စပ္ေ႐ႊသိုက္ကို ၁၈၉၆ ခုႏွစ္ ေအာက္တိုဘာလ ၆ ရက္ (ေသာၾကာေန႔)တြင္ ဆာစပ္ေမာင္ႏွင့္ မဟာေဒဝီတို႔မွ ရွမ္း ျပည္နယ္ (ေတာင္ပိုင္း) ေညာင္ေ႐ႊၿမိဳ႕၌ ေမြးဖြားခဲ့ပါသည္။
ငယ္စဥ္က ေညာင္ေ႐ႊေစာ္ဘြား၊ ရွမ္းတိုင္းရင္းသားလူႀကီးမ်ား၏ သားသမီးမ်ားအတြက္ ဖြင့္လွစ္ထားရွိေသာ ေတာင္ႀကီးေက်ာင္းတြင္ ပညာသင္ယူခဲ့သည္။
၁၉၂၀-၁၉၂၃ ခုႏွစ္ ပထမကမာၻ စစ္အတြင္း ဗမာ့ေသနတ္ကိုင္တပ္ရင္းရွိ အေရွ႕ေျမာက္နယ္စပ္ေဒသ၊ ဗမာ့တပ္ဖြဲ႕တြင္ ဝင္ေရာက္အမႈထမ္းေဆာင္ခဲ့သည္။ ၁၉၂၅ ခုႏွစ္ ေအာက္တိုဘာလတြင္ ေညာင္ေ႐ႊေစာ္ဘြားအျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရၿပီး ၁၉၂၉ ခုႏွစ္ မတ္လ ၈ ရက္အထိ အသိ ၊ အမွတ္ျပဳျခင္း ခံခဲ့ရသူျဖစ္သည္။
၁၉၃၉ ခုႏွစ္တြင္ စစ္မႈထမ္းရန္ျပန္လည္ေခၚယူခဲ့ေသာေၾကာင့္ ၁၉၄၂ ခုႏွစ္အထိ ဗမာ့ တပ္မေတာ္တြင္ အမႈထမ္းေဆာင္ခဲ့သည္။ ၁၉၄၅ ခုႏွစ္တြင္ ျပည္ေထာင္စုျမန္မာႏိုင္ငံေတာ္ ဖြဲ႕စည္းပုံအေျခခံဥပေဒမူၾကမ္းေကာ္မတီဝင္ႏွင့္ ဥပေဒျပဳေရးအဖြဲ႕ဥကၠ႒တာဝန္တို႔ကို ထမ္းေဆာင္ခဲ့ေလသည္။
ထို႔ေနာက္ ၁၉၄၅ ခုႏွစ္ ျပည္ေထာင္စုျမန္မာ ႏိုင္ငံေတာ္ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပဌာန္းခ်က္မ်ားအရ ႏိုင္ငံေတာ္သမၼတအား တိုင္းရင္းသားမ်ားအနက္ အလွည့္က်ေ႐ြးခ်ယ္တင္ေျမာက္သည့္ စနစ္ျဖစ္ေသာေၾကာင့္ ရွမ္းတိုင္းရင္းသားကိုယ္စားျပဳ ေ႐ြးခ်ယ္တင္ေျမႇာက္ရာတြင္ စပ္ေရႊသိုက္မွာ ျမန္မာႏိုင္ငံ၏ ပထမဆုံးသမၼတအျဖစ္ ေ႐ြးခ်ယ္တင္ေျမႇာက္ျခင္း ခံခဲ့ရသည္။
၁၉၅၉ ခုႏွစ္ ဧၿပီလ ၂၉ ရက္တြင္ နယ္ရွင္ေစာ္ဘြား အာဏာကို စြန႔္လႊတ္ခဲ့ရေပသည္။ ၁၉၆၀ ျပည့္ႏွစ္ ၾသဂုတ္လတြင္ ခ်က္ကိုဆလိုဗက္ကီးယားႏိုင္ငံသို႔ ခ်စ္ၾကည္ေရး ေရာက္ခဲ့ၿပီးေနာက္ ၁၉၆၂ ခုႏွစ္ မတ္လ ၂ ရက္ (ေသာၾကာေန႔) နံနက္ ၁ နာရီတြင္ ဗိုလ္ခ်ဳပ္ႀကီးေနဝင္း၏ ေတာ္လွန္ေရး အစိုးရမွ ႏိုင္ငံေတာ္၏အာဏာအရပ္ရပ္ကို သိမ္းယူလိုက္သည့္အတြက္ သမၼတစပ္ေ႐ႊသိုက္မွာ ထိန္းသိမ္းျခင္းခံခဲ့ရၿပီး ၁၉၆၂ ခုႏွစ္ ႏိုဝင္ဘာလ ၂၁ ရက္ (ဗုဒၶဟူးေန႔) တြင္ အက်ဥ္းသားဘဝႏွင့္ပင္ ကြယ္လြန္ခဲ့ေပသည္။ တာဝန္ထမ္းေဆာင္စဥ္အတြင္း အဂၢမဟာသေရစည္သူ၊ အဂၢမဟာသီရိသုဓမၼဘြဲ႕တံဆိပ္မ်ား ခ်ီးျမႇင့္ျခင္းခံခဲ့ရၿပီး ဓနရွင္ပါလီမန္ေခတ္တြင္ ပေဒသရာဇ္စိတ္ ထားရွိသည့္ သမၼတအျဖစ္ မွတ္တမ္းဝင္ခဲ့သူတစ္ဦးျဖစ္သည္။ ကြယ္လြန္ခ်ိန္တြင္ ဇနီးႏွင့္ သားသမီး ၈ ဦး က်န္ရွိခဲ့ေလသည္။ ၎သည္ ျပည္ေထာင္စုျမန္မာႏိုင္ငံေတာ္၏ ပထမဆုံးသမၼတအျဖစ္ ၁၉၄၈ ခုႏွစ္ ဇန္နဝါရီလ ၄ ရက္မွ ၁၉၅၂ ခုႏွစ္ မတ္လ ၁၂ ရက္အထိ ထမ္းေဆာင္ခဲ့သည္။
UNICODE
"မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတ ဦးစပ်ရွှေသိုက်"
စပ်ရွှေသိုက်ကို ၁၈၉၆ ခုနှစ် အောက်တိုဘာလ ၆ ရက် (သောကြာနေ့)တွင် ဆာစပ်မောင်နှင့် မဟာဒေဝီတို့မှ ရှမ်း ပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့၌ မွေးဖွားခဲ့ပါသည်။ ငယ်စဉ်က ညောင်ရွှေစော်ဘွား၊ ရှမ်းတိုင်းရင်းသားလူကြီးများ၏ သားသမီးများအတွက် ဖွင့်လှစ်ထားရှိသော တောင်ကြီးကျောင်းတွင် ပညာသင်ယူခဲ့သည်။
၁၉၂၀-၁၉၂၃ ခုနှစ် ပထမကမ္ဘာ စစ်အတွင်း ဗမာ့သေနတ်ကိုင်တပ်ရင်းရှိ အရှေ့မြောက်နယ်စပ်ဒေသ၊ ဗမာ့တပ်ဖွဲ့တွင် ဝင်ရောက်အမှုထမ်းဆောင်ခဲ့သည်။ ၁၉၂၅ ခုနှစ် အောက်တိုဘာလတွင် ညောင်ရွှေစော်ဘွားအဖြစ် ရွေးချယ်ခံခဲ့ရပြီး ၁၉၂၉ ခုနှစ် မတ်လ ၈ ရက်အထိ အသိ ၊ အမှတ်ပြုခြင်း ခံခဲ့ရသူဖြစ်သည်။
၁၉၃၉ ခုနှစ်တွင် စစ်မှုထမ်းရန်ပြန်လည်ခေါ်ယူခဲ့သောကြောင့် ၁၉၄၂ ခုနှစ်အထိ ဗမာ့ တပ်မတော်တွင် အမှုထမ်းဆောင်ခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကော်မတီဝင်နှင့် ဥပဒေပြုရေးအဖွဲ့ဥက္ကဋ္ဌတာဝန်တို့ကို ထမ်းဆောင်ခဲ့လေသည်။
ထို့နောက် ၁၉၄၅ ခုနှစ် ပြည်ထောင်စုမြန်မာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းချက်များအရ နိုင်ငံတော်သမ္မတအား တိုင်းရင်းသားများအနက် အလှည့်ကျရွေးချယ်တင်မြောက်သည့် စနစ်ဖြစ်သောကြောင့် ရှမ်းတိုင်းရင်းသားကိုယ်စားပြု ရွေးချယ်တင်မြှောက်ရာတွင် စပ်ရွှေသိုက်မှာ မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရသည်။
၁၉၅၉ ခုနှစ် ဧပြီလ ၂၉ ရက်တွင် နယ်ရှင်စော်ဘွား အာဏာကို စွန့်လွှတ်ခဲ့ရပေသည်။ ၁၉၆၀ ပြည့်နှစ် သြဂုတ်လတွင် ချက်ကိုဆလိုဗက်ကီးယားနိုင်ငံသို့ ချစ်ကြည်ရေး ရောက်ခဲ့ပြီးနောက် ၁၉၆၂ ခုနှစ် မတ်လ ၂ ရက် (သောကြာနေ့) နံနက် ၁ နာရီတွင် ဗိုလ်ချုပ်ကြီးနေဝင်း၏ တော်လှန်ရေး အစိုးရမှ နိုင်ငံတော်၏အာဏာအရပ်ရပ်ကို သိမ်းယူလိုက်သည့်အတွက် သမ္မတစပ်ရွှေသိုက်မှာ ထိန်းသိမ်းခြင်းခံခဲ့ရပြီး ၁၉၆၂ ခုနှစ် နိုဝင်ဘာလ ၂၁ ရက် (ဗုဒ္ဓဟူးနေ့) တွင် အကျဉ်းသားဘဝနှင့်ပင် ကွယ်လွန်ခဲ့ပေသည်။ တာဝန်ထမ်းဆောင်စဉ်အတွင်း အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မဘွဲ့တံဆိပ်များ ချီးမြှင့်ခြင်းခံခဲ့ရပြီး ဓနရှင်ပါလီမန်ခေတ်တွင် ပဒေသရာဇ်စိတ် ထားရှိသည့် သမ္မတအဖြစ် မှတ်တမ်းဝင်ခဲ့သူတစ်ဦးဖြစ်သည်။ ကွယ်လွန်ချိန်တွင် ဇနီးနှင့် သားသမီး ၈ ဦး ကျန်ရှိခဲ့လေသည်။ ၎င်းသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ပထမဆုံးသမ္မတအဖြစ် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်မှ ၁၉၅၂ ခုနှစ် မတ်လ ၁၂ ရက်အထိ ထမ်းဆောင်ခဲ့သည်။