×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Saturday, 30 November 2019

"၂၀၁၉ ခုႏွစ္အတြင္း လူငယ္ေတြၾကား ေရပန္းစားေနခဲ့တဲ့ ျမန္မာႏိုင္ငံရွိ နာမည္ႀကီး လူငယ္ Influencer မ်ား"

"၂၀၁၉ ခုႏွစ္အတြင္း လူငယ္ေတြၾကား ေရပန္းစားေနခဲ့တဲ့ ျမန္မာႏိုင္ငံရွိ နာမည္ႀကီး လူငယ္  Influencer မ်ား" google

ဒီႏွစ္ေတြထဲမွာေတာ့ ဆိုရွယ္မီဒီယာေတြမွာ နည္းမ်ိဳးစံုနဲ႔ Celebrity ေတြ ထြက္လာခဲ့သလို လူငယ္ေတြ အႀကိဳက္ေတြ႔ရတဲ့ လူငယ္ Influencer ေတြလည္း အမ်ားအျပား ထြက္လာခဲ့ပါတယ္။

အခ်ိန္နဲ႔အမွ် လူငယ္ေတြကို အေၾကာင္းအရာမ်ိဳးစံုနဲ႔ လႊမ္းမိုးထားႏိုင္တဲ့ Influencer အမ်ားစုက လူငယ္ေတြပဲ ျဖစ္ပါတယ္။ ဘယ္နယ္ပယ္ေတြမွာ ဘယ္လို ပံုစံမ်ိဳးေတြနဲ႔ လူငယ္ေတြရဲ႕ စိတ္ဝင္စားမႈကို ဖမ္းစားထားသလဲ ဆုိရင္ေတာ့ ဒီ Influencer ေတြကို ၾကည့္ျခင္းအားျဖင့္ သိရမွာပါ။

 

(၁) Htet Shine Aung (SteamingbyShinelayz)

70770261_1239015496259431_2254143079122468864_o.jpg


သူ႔ကိုေတာ့ လူငယ္ေတြၾကား ကတ္ႀကီးလို႔ သူသိမ်ားပါတယ္။ ဂိမ္း Streaming ေတြ လႊင့္ရင္း Videoေတြ Music MTV ေတြကို Reaction ေတြ လုပ္ရင္း လူငယ္ေတြၾကား ေရပန္းစားလာတဲ့ လူငယ္တစ္ေယာက္ပဲ ျဖစ္ပါတယ္။ ေယာက်ၤားေလး ပရိသတ္ေတြေရာ၊ မိန္းကေလး ပရိသတ္ေတြေရာ ပရိသတ္အေျမာက္အမ်ား ရထားၿပီ ျဖစ္တဲ့ သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ သူရဲ႕ အျပဳအမူ၊ စကားအေျပာအဆိုေတြက လူငယ္ေတြၾကား အရမ္းေရပန္းစား လူႀကိဳက္မ်ားၾကပါတယ္။ အသက္ကေတာ့ ၂၁ ႏွစ္ ျပည့္ၿပီးရံုပဲ ရွိပါေသးတယ္။

 


(၂) ၿဖိဳးၿဖိဳးေအာင္ (Food for Your Brain)

PhyoPhyoAg.jpg


သူကေတာ့ အမ်ိဳးသမီးေတြၾကား ပိုလူႀကိဳက္မ်ားၾကပါတယ္။ စိတ္ပညာနဲ႔ ပတ္သတ္တဲ့ ဗဟုသုတေတြ ျဖန္႔ေဝေပးသလို သင္တန္းေတြလည္း ေပးေနသူ တစ္ဦးပါ။ ၾသစေတးလ်ႏိုင္ငံမွာ စိတ္ပညာေရးနဲ႔ စီးပြားေရးဆိုင္ရာဘြဲ႔ ရယူခဲ့ၿပီး လက္ရွိမွာေတာ့ ျမန္မာႏိုင္ငံအတြက္ သူ႔ပညာေတြကို ျပန္အသံုးခ်ေနသူ တစ္ဦးပါ။ စိတ္က်န္းမာေရးဆိုင္ရာ အသိအားနည္းတဲ့ ႏိုင္ငံအတြက္ စိတ္က်န္းမာေရးက လူေတြမွာ ဘယ္ေလာက္ အေရးႀကီးေၾကာင္း၊ စိတ္ပညာသေဘာတရားကို နားလည္ထားရင္ ဒီထက္ ပိုသာယာတဲ့ ပတ္ဝန္းက်င္တစ္ခုကို ရႏိုင္ေၾကာင္းကို ရွင္းျပထားတဲ့ ဗဟုသုတရစရာ ဗီဒီယိုေတြကို Facebook မွာေရာ Youtube Channel မွာပါ ျဖန္႔ေဝတင္ဆက္ေနသူ တစ္ဦး ျဖစ္ပါတယ္။

 


(၃) Sassy Bound (Joosk)

life 06b 14


သူကေတာ့ လူတစ္ဦးတစ္ေယာက္ဆိုတာထက္ အဖြဲ႕တစ္ခုဆို ပိုမွန္ပါလိမ့္မယ္။ Animation ေတြ၊ Comic အတိုေလးေတြ၊ Cartoon ေလးေတြနဲ႔ ဆိုရွယ္မီဒီယာကသူအေတာ္မ်ားမ်ားကို ဖမ္းစားထားႏိုင္တဲ့ အဖြဲ႔ ျဖစ္ပါတယ္။ အပတ္စဥ္ ေရးသားေဖာ္ျပေလ့ရွိတဲ့ ကာတြန္းေလးေတြကဆိုရင္ ဘဝအေမာေျပေစတဲ့ ဟာသကာတြန္းေလးေတြပဲ ျဖစ္ပါတယ္။ တစ္ပတ္နဲ႔ တစ္ပတ္ မရိုးႏိုင္ေအာင္ ခ်စ္စရာ ကာတြန္းဇာတ္ေကာင္ေလးေတြကို ခ်စ္ေနၾကတဲ့ ပရိသတ္ေတြလည္း အေျမာက္အမ်ား ရွိေနၿပီ ျဖစ္ပါတယ္။

 


(၄) ရန္ကုန္သူ မီရွဲ (Yangon Thu Michelle)

77382647_1427091310784365_1638686016636190720_o.jpg


သူမ်ားထက္ တစ္မူထူးျခားလြန္းတဲ့ စတိုလ္နဲ႔ ခ်စ္စရာ မိန္းကေလးတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ျမန္မာႏုိင္ငံထဲက သေဘာက်စရာ ေနရာေတြ အေၾကာင္း၊ ရန္ကုန္ၿမိဳ႕ရဲ႕ လည္ပတ္စရာ သြားစရာ ေနရာေလးေတြ အေၾကာင္းနဲ႔ တစ္ျခားေသာ ဗဟုသုတ ရစရာအေၾကာင္းအရာေလးေတြကို ရန္ကုန္သူ တစ္ေယာက္အေနနဲ႔ သြားလာေျပာျပေနတဲ့ပံုစံေလးနဲ႔ ဗီဒီယိုေလးေတြ တင္ဆက္ေလ့ရွိသူ တစ္ဦးပဲ ျဖစ္ပါတယ္။

 

 

(၅) ေဒါက္တာမ်ိဳးျမင့္ေအာင္ (Your Myoe – Your Dentist)

DrMyoMyintAung-300x169.jpg

 

သြားနဲ႔ခံတြင္း ဗဟုသုတ အားနည္းတဲ့ ျမန္မာႏိုင္ငံသူႏိုင္ငံသားေတြအတြက္ က်န္းမာေရးေဆာင္းပါးေတြ ေရးသားတဲ့ ဆရာဝန္ တစ္ဦးျဖစ္ပါတယ္။ သူ တတ္ထားတဲ့ အသိပညာေတြကို ျပန္လည္ မွ်ေဝလိုစိတ္ရွိတာေၾကာင့္ အခုလို သြားက်န္းမားေရးနဲ႔ ပတ္သတ္တဲ့ ေဆာင္းပါးေတြ ေရးသားေနတာပဲ ျဖစ္ပါတယ္။ သြားက်န္းမာေရး ဗဟုသုတ အားနည္းတာေၾကာင့္ မကုန္သင့္တာေတြ အလြန္အကၽြံကုန္ေနရေၾကာင္းနဲ႔ အရြယ္အလိုက္ ေစာင့္ေရွာက္သင့္တဲ့ သြားက်န္းမာေရး ဗဟုသုတေတြကို ေဆးရံုေဆးခန္းမွာထက္ စံုလင္ေအာင္ ရွင္းျပေရးျပထားတဲ့ ေဆာင္းပါးေတြကို ေဒါက္တာရဲ႕ Facebook Page မွာ သြားေရာက္ဖတ္ရႈလို႔ ရပါတယ္။

 


(၆) ဓာတ္ပံုဝါသနာရွင္တစ္ေယာက္
ဓာတ္ပံုပညာကို ဝါသနာပါတဲ့ လူငယ္ေတြ သေဘာက်တဲ့ ေပ့ခ်္ေလးတစ္ခု ျဖစ္ပါတယ္။ လူငယ္ေတာ္ေတာ္မ်ားမ်ားက ဆိုရွယ္မီဒီယာ သံုးတဲ့အေလ်ာက္ ဓာတ္ပံုေကာင္းေကာင္းတစ္ပံု ရေအာင္ ဘယ္လိုရိုက္ရသလဲ ဆိုတာကိုပါ ေလ့လာေနၾကတာေၾကာင့္ လူငယ္အေတာ္မ်ားမ်ားရဲ႕ ႏွစ္ၿခိဳက္မႈကို ရထားတဲ့သူလည္း ျဖစ္ပါတယ္။

 

 

(၇) Chu Wai Nyein- Arts Beyond Burma

74418695_2552134554906927_2389668319721422848_n.jpg


အရင္က Chu Wai Nyein – Arts & Travel ဆိုတဲ့ နာမည္ကို ေျပာင္းလိုက္ပံုရပါတယ္။ သူကေတာ့ လူငယ္ပန္းခ်ီဆရာမေလးလည္းျဖစ္သလို ခရီးသြား blogger တစ္ဦးလည္း ဟုတ္ပါတယ္။ ျမန္မာ့အေငြ႔အသက္ေတြ လႊမ္းတဲ့ ပန္းခ်ီးကားေတြ ေရးဆြဲတဲ့ ပန္းခ်ီဆရာမေလးပါ။ တစ္ဖက္မွာေတာ့ သူရဲ႕ တစ္ကိုယ္ေတာ္ ခရီးသြားနည္းေလးေတြ ေဝမွ်ထားတာကိုလည္းေတြ႔ရမွာ။ ခရီးသြားတဲ့ အရသာသက္သက္ကို ခံစားၾကတဲ့ သူေတြအဖို႔ ေငြေၾကးသက္သာတဲ့ ခရီးသြားနည္းေတြကို ဖတ္ရႈႏိုင္ပါတယ္။ ဥေရာပခရီးစဥ္လိုမ်ိဳးကိုေတာင္ ၃/၄/၅ သိန္းနဲ႔ ပတ္သြားတဲ့ ခရီးစဥ္အေၾကာင္း ေရးသားထားတဲ့ သေဘာက်စရာေကာင္းတဲ့ မိန္းကေလး တစ္ဦးပဲ ျဖစ္ပါတယ္။

 

Sources : AM

 

UNICODE

"၂၀၁၉ ခုနှစ်အတွင်း လူငယ်တွေကြား ရေပန်းစားနေတဲ့ မြန်မာနိုင်ငံရှိ နာမည်ကြီး Influencer များ"
ဒီနှစ်တွေထဲမှာတော့ ဆိုရှယ်မီဒီယာတွေမှာ နည်းမျိုးစုံနဲ့ Celebrity တွေ ထွက်လာခဲ့သလို လူငယ်တွေ အကြိုက်တွေ့ရတဲ့ လူငယ် Influencer တွေလည်း အများအပြား ထွက်လာခဲ့ပါတယ်။ အချိန်နဲ့အမျှ လူငယ်တွေကို အကြောင်းအရာမျိုးစုံနဲ့ လွှမ်းမိုးထားနိုင်တဲ့ Influencer အများစုက လူငယ်တွေပဲ ဖြစ်ပါတယ်။ ဘယ်နယ်ပယ်တွေမှာ ဘယ်လို ပုံစံမျိုးတွေနဲ့ လူငယ်တွေရဲ့ စိတ်ဝင်စားမှုကို ဖမ်းစားထားသလဲ ဆိုရင်တော့ ဒီ Influencer တွေကို ကြည့်ခြင်းအားဖြင့် သိရမှာပါ။

 

(၁) Htet Shine Aung (SteamingbyShinelayz)

70770261_1239015496259431_2254143079122468864_o.jpg


သူ့ကိုတော့ လူငယ်တွေကြား ကတ်ကြီးလို့ သူသိများပါတယ်။ ဂိမ်း Streaming တွေ လွှင့်ရင်း Videoတွေ Music MTV တွေကို Reaction တွေ လုပ်ရင်း လူငယ်တွေကြား ရေပန်းစားလာတဲ့ လူငယ်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ယောင်္ကျားလေး ပရိသတ်တွေရော၊ မိန်းကလေး ပရိသတ်တွေရော ပရိသတ်အမြောက်အများ ရထားပြီ ဖြစ်တဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူရဲ့ အပြုအမူ၊ စကားအပြောအဆိုတွေက လူငယ်တွေကြား အရမ်းရေပန်းစား လူကြိုက်များကြပါတယ်။ အသက်ကတော့ ၂၁ နှစ် ပြည့်ပြီးရုံပဲ ရှိပါသေးတယ်။

 


(၂) ဖြိုးဖြိုးအောင် (Food for Your Brain)

PhyoPhyoAg.jpg


သူကတော့ အမျိုးသမီးတွေကြား ပိုလူကြိုက်များကြပါတယ်။ စိတ်ပညာနဲ့ ပတ်သတ်တဲ့ ဗဟုသုတတွေ ဖြန့်ဝေပေးသလို သင်တန်းတွေလည်း ပေးနေသူ တစ်ဦးပါ။ သြစတေးလျနိုင်ငံမှာ စိတ်ပညာရေးနဲ့ စီးပွားရေးဆိုင်ရာဘွဲ့ ရယူခဲ့ပြီး လက်ရှိမှာတော့ မြန်မာနိုင်ငံအတွက် သူ့ပညာတွေကို ပြန်အသုံးချနေသူ တစ်ဦးပါ။ စိတ်ကျန်းမာရေးဆိုင်ရာ အသိအားနည်းတဲ့ နိုင်ငံအတွက် စိတ်ကျန်းမာရေးက လူတွေမှာ ဘယ်လောက် အရေးကြီးကြောင်း၊ စိတ်ပညာသဘောတရားကို နားလည်ထားရင် ဒီထက် ပိုသာယာတဲ့ ပတ်ဝန်းကျင်တစ်ခုကို ရနိုင်ကြောင်းကို ရှင်းပြထားတဲ့ ဗဟုသုတရစရာ ဗီဒီယိုတွေကို Facebook မှာရော Youtube Channel မှာပါ ဖြန့်ဝေတင်ဆက်နေသူ တစ်ဦး ဖြစ်ပါတယ်။

 


(၃) Sassy Bound (Joosk)

life 06b 14


သူကတော့ လူတစ်ဦးတစ်ယောက်ဆိုတာထက် အဖွဲ့တစ်ခုဆို ပိုမှန်ပါလိမ့်မယ်။ Animation တွေ၊ Comic အတိုလေးတွေ၊ Cartoon လေးတွေနဲ့ ဆိုရှယ်မီဒီယာကသူအတော်များများကို ဖမ်းစားထားနိုင်တဲ့ အဖွဲ့ ဖြစ်ပါတယ်။ အပတ်စဉ် ရေးသားဖော်ပြလေ့ရှိတဲ့ ကာတွန်းလေးတွေကဆိုရင် ဘဝအမောပြေစေတဲ့ ဟာသကာတွန်းလေးတွေပဲ ဖြစ်ပါတယ်။ တစ်ပတ်နဲ့ တစ်ပတ် မရိုးနိုင်အောင် ချစ်စရာ ကာတွန်းဇာတ်ကောင်လေးတွေကို ချစ်နေကြတဲ့ ပရိသတ်တွေလည်း အမြောက်အများ ရှိနေပြီ ဖြစ်ပါတယ်။

 


(၄) ရန်ကုန်သူ မီရှဲ (Yangon Thu Michelle)

77382647_1427091310784365_1638686016636190720_o.jpg


သူများထက် တစ်မူထူးခြားလွန်းတဲ့ စတိုလ်နဲ့ ချစ်စရာ မိန်းကလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲက သဘောကျစရာ နေရာတွေ အကြောင်း၊ ရန်ကုန်မြို့ရဲ့ လည်ပတ်စရာ သွားစရာ နေရာလေးတွေ အကြောင်းနဲ့ တစ်ခြားသော ဗဟုသုတ ရစရာအကြောင်းအရာလေးတွေကို ရန်ကုန်သူ တစ်ယောက်အနေနဲ့ သွားလာပြောပြနေတဲ့ပုံစံလေးနဲ့ ဗီဒီယိုလေးတွေ တင်ဆက်လေ့ရှိသူ တစ်ဦးပဲ ဖြစ်ပါတယ်။

 

 

(၅) ဒေါက်တာမျိုးမြင့်အောင် (Your Myoe – Your Dentist)

DrMyoMyintAung-300x169.jpg


သွားနဲ့ခံတွင်း ဗဟုသုတ အားနည်းတဲ့ မြန်မာနိုင်ငံသူနိုင်ငံသားတွေအတွက် ကျန်းမာရေးဆောင်းပါးတွေ ရေးသားတဲ့ ဆရာဝန် တစ်ဦးဖြစ်ပါတယ်။ သူ တတ်ထားတဲ့ အသိပညာတွေကို ပြန်လည် မျှဝေလိုစိတ်ရှိတာကြောင့် အခုလို သွားကျန်းမားရေးနဲ့ ပတ်သတ်တဲ့ ဆောင်းပါးတွေ ရေးသားနေတာပဲ ဖြစ်ပါတယ်။ သွားကျန်းမာရေး ဗဟုသုတ အားနည်းတာကြောင့် မကုန်သင့်တာတွေ အလွန်အကျွံကုန်နေရကြောင်းနဲ့ အရွယ်အလိုက် စောင့်ရှောက်သင့်တဲ့ သွားကျန်းမာရေး ဗဟုသုတတွေကို ဆေးရုံဆေးခန်းမှာထက် စုံလင်အောင် ရှင်းပြရေးပြထားတဲ့ ဆောင်းပါးတွေကို ဒေါက်တာရဲ့ Facebook Page မှာ သွားရောက်ဖတ်ရှုလို့ ရပါတယ်။

 


(၆) ဓာတ်ပုံဝါသနာရှင်တစ်ယောက်
ဓာတ်ပုံပညာကို ဝါသနာပါတဲ့ လူငယ်တွေ သဘောကျတဲ့ ပေ့ချ်လေးတစ်ခု ဖြစ်ပါတယ်။ လူငယ်တော်တော်များများက ဆိုရှယ်မီဒီယာ သုံးတဲ့အလျောက် ဓာတ်ပုံကောင်းကောင်းတစ်ပုံ ရအောင် ဘယ်လိုရိုက်ရသလဲ ဆိုတာကိုပါ လေ့လာနေကြတာကြောင့် လူငယ်အတော်များများရဲ့ နှစ်ခြိုက်မှုကို ရထားတဲ့သူလည်း ဖြစ်ပါတယ်။

 

 

(၇) Chu Wai Nyein- Arts Beyond Burma

74418695_2552134554906927_2389668319721422848_n.jpg


အရင်က Chu Wai Nyein – Arts & Travel ဆိုတဲ့ နာမည်ကို ပြောင်းလိုက်ပုံရပါတယ်။ သူကတော့ လူငယ်ပန်းချီဆရာမလေးလည်းဖြစ်သလို ခရီးသွား blogger တစ်ဦးလည်း ဟုတ်ပါတယ်။ မြန်မာ့အငွေ့အသက်တွေ လွှမ်းတဲ့ ပန်းချီးကားတွေ ရေးဆွဲတဲ့ ပန်းချီဆရာမလေးပါ။ တစ်ဖက်မှာတော့ သူရဲ့ တစ်ကိုယ်တော် ခရီးသွားနည်းလေးတွေ ဝေမျှထားတာကိုလည်းတွေ့ရမှာ။ ခရီးသွားတဲ့ အရသာသက်သက်ကို ခံစားကြတဲ့ သူတွေအဖို့ ငွေကြေးသက်သာတဲ့ ခရီးသွားနည်းတွေကို ဖတ်ရှုနိုင်ပါတယ်။ ဥရောပခရီးစဉ်လိုမျိုးကိုတောင် ၃/၄/၅ သိန်းနဲ့ ပတ်သွားတဲ့ ခရီးစဉ်အကြောင်း ရေးသားထားတဲ့ သဘောကျစရာကောင်းတဲ့ မိန်းကလေး တစ်ဦးပဲ ဖြစ်ပါတယ်။

 

 

Sources : AM

Sayar.com.mm

 

Read times Last modified on Monday, 30 December 2019 17:21
Rate this articles
(2 votes)