×
Warning
JUser: :_load: Unable to load user with ID: 81428
Knowledge
Saturday, 28 December 2019
"ဦးနှောက် မှတ်ဥာဏ်ထိခိုက်စေသော အစားအစာ (၉) မျိုး"
"ဦးနှောက် မှတ်ဥာဏ်ထိခိုက်စေသော အစားအစာ (၉) မျိုး" google.com
၎. ပြုပြင်ထားသော ဒိန်ချဉ်
၆. ပီဇာများ
UNICODE
"ဦးနှောက် မှတ်ဉာဏ်ထိခိုက်စေသော အစားအစာ (၉) မျိုး"
၁. အဆင့်သင့် စားနိုင်သော အချို့ အစားအစာများ
များပြားလွန်းတဲ့ အလုပ်တာဝန် တွေနဲ့ လှုပ်ရှားနေရတဲ့ ဘဝထဲမှာ ဘယ် အရာကိုပဲဖြစ်ဖြစ် အမြန်ဆုံးပြီးမြောက် သွားတာကို သဘောကျတတ်ကြပါတယ်။
အစာစားချိန်မှာတောင် ခပ်မြန်မြန်စားရတာကို သဘောကျလာတတ်ကြပါတယ်။ အသင့် ပြုလုပ်ထားတဲ့ အစာတွေကို အစားများ တာကြောင့် ဦးနှောက်ကျန်းမာရေးအတွက် စိုးရိမ်ဖွယ်ရှိလာနိုင်ပါတယ်။
၂. ဖန်တီးပြုလုပ်ထားသော အစာတုများ
အရသာတူအောင် ဖန်တီးပြုပြင် ထားတဲ့ အစားအစာမျိုးတွေပါ။ အနံ့နဲ့ အရသာက တစ်ထပ်တည်းကျအောင် ဖန်တီးပြုလုပ်ထားတဲ့ အစားအစာ၊ အချို ရည်စတာတွေထဲမှာ ဓာတုဗေဒပစ္စည်း တွေ၊ ဆိုးဆေးတွေနဲ့ အနံ့တွေပါဝင်တတ် ပါတယ်။
ဒါတွေအစားများရင် သင့်ဦး နှောက်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါ တယ်။ သဘာဝအစားအစာတွေကသာ ကောင်းမွန်မှန်ကန်တဲ့ အာဟာရကို ပေးစွမ်းနိုင်ကာ သင့်ဦးနှောက်နဲ့ မှတ်ဉာဏ်ကို အထောက်အကူ ပြုပါလိမ့်မယ်။
၃. ငန်လွန်းသော အစားအစာများ
အရမ်းငန်လွန်းတဲ့ အစားအစာတွေက သင့်နှလုံးကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါသေးတယ်။ ဆားလွန်ကဲတဲ့ အစားအစာတွေ များများစားတာကြောင့် သင့်ဦးနှောက်တစ်သျှူးတွေကို ပျက်စီးစေနိုင်ပြီး မကောင်းကျိုးဖြစ်စေတာကြောင့် ဆားပါဝင်မှုများတဲ့ အစားအစာတွေကို တတ်နိုင်သမျှရှောင်ပါ။
၄. ပြုပြင်ထားသော ဒိန်ချဉ်
ဒိန်ချဉ်ကို ကြာရှည်ခံအောင် ပေါင်းစပ်ပြုလုပ်ထားပြီး စတော်ဘယ်ရီ၊ စပျစ် စတဲ့အသီးတွေရဲ့ ရနံ့နဲ့ ပေါင်းစပ် ပြုလုပ်ထားတဲ့ ဒိန်ချဉ်ဘူးတွေကို ပုံမှန်သောက်သုံးတာကြောင့် ဒိန်ချဉ်အစစ်လို တူညီတဲ့ အကျိုးကျေးဇူးကို မရရှိနိုင်ဘူးလို့ လေ့လာသူတွေက ဆိုပါတယ်။
ရေဆာနေ ချိန်မှာ ရေဆာခြင်းကိုသာ ပြေစေပြီး အမှန် တကယ်တော့ အဲလိုအသင့်ပြုလုပ်ထား တဲ့ ဒိန်ချဉ်ဘူးတွေက အဆီနဲ့ ဓာတု ပစ္စည်းတွေသာ ပါဝင်တတ်ပါတယ်။
၅. စွမ်းအားဖြည့် အချိုရည်များ
စွမ်းအားကို ပြန်လည်ဖြည့်တင်းပေးတဲ့ အချိုရည်တွေကို လွန်ကဲစွာသောက် သုံးတာကြောင့် သင့်ဦးနှောက်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
ယင်းအချို ရည်တွေက အချိန်အတိုင်းအတာတစ်ခုအထိ လူကို တက်ကြွလန်းဆန်းစေပြီး အဲဒီအချိန်တွင်းမှာ အလုပ်ကို အင်တိုက်အားတိုက်လုပ်မိပြီး အချိန် အတိုင်းအတာကုန်သွားချိန်မှာတော့ လူ ကို ပင်ပန်းနွမ်းနယ် နေစေတာကြောင့် သင့်ခန္ဓာကိုယ်ရော သင့်ဦးနှောက်ကိုပါ ပင်ပန်းနွမ်းနယ်စေပါတယ်။
၆. ပီဇာများ
လူကြီး၊ လူငယ်မရွေး ကြိုက်နှစ်သက်ကြပြီး စားချင်စဖွယ် ပြုပြင်ဖန်တီးထားတာကြောင့် လူကြိုက်များတဲ့ ပီဇာ ကို ပုံမှန်စားမယ်ဆိုရင် သင့်ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေပါလိမ့်မယ်။
အဆာပြေစာ စားမယ်ဆိုရင်တောင် အသီးအရွက်တွေနဲ့ ပြုလုပ်ထားတဲ့ ပီဇာကို ရွေးချယ်ပေးပါ။
၇. ထပ်ကာထပ်ကာ ကြော်ထားသော အစာများ
ဆီအများကြီးနဲ့ အထပ်ထပ်အခါခါ ကြော်ထားတဲ့ အစာတွေကို စားတာ ကြောင့် သင့်ခန္ဓာကိုယ်ကို အာဟာရ မဖြစ်စေတဲ့အပြင် သင့်ဦးနှောက်ကို ထိခိုက် စေနိုင်ပါသေးတယ်။
ဆီကြော်စာတွေက စားလို့ကောင်းပေမယ့် သင့်ကျန်းမာရေး ကိုတော့ လုံးဝအထောက်အကူမပြုပါဘူး။
၈. ပြောင်းဖူးပေါက်ပေါက်
ပြောင်းဖူးပေါက်ပေါက်တွေကို အထူးသဖြင့် ရုပ်ရှင်ကြည့်ချိန်မျိုးမှာ အများအပြား စားမိတတ်ကြပါတယ်။
ပြောင်းဖူးပေါက်ပေါက်တွေထဲမှာ ဆားနဲ့ အဆီများစွာပါဝင်တတ်ပြီး တချို့အသင့် ပြုလုပ်စားသောက်နိုင်တဲ့ ပေါက်ပေါက်တွေထဲမှာ ဓာတုပစ္စည်းတွေလည်းပါဝင် နေတတ်ပါတယ်။
၉. သကြားများသော အသုပ်များ
ဟင်းရွက်သုပ်တွေက သင့်ကျန်းမာ ရေးကို အထောက်အကူပြုတယ်ဆိုပေမယ့် အဆီအများကြီးထည့်ပြီး၊ သကြားများစွာပါဝင်တဲ့ အသုပ်တွေကတော့ သင့်ဦးနှောက်ကျန်းမာရေးကို ထိခိုက်စေ နိုင်ပါတယ်။
sayar.com.mm
Ref: May Dim’s Note book
Read times
Rate this articles
(0 votes)