×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Monday, 04 September 2017

ဦးနှောက်အကြိတ်ဖြစ်နိုင်ခြေများသည့် သူများတွင် ပညာတတ်များပါဝင်နေ

ဦးနှောက်အကြိတ်ဖြစ်နိုင်ခြေများသည့် သူများတွင် ပညာတတ်များပါဝင်နေ google.com

အဆင့်မြင့် ပညာတတ်မြောက်သူများသည် သာမန်ပညာတတ်မြောက်သူများထက် ဦးနှောက် အကျိတ် ဖြစ်နိုင်ခြေ ပိုများကြောင်း လေ့လာမှုတစ်ခုက ဖော်ပြလိုက်ပြီ ဖြစ်သည်။


တက္ကသိုလ် ပညာတတ်များတွင် ဂလီယိုမာစ်ခေါ် ဦးနှောက်အကျိတ် တစ်မျိုးဖြစ်နိုင်ခြေ ပိုများကြောင်း ပညာရှင်များက ပြောဆိုခဲ့သည်။ လန်ဒန်တက္ကသိုလ်မှ ပညာရှင်များသည် ဆွီဒင်၌ ၁၉၁၁ မှ ၁၉၆၁ ခုနှစ်ကြား မွေးဖွားသည့် လူ (၄ ဒသမ ၃) သန်းတို့နှင့် ပတ်သက်ပြီး စစ်တမ်းကောက်ယူခဲ့သည်။ ပညာရှင်များသည် အလေ့လာခံများအား ၁၉၉၃ မှ ၂၀၁၀ ခုနှစ်ကြား ထပ်မံလေ့လာခဲ့ရာ အမျိုးသမီး (၇၁၀၀) နှင့် အမျိုးသား (၅၇၀၀) တို့တွင် ဦး နှောက်အကျိတ် ရှိနေပြီဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

READ -အဆိပ်သင့်လူစားများ


 ယင်းနောက်တွင် သုတေသန ပညာရှင်များသည် အလေ့လာခံများ၏ ပညာရေး၊ ငွေပိုငွေလျှံရှိမှုနှင့် အိမ်ထောင်ရေး အခြေအနေများကို လေ့လာသုံးသပ်ခဲ့သည်။ တက္ကသိုလ် ပညာတတ်မြောက်သည့် အမျိုးသားများသည် အထက်တန်းကျောင်း တက်ရောက်ခဲ့သည့် အမျိုးသားများထက် ဂလီယိုမာ အကျိတ်ရှိနိုင်ခြေ (၁၉) ရာခိုင်နှုန်းပိုများကြောင်း တွေ့ရှိခဲ့သည်။
တက္ကသိုလ် ပညာတတ် အမျိုးသမီးများသည် အထက်တန်းကျောင်းသာ အောင်မြင်ခဲ့သည့် အမျိုးသမီးများထက် ဂလီယိုမာ အကျိတ်ဖြစ်နိုင်ခြေ (၂၃) ရာခိုင်နှုန်း ပိုများကြောင်း လေ့လာမှုတွင် ဖော်ပြထားသည်။
ပညာတတ်များ ဦးနှောက်အကျိတ် ဖြစ်နိုင်ခြေ မည်သည့်အတွက်ကြောင့် ပိုများရသည်ကို ဇီဝဗေဒအရ အကြောင်းအရင်းကို မတွေ့ရှိခဲ့ကြောင်း သုတေသနပညာရှင်များက ၀န်ခံခဲ့သည်။

READ -ညဘက်အချိန်မှန်အိပ်ခြင်းက ပိုပြီး smart ကျစေတယ်ဆိုတာ သိပြီးပြီလား


ပညာတတ်၊ မန်နေဂျာ ရာထူးများ ရယူထားသည့် အမျိုးသားနှင့် အမျိုးသမီးများသည် သာမန်လက် လုပ်လက်စားများထက် ဦးနှောက် အကျိတ် ဖြစ်နိုင်ခြေ ပိုများနေသည်။ ငွေပိုငွေလျှံပိုများသော အမျိုးသားများသည် ရရစားစား အမျိုးသားများထက် ဦးနှောက်အကျိတ် ဖြစ်နိုင်ခြေ (၁၄) ရာခိုင်နှုန်းပိုများနေသည်။
ထို့ပြင် အိမ်ထောင်ရှင် အမျိုးသားများသည် လူလွတ်အမျိုးသားများထက် ဦးနှောက် အကျိတ်ဖြစ်နိုင်ခြေ ပိုများနေကြောင်း လေ့လာမှုတွင် ဖော်ပြထားသည်။

Source; messenger

Read times Last modified on Friday, 27 December 2019 15:50
Rate this articles
(3 votes)