×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Tuesday, 29 August 2017

ဘဝတိုးတက်ဖို့အတွက် သင်ပေးနိုင်တဲ့အကြံဥာဏ်က တစ်ခုထဲဆိုရင် ဘာဖြစ်မလဲ

ဘဝတိုးတက်ဖို့အတွက် သင်ပေးနိုင်တဲ့အကြံဥာဏ်က တစ်ခုထဲဆိုရင် ဘာဖြစ်မလဲ google.com

အောင်မြင်တိုးတက်ဖို့အတွက် နည်းလမ်းတွေ ကိုယ့်ကိုယ်ကို ထိန်းချုပ်ရမယ့်နည်းလမ်းတွေ ဒါတွေနဲ့ပက်သက်တဲ့စာအုပ်တွေ အများကြီးရှိတယ်ဆိုတာသတိထားမိမှာပါ။ သင်ရှာဖွေကြည့်မယ် ဆိုရင်လည်း ဘဝမှာအောင်မြင်တိုးတက်ဖို့အတွက် လုပ်ဆောင်ရမယ့်နည်းလမ်းတွေ အများကြီးကို တွေ့ရမှာပါ။

ဒါတွေအကုန်လုံးက စိန်ခေါ်မှုပါပဲ။ တကယ်လို့သာ ဘဝတိုးတက်ဖို့အတွက် သင်ပေးနိုင်တဲ့ အချက်ကတစ်ခုပဲဆိုရင်ဘာဖြစ်မလဲ။ ကျွန်တော်တို့အကောင်းဆုံးအဖြေတွေကို ရွေးချယ်ထားပေးပါတယ်။

ကတိတည်ပါ.

ကတိတည်ခိုင်းတာ သူများကိုပေးရမယ့်ကတိတွေကို ပြောတာမဟုတ်ပါဘူး။ သင့်ကိုယ်တိုင်ဆုံးဖြတ်ထားတဲ့ ဆုံးဖြတ်ချက်အပေါ် တည်ရမယ့် စောင့်ထိန်းရမယ့်ကတိကိုပြောတာပါ။ ဘဝဆိုတာပုံပြင်တစ်ပုဒ်လိုပါပဲ… ပုံပြင်ကတိုသည်ဖြစ်စေ ရှည်သည်ဖြစ်စေ…ကြီးသည်ဖြစ်စေ သေးသည်ဖြစ်စေ… ပျော်စရာကောင်းသည် ဖြစ်စေ ဝမ်းနည်းစရာကောင်းသည်ဖြစ်စေ… ကိစ္စမရှိပါဘူး။ ဘယ်လို စိန်ခေါ်မှုတွေနဲ့ ဘယ်သူတွေက ဘာအတွက်တိုက်ခိုက်နေကြသည်ဖြစ်စေ ကိစ္စမရှိပါဘူး။ တူညီတဲ့အရာတစ်ခုက လူတိုင်းက ကိုယ့်ကိုယ်ကို အမြဲတမ်းပြောသင့်တာက “ငါ လုပ်နိုင်တယ်၊ ငါ ကြိုးစားကြည့်မယ်”

ဖြစ်ပျက်သမျှအရာရာတိုင်းက ယာယီပါပဲ

ဘုရင်တစ်ပါးကမေးထားပါတယ် သူစိတ်ညစ်နေတဲ့အချိန်မှာ သူကိုစိတ်သက်သာရာရစေပြီး ပျော်ရွှင်နေတဲ့ အချိန်မှာလည်း စိတ်ညစ်စရာတွေကြုံနိုင်မယ်ဆိုတာကို သတိပေးနိုင်မယ့် စကားတစ်ခွန်းကိုမေးတဲ့အခါ “ဒါလည်း ပြီးသွားမှာပါ” ဆိုပြီးတော့ ဖြေခဲ့ပါတယ်။ သင့်မှာ ခက်ခဲကြမ်းတမ်းတဲ့အချိန်တွေကို ကြုံနေရတဲ့အခါ ဒီစကားစုလေးကို သတိရပါ။ အရာရာတိုင်းက တသတ်မတ်တည်းဖြစ်တည်နေတာ မဟုတ်ပါဘူး။ လောကနိယာမကိုက ဖြစ်ပြီးရင်ပျက်မှာပါ။ ပျော်စရာကိစ္စတွေကြုံနေတယ်ဆိုရင်လည်း ဒါကအမြဲမဟုတ်ဘူးဆိုတာကို သတိရပါ။ စိတ်ပျက်စရာတွေ ဝမ်းနည်းစရာတွေကလည်း အမြဲတမ်း မဟုတ်ပါဘူး အချိန်တန်ရင်ပြီးသွားမှာပါ။ “This too shall pass away”

RECOMMENDED FOR YOU - အမှားထဲက အလှတရား

တကယ့်ဘဝမှာနေပါ။ social media တွေရဲ့ လွှမ်းမိုးမှုအောက်မှာမနေပါနဲ့။

Social media တွေက ကျွန်တော်တို့ရဲ့ဘဝကို လွှမ်းမိုးမှုအလွန်ကြီးမားပါတယ်။ အားတဲ့အချိန်မှာ social media ပေါ်မှာပဲ အချိန်ဖြုန်းနေတာမျိုး သူများတွေရဲ့ဘဝတွေကို လိုက်ကြည့်နေမယ့်အစား ကိုယ့်ပိုင်ဆိုင် ထားတဲ့ ကိုယ့်ဘဝလေးကို မြင်အောင်ကြည့်ပါ။ ငါ့အတွက်အကောင်းဆုံးကဘာဖြစ်နိုင်မလဲဆိုတာ သူများကို လိုက်မေးနေမယ့်အစား ကိုယ့်ကိုယ်ကို ဆန်းစစ်ပြီး ကိုယ့်အတွက်အကောင်းဆုံးဖြစ်နိုင်မယ့်အရာ တွေကို စတင်လုပ်ဆောင်လိုက်ပါ။

ရိုးရှင်းတဲ့နည်းလေး ပြေးပါ.

ပြေးခြင်းကနေ မဆုတ်မနစ်ကြိုးစားချင်တဲ့စိတ်ကိုတွေ့ နိုင်ပါတယ်။ ပန်းတိုင်မရောက်မချင်း ရပ်တန့်ခြင်းကို မလုပ်တာ သတ်မှတ်ထားတဲ့နေရာကို ရောက်အောင်သွားမယ့်စိတ် လက်မလျှော့တတ်တဲ့စိတ်ကို သင်ယူရရှိနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေ တိုးလာပြီး ပိုပြီး သန်မာလာပါတယ်။

RECOMMENDED FOR YOU - အောင်မြင်မှုလမ်းကြောင်းပေါ်မှာ အရှိန်အဟုန်နဲ့သွားနေရင်း ဂုဏ်သိက္ခာဆိုတဲ့ စကားလုံးလေး ကျပျောက်သွားပြီလား???

အလုပ်ကို ဥာဏ်နှင့်ယှဉ်ပြီးလုပ်ပါ။ (Work smarter, not harder)

Abraham Lincoln ပြောခဲ့ဖူးတာရှိပါတယ်… သစ်ပင်လှဲဖို့အတွက် သူ့ကို ခြောက်နာရီပေးပါ ၊ လေးနာရီကို ပုဆိန်ကို ထက်နေအောင်သွေးတဲ့နေရာမှာ အသုံးချလိုက်မှာပါ။ လူအများစုကတော့ ခြောက်နာရီလုံးကို သစ်ပင်ကို ဖြတ်ဖို့အတွက်ပဲ ကြိုးစားနေမှာပါ။ ဘယ်လိုလုပ်ရင် မြန်မြန်အလုပ်ပြီးနိုင်မလဲ နည်းလမ်းတွေက ဘာတွေလည်း ဒါတွေကိုမစဉ်းစားမိတတ်ပါဘူး။ ဒါကြောင့်အလုပ်ကြိုးစားတာကကောင်းပါတယ် ဥာဏ်နဲ့ယှဉ် လုပ်ဖို့လိုပါတယ်။

Source;lifehack

Read times Last modified on Monday, 30 December 2019 14:15
Rate this articles
(2 votes)