပြီး လူသိများကြပါတယ်။ ဒါပေမဲ့ ကျန်တဲ့ဆက်နွယ် နေတဲ့ဘာသာရပ်တွေလည်းရှိပါသေးတယ်။ EC ဆိုရင်လည်း Hardware, Software ပိုင်းတွေရှိပြီး EP ဆိုရင်လည်း ရေလှောင်တမံတွေရဲ့ လျှပ်စစ်သုံးစွဲထုတ်လုပ်မှုတွေ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဝေပုံတွေကို လေ့လာ ရမှာပါ။ power generation and supply, communications and media, computer systems and robotic systems ဆိုတဲ့ မေဂျာအခွဲတွေကိုလည်း သင်အနေနဲ့ ဆက်လေ့လာသင်ယူနိုင်ပါသေးတယ်။

 

(၇) Mechanical Engineering
ရှေးအကျဆုံးနဲ့ အကျယ်ပြန့်ဆုံး ဘာသာရပ်ဆိုလည်း မှားမယ်မထင်ပါဘူး။ statics and dynamics, thermodynamics, fluid dynamics, stress analysis, mechanical design and technical drawing ဆိုတဲ့ ဘာသာရပ်တွေကို သင်လေ့လာရမှာဖြစ်ပြီး စက်ပစ္စည်းတွေရဲ့ထုတ်လုပ်ပြုပြင်မှုတွေက သင့်တီထွင်နိုင်စွမ်း တွေမူတည်ပါတယ်။

 

(၈)Engineering Management
အင်ဂျင်နီယာ ဘာသာရပ်ဆိုင်ရာ စီမံခန့်ခွဲမှုတွေကတော့ အခုခေတ်နောက်ပိုင်း Management ဘာသာရပ်တွေ ခေတ်စားလာမှ ထွန်းကားလာတာ ဖြစ်ပါတယ်။ ကုမ္ပဏီကြီးတွေမှာလည်း စီမံခန့်ခွဲသူတွေ လိုအပ်သလို အင်ဂျင် နီယာနဲ့ပတ်သတ်တဲ့ ကုမ္ပဏီကြီးမှာလည်း စီမံခန့်ခွဲသူတွေ လိုအပ်ပါတယ်။ Engineering consultant လို့ ခေါ် တဲ့အင်ဂျင်နီယာ အကြံပေးပုဂ္ဂိုလ်တွေလည်း ရှိပါသေးတယ်။

 

(၉) Others
ရေကြောင်းအင်ဂျင်နီယာ၊ ရေနံအင်ဂျင်နီယာ၊ သတ္ထုတွင်း အင်ဂျင်နီယာ၊ textile enginner တွေဆိုပြီး ရှိပါ သေးတယ်။ ရေကြောင်းအင်ဂျင်နီယာတွေအတွက်ကတော့ ဘယ်နိုင်ငံမှာမဆို အလုပ်ရဖို့အတွက်လွယ်ကူပေ မယ့် ကျန်တဲ့အင်ဂျင်နီယာတွေကတော့ မြန်မာနိုင်ငံမှာဆို အလုပ်အကိုင်အခွင့်အလမ်း နည်းပါးပါတယ်။ အင်ဂျင်နီယာဘာသာရပ်တွေကို စိတ်ဝင်စားလို့ရွေးချယ်ချင်ရင်တော့ ဘယ်သာရပ်အပေါ်မှာ စိတ်အားအထက် သန်ဆုံးဖြစ်မလဲဆိုတာကိုပဲ ဆုံးဖြတ်ရမှာပါ။ ကိုယ့်အတွက် ဘယ်ဘာသာရပ်တွေက စိတ်လှုပ်ရှားစေသလဲ။ ဘယ်ဟာကို သင်ယူရရင်ဖြင့် ကိုယ့်အတွက် အကောင်းဆုံး ဖြစ်လာမလဲဆိုတာကို သေချာစွာဆုံးဖြတ်ရမှာ လည်းဖြစ်ပါတယ်။ ဘာသာရပ်တွေအားလုံးကတော့ Porblem-Solving (လူတွေရင်ဆိုင်ကြုံတွေ့နေရတတဲ့ ပြသနာတွေကို ပိုမိုလွယ်ကူအောင်လုပ်ခြင်း) ဆိုတဲ့ပုံစံမျိုး မို့လို့ပါ။ ကမ္ဘာကြီးဟာ ကျယ်ပြန့်ပေမယ့်လည်း တစ်ခု
နဲ့တစ်ခု ချိတ်ဆက်လျက်ရှိနေပါသေးတယ်။ Engineering Mathematics, Management Science, Operations Management, Decision Engineering, Business Statistics and Engineering Statistics ဆိုတဲ့ ဘာသာရပ်တွေကိုပါ ချိတ်ဆက်သင်ကြားနေရတာဖြစ်ပြီး အင်ဂျင်နီယာဘာသာရပ်ဆိုတာ ကမ္ဘာကြီး တိုးတက်လာသရွှေ့ပျောက်ကွယ်သွားမှာ မဟုတ်ဘူးဆိုတာ အသေအချာပါပဲ။

သင့်ရဲ ့အင်္ဂလိပ်စာ အရည်အချင်းတွေကို မြှင့်တင်ချင်တယ်ဆိုရင်တော့ sayar.com.mm မှာ မိမိစိတ်တိုင်းကျ ကိုယ်ပိုင် study guide များကို လွယ်လွယ်ကူကူ၊ လျင်လျင်မြန်မြန်ရှာဖွေလို ့ရနိုင်ပါတယ်။
ရှာဖွေချင်ရင်တော့ ဤလင့်ခ် https://www.sayar.com.mm/subjects.html မှာ အခမဲ့ဝင်ရောက်ရှာဖွေလို့ရနိုင်ပါပြီ။

 

 

sayar.com.mm

Sources : ပန္းတိုင္

Read times Last modified on Monday, 30 December 2019 17:29
Rate this articles
(0 votes)