×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Saturday, 22 February 2020

အင္တာဗ်ဴးေျဖျပီး ဘာေၾကာင့္ အလုပ္မရတာလဲ?

အင္တာဗ်ဴးေျဖျပီး ဘာေၾကာင့္ အလုပ္မရတာလဲ? freepick

မေန႔ကပဲ သူငယ္ခ်င္းတစ္ေယာက္ နဲ႔ စကားစပ္မိေတာ့ သူေလွ်ာက္ထားတဲ့ အလုပ္တစ္ခုက လူေတြ႕ အင္တာဗ်ဴး ေခၚထားတာ ၂ပတ္ေလာက္ ရွိၿပီျဖစ္ေၾကာင္း ခုထိ ဘာအေၾကာင္းမွ မျပန္ေသးဘူးဆိုတဲ့ အေၾကာင္း ရင္လာဖြင့္တယ္။

အဲလိုပဲ အင္တာဗ်ဴးေတြ တစ္ခုၿပီး တစ္ခု သြားေျဖၿပီးခဲ့ေပမဲ့လည္း ခုခ်ိန္ထိ အလုပ္မရႏိုင္ေသးဘူး ဆိုၿပီးလည္း ေျပာျပေသးတယ္။ ေက်ာင္းၿပီး ဘြဲ႕ရခါစ လည္း ျဖစ္ အိမ္ကလည္း မေျပလည္တဲ့ အထဲကဆိုေတာ့ သူငယ္ခ်င္း အေနနဲ႔လည္း အလုပ္တစ္ခုခုကို အရမ္းလိုခ်င္ေနတာ ေတြ႕ရတယ္။ ကြၽန္ေတာ့္အေနနဲ႔လည္း ႐ုတ္တရက္ဆိုေတာ့ သူငယ္ခ်င္းကို ဘာမွ ေကာင္းေကာင္း ျပန္မတုံ႔ျပန္ေပးႏိုင္ခဲ့ဘူး။

 

သူငယ္ခ်င္းနဲ႔ စကားစ ျပတ္သြားၿပီး ေတာ္ေတာ္ၾကာမွာ စဥ္းစားမိတာ ျမန္မာႏိုင္ငံက လူငယ္ေတြထဲမွာ ကြၽန္ေတာ့္ သူငယ္ခ်င္းလို အျဖစ္မ်ိဳး ႀကဳံရတဲ့ သူေတြ ဘယ္ေလာက္ေတာင္ရွိေနမလဲ။ နယ္ၿမိဳ႕ေတြကေန ရန္ကုန္ၿမိဳ႕ႀကီး ေပၚမွာ အလုပ္တစ္ခု ရဖို႔ ေမွ်ာ္လင့္ခ်က္နဲ႔ ႐ုန္းကန္ေနရတဲ့ လူငယ္ေတြကိုလည္း ကိုယ္ခ်င္းစာမိပါရဲ႕။ အလုပ္ေတြ တစ္ခုၿပီးတစ္ခု ေလွ်ာက္တယ္၊ အင္တာဗ်ဴး ေတြသြားေျဖရတယ္၊ HR ေတြရဲ႕ “ျပန္ဆက္သြယ္လိုက္မယ္ေနာ္” ဆိုတဲ့ စကားေတြေအာက္မွာ ယုံစားၿပီး ျပန္လာခဲ့တယ္၊ ၿပီးေတာ့ ဘာမွ ဆက္မျဖစ္ေတာ့တဲ့ အျဖစ္ေတြ ဘယ္နႀကိမ္ေလာက္ ႀကဳံေနရၿပီလဲ။

 

ဘာပဲေျပာေျပာ အင္တာဗ်ဴး အေခၚခံရတဲ့ အဆင့္ထိ ေရာက္သြားၿပီဆိုရင္ေတာ့ ကိုယ့္ အလုပ္ေလွ်ာက္လႊာကို အလုပ္ရွင္ဖက္က အနည္းနဲ႔ အမ်ားေတာ့ သေဘာေတြ႕ေနပါၿပီ။ ဒါကို အင္တာဗ်ဴးေျဖလိုက္မွ သူတို႔ အထင္ႀကီးထားသမွ် သဲထဲေရသြန္ ျဖစ္သြားသလား? အင္တာဗ်ဴးေတြ အႀကိမ္ႀကိမ္ ေျဖေနရၿပီး ခုခ်ိန္ထိ အလုပ္တစ္ခုမရႏိုင္ရေသးတာ အင္တာဗ်ဴးမွာ တစ္ခုခုလြဲေခ်ာ္မႈ ရွိေနၿပီလား ဆိုတာ စဥ္းစားစရာပါ။ ဒါေၾကာင့္ အင္တာဗ်ဴး တစ္ခါေျဖရင္ သတိထားသင့္တဲ့ အရာေတြ သို႔မဟုတ္ အင္တာဗ်ဴးေတြ ေျဖၿပီး အလုပ္မရႏိုင္ေသးျခင္းအေၾကာင္းကို ျပန္လည္ဆန္းစစ္ႏိုင္မဲ့ အခ်က္တစ္ခ်ိဳ႕ကို ေဆြးေႏြးၾကည့္ရေအာင္ေနာ္။

 

၁။ အင္တာဗ်ဴးေရာက္ခ်ိန္

ဒါကေတာ့ အားလုံး ေျပာေနက်ပါပဲ။ အခ်ိန္ေနာက္မက်ဖို႔ေပါ့။ အင္တာဗ်ဴးမွာ ခ်ိန္းထားတဲ့အခ်ိန္ထက္ လုံး၀ လုံး၀ ေနာက္က်လို႔ေတာ့မျဖစ္ပါဘူး။ တစ္ကယ္လို႔ အေရးေပၚကိစၥ ႐ုတ္တရက္ေပၚလာတယ္ဆိုလည္း ကုမၸဏီ ကိုျဖစ္ျဖစ္ ကိုယ့္ကို အင္တာဗ်ဴးဖို႔ ဆက္သြယ္တဲ့သူ ျဖစ္ျဖစ္ ႀကိဳတင္အေၾကာင္းၾကား ဖို႔ မေမ့ပါနဲ႔။ အင္တာဗ်ဴးမွာ ေနာက္မက်ဖို႔ ဆိုေပမဲ့လည္း လိုအပ္တာထက္ အခ်ိန္အမ်ားႀကီး ပိုေစာေနတာလည္း မေကာင္းျပန္ပါဘူး။ ဥပမာ အင္တာဗ်ဴးအခ်ိန္က ေန႔လည္ ၂နာရီခ်ိန္းထားတာကို ၁နာရီခြဲေလာက္ကတည္းက ေရာက္ေနတာတို႔ ၄၅မိနစ္ေလာက္ႀကိဳေရာက္ ေနျပန္ရင္လည္း အဆင္မေျပလွပါဘူး။ ကိုယ့္ေရွ႕မွာ တျခား appointment ေတြလည္း ရွိနိင္ပါတယ္။ ဒါမွမဟုတ္ တျခားအလုပ္ကိစၥလည္း ရွိတာလည္း ျဖစ္ႏိုင္တာမို႔ သူတို႔မထင္ထားတဲ့အခ်ိန္မွာ ကိုယ္က ေရာက္သြားလို႔ ကုမၸဏီဖက္က အဆင္မေျပတာလည္း ရွိႏိုင္ပါတယ္။ အေကာင္းဆုံးကေတာ့ အင္တာဗ်ဴးအခ်ိန္ထက္ အနည္းဆုံး ၁၀မိနစ္ကေန မိနစ္ ၂၀ေလာက္ ႀကိဳေရာက္ရင္ေတာ့ လုံေလာက္ပါၿပီ။

 

 

၂။ ကိုယ့္ရဲ႕ မူအရာ

ကိုယ္ အင္တာဗ်ဴးသြားေျဖမဲ့ ႐ုံးကို ေျခစခ်တဲ့ အခ်ိန္ကေန စလို႔ အင္တာဗ်ဴးအၿပီး ႐ုံးခန္းထဲက ထြက္ၿပီး အိမ္ျပန္သြားတဲ့အခ်ိန္ထိ ကိုယ့္ရဲ႕ အမူအရာကို အလုပ္ရွင္ကုမၸဏီဖက္က ေစာင့္ၾကည့္ေနတယ္ဆိုတာ မေမ့လိုက္ပါနဲ႔။ ဧည့္ႀကိဳေကာင္တာက receptionist ကို စၿပီး ႏႈတ္ဆက္တာေတြ အင္တာဗ်ဴးခန္းထဲက ကိုယ့္ကို အင္တာဗ်ဴးမဲ့သူေတြနဲ႔ စကားေျပာဆိုတဲ့ အျပဳအမူ မ်က္ႏွာ အေနအထား စတာေတြကလည္း ကိုယ့္သတိမထားမိရင္ အမွတ္ ေလ်ာ့သြားႏိုင္ပါတယ္။ မရယ္မၿပဳံး နဲ႔ မ်က္ႏွာေၾကာတင္း ေနတဲ့လူထက္ ယဥ္ယဥ္ေက်းေက်း နဲ႔ အခ်ိဳသာဆုံး အၿပဳံးပန္းေလးတစ္ပြင့္ကို လူတိုင္းႏွစ္သက္ပါတယ္။ ကိုယ္ေလွ်ာက္ထားတာ Customer service အပိုင္းနဲ႔ ဆိုပါစို႔ အင္တာဗ်ဴးမွာ ခဏေလာက္ေတြ႕ခဲ့တဲ့ သူေတြကို တစ္ခ်က္ေလးေတာင္ မၿပဳံးျပႏိုင္ခဲ့ရင္ ေဈးဝယ္သူေတြကိုလည္း စိတ္ေက်နပ္ေအာင္ ဝန္ေဆာင္မႈ ေပးႏိုင္ဖို႔ အလုပ္ရွင္ဖက္က သင့္ကို ယုံၾကည္ႏိုင္မွာ မဟုတ္ေတာ့ပါဘူး။ ဒါေၾကာင့္ အင္တာဗ်ဴးေျဖရင္ အၿပဳံးေလး ေဆာာင္သြားပါ။

 

 

၃။ ႀကိဳတင္ ျပင္ဆင္မႈ

ပြဲမဝင္ခင္ အျပင္ကက်င္းပ” ဆိုတဲ့ စကားပုံအတိုင္းပါပဲ။ ျပင္ဆင္မႈ ဆိုတာ ပိုတယ္မရွိပါဘူး။ အင္တာဗ်ဴးေတြေျဖလာတာ မနည္းေတာ့ဘူး ဒီတစ္ေခါက္လည္း ေဖာေရွာ လုပ္လိုက္မယ္ ဆိုတာမ်ိဳး ေတာ့ မလုပ္ပါနဲ႔ေနာ္။ အထဲေရာက္မွ ၾကည့္က်က္ေျဖ လိုက္မယ္ဆိုတာလည္း အားမေပးပါ။ အဆိုးဆုံးကေတာ့ ဒီအလုပ္လည္း ရမွာမဟုတ္ပါဘူး အျဖစ္ပဲသြားေျဖလိုက္မယ္ဆိုတဲ့ စစ္မေရာက္ခင္ျမားကုန္တဲ့ စိတ္နဲ႔ ဆိုရင္ေတာ့ အင္တာဗ်ဴးမေျဖေတာ့ဘဲ အိမ္မွာပဲ နားေနတာ လမ္းစရိတ္ပို သက္သာမွာပါ။ ခုဆို Facebook မွာ လည္း Professional ေတြက sharing ေတြအမ်ားႀကီး လုပ္ေပးေနတာဆိုေတာ့ အင္တာဗ်ဴးမသြားခင္မွာ ေမးတတ္တဲ့ေမးခြန္းေတြကို စဥ္းစားၾကည့္ၿပီး ျပင္ဆင္သြားဖို႔ အေရးႀကီးပါတယ္။ ကိုယ့္အေၾကာင္းကို အဂၤလိပ္လို ေျပာတတ္ေအာင္ နည္းနည္းက်င့္သြားတာမ်ိဴးလည္း လုပ္သင့္ပါတယ္။ ခုေနာက္ပိုင္းမွာ လုပ္ငန္းခြင္ေတြရဲ႕ ေတာင္းဆိုခ်က္အရ အဂၤလိပ္စာကလည္း ေမ့လို႔မရျပန္ပါဘူး။ ၿပီးေတာ့ သက္ဆိုင္ရာ နယ္ပယ္ရဲ႕ အျခား ကြၽမ္းက်င္မႈေတြ ကိုယ့္မွာ ရွိထားရင္လည္း ကိုယ္ရည္ျပန္ေသြးထားပါေနာ္။ Computer skills, Software skills, Language skills စသျဖင့္ေပါ့။ ဘယ္သူသိႏိုင္မလဲ ဒီ skills ေတြကပဲ ကိုယ့္ကို အလုပ္ခန႔္ခ်င္စရာ ေကာင္းတဲ့ ဆြဲေဆာင္မႈ ျဖစ္ႏိုင္ပါတယ္။

LCCI သင္ၾကားေပးေသာ guide ဆရာ၊ ဆရာမမ်ား >>> https://www.sayar.com.mm/subjects/all-teachers/subject-344.html

Sayar Guice banner design 2 3

 

၄။ စိတ္အားထက္သန္မႈ

ကိုယ့္မွာ ကိုယ္ပိုင္စာအုပ္ဆိုင္ေလး ရွိတယ္ဆိုပါစို႔။ စာအုပ္ဆိုင္အတြက္ လိုအပ္တဲ့ ဝန္ထမ္းခန႔္ဖို႔ ေ႐ြးခ်ယ္တဲ့အထဲမွာ စာအုပ္ကို စိတ္ဝင္စားပုံမေပၚတဲ့သူ၊ စာအုပ္ဖတ္ေလ့မရွိတဲ့ သူကမ်ား ဝန္ထမ္းလာေလွ်ာက္တယ္ဆိုရင္ သူ႔ကို ကိုယ့္ဆိုင္အတြက္ အလုပ္ခန႔္ခ်င္ပါ့မလား။ ကြၽန္ေတာ္တို႔ သိတဲ့အတိုင္းပဲ လူဆိုတာ ကိုယ္စိတ္ပါဝင္စားမႈ မရွိတဲ့ အလုပ္တစ္ခုကို လုပ္ခိုင္းရင္ မေပ်ာ္ၾကသလို အလုပ္လည္းမၿပီးေျမာက္ပါဘူး။ ဒီလိုပါပဲ……. အင္တာဗ်ဴး တစ္ခုမွာ ကိုယ္ေလွ်ာက္တဲ့ လုပ္ငန္းနယ္ပယ္နဲ႔ ပတ္သက္ၿပီး စိတ္အားထက္သန္မႈကို မျမင္ရရင္ Interviewer ေတြ ထည့္စဥ္းစားဖို႔ အခြင့္အေရး နည္းသြားပါတယ္။ အင္တာဗ်ဴးကို ေအာင္ျမင္စြာ ေျဖဆိုႏိုင္ဖို႔ ကိုယ္ဟာ အလုပ္ရွင္ေတြရဲ႕ ရွာေဖြေနတဲ့ လိုအပ္ခ်က္ေတြနဲ႔ ကိုက္ညီေနတဲ့ အျပင္ ဒီလုပ္ငန္းခြင္အေပၚ စိတ္အားထက္သန္ၿပီး စိန္ေခၚမႈေတြကို ရင္ခုန္ေနတဲ့ သူ ျဖစ္ေၾကာင္း ျပသႏိုင္ၿပီဆိုရင္ အင္တာဗ်ဴး အေျခအေန ေတာ္ေတာ္ေကာင္းေနပါၿပီေနာ္။ ဒါေၾကာင့္လည္း တစ္ခ်ိဳ႕လုပ္ငန္းေတြရဲ႕ အလုပ္ေခၚစာ မွာ လုပ္ငန္းအေတြ႕အႀကဳံ ေတြထက္ လုပ္ငန္းအေပၚ စိတ္အားထက္သန္တဲ့ ဝန္ထမ္းေတြကို လိုခ်င္ၾကတာ ပဲ ျဖစ္ပါတယ္။

 

 

၅။ ေမွ်ာ္မွန္းလစာ

အင္တာဗ်ဴး ၿပီးေတာ့မယ္ဆိုရင္ ေနာက္ဆုံးအေနနဲ႔ ညႇိရတာ လစာပါပဲ။ ကုမၸဏီႀကီးတခ်ိဳ႕ကေတာ့ ရာထူးအလိုက္ သတ္မွတ္ထားတဲ့ လစာ ႏႈန္းထားရွိၿပီးသားမို႔ ညႇိစရာေတာ့မလိုပါဘူး။ တခ်ိဳု႔ အေသးစား အလတ္စား ကုမၸဏီေတြမွာ ဝန္ထမ္းဖက္က ေမွ်ာ္မွန္းလစာကို အရင္ေမးတတ္ၾကသလို တခ်ိဳ႕ကုမၸဏီေတြက်ေတာ့လည္း သူတို႔ ေပးႏိုင္တဲ့ ပမာဏ ထဲကေန ေ႐ြးခ်ယ္ခြင့္ ျပန္ေပးထားတတ္ပါတယ္။ တခ်ိဳ႕မွာလည္း ရွိပါတယ္။ အင္တာဗ်ဴးမွာ လည္း အဆင္ေျပ အားလုံးအဆင္ေျပၿပီး အလုပ္ခန႔္ခါနီးမွ ေမွ်ာ္မွန္းလစာ ညႇိႏႈိင္းရ အဆင္မေျပလို႔ အလုပ္မရလိုက္တာမ်ိဳးလည္း ၾကားဖူးပါတယ္။ အလုပ္သမား ဖက္ကလည္း ထိုက္သင့္တဲ့ လစာ ပမာဏ လိုအပ္တဲ့ ဆိုေသာ္ျငား အလုပ္ရွင္ဖက္က ျပန္ ၾကည့္မယ္ဆိုရင္လည္း လုပ္ငန္းရဲ႕ ဘ႑ာေရးအေျခအေနေတြ အျပင္ လုပ္ငန္း စြမ္းေဆာင္ရည္ ဘယ္လိုအတိုင္းအတာထိ ရွိမွန္းမသိႏိုင္ေသးတဲ့ ဝန္ထမ္းတစ္ေယာက္ကို ယုံၾကည္ၿပီး လစာပမာဏ မ်ားမ်ားေပးဖို႔ ဆိုတာ အင္မတန္ေခါင္းခဲ စရာပါ။ ဒီေနရာမွာ အေကာင္းဆုံးျဖစ္မယ္ထင္တာကေတာ့ ကိုယ္လုပ္ေပးနိင္တဲ့ အလုပ္ေပၚမူတည္တဲ့ မယုတ္မလြန္ ပမာဏကို ခ်ိန္ညႇိေတာင္းဆိုမယ္ဆိုရင္ အဆင္ေျပႏိုင္မွာပဲ ျဖစ္ပါတယ္။

 

 

၆။ ဇြဲမေလွ်ာ့လိုက္နဲ႔

အင္တာဗ်ဴးေတြခ်ည္းပဲ ေျဖေနရတယ္ အလုပ္က မရႏိုင္ဘူးဆိုၿပီးလည္း စိတ္ညစ္မသြားပါနဲ႔။ အလုပ္မရႏိုင္ေတာင္ အင္တာဗ်ဴး အေတြ႕အႀကဳံေတြ ရႏိုင္ပါေသးတယ္။ ကိုယ္ အရင္သြားေျဖခဲ့တဲ့ အင္တာဗ်ဴးေတြမွာ ကိုယ့္ရဲ႕အေျခအေနကို ျပန္သုံးသပ္တတ္မယ္ဆိုရင္ ေနာက္အင္တာဗ်ဴးေတြအတြက္ အသုံးဝင္သြားမွာပါ။ သိပၸံပညာရွင္ ေသာမတ္ အယ္ဒီဆင္ ေတာင္ အႀကိမ္ ၁ေထာင္ က်ရႈံးခဲ့ၿပီး ၁ေထာင္တစ္ႀကိမ္ေျမာက္မွာ မွ လွ်ပ္စစ္မီးကို တီထြင္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ သူသာ တစ္ေထာင္ႀကိမ္ေျမာက္ မွားသြားတဲ့အခ်ိန္မွာ လက္ေလွ်ာ့လိုက္ရင္ ကြၽန္ေတာ္တို႔ အခု လွ်ပ္စစ္မီးကိုေတာင္ ျမင္ေတြ႕ရမွာ မဟုတ္ပါဘူး။ အဓိက ကေတာ့ စိတ္ဓာတ္ေတြ မယိမ္းယိုင္သြားဖို႔ နဲ႔ အမွားေတြထဲက ျပန္သင္ယူတတ္ဖို႔ပါပဲ။ အခုေဖာ္ျပေပးသြားတဲ့ အခ်က္ေလးေတြကလည္း လူငယ္တို႔ အလုပ္ေလွ်ာက္တဲ့အခါ အလုပ္အင္တာဗ်ဴး ဝင္တဲ့အခါေတြတြက္ အသုံးဝင္ၿပီး ကိုယ္လိုခ်င္တဲ့ အလုပ္အကိုင္ေကာင္းေတြ ရရွိႏိုင္ၿပီး မိမိဘဝကို မိမိရပ္တည္ႏိုင္တဲ့ လူငယ္ေတြ ျဖစ္လာႏိုင္ပါေစလို႔ ဆႏၵျပဳလိုက္ပါတယ္။

 

 

Credit : LiveTheDream

 

 

Unicode ဖြင့်ဖတ်ရန်
အင်တာဗျူးဖြေပြီး ဘာကြောင့် အလုပ်မရတာလဲ?
မနေ့ကပဲ သူငယ်ချင်းတစ်ယောက် နဲ့ စကားစပ်မိတော့ သူလျှောက်ထားတဲ့ အလုပ်တစ်ခုက လူတွေ့ အင်တာဗျူး ခေါ်ထားတာ ၂ပတ်လောက် ရှိပြီဖြစ်ကြောင်း ခုထိ ဘာအကြောင်းမှ မပြန်သေးဘူးဆိုတဲ့ အကြောင်း ရင်လာဖွင့်တယ်။ အဲလိုပဲ အင်တာဗျူးတွေ တစ်ခုပြီး တစ်ခု သွားဖြေပြီးခဲ့ပေမဲ့လည်း ခုချိန်ထိ အလုပ်မရနိုင်သေးဘူး ဆိုပြီးလည်း ပြောပြသေးတယ်။ ကျောင်းပြီး ဘွဲ့ရခါစ လည်း ဖြစ် အိမ်ကလည်း မပြေလည်တဲ့ အထဲကဆိုတော့ သူငယ်ချင်း အနေနဲ့လည်း အလုပ်တစ်ခုခုကို အရမ်းလိုချင်နေတာ တွေ့ရတယ်။ ကျွန်တော့်အနေနဲ့လည်း ရုတ်တရက်ဆိုတော့ သူငယ်ချင်းကို ဘာမှ ကောင်းကောင်း ပြန်မတုံ့ပြန်ပေးနိုင်ခဲ့ဘူး။


သူငယ်ချင်းနဲ့ စကားစ ပြတ်သွားပြီး တော်တော်ကြာမှာ စဉ်းစားမိတာ မြန်မာနိုင်ငံက လူငယ်တွေထဲမှာ ကျွန်တော့် သူငယ်ချင်းလို အဖြစ်မျိုး ကြုံရတဲ့ သူတွေ ဘယ်လောက်တောင်ရှိနေမလဲ။ နယ်မြို့တွေကနေ ရန်ကုန်မြို့ကြီး ပေါ်မှာ အလုပ်တစ်ခု ရဖို့ မျှော်လင့်ချက်နဲ့ ရုန်းကန်နေရတဲ့ လူငယ်တွေကိုလည်း ကိုယ်ချင်းစာမိပါရဲ့။ အလုပ်တွေ တစ်ခုပြီးတစ်ခု လျှောက်တယ်၊ အင်တာဗျူး တွေသွားဖြေရတယ်၊ HR တွေရဲ့ “ပြန်ဆက်သွယ်လိုက်မယ်နော်” ဆိုတဲ့ စကားတွေအောက်မှာ ယုံစားပြီး ပြန်လာခဲ့တယ်၊ ပြီးတော့ ဘာမှ ဆက်မဖြစ်တော့တဲ့ အဖြစ်တွေ ဘယ်နကြိမ်လောက် ကြုံနေရပြီလဲ။


ဘာပဲပြောပြော အင်တာဗျူး အခေါ်ခံရတဲ့ အဆင့်ထိ ရောက်သွားပြီဆိုရင်တော့ ကိုယ့် အလုပ်လျှောက်လွှာကို အလုပ်ရှင်ဖက်က အနည်းနဲ့ အများတော့ သဘောတွေ့နေပါပြီ။ ဒါကို အင်တာဗျူးဖြေလိုက်မှ သူတို့ အထင်ကြီးထားသမျှ သဲထဲရေသွန် ဖြစ်သွားသလား? အင်တာဗျူးတွေ အကြိမ်ကြိမ် ဖြေနေရပြီး ခုချိန်ထိ အလုပ်တစ်ခုမရနိုင်ရသေးတာ အင်တာဗျူးမှာ တစ်ခုခုလွဲချော်မှု ရှိနေပြီလား ဆိုတာ စဉ်းစားစရာပါ။ ဒါကြောင့် အင်တာဗျူး တစ်ခါဖြေရင် သတိထားသင့်တဲ့ အရာတွေ သို့မဟုတ် အင်တာဗျူးတွေ ဖြေပြီး အလုပ်မရနိုင်သေးခြင်းအကြောင်းကို ပြန်လည်ဆန်းစစ်နိုင်မဲ့ အချက်တစ်ချို့ကို ဆွေးနွေးကြည့်ရအောင်နော်။

 


၁။ အင်တာဗျူးရောက်ချိန်

ဒါကတော့ အားလုံး ပြောနေကျပါပဲ။ အချိန်နောက်မကျဖို့ပေါ့။ အင်တာဗျူးမှာ ချိန်းထားတဲ့အချိန်ထက် လုံး၀ လုံး၀ နောက်ကျလို့တော့မဖြစ်ပါဘူး။ တစ်ကယ်လို့ အရေးပေါ်ကိစ္စ ရုတ်တရက်ပေါ်လာတယ်ဆိုလည်း ကုမ္ပဏီ ကိုဖြစ်ဖြစ် ကိုယ့်ကို အင်တာဗျူးဖို့ ဆက်သွယ်တဲ့သူ ဖြစ်ဖြစ် ကြိုတင်အကြောင်းကြား ဖို့ မမေ့ပါနဲ့။ အင်တာဗျူးမှာ နောက်မကျဖို့ ဆိုပေမဲ့လည်း လိုအပ်တာထက် အချိန်အများကြီး ပိုစောနေတာလည်း မကောင်းပြန်ပါဘူး။ ဥပမာ အင်တာဗျူးအချိန်က နေ့လည် ၂နာရီချိန်းထားတာကို ၁နာရီခွဲလောက်ကတည်းက ရောက်နေတာတို့ ၄၅မိနစ်လောက်ကြိုရောက် နေပြန်ရင်လည်း အဆင်မပြေလှပါဘူး။ ကိုယ့်ရှေ့မှာ တခြား appointment တွေလည်း ရှိနိင်ပါတယ်။ ဒါမှမဟုတ် တခြားအလုပ်ကိစ္စလည်း ရှိတာလည်း ဖြစ်နိုင်တာမို့ သူတို့မထင်ထားတဲ့အချိန်မှာ ကိုယ်က ရောက်သွားလို့ ကုမ္ပဏီဖက်က အဆင်မပြေတာလည်း ရှိနိုင်ပါတယ်။ အကောင်းဆုံးကတော့ အင်တာဗျူးအချိန်ထက် အနည်းဆုံး ၁၀မိနစ်ကနေ မိနစ် ၂၀လောက် ကြိုရောက်ရင်တော့ လုံလောက်ပါပြီ။

 


၂။ ကိုယ့်ရဲ့ မူအရာ
ကိုယ် အင်တာဗျူးသွားဖြေမဲ့ ရုံးကို ခြေစချတဲ့ အချိန်ကနေ စလို့ အင်တာဗျူးအပြီး ရုံးခန်းထဲက ထွက်ပြီး အိမ်ပြန်သွားတဲ့အချိန်ထိ ကိုယ့်ရဲ့ အမူအရာကို အလုပ်ရှင်ကုမ္ပဏီဖက်က စောင့်ကြည့်နေတယ်ဆိုတာ မမေ့လိုက်ပါနဲ့။ ဧည့်ကြိုကောင်တာက receptionist ကို စပြီး နှုတ်ဆက်တာတွေ အင်တာဗျူးခန်းထဲက ကိုယ့်ကို အင်တာဗျူးမဲ့သူတွေနဲ့ စကားပြောဆိုတဲ့ အပြုအမူ မျက်နှာ အနေအထား စတာတွေကလည်း ကိုယ့်သတိမထားမိရင် အမှတ် လျော့သွားနိုင်ပါတယ်။ မရယ်မပြုံး နဲ့ မျက်နှာကြောတင်း နေတဲ့လူထက် ယဉ်ယဉ်ကျေးကျေး နဲ့ အချိုသာဆုံး အပြုံးပန်းလေးတစ်ပွင့်ကို လူတိုင်းနှစ်သက်ပါတယ်။ ကိုယ်လျှောက်ထားတာ Customer service အပိုင်းနဲ့ ဆိုပါစို့ အင်တာဗျူးမှာ ခဏလောက်တွေ့ခဲ့တဲ့ သူတွေကို တစ်ချက်လေးတောင် မပြုံးပြနိုင်ခဲ့ရင် ဈေးဝယ်သူတွေကိုလည်း စိတ်ကျေနပ်အောင် ဝန်ဆောင်မှု ပေးနိုင်ဖို့ အလုပ်ရှင်ဖက်က သင့်ကို ယုံကြည်နိုင်မှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် အင်တာဗျူးဖြေရင် အပြုံးလေး ဆောာင်သွားပါ။

 


၃။ ကြိုတင် ပြင်ဆင်မှု
“ပွဲမဝင်ခင် အပြင်ကကျင်းပ” ဆိုတဲ့ စကားပုံအတိုင်းပါပဲ။ ပြင်ဆင်မှု ဆိုတာ ပိုတယ်မရှိပါဘူး။ အင်တာဗျူးတွေဖြေလာတာ မနည်းတော့ဘူး ဒီတစ်ခေါက်လည်း ဖောရှော လုပ်လိုက်မယ် ဆိုတာမျိုး တော့ မလုပ်ပါနဲ့နော်။ အထဲရောက်မှ ကြည့်ကျက်ဖြေ လိုက်မယ်ဆိုတာလည်း အားမပေးပါ။ အဆိုးဆုံးကတော့ ဒီအလုပ်လည်း ရမှာမဟုတ်ပါဘူး အဖြစ်ပဲသွားဖြေလိုက်မယ်ဆိုတဲ့ စစ်မရောက်ခင်မြားကုန်တဲ့ စိတ်နဲ့ ဆိုရင်တော့ အင်တာဗျူးမဖြေတော့ဘဲ အိမ်မှာပဲ နားနေတာ လမ်းစရိတ်ပို သက်သာမှာပါ။ ခုဆို Facebook မှာ လည်း Professional တွေက sharing တွေအများကြီး လုပ်ပေးနေတာဆိုတော့ အင်တာဗျူးမသွားခင်မှာ မေးတတ်တဲ့မေးခွန်းတွေကို စဉ်းစားကြည့်ပြီး ပြင်ဆင်သွားဖို့ အရေးကြီးပါတယ်။ ကိုယ့်အကြောင်းကို အင်္ဂလိပ်လို ပြောတတ်အောင် နည်းနည်းကျင့်သွားတာမျိူးလည်း လုပ်သင့်ပါတယ်။ ခုနောက်ပိုင်းမှာ လုပ်ငန်းခွင်တွေရဲ့ တောင်းဆိုချက်အရ အင်္ဂလိပ်စာကလည်း မေ့လို့မရပြန်ပါဘူး။ ပြီးတော့ သက်ဆိုင်ရာ နယ်ပယ်ရဲ့ အခြား ကျွမ်းကျင်မှုတွေ ကိုယ့်မှာ ရှိထားရင်လည်း ကိုယ်ရည်ပြန်သွေးထားပါနော်။ Computer skills, Software skills, Language skills စသဖြင့်ပေါ့။ ဘယ်သူသိနိုင်မလဲ ဒီ skills တွေကပဲ ကိုယ့်ကို အလုပ်ခန့်ချင်စရာ ကောင်းတဲ့ ဆွဲဆောင်မှု ဖြစ်နိုင်ပါတယ်။

LCCI သင်ကြားပေးသော guide ဆရာ၊ ဆရာမများ >>> https://www.sayar.com.mm/subjects/all-teachers/subject-344.html

Sayar Guice banner design 2 3


၄။ စိတ်အားထက်သန်မှု
ကိုယ့်မှာ ကိုယ်ပိုင်စာအုပ်ဆိုင်လေး ရှိတယ်ဆိုပါစို့။ စာအုပ်ဆိုင်အတွက် လိုအပ်တဲ့ ဝန်ထမ်းခန့်ဖို့ ရွေးချယ်တဲ့အထဲမှာ စာအုပ်ကို စိတ်ဝင်စားပုံမပေါ်တဲ့သူ၊ စာအုပ်ဖတ်လေ့မရှိတဲ့ သူကများ ဝန်ထမ်းလာလျှောက်တယ်ဆိုရင် သူ့ကို ကိုယ့်ဆိုင်အတွက် အလုပ်ခန့်ချင်ပါ့မလား။ ကျွန်တော်တို့ သိတဲ့အတိုင်းပဲ လူဆိုတာ ကိုယ်စိတ်ပါဝင်စားမှု မရှိတဲ့ အလုပ်တစ်ခုကို လုပ်ခိုင်းရင် မပျော်ကြသလို အလုပ်လည်းမပြီးမြောက်ပါဘူး။ ဒီလိုပါပဲ……. အင်တာဗျူး တစ်ခုမှာ ကိုယ်လျှောက်တဲ့ လုပ်ငန်းနယ်ပယ်နဲ့ ပတ်သက်ပြီး စိတ်အားထက်သန်မှုကို မမြင်ရရင် Interviewer တွေ ထည့်စဉ်းစားဖို့ အခွင့်အရေး နည်းသွားပါတယ်။ အင်တာဗျူးကို အောင်မြင်စွာ ဖြေဆိုနိုင်ဖို့ ကိုယ်ဟာ အလုပ်ရှင်တွေရဲ့ ရှာဖွေနေတဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီနေတဲ့ အပြင် ဒီလုပ်ငန်းခွင်အပေါ် စိတ်အားထက်သန်ပြီး စိန်ခေါ်မှုတွေကို ရင်ခုန်နေတဲ့ သူ ဖြစ်ကြောင်း ပြသနိုင်ပြီဆိုရင် အင်တာဗျူး အခြေအနေ တော်တော်ကောင်းနေပါပြီနော်။ ဒါကြောင့်လည်း တစ်ချို့လုပ်ငန်းတွေရဲ့ အလုပ်ခေါ်စာ မှာ လုပ်ငန်းအတွေ့အကြုံ တွေထက် လုပ်ငန်းအပေါ် စိတ်အားထက်သန်တဲ့ ဝန်ထမ်းတွေကို လိုချင်ကြတာ ပဲ ဖြစ်ပါတယ်။

 


၅။ မျှော်မှန်းလစာ
အင်တာဗျူး ပြီးတော့မယ်ဆိုရင် နောက်ဆုံးအနေနဲ့ ညှိရတာ လစာပါပဲ။ ကုမ္ပဏီကြီးတချို့ကတော့ ရာထူးအလိုက် သတ်မှတ်ထားတဲ့ လစာ နှုန်းထားရှိပြီးသားမို့ ညှိစရာတော့မလိုပါဘူး။ တချိုု့ အသေးစား အလတ်စား ကုမ္ပဏီတွေမှာ ဝန်ထမ်းဖက်က မျှော်မှန်းလစာကို အရင်မေးတတ်ကြသလို တချို့ကုမ္ပဏီတွေကျတော့လည်း သူတို့ ပေးနိုင်တဲ့ ပမာဏ ထဲကနေ ရွေးချယ်ခွင့် ပြန်ပေးထားတတ်ပါတယ်။ တချို့မှာလည်း ရှိပါတယ်။ အင်တာဗျူးမှာ လည်း အဆင်ပြေ အားလုံးအဆင်ပြေပြီး အလုပ်ခန့်ခါနီးမှ မျှော်မှန်းလစာ ညှိနှိုင်းရ အဆင်မပြေလို့ အလုပ်မရလိုက်တာမျိုးလည်း ကြားဖူးပါတယ်။ အလုပ်သမား ဖက်ကလည်း ထိုက်သင့်တဲ့ လစာ ပမာဏ လိုအပ်တဲ့ ဆိုသော်ငြား အလုပ်ရှင်ဖက်က ပြန် ကြည့်မယ်ဆိုရင်လည်း လုပ်ငန်းရဲ့ ဘဏ္ဍာရေးအခြေအနေတွေ အပြင် လုပ်ငန်း စွမ်းဆောင်ရည် ဘယ်လိုအတိုင်းအတာထိ ရှိမှန်းမသိနိုင်သေးတဲ့ ဝန်ထမ်းတစ်ယောက်ကို ယုံကြည်ပြီး လစာပမာဏ များများပေးဖို့ ဆိုတာ အင်မတန်ခေါင်းခဲ စရာပါ။ ဒီနေရာမှာ အကောင်းဆုံးဖြစ်မယ်ထင်တာကတော့ ကိုယ်လုပ်ပေးနိင်တဲ့ အလုပ်ပေါ်မူတည်တဲ့ မယုတ်မလွန် ပမာဏကို ချိန်ညှိတောင်းဆိုမယ်ဆိုရင် အဆင်ပြေနိုင်မှာပဲ ဖြစ်ပါတယ်။

 


၆။ ဇွဲမလျှော့လိုက်နဲ့
အင်တာဗျူးတွေချည်းပဲ ဖြေနေရတယ် အလုပ်က မရနိုင်ဘူးဆိုပြီးလည်း စိတ်ညစ်မသွားပါနဲ့။ အလုပ်မရနိုင်တောင် အင်တာဗျူး အတွေ့အကြုံတွေ ရနိုင်ပါသေးတယ်။ ကိုယ် အရင်သွားဖြေခဲ့တဲ့ အင်တာဗျူးတွေမှာ ကိုယ့်ရဲ့အခြေအနေကို ပြန်သုံးသပ်တတ်မယ်ဆိုရင် နောက်အင်တာဗျူးတွေအတွက် အသုံးဝင်သွားမှာပါ။ သိပ္ပံပညာရှင် သောမတ် အယ်ဒီဆင် တောင် အကြိမ် ၁ထောင် ကျရှုံးခဲ့ပြီး ၁ထောင်တစ်ကြိမ်မြောက်မှာ မှ လျှပ်စစ်မီးကို တီထွင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ သူသာ တစ်ထောင်ကြိမ်မြောက် မှားသွားတဲ့အချိန်မှာ လက်လျှော့လိုက်ရင် ကျွန်တော်တို့ အခု လျှပ်စစ်မီးကိုတောင် မြင်တွေ့ရမှာ မဟုတ်ပါဘူး။ အဓိက ကတော့ စိတ်ဓာတ်တွေ မယိမ်းယိုင်သွားဖို့ နဲ့ အမှားတွေထဲက ပြန်သင်ယူတတ်ဖို့ပါပဲ။ အခုဖော်ပြပေးသွားတဲ့ အချက်လေးတွေကလည်း လူငယ်တို့ အလုပ်လျှောက်တဲ့အခါ အလုပ်အင်တာဗျူး ဝင်တဲ့အခါတွေတွက် အသုံးဝင်ပြီး ကိုယ်လိုချင်တဲ့ အလုပ်အကိုင်ကောင်းတွေ ရရှိနိုင်ပြီး မိမိဘဝကို မိမိရပ်တည်နိုင်တဲ့ လူငယ်တွေ ဖြစ်လာနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

 

 

Credit : LiveTheDream

Read times
Rate this articles
(0 votes)