×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Friday, 20 December 2019

"ရန္ကုန္ တကၠသိုလ္၏ ပထမဆုံး ဘြဲ႕ႏွင္းသဘင္ အခမ္းအနား "

"ရန္ကုန္ တကၠသိုလ္၏ ပထမဆုံး ဘြဲ႕ႏွင္းသဘင္ အခမ္းအနား " google.com

ခရစ္ႏွစ္ ၁၉၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၂၈ ရက္၊ ေဆာင္းဦးေပါက္စ အခါသမယ။ ေနရာကား ရန္ကုန္ၿမိဳ႕ ေ႐ႊတိဂုံဘုရားလမ္း ဂ်ဴဗလီေဟာ။

ထိုေန႔သည္ နယ္ခ်ဲ႕ ၿဗိတိသွ် ကိုလိုနီလက္ေအာက္ ႏိုင္ငံတစ္ခုျဖစ္ေသာ အိႏၵိယႏိုင္ငံ၏ ျပည္နယ္တစ္ခုျဖစ္သည့္ ျမန္မာျပည္၌ ၿဗိတိသွ်အစိုးရ၏ ကြၽန္ပညာေရးစနစ္ကို အေထာက္အကူျပဳေသာ ပထမဆုံး ဘြဲ႕ႏွင္းသဘင္ က်င္းပေသာေန႔ ျဖစ္သည္။ ရန္ကုန္တကၠသိုလ္ အက္ဥပေဒကို ျပဌာန္းအတည္ျပဳၿပီးသည္မွာ တစ္ႏွစ္ပင္ မျပည့္ေသးေပ။

ဂ်ဴဗလီေဟာႀကီး တစ္ခုလုံး မင္းပရိသတ္တို႔ျဖင့္ ျပည့္က်ပ္လုနီးပါး ျဖစ္ေန၏။ ၿဗိတိသွ် အစိုးရ ဌာနအသီးသီးမွ အတြင္းဝန္မ်ား၊ ဒုတိယ အတြင္းဝန္မ်ား၊ မင္းႀကီးမ်ား၊ တိုင္းမင္းႀကီးမ်ား၊ တရားလႊတ္ေတာ္မွ တရားဝန္ႀကီးမ်ား၊ ရန္ကုန္ ျမဴနီစီပယ္ ေကာ္မတီဝင္မ်ား၊ ဆိပ္ကမ္းမင္းႀကီး႐ုံးမွ အရာရွိႀကီးမ်ား၊ ၿဗိတိသွ်ကုန္သည္ႀကီးမ်ား အသင္းမွ အမႈေဆာင္လူႀကီးမ်ား၊ ျမန္မာႏိုင္ငံ သုေတသနအသင္းမွ အမႈေဆာင္လူႀကီးမ်ား၊ ဂုဏ္ထူးေဆာင္ တရားသူႀကီးမ်ား၊ အထက္တန္းေက်ာင္းမ်ားမွ ေက်ာင္းအုပ္ႀကီးမ်ား၊ မွတ္ပုံတင္ၿပီး ဘြဲ႕ရပုဂၢိဳလ္မ်ားသည္ မိမိတို႔အတြက္ သတ္မွတ္ထားေသာ ထိုင္ခုံမ်ား၌ ေနရာယူၾကသည္။

ျမန္မာျပည္ ဘုရင္ခံကေတာ္ ေလဒီကရက္ေဒါက္သည္ ၿဗိတိသွ်အစိုးရ အရာရွိႀကီးမ်ား၏ ဇနီးမယား (ဘိလပ္သူ) မ်ားႏွင့္အတူ ဂ်ဴဗလီေဟာ စင္ျမင့္ႏွင့္တည့္တည့္ အေပၚထပ္ ျစကႍထိုင္ခုံမ်ား၌ ေနရာယူထားသည္။ ေကာလိပ္ႏွစ္ခုမွ ဘြဲ႕ႀကိဳေက်ာင္းသားမ်ားမွာ အေပၚထပ္ ေဘးတစ္ဘက္တစ္ခ်က္ရွိ ျစကႍထိုင္ခုံမ်ား၌ ေနရာယူၾကသည္။ ေမာ္ကြန္းထိန္း မစၥတာကင္းဘဲလ္ႏွင့္ က်င္းပေရး ေကာ္မတီက ဘြဲ႕ႏွင္းသဘင္ အခမ္းအနား အစီအစဥ္ တစ္ခုလုံးကို တာဝန္ယူေဆာင္႐ြက္ရသည္။

ဥေရာပ၊ အေမရိကန္ႏွင့္ ၿဗိတိန္ႏိုင္ငံ တကၠသိုလ္မ်ားမွ ဘြဲ႕ရပုဂၢိဳလ္မ်ားအား ျပ႒ာန္းထားသည့္ ဘြဲ႕ဝတ္႐ုံမ်ားအတိုင္း ပထမဆုံး ဘြဲ႕ႏွင္းသဘင္ အခမ္းအနား၌ ဘြဲ႕တက္ယူၾကမည့္ ဘြဲ႕ရပုဂၢိဳလ္မ်ား ကိုယ္ေပၚတြင္ ဝတ္ဆင္ထားၾကသည္။ ဘြဲ႕အလိုက္ အေရာင္ သတ္မွတ္ထားသည့္ ဟြဒ္ (Hood) မ်ားကိုလည္း လည္ပင္းစြပ္လ်က္ ဘြဲ႕ဝတ္႐ုံမ်ားေပၚတြင္ လႊမ္းၿခဳံထားၾကသည္။

3-12_1.jpg

 

ဝိဇၨာ (B.A)ဘြဲ႕အတြက္ ပန္းႏုေရာင္ အစင္းမ်ားပါေသာ ဟြဒ္၊ သိပၸံ (B.Sc) ဘြဲ႕အတြက္ အစိမ္းႏုေရာင္ အစင္းမ်ားပါေသာ ဟြဒ္မ်ားကို ဘြဲ႕အလိုက္ သတ္မွတ္ ျပ႒ာန္းထားသည္။ ဘြဲ႕ရပုဂၢိဳလ္မ်ားထဲတြင္ ပန္းေရာင္ေခါင္းေပါင္း ေပါင္းလ်က္ တိုက္ပုံအနက္၊ ပိုးေတာင္ရွည္ပုဆိုး၊ ရႉးဖိနပ္စီးၿပီး တက္ေရာက္လာသူမ်ား ရွိသလို အနက္ေရာင္ ကက္ဦးထုပ္ေဆာင္းကာ အေနာက္တိုင္း ဥေရာပဝတ္စုံျပည့္ ဝတ္ၿပီး တက္ေရာက္လာၾကသူမ်ားလည္း ရွိသည္။

အဓိပတိႀကီးႏွင့္ တကၠသိုလ္ဆီးနိတ္ အဖြဲ႕ဝင္မ်ား ခန္းမႀကီးထဲသို႔ ဝင္လာခိုက္ ဧည့္ပရိသတ္အားလုံး ထိုင္ေနရာမွ မတ္တတ္ရပ္လိုက္ၾကသည္။ အဓိပတိႀကီးႏွင့္ ဆီးနိတ္အဖြဲ႕ဝင္တို႔ စင္ျမင့္ေပၚ ေရာက္သြားၿပီး သတ္မွတ္ထားေသာ ကုလားထိုင္မ်ား၌ ထိုင္လိုက္ၾကမွသာ ဧည့္ပရိသတ္အားလုံး မိမိတို႔ ေနရာမ်ားတြင္ ထိုင္ၾကရသည္။

အဓိပတိႀကီးက “ဤဘြဲ႕ႏွင္းသဘင္ အခမ္းအနားကို ဖြင့္လွစ္သည္” ဟု အဂၤလိပ္ဘာသာျဖင့္ ဖြင့္လွစ္ေၾကာင္း ေၾကညာသည္။ ဂ်ဴဗလီခန္းမႀကီးအတြင္း အသံခ်ဲ႕စက္ တပ္ဆင္ထားျခင္း မရွိ။ (ထိုေခတ္ ထိုအခါ ရန္ကုန္ၿမိဳ႕၌ အသံခ်ဲ႕စက္မ်ား မေပၚေသးေၾကာင္း ေရွးေခတ္မီသူ လူႀကီးမ်ား၏ ေျပာစကားအရ သိရသည္။) ဘြဲ႕ႏွင္းသဘင္ ဖြင့္လွစ္ေၾကာင္း အဓိပတိႀကီး၏ ေအာင္ျမင္ေသာ အသံျဖင့္ ေၾကညာလိုက္သည့္အခါ ခန္းမႀကီး တစ္ခုလုံး ဟိန္းထြက္သြားသည္။

ဘြဲ႕ႏွင္းသဘင္ အခမ္းအနား စစခ်င္း ခ်ီးျမႇင့္ေသာဘြဲ႕မွာ မုံ႐ြာၿမိဳ႕အနီး လယ္တီေက်ာင္းတိုက္၌ သီတင္းသုံးေနေသာ အဂၢမဟာပ႑ိတဘြဲ႕ခံ လယ္တီဆရာေတာ္ဘုရားႀကီးအား ခ်ီးျမႇင့္အပ္ႏွင္းေသာ ဂုဏ္ထူးေဆာင္ စာေပပါရဂူဘြဲ႕ “LLD” (Doctor of Letters honoris causa) ျဖစ္သည္။ လယ္တီဆရာေတာ္ႀကီးသည္ ေရွးဦး ပါဠိစာေပ ပညာရွင္မ်ားထဲတြင္ အထင္ရွားဆုံး ပုဂၢိဳလ္ေက်ာ္ ျဖစ္သည့္အျပင္ အဆင့္ျမင့္ေသာ ဗုဒၶစာေပ ေျမာက္မ်ားစြာကို ျပဳစုေရးသားသူအျဖစ္ ထင္ရွားသည့္အတြက္ ဤဘြဲ႕ကို အပ္ႏွင္းရျခင္း ျဖစ္သည္ဟု အဓိပတိ မိန႔္ခြန္းတြင္ ထည့္သြင္းေၾကညာသြားသည္။ စာေပပါရဂူဘြဲ႕သည္ ထိုေခတ္တကၠသိုလ္၌ အျမင့္ဆုံး ဘြဲ႕တစ္ခုျဖစ္သည္။

ဒုတိယ အျမင့္ဆုံးဘြဲ႕မွာ ဂုဏ္ထူးေဆာင္ မဟာဝိဇၨာဘြဲ႕ (Master of Arts honoris causa) ျဖစ္သည္။ ဂုဏ္ထူးေဆာင္ မဟာဝိဇၨာဘြဲ႕ အပ္ႏွင္းခံရသည့္ ပုဂၢိဳလ္မွာ ျမန္မာႏိုင္ငံ အစိုးရ ကမၸည္းေက်ာက္စာ ပညာရွင္ ေက်ာက္စာဝန္ မစၥတာ ခ်ားလ္ဒူ႐ြိဳင္းစ္ (Mr. Charles Duroiselle) ျဖစ္သည္။ မစၥတာ ဒူ႐ြိဳင္းစ္သည္ ေရွးေခတ္ ပုဂံေက်ာက္စာမ်ားကို ျမန္မာ၊ မြန္၊ ပါဠိ၊ သကၠတ ဘာသာရပ္မ်ားသို႔ ျပန္ဆိုေသာ လုပ္ငန္းကို စနစ္တက် ေဆာင္႐ြက္ခဲ့သျဖင့္ မဟာဝိဇၨာဘြဲ႕ ႏွင့္ ထိုက္တန္သည္ဟု ေၾကညာသည္။

တကၠသိုလ္မွ အပ္ႏွင္းမည့္ ဘြဲ႕အသီးသီးကို လက္ခံရန္ အရည္အခ်င္း ျပည့္မီသည္ဟု တကၠသိုလ္ဆီးနိတ္အဖြဲ႕မွ ေၾကညာျခင္း ခံရေသာ ဘြဲ႕ရပုဂၢိဳလ္မ်ားသည္ အဓိပတိႀကီး၏ “ဘြဲ႕ရပုဂၢိဳလ္မ်ား ကိုယ္က်င့္တရားႏွင့္အညီ ေန႔စဥ္ က်င့္ႀကံေနထိုင္မည္ေလာ” ဟူေသာ ေမးခြန္းကို ေျဖၾကားၿပီးေနာက္ ယူနီဗာစီတီေကာလိပ္ႏွင့္ ဂ်ပ္ဆင္ (ယုဒသန္) ေကာလိပ္တို႔မွ အပ္ႏွင္းသည့္ ဘြဲ႕အသီးသီးကို လက္ခံရယူၾကသည္။

ဥပေဒဘြဲ႕ (B.L) ယူၾကမည့္ ပုဂၢိဳလ္မ်ားအား ဥပေဒပါေမာကၡ ဦးေမေအာင္ (ေနာင္အခါ ဒိုင္အာခီ အစိုးရလက္ထက္ ျပည္ထဲေရး ဝန္ႀကီးခ်ဳပ္ ျဖစ္လာသူ)က အဓိပတိႀကီးထံ အဆိုတင္သြင္းၿပီး ဝိဇၨာ (B.A) ႏွင့္ သိပၸံ (B.Sc) ဘြဲ႕ယူမည့္ ပုဂၢိဳလ္မ်ားအား ယူနီဗာစီတီ ေကာလိပ္ေက်ာင္းအုပ္ႀကီး ပါေမာကၡ မစၥတာ မက္သယူးဟန္တာက တင္သြင္း အဆိုျပဳသည္။ ဂ်ပ္ဆင္ေကာလိပ္မွ ဝိဇၨာဘြဲ႕ယူမည့္ ပုဂၢိဳလ္မ်ား၏ အမည္စာရင္းကိုမူ ဂ်ပ္ဆင္ေကာလိပ္ ေက်ာင္းအုပ္ႀကီး မစၥတာ အာရ္အယ္လ္ေဟာင္းဝပ္က တင္သြင္း အဆိုျပဳသည္။ ျပင္ပမွ ေျဖဆိုေအာင္ျမင္ခဲ့ၿပီး ဝိဇၨာဘြဲ႕ယူမည့္ ပုဂၢိဳလ္မ်ား၏ အမည္စာရင္းကို ျမန္မာႏိုင္ငံ ပညာမင္းႀကီး မတ္ဟန္တာက အဆိုျပဳသည္။

2-12.jpg

 

ယူနီဗာစီတီေကာလိပ္မွ ဥပေဒဘြဲ႕ရ ပုဂၢိဳလ္မ်ားမွာ (၁၃) ဦး ရွိသည္။ အားလုံးမွာ အမ်ိဳးသားခ်ည္း ျဖစ္သည္။ ၁၃ ဦးထဲတြင္ ေနာင္တစ္ေခတ္ အစိုးရ ေရွ႕ေနခ်ဳပ္ ျဖစ္လာမည့္ မစၥတာ အယ္လ္ခြၽန္ေဖာင္း (L Choon Foung) လည္း ပါသည္။

ယူနီဗာစီတီေကာလိပ္မွ ဝိဇၨာဘြဲ႕၊ အဂၤလိပ္စာ ဂူဏ္ထူးျဖင့္ ေအာင္ျမင္သူ (၄) ဦး ရွိရာ တစ္ဦးမွာ ပထမတန္းဂုဏ္ထူး (First Class Honours) ျဖင့္ ေအာင္သည္။ ဒုတိယတန္းဂုဏ္ထူးျဖင့္ ေအာင္ျမင္သူ ၃ ဦး ရွိသည့္အနက္ ေနာင္တစ္ေခတ္ ျမန္မာႏိုင္ငံ ေရွ႕ေနေလာက၌ ထင္ရွားလာမည့္ ဝတ္လုံေတာ္ရေရွ႕ေနႏွင့္ ႏိုႀတီပတ္ဘလစ္ မစၥတာ စီ ေအ စူးမား (C.A.Soorma) ျဖစ္သည္။

ယူနီဗာစီတီေကာလိပ္မွ သခ်ၤာဘာသာရပ္ျဖင့္ ဝိဇၨာ(ဂုဏ္ထူး) ဘြဲ႕ရသူမ်ားမွာ (၉) ဦး ရွိၿပီး ပထမတန္း ဂုဏ္ထူးျဖင့္ ေအာင္သူမွာ အိႏၵိယအမ်ိဳးသား ျဖစ္သည္။ တစ္ေယာက္သာ ဂုဏ္ထူး (Distinction) ရၿပီး က်န္ ၇ ဦးမွာ ႐ိုး႐ိုးသာ ေအာင္ၾကသည္။

ဂ်ပ္ဆင္ေကာလိပ္မွ ဝိဇၨာဘြဲ႕ရမ်ားမွာ (၆) ဦးသာ ရွိၿပီး တစ္ဦးမွာ သဘာဝတၳေဗဒ (ဒႆနိက) ဘာသာရပ္ျဖင့္ ဒုတိယတန္း ဂုဏ္ထူးျဖင့္ ေအာင္သည္။ ၃ ဦးမွာ ဂုဏ္ထူးရသည္။ ထို ၆ဦးထဲတြင္ အမ်ိဳးသမီး ၃ ဦး ပါဝင္သည္။ ျပင္ပမွ ဝင္ေရာက္ေျဖဆိုၿပီး ဝိဇၨာဘြဲ႕ရသူ (၆) ဦး ရွိသည္။ ႏွစ္ဦးသာ ဂုဏ္ထူးရသည္။ ကာလကတၱား တကၠသိုလ္မွ ဝိဇၨာဘြဲ႕ရၿပီး ရန္ကုန္ယူနီဗာစီတီေကာလိပ္မွ ဘြဲ႕အပ္ႏွင္းခံရေသာ ပုဂၢိဳလ္မွာ (၄)ဦးသာ ရွိသည္။ တစ္ဦးမွာ ပါဠိဘာသာ၌ ပထမတန္း ဂုဏ္ထူးျဖင့္ ေအာင္သည္။

ယူနီဗာစီတီေကာလိပ္မွ သိပၸံ (B.Sc) ဘြဲ႕ရ ပုဂၢိဳလ္မ်ားမွာ (၇) ဦးရွိၿပီး သခ်ၤာဘာသာ၌ ပထမတန္း ဂုဏ္ထူးျဖင့္ ေအာင္သူ တစ္ဦးရွိသည္။ ၄ ဦးမွာ ဂုဏ္ထူးရသည္။ ထို ၄ ဦးထဲတြင္ Miss I.Rosair ဆိုသူ ႏိုင္ငံျခားသူတစ္ဦး ပါသည္။ သာထြန္း ဆိုသူ အမ်ိဳးသားမွာ အေဝးေရာက္ဘြဲ႕ ယူသည္။ သခ်ၤာဘာသာ၌ ပထမတန္း ဂုဏ္ထူးျဖင့္ ေအာင္ေသာပုဂၢိဳလ္မွာ ေမာင္ဘိုးသုန္ ျဖစ္သည္။ ေမာင္ဘိုးသုန္သည္ စစ္ႀကိဳေခတ္ ယူနီဗာစီတီေကာလိပ္ သခ်ၤာဌာန၌ လက္ေထာက္ကထိက ျဖစ္လာၿပီး စစ္ၿပီးေခတ္တြင္ ျပင္ဦးလြင္ စစ္တကၠသိုလ္ စာေပၫႊန္ၾကားေရးမႉး (Director of Studies) ျမန္မာႏိုင္ငံ ပညာမင္းႀကီး သီရိပ်ံခ်ီ ဦးဘိုးသုန္ ျဖစ္သည္။

တကၠသိုလ္ခင္ေမာင္ေဇာ္၏ စာစုကို ကိုၾကယ္စင္ (ဗဟုသုတၾကယ္စင္ ဂ႐ု) မွ စာ႐ိုက္တင္ေပးျခင္းျဖစ္ပါသည္။

 

Sources : Thutazone

 

UNICODE

"ရန်ကုန် တက္ကသိုလ်၏ ပထမဆုံး ဘွဲ့နှင်းသဘင် အခမ်းအနား "
တက္ကသိုလ်ခင်မောင်ဇော်၏ စာစုကို ကိုကြယ်စင် (ဗဟုသုတကြယ်စင် ဂရု) မှ စာရိုက်တင်ပေးခြင်းဖြစ်ပါသည်။

ခရစ်နှစ် ၁၉၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်၊ ဆောင်းဦးပေါက်စ အခါသမယ။ နေရာကား ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်း ဂျူဗလီဟော။

ထိုနေ့သည် နယ်ချဲ့ ဗြိတိသျှ ကိုလိုနီလက်အောက် နိုင်ငံတစ်ခုဖြစ်သော အိန္ဒိယနိုင်ငံ၏ ပြည်နယ်တစ်ခုဖြစ်သည့် မြန်မာပြည်၌ ဗြိတိသျှအစိုးရ၏ ကျွန်ပညာရေးစနစ်ကို အထောက်အကူပြုသော ပထမဆုံး ဘွဲ့နှင်းသဘင် ကျင်းပသောနေ့ ဖြစ်သည်။ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ပြဌာန်းအတည်ပြုပြီးသည်မှာ တစ်နှစ်ပင် မပြည့်သေးပေ။

ဂျူဗလီဟောကြီး တစ်ခုလုံး မင်းပရိသတ်တို့ဖြင့် ပြည့်ကျပ်လုနီးပါး ဖြစ်နေ၏။ ဗြိတိသျှ အစိုးရ ဌာနအသီးသီးမှ အတွင်းဝန်များ၊ ဒုတိယ အတွင်းဝန်များ၊ မင်းကြီးများ၊ တိုင်းမင်းကြီးများ၊ တရားလွှတ်တော်မှ တရားဝန်ကြီးများ၊ ရန်ကုန် မြူနီစီပယ် ကော်မတီဝင်များ၊ ဆိပ်ကမ်းမင်းကြီးရုံးမှ အရာရှိကြီးများ၊ ဗြိတိသျှကုန်သည်ကြီးများ အသင်းမှ အမှုဆောင်လူကြီးများ၊ မြန်မာနိုင်ငံ သုတေသနအသင်းမှ အမှုဆောင်လူကြီးများ၊ ဂုဏ်ထူးဆောင် တရားသူကြီးများ၊ အထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ မှတ်ပုံတင်ပြီး ဘွဲ့ရပုဂ္ဂိုလ်များသည် မိမိတို့အတွက် သတ်မှတ်ထားသော ထိုင်ခုံများ၌ နေရာယူကြသည်။

မြန်မာပြည် ဘုရင်ခံကတော် လေဒီကရက်ဒေါက်သည် ဗြိတိသျှအစိုးရ အရာရှိကြီးများ၏ ဇနီးမယား (ဘိလပ်သူ) များနှင့်အတူ ဂျူဗလီဟော စင်မြင့်နှင့်တည့်တည့် အပေါ်ထပ် စြင်္ကံထိုင်ခုံများ၌ နေရာယူထားသည်။ ကောလိပ်နှစ်ခုမှ ဘွဲ့ကြိုကျောင်းသားများမှာ အပေါ်ထပ် ဘေးတစ်ဘက်တစ်ချက်ရှိ စြင်္ကံထိုင်ခုံများ၌ နေရာယူကြသည်။ မော်ကွန်းထိန်း မစ္စတာကင်းဘဲလ်နှင့် ကျင်းပရေး ကော်မတီက ဘွဲ့နှင်းသဘင် အခမ်းအနား အစီအစဉ် တစ်ခုလုံးကို တာဝန်ယူဆောင်ရွက်ရသည်။

ဥရောပ၊ အမေရိကန်နှင့် ဗြိတိန်နိုင်ငံ တက္ကသိုလ်များမှ ဘွဲ့ရပုဂ္ဂိုလ်များအား ပြဋ္ဌာန်းထားသည့် ဘွဲ့ဝတ်ရုံများအတိုင်း ပထမဆုံး ဘွဲ့နှင်းသဘင် အခမ်းအနား၌ ဘွဲ့တက်ယူကြမည့် ဘွဲ့ရပုဂ္ဂိုလ်များ ကိုယ်ပေါ်တွင် ဝတ်ဆင်ထားကြသည်။ ဘွဲ့အလိုက် အရောင် သတ်မှတ်ထားသည့် ဟွဒ် (Hood) များကိုလည်း လည်ပင်းစွပ်လျက် ဘွဲ့ဝတ်ရုံများပေါ်တွင် လွှမ်းခြုံထားကြသည်။

3-12_1.jpg

 

ဝိဇ္ဇာ (B.A)ဘွဲ့အတွက် ပန်းနုရောင် အစင်းများပါသော ဟွဒ်၊ သိပ္ပံ (B.Sc) ဘွဲ့အတွက် အစိမ်းနုရောင် အစင်းများပါသော ဟွဒ်များကို ဘွဲ့အလိုက် သတ်မှတ် ပြဋ္ဌာန်းထားသည်။ ဘွဲ့ရပုဂ္ဂိုလ်များထဲတွင် ပန်းရောင်ခေါင်းပေါင်း ပေါင်းလျက် တိုက်ပုံအနက်၊ ပိုးတောင်ရှည်ပုဆိုး၊ ရှူးဖိနပ်စီးပြီး တက်ရောက်လာသူများ ရှိသလို အနက်ရောင် ကက်ဦးထုပ်ဆောင်းကာ အနောက်တိုင်း ဥရောပဝတ်စုံပြည့် ဝတ်ပြီး တက်ရောက်လာကြသူများလည်း ရှိသည်။

အဓိပတိကြီးနှင့် တက္ကသိုလ်ဆီးနိတ် အဖွဲ့ဝင်များ ခန်းမကြီးထဲသို့ ဝင်လာခိုက် ဧည့်ပရိသတ်အားလုံး ထိုင်နေရာမှ မတ်တတ်ရပ်လိုက်ကြသည်။ အဓိပတိကြီးနှင့် ဆီးနိတ်အဖွဲ့ဝင်တို့ စင်မြင့်ပေါ် ရောက်သွားပြီး သတ်မှတ်ထားသော ကုလားထိုင်များ၌ ထိုင်လိုက်ကြမှသာ ဧည့်ပရိသတ်အားလုံး မိမိတို့ နေရာများတွင် ထိုင်ကြရသည်။

အဓိပတိကြီးက “ဤဘွဲ့နှင်းသဘင် အခမ်းအနားကို ဖွင့်လှစ်သည်” ဟု အင်္ဂလိပ်ဘာသာဖြင့် ဖွင့်လှစ်ကြောင်း ကြေညာသည်။ ဂျူဗလီခန်းမကြီးအတွင်း အသံချဲ့စက် တပ်ဆင်ထားခြင်း မရှိ။ (ထိုခေတ် ထိုအခါ ရန်ကုန်မြို့၌ အသံချဲ့စက်များ မပေါ်သေးကြောင်း ရှေးခေတ်မီသူ လူကြီးများ၏ ပြောစကားအရ သိရသည်။) ဘွဲ့နှင်းသဘင် ဖွင့်လှစ်ကြောင်း အဓိပတိကြီး၏ အောင်မြင်သော အသံဖြင့် ကြေညာလိုက်သည့်အခါ ခန်းမကြီး တစ်ခုလုံး ဟိန်းထွက်သွားသည်။

ဘွဲ့နှင်းသဘင် အခမ်းအနား စစချင်း ချီးမြှင့်သောဘွဲ့မှာ မုံရွာမြို့အနီး လယ်တီကျောင်းတိုက်၌ သီတင်းသုံးနေသော အဂ္ဂမဟာပဏ္ဍိတဘွဲ့ခံ လယ်တီဆရာတော်ဘုရားကြီးအား ချီးမြှင့်အပ်နှင်းသော ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ “LLD” (Doctor of Letters honoris causa) ဖြစ်သည်။ လယ်တီဆရာတော်ကြီးသည် ရှေးဦး ပါဠိစာပေ ပညာရှင်များထဲတွင် အထင်ရှားဆုံး ပုဂ္ဂိုလ်ကျော် ဖြစ်သည့်အပြင် အဆင့်မြင့်သော ဗုဒ္ဓစာပေ မြောက်များစွာကို ပြုစုရေးသားသူအဖြစ် ထင်ရှားသည့်အတွက် ဤဘွဲ့ကို အပ်နှင်းရခြင်း ဖြစ်သည်ဟု အဓိပတိ မိန့်ခွန်းတွင် ထည့်သွင်းကြေညာသွားသည်။ စာပေပါရဂူဘွဲ့သည် ထိုခေတ်တက္ကသိုလ်၌ အမြင့်ဆုံး ဘွဲ့တစ်ခုဖြစ်သည်။

ဒုတိယ အမြင့်ဆုံးဘွဲ့မှာ ဂုဏ်ထူးဆောင် မဟာဝိဇ္ဇာဘွဲ့ (Master of Arts honoris causa) ဖြစ်သည်။ ဂုဏ်ထူးဆောင် မဟာဝိဇ္ဇာဘွဲ့ အပ်နှင်းခံရသည့် ပုဂ္ဂိုလ်မှာ မြန်မာနိုင်ငံ အစိုးရ ကမ္ပည်းကျောက်စာ ပညာရှင် ကျောက်စာဝန် မစ္စတာ ချားလ်ဒူရွိုင်းစ် (Mr. Charles Duroiselle) ဖြစ်သည်။ မစ္စတာ ဒူရွိုင်းစ်သည် ရှေးခေတ် ပုဂံကျောက်စာများကို မြန်မာ၊ မွန်၊ ပါဠိ၊ သက္ကတ ဘာသာရပ်များသို့ ပြန်ဆိုသော လုပ်ငန်းကို စနစ်တကျ ဆောင်ရွက်ခဲ့သဖြင့် မဟာဝိဇ္ဇာဘွဲ့ နှင့် ထိုက်တန်သည်ဟု ကြေညာသည်။

တက္ကသိုလ်မှ အပ်နှင်းမည့် ဘွဲ့အသီးသီးကို လက်ခံရန် အရည်အချင်း ပြည့်မီသည်ဟု တက္ကသိုလ်ဆီးနိတ်အဖွဲ့မှ ကြေညာခြင်း ခံရသော ဘွဲ့ရပုဂ္ဂိုလ်များသည် အဓိပတိကြီး၏ “ဘွဲ့ရပုဂ္ဂိုလ်များ ကိုယ်ကျင့်တရားနှင့်အညီ နေ့စဉ် ကျင့်ကြံနေထိုင်မည်လော” ဟူသော မေးခွန်းကို ဖြေကြားပြီးနောက် ယူနီဗာစီတီကောလိပ်နှင့် ဂျပ်ဆင် (ယုဒသန်) ကောလိပ်တို့မှ အပ်နှင်းသည့် ဘွဲ့အသီးသီးကို လက်ခံရယူကြသည်။

ဥပဒေဘွဲ့ (B.L) ယူကြမည့် ပုဂ္ဂိုလ်များအား ဥပဒေပါမောက္ခ ဦးမေအောင် (နောင်အခါ ဒိုင်အာခီ အစိုးရလက်ထက် ပြည်ထဲရေး ဝန်ကြီးချုပ် ဖြစ်လာသူ)က အဓိပတိကြီးထံ အဆိုတင်သွင်းပြီး ဝိဇ္ဇာ (B.A) နှင့် သိပ္ပံ (B.Sc) ဘွဲ့ယူမည့် ပုဂ္ဂိုလ်များအား ယူနီဗာစီတီ ကောလိပ်ကျောင်းအုပ်ကြီး ပါမောက္ခ မစ္စတာ မက်သယူးဟန်တာက တင်သွင်း အဆိုပြုသည်။ ဂျပ်ဆင်ကောလိပ်မှ ဝိဇ္ဇာဘွဲ့ယူမည့် ပုဂ္ဂိုလ်များ၏ အမည်စာရင်းကိုမူ ဂျပ်ဆင်ကောလိပ် ကျောင်းအုပ်ကြီး မစ္စတာ အာရ်အယ်လ်ဟောင်းဝပ်က တင်သွင်း အဆိုပြုသည်။ ပြင်ပမှ ဖြေဆိုအောင်မြင်ခဲ့ပြီး ဝိဇ္ဇာဘွဲ့ယူမည့် ပုဂ္ဂိုလ်များ၏ အမည်စာရင်းကို မြန်မာနိုင်ငံ ပညာမင်းကြီး မတ်ဟန်တာက အဆိုပြုသည်။

2-12.jpg

 

ယူနီဗာစီတီကောလိပ်မှ ဥပဒေဘွဲ့ရ ပုဂ္ဂိုလ်များမှာ (၁၃) ဦး ရှိသည်။ အားလုံးမှာ အမျိုးသားချည်း ဖြစ်သည်။ ၁၃ ဦးထဲတွင် နောင်တစ်ခေတ် အစိုးရ ရှေ့နေချုပ် ဖြစ်လာမည့် မစ္စတာ အယ်လ်ချွန်ဖောင်း (L Choon Foung) လည်း ပါသည်။

ယူနီဗာစီတီကောလိပ်မှ ဝိဇ္ဇာဘွဲ့၊ အင်္ဂလိပ်စာ ဂူဏ်ထူးဖြင့် အောင်မြင်သူ (၄) ဦး ရှိရာ တစ်ဦးမှာ ပထမတန်းဂုဏ်ထူး (First Class Honours) ဖြင့် အောင်သည်။ ဒုတိယတန်းဂုဏ်ထူးဖြင့် အောင်မြင်သူ ၃ ဦး ရှိသည့်အနက် နောင်တစ်ခေတ် မြန်မာနိုင်ငံ ရှေ့နေလောက၌ ထင်ရှားလာမည့် ဝတ်လုံတော်ရရှေ့နေနှင့် နိုတြီပတ်ဘလစ် မစ္စတာ စီ အေ စူးမား (C.A.Soorma) ဖြစ်သည်။

ယူနီဗာစီတီကောလိပ်မှ သင်္ချာဘာသာရပ်ဖြင့် ဝိဇ္ဇာ(ဂုဏ်ထူး) ဘွဲ့ရသူများမှာ (၉) ဦး ရှိပြီး ပထမတန်း ဂုဏ်ထူးဖြင့် အောင်သူမှာ အိန္ဒိယအမျိုးသား ဖြစ်သည်။ တစ်ယောက်သာ ဂုဏ်ထူး (Distinction) ရပြီး ကျန် ၇ ဦးမှာ ရိုးရိုးသာ အောင်ကြသည်။

ဂျပ်ဆင်ကောလိပ်မှ ဝိဇ္ဇာဘွဲ့ရများမှာ (၆) ဦးသာ ရှိပြီး တစ်ဦးမှာ သဘာဝတ္ထဗေဒ (ဒဿနိက) ဘာသာရပ်ဖြင့် ဒုတိယတန်း ဂုဏ်ထူးဖြင့် အောင်သည်။ ၃ ဦးမှာ ဂုဏ်ထူးရသည်။ ထို ၆ဦးထဲတွင် အမျိုးသမီး ၃ ဦး ပါဝင်သည်။ ပြင်ပမှ ဝင်ရောက်ဖြေဆိုပြီး ဝိဇ္ဇာဘွဲ့ရသူ (၆) ဦး ရှိသည်။ နှစ်ဦးသာ ဂုဏ်ထူးရသည်။ ကာလကတ္တား တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရပြီး ရန်ကုန်ယူနီဗာစီတီကောလိပ်မှ ဘွဲ့အပ်နှင်းခံရသော ပုဂ္ဂိုလ်မှာ (၄)ဦးသာ ရှိသည်။ တစ်ဦးမှာ ပါဠိဘာသာ၌ ပထမတန်း ဂုဏ်ထူးဖြင့် အောင်သည်။

ယူနီဗာစီတီကောလိပ်မှ သိပ္ပံ (B.Sc) ဘွဲ့ရ ပုဂ္ဂိုလ်များမှာ (၇) ဦးရှိပြီး သင်္ချာဘာသာ၌ ပထမတန်း ဂုဏ်ထူးဖြင့် အောင်သူ တစ်ဦးရှိသည်။ ၄ ဦးမှာ ဂုဏ်ထူးရသည်။ ထို ၄ ဦးထဲတွင် Miss I.Rosair ဆိုသူ နိုင်ငံခြားသူတစ်ဦး ပါသည်။ သာထွန်း ဆိုသူ အမျိုးသားမှာ အဝေးရောက်ဘွဲ့ ယူသည်။ သင်္ချာဘာသာ၌ ပထမတန်း ဂုဏ်ထူးဖြင့် အောင်သောပုဂ္ဂိုလ်မှာ မောင်ဘိုးသုန် ဖြစ်သည်။ မောင်ဘိုးသုန်သည် စစ်ကြိုခေတ် ယူနီဗာစီတီကောလိပ် သင်္ချာဌာန၌ လက်ထောက်ကထိက ဖြစ်လာပြီး စစ်ပြီးခေတ်တွင် ပြင်ဦးလွင် စစ်တက္ကသိုလ် စာပေညွှန်ကြားရေးမှူး (Director of Studies) မြန်မာနိုင်ငံ ပညာမင်းကြီး သီရိပျံချီ ဦးဘိုးသုန် ဖြစ်သည်။

တက္ကသိုလ်ခင်မောင်ဇော်၏ စာစုကို ကိုကြယ်စင် (ဗဟုသုတကြယ်စင် ဂရု) မှ စာရိုက်တင်ပေးခြင်းဖြစ်ပါသည်။

 

Sources : Thutazone

 

Read times Last modified on Tuesday, 24 December 2019 11:09
Rate this articles
(0 votes)