×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Monday, 17 February 2020

"လူငယ္ေတြအတြက္ Bill Gates ရဲ႕အၾကံျပဳခ်က္ (၁၁) ခ်က္"

"လူငယ္ေတြအတြက္ Bill Gates ရဲ႕အၾကံျပဳခ်က္ (၁၁) ခ်က္" google.com

မိုက္ခရိုေဆာ့ ရဲ႕ ပဲ့ကိုင္ရွင္ၾကီး ျဖစ္တဲ့ Bill Gates ဟာ တကၠသိုလ္ တစ္ခုရဲ႕ ဘြဲ႕ ႏွင္းသဘင္ အခမ္းအနား တစ္ခု မွာ ေက်ာင္းသားေတြကို ေအာက္ပါ အတိုင္း မိန္႕ခြန္းေျပာခဲ့ပါတယ္။


(၁) လူ႔ဘဝက မမၽွတဘူး။ ဒါကို လက္ခံႏိုင္ေအာင္ ၾကိဳးစားပါ။

(၂) ဒီေလာကက ကိုယ့္ေလးစားၾကည္ညိဳမႈကို အသိအမွတ္ျပဳမွာ မဟုတ္ဘူး။ အက်ဳိးသက္ေရာက္မႈကိုအရင္လုပ္ ျပီးမွကိုယ့္ရဲ႕ခံစားခ်က္ကိုဆန္းစစ္ဖို႔ ေလာကၾကီးကပိုေမၽွာ္လင့္တယ္။

(၃) ေက်ာင္းကေနခြာတာန႔ဲ လခေကာင္းမရႏိုင္ဘူး။ ခ်က္ခ်င္း ဟမ္းဖုန္းခ်ိတ္ထားတဲ့ ကြပ္ကဲသူ မျဖစ္ႏိုင္ဘူး။ ႏွစ္ခုစလံုးအတြက္ ၾကိဳးပမ္းအားထုတ္မွရႏိုင္တယ္။

(၄) ေက်ာင္းကဆရာေတြကိုဆိုးတယ္လို႔ ခင္ဗ်ားတုိ႔ထင္ခဲ့ရင္ တစ္ေန႔ခင္ဗ်ားတို႔ကုမၸဏီသူေဌးေတြ ျဖစ္လာတ့အဲခ်ိန္က်ရင္သိလိမ့္မယ္။ သူေဌးေတြက အလုပ္ကိုအေၾကြးမထားဘူး။

(၅) ဟမ္ဘာဂါဆိုင္မွာအလုပ္လုပ္လို႔ ကိုယ့္ကိုအသံုးမက်ဘူးလို႔ မထင္နဲ႔။ အဓိပၸါယ္တစ္ခုဖြင့္လိုက္မယ္။ အဲဒါက "အခြင့္အေရး" တ့ဲ။

(၆) ခင္ဗ်ားဘာမွျဖစ္မလာတာ ခင္ဗ်ားမိဘေတြရဲ႕ အမွားမဟုတ္ဘူး။ ဒါေၾကာင့္ ကိုယ္လုပ္တဲ့အမွားအတြက္ ေဒါသထြက္မေနန႔ဲ။ အမွားထဲက သင္ယူပါ။

(၇) ခင္ဗ်ားမေမြးဖြားခင္ ခင္ဗ်ားမိဘေတြက အခုလိုထိုင္းမိႈင္းေနတာ မဟုတ္ဘူး။ သူတုိ႔ အခုလိုထိုင္းမႈိင္းရတာက ခင္ဗ်ားအသံုးစရိတ္အတြက္ ရွာေနလို႔၊ ခင္ဗ်ားရဲ႕အဝတ္ေတြ ေလၽွာ္ရလို႔၊ကိုယ့္ကိုယ္ကိုေတာ္ေၾကာင္း အေျပာၾကီးတဲ့ခင္ဗ်ားရဲ႕စကားကို နားေထာင္ေနရလို႔ျဖစ္တယ္။ ဒါေၾကာင့္ ခင္ဗ်ားမိဘတို႔ေခတ္က ဖ်က္ဆီးခဲ့တဲ့အပူပိုင္းဇံုသစ္ေတာကို ခင္ဗ်ားျပဳျပင္ကယ္တင္ဖို႔မၾကိဳးစားခင္ ခင္ဗ်ားရဲ႕အိပ္ရာကိုအရင္သန္႔ရွင္းလိုက္ပါ။

(၈) ေက်ာင္းမွာ ႏိုင္သူန႔ဲ႐ံႈးသူဆိုတာရိွတယ္။ ဘဝမွာမရိွဘူး။ ေက်ာင္းကခင္ဗ်ားကိုအခြင့္အေရးမျပတ္ေပးျပီး အေျဖမွန္ရဖို႔ရွာခိုင္းလိမ့္မယ္။ တကယ့္လက္ေတြ႔ဘဝမွာေတာ့ ဒီလိုမရွိဘူး။

(၉) တီဗီြထဲသရုပ္ေဆာင္တာေတြက တကယ့္ဘဝေတြ မဟုတ္ဘူး။ တကယ့္ဘဝက လူတိုင္းေကာ္ဖီဆိုင္ကို ေက်ာခုိင္းျပီး အလုပ္ထဲဝင္ရတာခ်ည္းပဲ။

(၁ဝ) စာဂ်ပိုးေတြကို တေလးတစားဆက္ဆံပါ။ တစ္ခ်ိန္ခ်ိန္သူတို႔ထဲကတစ္ေယာက္ဆီမွာ ခင္ဗ်ားအလုပ္လုပ္ျဖစ္လိမ့္မယ္။

(၁၁) လူ႔ဘဝမွာ သင္ၾကားခ်ိန္ကာလ မသတ္မွတ္ဘူး။ ပိတ္ရက္မရွိဘူး။ ဘယ္အလုပ္ရွင္ကမွ ခင္ဗ်ားလုပ္ခ်င္တာကုိညႇိႏိႈင္းေပးမွာ မဟုတ္ဘူး။ ဒါေၾကာင့္ ကိုယ့္အားလပ္ခ်ိန္ကိုအသံုးျပဳပါ။

 

Graphic Design သင္ၾကားေပးေသာ ဆရာ၊ ဆရာမမ်ား >>> https://www.sayar.com.mm/subjects/all-teachers/subject-269.html

Sayar Guice banner design 2 2

 

 

Unicode ဖြင့်ဖတ်ရန်
"လူငယ်တွေအတွက် Bill Gates ရဲ့အကြံပြုချက် (၁၁) ချက်"
မိုက်ခရိုဆော့ ရဲ့ ပဲ့ကိုင်ရှင်ကြီး ဖြစ်တဲ့ Bill Gates ဟာ တက္ကသိုလ် တစ်ခုရဲ့ ဘွဲ့ နှင်းသဘင် အခမ်းအနား တစ်ခု မှာ ကျောင်းသားတွေကို အောက်ပါ အတိုင်း မိန့်ခွန်းပြောခဲ့ပါတယ်။
(၁) လူ့ဘဝက မမျှတဘူး။ ဒါကို လက်ခံနိုင်အောင် ကြိုးစားပါ။

(၂) ဒီလောကက ကိုယ့်လေးစားကြည်ညိုမှုကို အသိအမှတ်ပြုမှာ မဟုတ်ဘူး။ အကျိုးသက်ရောက်မှုကိုအရင်လုပ် ပြီးမှကိုယ့်ရဲ့ခံစားချက်ကိုဆန်းစစ်ဖို့ လောကကြီးကပိုမျှော်လင့်တယ်။

(၃) ကျောင်းကနေခွာတာနဲ့ လခကောင်းမရနိုင်ဘူး။ ချက်ချင်း ဟမ်းဖုန်းချိတ်ထားတဲ့ ကွပ်ကဲသူ မဖြစ်နိုင်ဘူး။ နှစ်ခုစလုံးအတွက် ကြိုးပမ်းအားထုတ်မှရနိုင်တယ်။

(၄) ကျောင်းကဆရာတွေကိုဆိုးတယ်လို့ ခင်ဗျားတို့ထင်ခဲ့ရင် တစ်နေ့ခင်ဗျားတို့ကုမ္ပဏီသူဌေးတွေ ဖြစ်လာတ့အဲချိန်ကျရင်သိလိမ့်မယ်။ သူဌေးတွေက အလုပ်ကိုအကြွေးမထားဘူး။

(၅) ဟမ်ဘာဂါဆိုင်မှာအလုပ်လုပ်လို့ ကိုယ့်ကိုအသုံးမကျဘူးလို့ မထင်နဲ့။ အဓိပ္ပါယ်တစ်ခုဖွင့်လိုက်မယ်။ အဲဒါက "အခွင့်အရေး" တဲ့။

(၆) ခင်ဗျားဘာမှဖြစ်မလာတာ ခင်ဗျားမိဘတွေရဲ့ အမှားမဟုတ်ဘူး။ ဒါကြောင့် ကိုယ်လုပ်တဲ့အမှားအတွက် ဒေါသထွက်မနေနဲ့။ အမှားထဲက သင်ယူပါ။

(၇) ခင်ဗျားမမွေးဖွားခင် ခင်ဗျားမိဘတွေက အခုလိုထိုင်းမှိုင်းနေတာ မဟုတ်ဘူး။ သူတို့ အခုလိုထိုင်းမှိုင်းရတာက ခင်ဗျားအသုံးစရိတ်အတွက် ရှာနေလို့၊ ခင်ဗျားရဲ့အဝတ်တွေ လျှော်ရလို့၊ကိုယ့်ကိုယ်ကိုတော်ကြောင်း အပြောကြီးတဲ့ခင်ဗျားရဲ့စကားကို နားထောင်နေရလို့ဖြစ်တယ်။ ဒါကြောင့် ခင်ဗျားမိဘတို့ခေတ်က ဖျက်ဆီးခဲ့တဲ့အပူပိုင်းဇုံသစ်တောကို ခင်ဗျားပြုပြင်ကယ်တင်ဖို့မကြိုးစားခင် ခင်ဗျားရဲ့အိပ်ရာကိုအရင်သန့်ရှင်းလိုက်ပါ။

(၈) ကျောင်းမှာ နိုင်သူနဲ့ရှုံးသူဆိုတာရှိတယ်။ ဘဝမှာမရှိဘူး။ ကျောင်းကခင်ဗျားကိုအခွင့်အရေးမပြတ်ပေးပြီး အဖြေမှန်ရဖို့ရှာခိုင်းလိမ့်မယ်။ တကယ့်လက်တွေ့ဘဝမှာတော့ ဒီလိုမရှိဘူး။

(၉) တီဗွီထဲသရုပ်ဆောင်တာတွေက တကယ့်ဘဝတွေ မဟုတ်ဘူး။ တကယ့်ဘဝက လူတိုင်းကော်ဖီဆိုင်ကို ကျောခိုင်းပြီး အလုပ်ထဲဝင်ရတာချည်းပဲ။

(၁ဝ) စာဂျပိုးတွေကို တလေးတစားဆက်ဆံပါ။ တစ်ချိန်ချိန်သူတို့ထဲကတစ်ယောက်ဆီမှာ ခင်ဗျားအလုပ်လုပ်ဖြစ်လိမ့်မယ်။

(၁၁) လူ့ဘဝမှာ သင်ကြားချိန်ကာလ မသတ်မှတ်ဘူး။ ပိတ်ရက်မရှိဘူး။ ဘယ်အလုပ်ရှင်ကမှ ခင်ဗျားလုပ်ချင်တာကိုညှိနှိုင်းပေးမှာ မဟုတ်ဘူး။ ဒါကြောင့် ကိုယ့်အားလပ်ချိန်ကိုအသုံးပြုပါ။

 

Graphic Design သင်ကြားပေးသော ဆရာ၊ ဆရာမများ >>> https://www.sayar.com.mm/subjects/all-teachers/subject-269.html

Sayar Guice banner design 2 2

Read times
Rate this articles
(0 votes)