×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Tuesday, 21 January 2020

၂၁ရာစုမှာ အောင်မြင်ဖို့လိုအပ်တဲ့ အရေးကြီးဆုံး Skill တစ်ခု

၂၁ရာစုမှာ အောင်မြင်ဖို့လိုအပ်တဲ့ အရေးကြီးဆုံး Skill တစ်ခု google

"ငါတို့တုန်းက ဒီလိုမဟုတ်ဘူးကွ" ဆိုတဲ့ စကားစုလေးနဲ့ အစပြုတဲ့ လူကြီးတွေရဲ့ ဆုံးမစကားကို ကျွန်တော်တို့ တော်တော်များများ ကြားဖူးကြမှာပါ။

လူကြီးအများစုကတော့ လူငယ်တွေကို ကြိုးစားစေချင်တဲ့ စိတ်နဲ့ အားမလိုအားမရ ဆုံးမကြတာပါ။ ကျွန်တော်ကိုယ်တိုင်တောင် တစ်ခါတစ်လေ သုံးမိပါတယ်။ ဒါပေမဲ့ လူကြီးတွေရော..ကျွန်တော်ရော မစဉ်းစားမိတဲ့ အချက်တစ်ခုရှိပါတယ်။ အဲ့ဒါက မတူညီတဲ့ ခေတ်ကာလ ၂ခုရဲ့ မတူညီတဲ့ အခက်အခဲတွေအကြောင်းပါ။

ကျွန်တော်တို့ ငယ်ငယ်တုန်းက အင်တာနက်ဆိုတာ မရှိပါဘူး။ ဂိမ်းတွေ ဆိုတာလည်း တစ်ခါတစ်လေလောက်ပဲ ဆော့ရတာပါ။ အဲ့ဒီလို ဘဝကို ဖြတ်သန်းလာရတဲ့ ကောင်းကျိုးက ဘာလဲဆိုတော့ Distraction နည်းခြင်းပါ။ Distraction ဆိုတာ လူတစ်ယောက် တစ်စုံတစ်ခုအပေါ် အာရုံစူးစိုက်မရအောင် ဖျားယောင်းနေတဲ့အရာမှန်သမျှကို ဆိုလိုပါတယ်။ အခုခေတ်ဆိုရင် Facebook, Youtube, Game, Websites,Social Networks စသဖြင့်ပေါ့။ အရင်ခေတ်ကတော့ သူငယ်ချင်းတွေ နဲ့ကစားချင်တဲ့ စိတ်လောက်ပဲ ရှိပါတယ်။ ဒီတော့ ကျွန်တော်တို့က စာအုပ်တွေကို ပိုခုံမင်ပါတယ်။ စာတွေပိုဖတ်ဖြစ်သလို အခြားကိုယ်လေ့လာချင်တာတွေကိုလည်း အာရုံစူးစိုက်ပြီး ပိုလေ့လာဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို မေးခွန်းတစ်ခု ပြန်မေးကြည့်ပါ။

"ကျွန်တော်တို့ ခင်ဗျားတို့ ငယ်စဉ်အချိန်ကသာ အခု ၂၀၁၉လို ဂိမ်းတွေ၊ Facebook တွေ၊ Youtube တွေ၊ Social Network တွေရှိမယ်ဆိုရင် ကျွန်တော်တို့ရော အာရုံစူးစိုက်မှု ကောင်းပါ့မလား"

အဲ့ဒီမေးခွန်းကို ဖြေကြည့်ပါ။ အဲ့ဒီအခါကျရင် ဒီခေတ်ကလေးတွေ ရင်ဆိုင် နေရတဲ့ အခက်အခဲကို ကွက်ကွက်ကွင်းကွင်းမြင်သွားပါလိမ့်မယ်။ ဒီခေတ်မှာ ဗဟုသုတရှာဖို့ အရမ်းလွယ်ပါတယ်။ ဒါပေမဲ့ တစ်ချိန်ထဲမှာပဲ Distraction အရမ်းများပါတယ်။ ကျွန်တော်ကိုယ်တိုင်တောင် ငယ်ငယ်တုန်းကနဲ့ မတူတော့ပါဘူး။ အရင်လောက်လည်း Focus မကောင်းတော့ပါဘူး။ နေ့စဉ် အကျိုးရှိတာတွေ များများလုပ်ပြီး အကျိုးမရှိဘဲ ဖုန်းကိုဟိုပွတ်ဒီပွတ်လုပ်တာလျော့ဖို့ ကိုယ့်ကိုယ်ကို ထိန်းရပါတယ်။ ဒါဟာ ဒီဘက်ခေတ်မှာ လူတိုင်းရင်ဆိုင်နေရတဲ့ Challenge ဖြစ်ပါတယ်။ ကျွန်တော်တို့ အတွက် ဘယ်လောက်အထိ Distraction တွေများလဲဆိုတာကို ဥပမာအနေနဲ့ပြောပါမယ်။ ဥပမာ သင်က ဝန်ထမ်းဆိုပါစို့။ ရုံးကို မနက် ၉နာရီရောက်မယ်၊ ကွန်ပျူတာကို ဖွင့်မယ်၊ အလုပ်လုပ်မယ်လို့ စိတ်ကူးတယ်၊ ဒါပေမယ့် ဘေးက လုပ်ဖော်ကိုင်ဖက်တွေကဟိုသတင်းကြားပြီးပြီလား.ဒီသတင်းကြားပြီးပြီလား မေးမယ်၊ သင်က မသိဘူး။ ဒါနဲ့ Facebook ကို ကွန်ပျူတာမှာ တစ်ချက်ဖွင့်လိုက်တယ်၊ အဲ့ဒီသတင်းရှာဖတ်ကြည့်တယ်၊ သတင်းဖတ်ပြီးတော့ စိတ်ဝင်စားစရာ ဗီဒီယိုတစ်ခုတွေ့တာနဲ့ ဆက်ကြည့်တယ်၊ Facebook က နောက်ထပ် စိတ်ဝင်စားစရာ ဗီဒီယိုတွေကို ဆက်ပြပေးတယ်၊ ရုတ်တရက် နာရီကြည့်မိတော့ ၁၀နာရီတောင် ထိုးနေပြီ။ တစ်နာရီ ဘယ်လိုမှန်း မသိဘူး ကုန်သွား တယ်။ ဒါဟာ ဥပမာ ပြောတာပါ။ အဲ့ဒီလို ကိစ္စတွေနဲ့ ကုန်တဲ့အချိန်ဟာ နေ့တစ်နေ့မှာ တစ်နာရီလည်း ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ အဲ့ဒီထက် ပိုပြီးလည်း များနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးက ဘာလဲဆိုတော့ အလုပ်တွေမပြီးဘူး၊ Performance တွေကျလာတယ်၊ မိမိတိုးတက်ရာ တိုးတက်ကြောင်းအတွက် လေ့လာဖို့ အချိန်မရှိတော့ဘူး၊ Focus လုပ်နိုင်တဲ့ စွမ်းရည်ကျလာတယ်။ ဒါဟာ ဒီဘက်ခေတ်မှာ လူတော်တော်များများ ရင်ဆိုင်နေရတဲ့ ပြဿနာ ဖြစ်ပါတယ်။

CNBC က ဆောင်းပါးတစ်ပုဒ်မှာ စိတ်ပညာ ကျွမ်းကျင်သူ တစ်ယောက်ဖြစ်ပြီး စာရေးဆရာလည်းဖြစ်တဲ့ Nir Eyal က ပြောထားတာလေးတစ်ခုရှိပါတယ်။ အဲ့ဒါက ဘာလဲဆိုတော့ ၂၁ရာစုမှာ အရေးကြီးဆုံး Skill ဟာ "Indistractable" ဖြစ်ခြင်း လို့ဆိုပါတယ်။ ကိုယ့်စိတ်ကို မပျံ့လွင့်စေဘဲ ကိုယ်လုပ်ရမယ့်အရာအပေါ် အာရုံစူးစိုက် နိုင်ခြင်း ဖြစ်ပါတယ်။ ဒီခေတ်ကလေးတွေ၊ လူငယ်တွေမှာလည်း ဒီအချက်ဟာ အရမ်းမှန်ပါတယ်။ အာရုံစူးစိုက်မှုကောင်းပြီး သူ့အလုပ်ကို သူလုပ်တဲ့ လူငယ်တွေဟာ များသောအားဖြင့် သူများထက် သာသွားကြတာချည်းပါပဲ။ ၁၉၇၁ က စိတ်ပညာရှင် Herbert A. Simon ပြောဖူးတာလေးရှိပါတယ်။ အဲ့ဒါက ဘာလဲဆိုတော့ သတင်းအချက်အလက် ပေါကြွယ်ဝလာခြင်းနဲ့အတူ သေဆုံးသွားတဲ့အရာတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ Attention ဆိုတဲ့ အာရုံစိုက်ခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီဘက်ခေတ်မှာ Attention ဟာ အရေးပါလာပါပြီ။ ကျွန်တော်တို့ဟာ မိမိအတွက် ရေရှည်မှာ အသုံးဝင်မယ့်၊ အကျိုးရှိမယ့် အရာတွေအပေါ် အာရုံမစူးစိုက်နိုင်တော့ဘဲ အဆာပြေမုန့်နဲ့တူတဲ့ အရာတွေအပေါ် ပိုစိတ်ဝင်စားလာကြပါတယ်။ ဥပမာ ဆယ်လီအတင်းအဖျင်းတွေ၊ ထူးထူးဆန်းဆန်းဖြစ်ပြီး ကိုယ့်အတွက် ဘာမှအကျိုးမရှိတဲ့ သတင်းတွေ၊ တစ်ရက်လုံး ထိုင်ပွတ်လို့မှ အကျိုးရှိစရာ တစ်ခု၂ခု ထွက်လာတတ်တဲ့ Facebook News feed (ဘာတွေကို Follow လုပ်ထားလဲ ဆိုပေါ်တော့ မူတည်တာပေါ့)၊ စတာတွေအပေါ်မှာ ပိုအာရုံစိုက်လာကြပါတယ်။

ကလေးတွေကို ဘဝမှာ အောင်မြင်စေချင်ရင် ငယ်ငယ်ထဲက စတင်ပြီး အာရုံစူးစိုက်တတ်အောင် ထိန်းကျောင်းပေးဖို့လိုတယ်လို့ Nir Eyal က ပြောထားပါတယ်။ ကျွန်တော်တို့ဆီမှာတော့ အများစုက ကလေးငြိမ်အောင် ဖုန်းပေးထားကြပါတယ်။ အဲ့ဒီလိုမိဘမျိုး ကိုယ်တိုင် ခဏခဏ တွေ့ဖူးပါတယ်။ ဒီတော့ ကလေးတွေကို ဘယ်လို ထိန်းကျောင်းသင့်လဲ။ လူကြီးတွေအနေနဲ့ ဒီဘက်ခေတ်နည်းပညာရဲ့ အလုပ်လုပ်ပုံကို အရင်နားလည်ရပါမယ်။ ဒီဘက်ခေတ်မှာရှိတဲ့ Game တွေ၊ App တွေ၊ Social Network တွေရဲ့ ပဲ့ကိုင်ရှင်တွေဟာ လူတွေသူတို့ Game တွေ၊ App တွေ၊ Social Network တွေကို တတ်နိုင်သလောက် ကြာကြာသုံးဖို့ စနစ်တစ်ကျ တီထွင်ဖန်တီးထားတာ ဖြစ်ပါတယ်။ ဥပမာ Facebook ကိုပဲ ကြည့်ပါ။ ခင်ဗျား စိတ်ဝင်စားတဲ့ ဗီဒီယိုတစ်ခုအပေါ်ကို နှိပ်ပြီးကြည့်လိုက်ပါ။ အဲ့ဒီဗီဒီယိုတစ်ခုကြည့်ပြီး ရပ်လိုက်တဲ့သူဆိုတာ ရှားပါတယ်။ အောက်ဘက်မှာ ဆက်ပြီးပြပေးထားတဲ့ဗီဒီယိုတွေကလည်း စိတ်ဝင်စားစရာကောင်းပြီး မိမိလက်ရှိကြည့်နေတဲ့ဗီဒီယိုနဲ့ ဆက်စပ်မှုရှိတာမို့ ဆက်ပြီး ကြည့်ဖြစ်သွားကြပါတယ်။ ဒါဟာ မတော်တဆတိုက်ဆိုင်မှု မဟုတ်ပါဘူး။ လူတွေရဲ့ စိတ်အလုပ်လုပ်ပုံ ကိုသိပြီး လူတွေသူတို့ App ပေါ်မှာ ရေရှည်နေအောင် စနစ်တကျဖန်တီးထားတာပဲ ဖြစ်ပါတယ်။ ဒီအချက်ကို သိပြီဆိုရင် ကလေးနားလည်အောင် တတ်နိုင်သလောက် ရှင်းပြရပါမယ်။ ကလေးကတော့ အလုံးစုံနားလည်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် တတ်နိုင်သလောက်တော့ ကြိုးစားရပါမယ်။ ဒါ့အပြင် နောက်ထပ် လုပ်သင့်တာတစ်ခုက သူတို့ကို Decision ချခိုင်းခြင်းပါလို့ Nir Eyal က ပြောထားပါတယ်။ ကလေးတွေကို ဘာလုပ်ပါ၊ ညာလုပ်ပါလို့ ပြောရင် အောင်မြင်တာ ရှားပါတယ်။ ကလေးတွေက သူတို့ကိုယ်တိုင် လုပ်ရတာ၊ သူတို့ကိုယ်တိုင် သတ်မှတ်ရတာကို ပိုသဘောကျလေ့ရှိပါတယ်။
မိဘ-ကလေး ဆက်ဆံရေးမှာ အာဏာရှင်ပုံစံမဟုတ်ပဲ ဆွေးနွေးပွဲပုံစံ လုပ်သင့်ပြီး ကလေးကို လေးလေးစားစား ဆက်ဆံသင့်တယ်လို့ Nir Eyal က ပြောထားပါတယ်။

Nir Eyal က သူ့သမီးလေးနဲ့အတွေ့အကြုံကို ဒီလိုပြောပြထားပါတယ်။ "ကျွန်တော်တို့က စွန့်စားမှုလေး တစ်ခုလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ၅နှစ်သမီးလေးက iPad သုံးချင်ကြောင်း ပူဆာလာတဲ့အခါ သူ့ကို သမီးအတွက် Screen Time (ဖုန်းသုံးချိန်၊ tablet သုံးချိန်၊ Screen ကြည့်ချိန်) ဘယ်လောက်ဆိုရင် လုံလောက်မယ်ထင်လဲလို့ သူ့ကို မေးကြည့်ပါတယ်။ အမှန်ပြောရရင် 'သမီး တစ်နေကုန်သုံးချင်တာ'လို့ ပြန်ဖြေလိမ့်မယ်လို့ ထင်ခဲ့တာဗျ။ ဒါပေမယ့် သူက "2 Shows (ကာတွန်းကား ၂ပိုင်း သို့မဟုတ် ကလေးဗီဒီယို ၂ခု)" လို့ ပြန်ဖြေခဲ့တယ်။ အဲ့ဒါနဲ့ ကျွန်တော်က 'အိုကေ..2 Shows ဆိုတော့ ၄၅ မိနစ်စာပေါ့။ သမီးအတွက် ၄၅ မိနစ်စာက လုံလောက်တာ သေချာလား'လို့ ဆက်မေးလိုက်ပါတယ်။ သူက ခေါင်းငြိမ့်ပြီး သဘောတူပါတယ်။ သူနည်းနည်းလေး ပြုံးလိုက်တာလေးကို ကျွန်တော်မြင်လိုက်ပါတယ်။ အဲ့ဒီထဲက ဒီကောင်မလေး သူအသာရသွားပြီလို့ ထင်လိုက်တာကိုလည်း သိလိုက်ပါတယ်။ တကယ်တော့ ၄၅ မိနစ်က ကျွန်တော့်အတွက်လည်း အဆင်ပြေပါတယ်။ သဘောမတူစရာ မရှိပါဘူး။ သူအခြားဟာတွေလုပ်ဖို့ အချိန်အများကြီး ကျန်ပါသေးတယ်။ ဒါနဲ့"သမီးက ၄၅ မိနစ်ထက် ကျော်ပြီးမကြည့်ဖြစ်အောင် ဘယ်လိုလုပ်မှာလဲ'လို့ မေးတော့ သူက မီးဖိုချောင်သုံး Timer ကို သုံးမယ်လို့ ပြန်ဖြေလာပါတယ်။ ကျွန်တော်လည်း 'အိုကေ သဘောတူတယ်။ ဒါပေမယ့် အဖေနဲ့အမေက သမီး ၄၅ မိနစ်ထက် ပိုသုံးနေတာ တွေ့ရင်၊ သမီးပေးထားတဲ့ ကတိကို သမီးမတည်တာတွေ့ရင် အဖေတို့ ဒီကိစ္စကို ပြန်ဆွေးနွေး ရလိမ့်မယ်နော်"လို့ ပြောလိုက်ပါတယ်။ သူကလည်း သဘောတူပါတယ်။ အခု ကျွန်တော့်သမီးလေးက အသက် ၁၀ နှစ်ရှိနေပါပြီ။ သူတစ်နေ့ Screen Time ဘယ်လောက်သုံးမလဲဆိုတာကို သူကိုယ်တိုင်ပဲ ဆုံးဖြတ်ပါတယ်။ အသက်အရွယ်လေးရလာတာနဲ့အမျှ သူ့စည်းကမ်းလေးတွေကို သူဘာသာ ချိန်ညှိတတ်လာပါတယ်။ တစ်ခါတစ်လေ Weekend မှာ ရုပ်ရှင်တစ်ကားကြည့်ဖို့ ကြားရက်တွေမှာ Screen Time လျော့သုံးတာမျိုး လုပ်လာပါတယ်။ အရေးကြီးဆုံးအချက်က စည်းမျဉ်းတွေဟာ သူကိုယ်တိုင်ချမှတ်ထားတဲ့ စည်းမျဉ်းတွေ ဖြစ်နေတာပဲ။ ကျွန်တော်တို့ ချမှတ်ထားတဲ့ စည်းမျဉ်းတွေ မဟုတ်ဘူး။ ပြီးတော့ အဲ့ဒီစည်းမျဉ်းတွေကို လိုက်နာဖို့ သူ့မှာပဲ တာဝန်ရှိတယ်။ အကောင်းဆုံးက ဘာလဲသိလား။ သူသုံးရမယ့် Screen Time ပြည့်သွားတဲ့အခါ ဖအေဖြစ်သူက လူဆိုးကြီးလုပ်စရာ မလိုတော့ဘူး။ သူရပ်သင့်ပြီဖြစ် ကြောင်းကို သူ့ရဲ့ Timer ကပဲ ပြောလိမ့်မယ်။ သူ့ကိုယ်သူတောင် မသိလိုက်ပဲ သူ့မှာ အလေ့အကျင့် တစ်ခုရလာတယ်။ အဲ့ဒါက "ကိုယ်မလုပ်ချင်တဲ့အရာတစ်ခုကိုလုပ်ဖို့ လိုအပ်တဲ့ အားထုတ်မှုပမာဏကို ပိုထုတ်လာနိုင်ခြင်းပဲ" ဖြစ်ပါတယ်။

ခင်ဗျားကလေးရဲ့ စွမ်းရည်တွေကို အထင်မသေးမိပါစေနဲ့။ ဒီလိုအလေ့အကျင့်မျိုးရှိလာခြင်းဟာ သူတို့ကို "Indistractable" ဖြစ်လာဖို့ ကူညီပေးပါတယ်။ မိဘအများစုက သူတို့ကလေးကို Screen Time ဘယ်လောက်ပေးသင့်လဲဆိုပြီး မေးတတ်ကြပါတယ်။ အဲ့ဒီအတွက် တိကျတဲ့ ကိန်းဂဏန်းမရှိပါဘူး။ စဉ်းစားရမယ့် အချက်တွေ အများကြီးရှိပါတယ်။ အဲ့ဒီကလေးက Screen ပေါ်မှာ ဘာလုပ်နေလဲဆိုတာနဲ့ အဲ့ဒီကလေး ဖုန်းသုံးတဲ့အချိန်မှာ အခြားဘယ်လို Activity တွေ ရင်းနှီးပေးဆပ်လိုက်ရလဲဆိုတာပေါ်လည်း မူတည်ပါသေးတယ်။ နောက်ပြီး ကလေးတွေကို အမိန့်မပေးပဲ ဆွေးနွေးတာ၊ သူတို့ကို လေးစားတာ၊ သူတို့သဘောထားကို လေးလေးစားစား ငြင်းပယ်တာ၊ စတာတွေဟာ လိုအပ်ပါတယ်။ အရေးကြီးဆုံးအချက်က ကလေးကို သူကိုယ်တိုင် သူ့ရဲ့ ကိုယ်ပိုင်စည်းကမ်းချတတ်အောင် သင်ပေးခြင်းပါ။ ကလေးရဲ့ သဘောထားကို မမေးပဲ မိဘက လုပ်ချင်ရာလုပ်မယ်ဆိုရင် ကလေးတွေက အဲ့ဒီစည်းကမ်းကို ဖောက်ဖျက်ဖို့ နည်းလမ်း အမြဲရှာပါလိမ့်မယ်။ ကလေးနဲ့မိဘကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိလာဖို့လည်း မလွယ်ပါဘူး။ ဒီဘက်ခေတ်မှာ နည်းပညာ အရေးပါလာတာကို လက်ခံရမယ်၊ အဲ့ဒါကို ကလေးတွေနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးရဲရမယ်။ ကလေးတွေက သူတို့ရဲ့ အပြုအမူတွေကို သူတို့ကိုယ်တိုင် စောင့်ကြည့်တတ်လာမှသာ သူတို့ဟာ "Indistractable" ဖြစ်ဖို့ သင်ယူလာနိုင်မှာ ဖြစ်ပါတယ်။ မိဘတွေ ကလေးနားမှာ မရှိခဲ့ရင်တောင်မှ သူတို့စည်းမျဉ်းကို သူတို့လေးစားတာမျိုးပေါ့"

ဒါကတော့ Nir Eyal ပြောသွားတာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း မိဘတွေအနေနဲ့ သားသမီးတွေငြိမ်အောင် ဖုန်းကို အချိန်အဆမရှိ ပေးသုံးထားတာမျိုး ရပ်သင့်ပါတယ်။ လတ်တလော မိမိစိတ်ချမ်းသာ ရပေမယ့် အဲ့ဒီကလေးရဲ့ အနာဂတ်အတွက် မကောင်းပါဘူး။ အာရုံစူးစိုက်မှုမကောင်းတဲ့ ကလေးတစ်ယောက် ဖြစ်လာနိုင်သလို မျက်လုံးလည်း ထိခိုက်နိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ 'ငါက မိဘပဲ..ငါလုပ်ချင်တာ လုပ်မယ်' ဆိုပြီးလည်း မလုပ်သင့်ပါဘူး။ ကလေးကို လေးလေးစားစား ဆက်ဆံပြီး ညှိနှိုင်းဆွေးနွေးသင့်ပါတယ်။ ကိုယ်က ကလေးကို လေးလေးစားစား ဆက်ဆံမှ အဲ့ဒီကလေးတွေကလည်း ကြီးလာတဲ့အခါ သူများကို လေးလေးစားစား ဆက်ဆံတတ်တဲ့သူလေးတွေ ဖြစ်လာမှာပါ။ Nir Eyal ပြောသွားတဲ့ အကြံဉာဏ်ဟာ ကလေးတွေ အတွက်ပဲ မဟုတ်ပဲ လူကြီးတွေ အတွက်လည်း အသုံးဝင်ပါတယ်။ အခုဆိုဖုန်းတွေမှာ Screen Time ဆိုတဲ့ Feature ပါနေပါပြီ။ ကိုယ်တစ်နေ့ ဖုန်းဘယ်လောက်သုံးမယ် ဆိုတာကို သတ်မှတ်ပြီး ကိုယ့်ကို သတိပေး ခိုင်းလို့ရပါတယ်။ ရေရှည်မှာ လူတစ်ယောက်အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းကို ခွဲခြားပေး သွားမယ့်အရာဟာ အဲ့ဒီလူ Self-displine ဘယ်လောက်ကောင်းလဲ၊ မိမိစည်းကမ်းတွေကို မိမိဘယ်လောက် လေးစားလဲ၊ အကျိုးရှိတဲ့ အရာတွေ နေ့စဉ် ဘယ်လောက်လုပ်လဲ ဆိုတဲ့ အချက်တွေ ‌ဖြစ်ပါတယ်။

အားလုံးပဲ ဒီစာလေးကနေ တစ်စုံတစ်ရာ ဗဟုသုတရမယ်လို့ မျှော်လင့်ပါတယ်။ စာအရှည်ကြီးကို ဒီအထိ ဖတ်လာတယ်ဆိုထဲက သင်ဟာ အာရုံစူးစိုက်နိုင်စွမ်းတော်တော်လေး ရှိတယ်လူတစ်ယောက်လို့လည်း ကျွန်တော်ယူဆပါတယ်။ 

Credit - မိုးရှင်း (I.M.T)

 

(Zawgyi)

"ငါတို႔တုန္းက ဒီလိုမဟုတ္ဘူးကြ" ဆိုတဲ့ စကားစုေလးနဲ႔ အစျပဳတဲ့ လူႀကီးေတြရဲ႕ ဆုံးမစကားကို ကြၽန္ေတာ္တို႔ ေတာ္ေတာ္မ်ားမ်ား ၾကားဖူးၾကမွာပါ။ လူႀကီးအမ်ားစုကေတာ့ လူငယ္ေတြကို ႀကိဳးစားေစခ်င္တဲ့ စိတ္နဲ႔ အားမလိုအားမရ ဆုံးမၾကတာပါ။ ကြၽန္ေတာ္ကိုယ္တိုင္ေတာင္ တစ္ခါတစ္ေလ သုံးမိပါတယ္။ ဒါေပမဲ့ လူႀကီးေတြေရာ..ကြၽန္ေတာ္ေရာ မစဥ္းစားမိတဲ့ အခ်က္တစ္ခုရွိပါတယ္။ အဲ့ဒါက မတူညီတဲ့ ေခတ္ကာလ ၂ခုရဲ႕ မတူညီတဲ့ အခက္အခဲေတြအေၾကာင္းပါ။

ကြၽန္ေတာ္တို႔ ငယ္ငယ္တုန္းက အင္တာနက္ဆိုတာ မရွိပါဘူး။ ဂိမ္းေတြ ဆိုတာလည္း တစ္ခါတစ္ေလေလာက္ပဲ ေဆာ့ရတာပါ။ အဲ့ဒီလို ဘဝကို ျဖတ္သန္းလာရတဲ့ ေကာင္းက်ိဳးက ဘာလဲဆိုေတာ့ Distraction နည္းျခင္းပါ။ Distraction ဆိုတာ လူတစ္ေယာက္ တစ္စုံတစ္ခုအေပၚ အာ႐ုံစူးစိုက္မရေအာင္ ဖ်ားေယာင္းေနတဲ့အရာမွန္သမွ်ကို ဆိုလိုပါတယ္။ အခုေခတ္ဆိုရင္ Facebook, Youtube, Game, Websites,Social Networks စသျဖင့္ေပါ့။ အရင္ေခတ္ကေတာ့ သူငယ္ခ်င္းေတြ နဲ႔ကစားခ်င္တဲ့ စိတ္ေလာက္ပဲ ရွိပါတယ္။ ဒီေတာ့ ကြၽန္ေတာ္တို႔က စာအုပ္ေတြကို ပိုခုံမင္ပါတယ္။ စာေတြပိုဖတ္ျဖစ္သလို အျခားကိုယ္ေလ့လာခ်င္တာေတြကိုလည္း အာ႐ုံစူးစိုက္ၿပီး ပိုေလ့လာျဖစ္ပါတယ္။ ဒါေပမဲ့ ကိုယ့္ကိုယ္ကို ေမးခြန္းတစ္ခု ျပန္ေမးၾကည့္ပါ။

"ကြၽန္ေတာ္တို႔ ခင္ဗ်ားတို႔ ငယ္စဥ္အခ်ိန္ကသာ အခု ၂၀၁၉လို ဂိမ္းေတြ၊ Facebook ေတြ၊ Youtube ေတြ၊ Social Network ေတြရွိမယ္ဆိုရင္ ကြၽန္ေတာ္တို႔ေရာ အာ႐ုံစူးစိုက္မႈ ေကာင္းပါ့မလား"

အဲ့ဒီေမးခြန္းကို ေျဖၾကည့္ပါ။ အဲ့ဒီအခါက်ရင္ ဒီေခတ္ကေလးေတြ ရင္ဆိုင္ ေနရတဲ့ အခက္အခဲကို ကြက္ကြက္ကြင္းကြင္းျမင္သြားပါလိမ့္မယ္။ ဒီေခတ္မွာ ဗဟုသုတရွာဖို႔ အရမ္းလြယ္ပါတယ္။ ဒါေပမဲ့ တစ္ခ်ိန္ထဲမွာပဲ Distraction အရမ္းမ်ားပါတယ္။ ကြၽန္ေတာ္ကိုယ္တိုင္ေတာင္ ငယ္ငယ္တုန္းကနဲ႔ မတူေတာ့ပါဘူး။ အရင္ေလာက္လည္း Focus မေကာင္းေတာ့ပါဘူး။ ေန႔စဥ္ အက်ိဳးရွိတာေတြ မ်ားမ်ားလုပ္ၿပီး အက်ိဳးမရွိဘဲ ဖုန္းကိုဟိုပြတ္ဒီပြတ္လုပ္တာေလ်ာ့ဖို႔ ကိုယ့္ကိုယ္ကို ထိန္းရပါတယ္။ ဒါဟာ ဒီဘက္ေခတ္မွာ လူတိုင္းရင္ဆိုင္ေနရတဲ့ Challenge ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ အတြက္ ဘယ္ေလာက္အထိ Distraction ေတြမ်ားလဲဆိုတာကို ဥပမာအေနနဲ႔ေျပာပါမယ္။ ဥပမာ သင္က ဝန္ထမ္းဆိုပါစို႔။ ႐ုံးကို မနက္ ၉နာရီေရာက္မယ္၊ ကြန္ပ်ဴတာကို ဖြင့္မယ္၊ အလုပ္လုပ္မယ္လို႔ စိတ္ကူးတယ္၊ ဒါေပမယ့္ ေဘးက လုပ္ေဖာ္ကိုင္ဖက္ေတြကဟိုသတင္းၾကားၿပီးၿပီလား.ဒီသတင္းၾကားၿပီးၿပီလား ေမးမယ္၊ သင္က မသိဘူး။ ဒါနဲ႔ Facebook ကို ကြန္ပ်ဴတာမွာ တစ္ခ်က္ဖြင့္လိုက္တယ္၊ အဲ့ဒီသတင္းရွာဖတ္ၾကည့္တယ္၊ သတင္းဖတ္ၿပီးေတာ့ စိတ္ဝင္စားစရာ ဗီဒီယိုတစ္ခုေတြ႕တာနဲ႔ ဆက္ၾကည့္တယ္၊ Facebook က ေနာက္ထပ္ စိတ္ဝင္စားစရာ ဗီဒီယိုေတြကို ဆက္ျပေပးတယ္၊ ႐ုတ္တရက္ နာရီၾကည့္မိေတာ့ ၁၀နာရီေတာင္ ထိုးေနၿပီ။ တစ္နာရီ ဘယ္လိုမွန္း မသိဘူး ကုန္သြား တယ္။ ဒါဟာ ဥပမာ ေျပာတာပါ။ အဲ့ဒီလို ကိစၥေတြနဲ႔ ကုန္တဲ့အခ်ိန္ဟာ ေန႔တစ္ေန႔မွာ တစ္နာရီလည္း ဟုတ္ခ်င္မွ ဟုတ္ပါလိမ့္မယ္။ အဲ့ဒီထက္ ပိုၿပီးလည္း မ်ားႏိုင္ပါတယ္။ ေဘးထြက္ဆိုးက်ိဳးက ဘာလဲဆိုေတာ့ အလုပ္ေတြမၿပီးဘူး၊ Performance ေတြက်လာတယ္၊ မိမိတိုးတက္ရာ တိုးတက္ေၾကာင္းအတြက္ ေလ့လာဖို႔ အခ်ိန္မရွိေတာ့ဘူး၊ Focus လုပ္ႏိုင္တဲ့ စြမ္းရည္က်လာတယ္။ ဒါဟာ ဒီဘက္ေခတ္မွာ လူေတာ္ေတာ္မ်ားမ်ား ရင္ဆိုင္ေနရတဲ့ ျပႆနာ ျဖစ္ပါတယ္။

CNBC က ေဆာင္းပါးတစ္ပုဒ္မွာ စိတ္ပညာ ကြၽမ္းက်င္သူ တစ္ေယာက္ျဖစ္ၿပီး စာေရးဆရာလည္းျဖစ္တဲ့ Nir Eyal က ေျပာထားတာေလးတစ္ခုရွိပါတယ္။ အဲ့ဒါက ဘာလဲဆိုေတာ့ ၂၁ရာစုမွာ အေရးႀကီးဆုံး Skill ဟာ "Indistractable" ျဖစ္ျခင္း လို႔ဆိုပါတယ္။ ကိုယ့္စိတ္ကို မပ်ံ႕လြင့္ေစဘဲ ကိုယ္လုပ္ရမယ့္အရာအေပၚ အာ႐ုံစူးစိုက္ ႏိုင္ျခင္း ျဖစ္ပါတယ္။ ဒီေခတ္ကေလးေတြ၊ လူငယ္ေတြမွာလည္း ဒီအခ်က္ဟာ အရမ္းမွန္ပါတယ္။ အာ႐ုံစူးစိုက္မႈေကာင္းၿပီး သူ႔အလုပ္ကို သူလုပ္တဲ့ လူငယ္ေတြဟာ မ်ားေသာအားျဖင့္ သူမ်ားထက္ သာသြားၾကတာခ်ည္းပါပဲ။ ၁၉၇၁ က စိတ္ပညာရွင္ Herbert A. Simon ေျပာဖူးတာေလးရွိပါတယ္။ အဲ့ဒါက ဘာလဲဆိုေတာ့ သတင္းအခ်က္အလက္ ေပါႂကြယ္ဝလာျခင္းနဲ႔အတူ ေသဆုံးသြားတဲ့အရာတစ္ခုရွိပါတယ္။ အဲ့ဒါကေတာ့ Attention ဆိုတဲ့ အာ႐ုံစိုက္ျခင္းပဲ ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ ဒီဘက္ေခတ္မွာ Attention ဟာ အေရးပါလာပါၿပီ။ ကြၽန္ေတာ္တို႔ဟာ မိမိအတြက္ ေရရွည္မွာ အသုံးဝင္မယ့္၊ အက်ိဳးရွိမယ့္ အရာေတြအေပၚ အာ႐ုံမစူးစိုက္ႏိုင္ေတာ့ဘဲ အဆာေျပမုန႔္နဲ႔တူတဲ့ အရာေတြအေပၚ ပိုစိတ္ဝင္စားလာၾကပါတယ္။ ဥပမာ ဆယ္လီအတင္းအဖ်င္းေတြ၊ ထူးထူးဆန္းဆန္းျဖစ္ၿပီး ကိုယ့္အတြက္ ဘာမွအက်ိဳးမရွိတဲ့ သတင္းေတြ၊ တစ္ရက္လုံး ထိုင္ပြတ္လို႔မွ အက်ိဳးရွိစရာ တစ္ခု၂ခု ထြက္လာတတ္တဲ့ Facebook News feed (ဘာေတြကို Follow လုပ္ထားလဲ ဆိုေပၚေတာ့ မူတည္တာေပါ့)၊ စတာေတြအေပၚမွာ ပိုအာ႐ုံစိုက္လာၾကပါတယ္။

ကေလးေတြကို ဘဝမွာ ေအာင္ျမင္ေစခ်င္ရင္ ငယ္ငယ္ထဲက စတင္ၿပီး အာ႐ုံစူးစိုက္တတ္ေအာင္ ထိန္းေက်ာင္းေပးဖို႔လိုတယ္လို႔ Nir Eyal က ေျပာထားပါတယ္။ ကြၽန္ေတာ္တို႔ဆီမွာေတာ့ အမ်ားစုက ကေလးၿငိမ္ေအာင္ ဖုန္းေပးထားၾကပါတယ္။ အဲ့ဒီလိုမိဘမ်ိဳး ကိုယ္တိုင္ ခဏခဏ ေတြ႕ဖူးပါတယ္။ ဒီေတာ့ ကေလးေတြကို ဘယ္လို ထိန္းေက်ာင္းသင့္လဲ။ လူႀကီးေတြအေနနဲ႔ ဒီဘက္ေခတ္နည္းပညာရဲ႕ အလုပ္လုပ္ပုံကို အရင္နားလည္ရပါမယ္။ ဒီဘက္ေခတ္မွာရွိတဲ့ Game ေတြ၊ App ေတြ၊ Social Network ေတြရဲ႕ ပဲ့ကိုင္ရွင္ေတြဟာ လူေတြသူတို႔ Game ေတြ၊ App ေတြ၊ Social Network ေတြကို တတ္ႏိုင္သေလာက္ ၾကာၾကာသုံးဖို႔ စနစ္တစ္က် တီထြင္ဖန္တီးထားတာ ျဖစ္ပါတယ္။ ဥပမာ Facebook ကိုပဲ ၾကည့္ပါ။ ခင္ဗ်ား စိတ္ဝင္စားတဲ့ ဗီဒီယိုတစ္ခုအေပၚကို ႏွိပ္ၿပီးၾကည့္လိုက္ပါ။ အဲ့ဒီဗီဒီယိုတစ္ခုၾကည့္ၿပီး ရပ္လိုက္တဲ့သူဆိုတာ ရွားပါတယ္။ ေအာက္ဘက္မွာ ဆက္ၿပီးျပေပးထားတဲ့ဗီဒီယိုေတြကလည္း စိတ္ဝင္စားစရာေကာင္းၿပီး မိမိလက္ရွိၾကည့္ေနတဲ့ဗီဒီယိုနဲ႔ ဆက္စပ္မႈရွိတာမို႔ ဆက္ၿပီး ၾကည့္ျဖစ္သြားၾကပါတယ္။ ဒါဟာ မေတာ္တဆတိုက္ဆိုင္မႈ မဟုတ္ပါဘူး။ လူေတြရဲ႕ စိတ္အလုပ္လုပ္ပုံ ကိုသိၿပီး လူေတြသူတို႔ App ေပၚမွာ ေရရွည္ေနေအာင္ စနစ္တက်ဖန္တီးထားတာပဲ ျဖစ္ပါတယ္။ ဒီအခ်က္ကို သိၿပီဆိုရင္ ကေလးနားလည္ေအာင္ တတ္ႏိုင္သေလာက္ ရွင္းျပရပါမယ္။ ကေလးကေတာ့ အလုံးစုံနားလည္မွာ မဟုတ္ပါဘူး။ ဒါေပမယ့္ တတ္ႏိုင္သေလာက္ေတာ့ ႀကိဳးစားရပါမယ္။ ဒါ့အျပင္ ေနာက္ထပ္ လုပ္သင့္တာတစ္ခုက သူတို႔ကို Decision ခ်ခိုင္းျခင္းပါလို႔ Nir Eyal က ေျပာထားပါတယ္။ ကေလးေတြကို ဘာလုပ္ပါ၊ ညာလုပ္ပါလို႔ ေျပာရင္ ေအာင္ျမင္တာ ရွားပါတယ္။ ကေလးေတြက သူတို႔ကိုယ္တိုင္ လုပ္ရတာ၊ သူတို႔ကိုယ္တိုင္ သတ္မွတ္ရတာကို ပိုသေဘာက်ေလ့ရွိပါတယ္။
မိဘ-ကေလး ဆက္ဆံေရးမွာ အာဏာရွင္ပုံစံမဟုတ္ပဲ ေဆြးေႏြးပြဲပုံစံ လုပ္သင့္ၿပီး ကေလးကို ေလးေလးစားစား ဆက္ဆံသင့္တယ္လို႔ Nir Eyal က ေျပာထားပါတယ္။

Nir Eyal က သူ႔သမီးေလးနဲ႔အေတြ႕အႀကဳံကို ဒီလိုေျပာျပထားပါတယ္။ "ကြၽန္ေတာ္တို႔က စြန႔္စားမႈေလး တစ္ခုလုပ္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ ၅ႏွစ္သမီးေလးက iPad သုံးခ်င္ေၾကာင္း ပူဆာလာတဲ့အခါ သူ႔ကို သမီးအတြက္ Screen Time (ဖုန္းသုံးခ်ိန္၊ tablet သုံးခ်ိန္၊ Screen ၾကည့္ခ်ိန္) ဘယ္ေလာက္ဆိုရင္ လုံေလာက္မယ္ထင္လဲလို႔ သူ႔ကို ေမးၾကည့္ပါတယ္။ အမွန္ေျပာရရင္ 'သမီး တစ္ေနကုန္သုံးခ်င္တာ'လို႔ ျပန္ေျဖလိမ့္မယ္လို႔ ထင္ခဲ့တာဗ်။ ဒါေပမယ့္ သူက "2 Shows (ကာတြန္းကား ၂ပိုင္း သို႔မဟုတ္ ကေလးဗီဒီယို ၂ခု)" လို႔ ျပန္ေျဖခဲ့တယ္။ အဲ့ဒါနဲ႔ ကြၽန္ေတာ္က 'အိုေက..2 Shows ဆိုေတာ့ ၄၅ မိနစ္စာေပါ့။ သမီးအတြက္ ၄၅ မိနစ္စာက လုံေလာက္တာ ေသခ်ာလား'လို႔ ဆက္ေမးလိုက္ပါတယ္။ သူက ေခါင္းၿငိမ့္ၿပီး သေဘာတူပါတယ္။ သူနည္းနည္းေလး ၿပဳံးလိုက္တာေလးကို ကြၽန္ေတာ္ျမင္လိုက္ပါတယ္။ အဲ့ဒီထဲက ဒီေကာင္မေလး သူအသာရသြားၿပီလို႔ ထင္လိုက္တာကိုလည္း သိလိုက္ပါတယ္။ တကယ္ေတာ့ ၄၅ မိနစ္က ကြၽန္ေတာ့္အတြက္လည္း အဆင္ေျပပါတယ္။ သေဘာမတူစရာ မရွိပါဘူး။ သူအျခားဟာေတြလုပ္ဖို႔ အခ်ိန္အမ်ားႀကီး က်န္ပါေသးတယ္။ ဒါနဲ႔"သမီးက ၄၅ မိနစ္ထက္ ေက်ာ္ၿပီးမၾကည့္ျဖစ္ေအာင္ ဘယ္လိုလုပ္မွာလဲ'လို႔ ေမးေတာ့ သူက မီးဖိုေခ်ာင္သုံး Timer ကို သုံးမယ္လို႔ ျပန္ေျဖလာပါတယ္။ ကြၽန္ေတာ္လည္း 'အိုေက သေဘာတူတယ္။ ဒါေပမယ့္ အေဖနဲ႔အေမက သမီး ၄၅ မိနစ္ထက္ ပိုသုံးေနတာ ေတြ႕ရင္၊ သမီးေပးထားတဲ့ ကတိကို သမီးမတည္တာေတြ႕ရင္ အေဖတို႔ ဒီကိစၥကို ျပန္ေဆြးေႏြး ရလိမ့္မယ္ေနာ္"လို႔ ေျပာလိုက္ပါတယ္။ သူကလည္း သေဘာတူပါတယ္။ အခု ကြၽန္ေတာ့္သမီးေလးက အသက္ ၁၀ ႏွစ္ရွိေနပါၿပီ။ သူတစ္ေန႔ Screen Time ဘယ္ေလာက္သုံးမလဲဆိုတာကို သူကိုယ္တိုင္ပဲ ဆုံးျဖတ္ပါတယ္။ အသက္အ႐ြယ္ေလးရလာတာနဲ႔အမွ် သူ႔စည္းကမ္းေလးေတြကို သူဘာသာ ခ်ိန္ညႇိတတ္လာပါတယ္။ တစ္ခါတစ္ေလ Weekend မွာ ႐ုပ္ရွင္တစ္ကားၾကည့္ဖို႔ ၾကားရက္ေတြမွာ Screen Time ေလ်ာ့သုံးတာမ်ိဳး လုပ္လာပါတယ္။ အေရးႀကီးဆုံးအခ်က္က စည္းမ်ဥ္းေတြဟာ သူကိုယ္တိုင္ခ်မွတ္ထားတဲ့ စည္းမ်ဥ္းေတြ ျဖစ္ေနတာပဲ။ ကြၽန္ေတာ္တို႔ ခ်မွတ္ထားတဲ့ စည္းမ်ဥ္းေတြ မဟုတ္ဘူး။ ၿပီးေတာ့ အဲ့ဒီစည္းမ်ဥ္းေတြကို လိုက္နာဖို႔ သူ႔မွာပဲ တာဝန္ရွိတယ္။ အေကာင္းဆုံးက ဘာလဲသိလား။ သူသုံးရမယ့္ Screen Time ျပည့္သြားတဲ့အခါ ဖေအျဖစ္သူက လူဆိုးႀကီးလုပ္စရာ မလိုေတာ့ဘူး။ သူရပ္သင့္ၿပီျဖစ္ ေၾကာင္းကို သူ႔ရဲ႕ Timer ကပဲ ေျပာလိမ့္မယ္။ သူ႔ကိုယ္သူေတာင္ မသိလိုက္ပဲ သူ႔မွာ အေလ့အက်င့္ တစ္ခုရလာတယ္။ အဲ့ဒါက "ကိုယ္မလုပ္ခ်င္တဲ့အရာတစ္ခုကိုလုပ္ဖို႔ လိုအပ္တဲ့ အားထုတ္မႈပမာဏကို ပိုထုတ္လာႏိုင္ျခင္းပဲ" ျဖစ္ပါတယ္။

ခင္ဗ်ားကေလးရဲ႕ စြမ္းရည္ေတြကို အထင္မေသးမိပါေစနဲ႔။ ဒီလိုအေလ့အက်င့္မ်ိဳးရွိလာျခင္းဟာ သူတို႔ကို "Indistractable" ျဖစ္လာဖို႔ ကူညီေပးပါတယ္။ မိဘအမ်ားစုက သူတို႔ကေလးကို Screen Time ဘယ္ေလာက္ေပးသင့္လဲဆိုၿပီး ေမးတတ္ၾကပါတယ္။ အဲ့ဒီအတြက္ တိက်တဲ့ ကိန္းဂဏန္းမရွိပါဘူး။ စဥ္းစားရမယ့္ အခ်က္ေတြ အမ်ားႀကီးရွိပါတယ္။ အဲ့ဒီကေလးက Screen ေပၚမွာ ဘာလုပ္ေနလဲဆိုတာနဲ႔ အဲ့ဒီကေလး ဖုန္းသုံးတဲ့အခ်ိန္မွာ အျခားဘယ္လို Activity ေတြ ရင္းႏွီးေပးဆပ္လိုက္ရလဲဆိုတာေပၚလည္း မူတည္ပါေသးတယ္။ ေနာက္ၿပီး ကေလးေတြကို အမိန႔္မေပးပဲ ေဆြးေႏြးတာ၊ သူတို႔ကို ေလးစားတာ၊ သူတို႔သေဘာထားကို ေလးေလးစားစား ျငင္းပယ္တာ၊ စတာေတြဟာ လိုအပ္ပါတယ္။ အေရးႀကီးဆုံးအခ်က္က ကေလးကို သူကိုယ္တိုင္ သူ႔ရဲ႕ ကိုယ္ပိုင္စည္းကမ္းခ်တတ္ေအာင္ သင္ေပးျခင္းပါ။ ကေလးရဲ႕ သေဘာထားကို မေမးပဲ မိဘက လုပ္ခ်င္ရာလုပ္မယ္ဆိုရင္ ကေလးေတြက အဲ့ဒီစည္းကမ္းကို ေဖာက္ဖ်က္ဖို႔ နည္းလမ္း အၿမဲရွာပါလိမ့္မယ္။ ကေလးနဲ႔မိဘၾကားမွာ ေကာင္းမြန္တဲ့ ဆက္ဆံေရး ရွိလာဖို႔လည္း မလြယ္ပါဘူး။ ဒီဘက္ေခတ္မွာ နည္းပညာ အေရးပါလာတာကို လက္ခံရမယ္၊ အဲ့ဒါကို ကေလးေတြနဲ႔ ပြင့္ပြင့္လင္းလင္း ေဆြးေႏြးရဲရမယ္။ ကေလးေတြက သူတို႔ရဲ႕ အျပဳအမူေတြကို သူတို႔ကိုယ္တိုင္ ေစာင့္ၾကည့္တတ္လာမွသာ သူတို႔ဟာ "Indistractable" ျဖစ္ဖို႔ သင္ယူလာႏိုင္မွာ ျဖစ္ပါတယ္။ မိဘေတြ ကေလးနားမွာ မရွိခဲ့ရင္ေတာင္မွ သူတို႔စည္းမ်ဥ္းကို သူတို႔ေလးစားတာမ်ိဳးေပါ့"

ဒါကေတာ့ Nir Eyal ေျပာသြားတာပါ။ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံမွာလည္း မိဘေတြအေနနဲ႔ သားသမီးေတြၿငိမ္ေအာင္ ဖုန္းကို အခ်ိန္အဆမရွိ ေပးသုံးထားတာမ်ိဳး ရပ္သင့္ပါတယ္။ လတ္တေလာ မိမိစိတ္ခ်မ္းသာ ရေပမယ့္ အဲ့ဒီကေလးရဲ႕ အနာဂတ္အတြက္ မေကာင္းပါဘူး။ အာ႐ုံစူးစိုက္မႈမေကာင္းတဲ့ ကေလးတစ္ေယာက္ ျဖစ္လာႏိုင္သလို မ်က္လုံးလည္း ထိခိုက္ႏိုင္ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ 'ငါက မိဘပဲ..ငါလုပ္ခ်င္တာ လုပ္မယ္' ဆိုၿပီးလည္း မလုပ္သင့္ပါဘူး။ ကေလးကို ေလးေလးစားစား ဆက္ဆံၿပီး ညႇိႏႈိင္းေဆြးေႏြးသင့္ပါတယ္။ ကိုယ္က ကေလးကို ေလးေလးစားစား ဆက္ဆံမွ အဲ့ဒီကေလးေတြကလည္း ႀကီးလာတဲ့အခါ သူမ်ားကို ေလးေလးစားစား ဆက္ဆံတတ္တဲ့သူေလးေတြ ျဖစ္လာမွာပါ။ Nir Eyal ေျပာသြားတဲ့ အႀကံဉာဏ္ဟာ ကေလးေတြ အတြက္ပဲ မဟုတ္ပဲ လူႀကီးေတြ အတြက္လည္း အသုံးဝင္ပါတယ္။ အခုဆိုဖုန္းေတြမွာ Screen Time ဆိုတဲ့ Feature ပါေနပါၿပီ။ ကိုယ္တစ္ေန႔ ဖုန္းဘယ္ေလာက္သုံးမယ္ ဆိုတာကို သတ္မွတ္ၿပီး ကိုယ့္ကို သတိေပး ခိုင္းလို႔ရပါတယ္။ ေရရွည္မွာ လူတစ္ေယာက္ေအာင္ျမင္ျခင္း၊ မေအာင္ျမင္ျခင္းကို ခြဲျခားေပး သြားမယ့္အရာဟာ အဲ့ဒီလူ Self-displine ဘယ္ေလာက္ေကာင္းလဲ၊ မိမိစည္းကမ္းေတြကို မိမိဘယ္ေလာက္ ေလးစားလဲ၊ အက်ိဳးရွိတဲ့ အရာေတြ ေန႔စဥ္ ဘယ္ေလာက္လုပ္လဲ ဆိုတဲ့ အခ်က္ေတြ ‌ျဖစ္ပါတယ္။

အားလုံးပဲ ဒီစာေလးကေန တစ္စုံတစ္ရာ ဗဟုသုတရမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ စာအရွည္ႀကီးကို ဒီအထိ ဖတ္လာတယ္ဆိုထဲက သင္ဟာ အာ႐ုံစူးစိုက္ႏိုင္စြမ္းေတာ္ေတာ္ေလး ရွိတယ္လူတစ္ေယာက္လို႔လည္း ကြၽန္ေတာ္ယူဆပါတယ္။ 

Credit - မိုးရွင္း (I.M.T)

Read times
Rate this articles
(0 votes)