×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Friday, 13 March 2020

"လူငယ္ေတြ မိတတ္ၾကတဲ့ ဂ်င္းေပါင္း ခ်ဳပ္"

"လူငယ္ေတြ မိတတ္ၾကတဲ့ ဂ်င္းေပါင္း ခ်ဳပ္" freepick

ကျွန်တော်တို့ လူငယ်တွေဟာ ကိုယ့်ကိုယ်ကိုယ် ဂျင်းထည့်တတ်ကြတယ်ဆိုတာ သိပါသလား။

ဒီတစ်ခါတော့ သူများကြောင့်မိတဲ့ ဂျင်းမဟုတ်ဘဲနဲ့ ကိုယ်ကိုယ်တိုင် ဂျင်းထည့်ပြီး ကိုယ်တိုင်ပြန်မိရတဲ့ ဂျင်းအကြောင်း ပြောချင်ပါတယ်။ လူငယ်ဘဝ အပိုင်းအခြားဟာ လမ်းစရှာဖွေနေဆဲကာလ၊ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်တဲ့ ကာလ၊ အောင်မြင်ချင်ကြတဲ့ကာလ၊ စိတ်ကူးယဉ်ဆန်ချင်တဲ့ကာလတစ်ခု ဖြစ်တာကြောင့် ကျွန်တော်တို့တောင် မသိလိုက်ခင် မှာပဲ တစ်ချို့မလိုတဲ့အရာတွေကို ယုန်ထင်ကြောင်ထင်နဲ့ လှမ်းမိတတ်ကြတဲ့ အချိန်တွေရှိပါတယ်။ ဒါကြောင့် လတ်တလောမှာ လူငယ်တွေအကြား အဖြစ်များနေတာလေးတွေ၊ အမြင်မှားနေတာလေးတွေ ပြောရရင် ကိုယ်တိုင် ပြန်ထည့်သော လူငယ်တွေမိတတ်ကြတဲ့ ဂျင်းတွေအကြောင်းလေး မြင်မိသလောက် ဖော်ပြပေးလိုက်ပါတယ်နော်။


၁. လက်မှတ်တွေလိုက်စုတာ
ကျွန်တော်တို့ ပတ်ဝန်းကျင်က လူငယ်တွေအကြား လက်မှတ်ရဖို့တစ်ခုအတွက်နဲ့ သင်တန်းလိုက်တက်နေကြသူတွေ အများကြီး ရှိပါတယ်။ တစ်ချို့ကတော့ အလုပ်ကြောင့် ဒါမှမဟုတ် တခြားအကြောင်းတစ်ခုခုကြောင့် လိုအပ်လို့ တက်ကြတာမျိုးတွေ ရှိပါတယ်… ဒါကတော့ လိုအပ်တာကြောင့်မို့ တစ်ကဏ္ဍဆိုပေမယ့် တစ်ချို့ကျ လက်မှတ်ရရင် ပြီးတာပဲ ဆိုတဲ့စိတ်မျိုးနဲ့ သင်တာတွေလည်း စိတ်မဝင်စား၊ စာလည်းသေချာမလုပ်၊ အတန်းလည်း မမှန် အဲလိုတွေ ရှိပါတယ်။
အဲတော့ သင်တန်းသာပြီးသွားတယ်၊ လက်မှတ်တွေသာ ရသွားတယ်၊ ဒီသင်တန်းကနေ ဘာသင်ယူလာ ခဲ့ရသလဲ… ဘာလုပ်တတ်သွားလဲ… ဘယ်လိုတိုးတက်လာလဲ မေးရင် ဒုံးရင်းက ဒုံးရင်းပဲ။ လက်မှတ် တစ်ပွေ့တစ်ပိုက်နဲ့ တိုးတက်မှုမရှိတဲ့သူအဖြစ် ကျန်နေခဲ့တတ်ပါတယ်။ လက်မှတ်တွေက အရေးကြီးတာ မှန်ပါတယ် ဒါပေမယ့် လက်မှတ်နဲ့ အတူ အရည်အချင်းကိုလည်း ကြည့်ကြတယ်ဆိုတာကိုတော့ မမေ့မလျော့ သတိချပ်စေချင်ပါတယ်နော်။ လက်မှတ်ရတိုင်း အဆင်ပြေပြီဆိုတဲ့ ဂျင်းမမိဖို့ ကြိုးစားသင့်ပါပြီ။

 

 

၂. လမ်းပျောက်ခြင်း
လူငယ်တွေအကြား ဘယ်လမ်းလိုက်ရမယ်မှန်း မသိတာ၊ ကိုယ့်တကယ့် ရည်မှန်းချက် စိတ်ဝင်စားရာကို ရှာမတွေ့သေးတာမျိုးက ဖြစ်နေကျကိစ္စတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက လက်တွေ့မပါသော လမ်းပျောက်ခြင်း မဖြစ်ဖို့တော့ လိုပါတယ်။ တစ်နေကုန် ဖုန်းလေးသုံးလိုက်၊ အိပ်လိုက် စားလိုက်၊ သင်ယူမှုမရှိ၊ လေ့လာမှုမရှိ၊ Self-study မရှိ ပြီးရင် ဘယ်လမ်းလိုက်ရမလဲမသိဘူး၊ ဘာစိတ်ဝင်စားလဲ မသိဘူး လို့အော်မယ် ဆိုရင်တော့ ကိုယ့်အပြစ်ဖြစ်သွားပါပြီ။ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ဖို့နဲ့ ကိုယ့်ပန်းတိုင်ကို သတ်မှတ်ဖို့က ကျွန်တော်တို့ ကိုယ်တိုင်ရဲ့ တာဝန်ပါ… ဒါကို ဘယ်သူမှ လာသတ်မှတ်ပေးလို့ မရပါဘူး။ ဒါကြောင့် ဘာမှမလုပ်ဘဲ ထိုင်နေပြီး လမ်းပျောက်နေတယ် ဆိုတဲ့ အတွေးတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ဂျင်းထည့်နေတာ ရပ်လိုက်သင့်ပါပြီ။

 

 

၃. Social Media ဂျင်း
Social Media ကို လိုတာထက် ပိုအလေးထားတဲ့အခါ အဲဒါဂျင်းအကြီးကြီး ဖြစ်လာတော့တာပါပဲ။ Social Media ပေါ်က မြင်တာတွေကို အားကျတယ်၊ အိပ်မက်မက်တယ်၊ Social Media ကြောင့် စိတ်အားငယ်ရတယ်၊ ကိုယ့်ဘဝကို စိတ်ပျက်ဝမ်းနည်းရတယ်၊ relationships ပြဿနာတွေ တက်ရတယ်… ဖြစ်ပျက်တာတွေ အမျိုးမျိုးပေါ့။ Social media မှာပဲ အများအားဖြင့် အချိန်ကုန်နေပြီး ဒါကိုပဲ ဂရုစိုက်ခံစားနေတဲ့အခါ တကယ့်ဘဝနဲ့ Social media ကိုရောထွေးလာပြီး ကိုယ့်အတွက် အဟန့်အတားတစ်ခု၊ ယိုပေါက်ကြီးတစ်ခု ဖြစ်လာ တာပါပဲ… ကိုယ့်ကိုယ်ကိုယ် ဂျင်းအကြီးကြီး ထည့်နေတာပေါ့။ ဒါကြောင့် ကျွန်တော်တို့ လူငယ်တွေအနေနဲ့ Social Media သုံးကြတဲ့အခါမှာ တော်သင့်သလို ချင့်ချိန် သုံးကြနိုင်ဖို့ရယ်၊ ဒီအရာအတွက် အရမ်းကြီး အာရုံစိုက် အလေးမပေးမိဖို့ရယ်၊ တကယ့်လက်တွေ့ဘဝကို မေ့မထားမိစေဖို့ Social Media ဂျင်းမမိအောင် သတိချပ်ပေးပါနော်။

 

 

၄. စိတ်ကျရောဂါ
လူငယ်ဘဝမှာ ကိစ္စတော်တော်များများက ခက်ခဲနေတာ မှန်ကောင်း မှန်ပါလိမ့်မယ်။ တကယ့်ဘဝထဲ ခြေစုံပစ် ဝင်လာကြရတဲ့အခါ စိန်ခေါ်မှုတွေနဲ့ ခယောင်းလမ်းကို ကျွန်တော်တို့ ဖြတ်လျှောက်ရတတ်တာ သဘာဝတစ်ခု ဖြစ်ပါတယ်။ ဆိုတော့ အရာအားလုံးကို ကျွန်တော်တို့ အပြစ်တင်နေလို့ မရပါဘူး။ အခုခေတ်မှာ ဖြစ်နေကြတာက ဘာကိစ္စပဲ ဖြစ်လာ ဖြစ်လာ Depression ဝင်သွားပြီ ဆိုတဲ့စကားကို လွယ်လွယ်သုံးတတ်ကြတာပါ။ ဒီနေရာမှာ စိတ်ညစ်တာနဲ့ Depression ကို မမှားစေချင်ပါဘူး။ Depression ဆိုတာ လုပ်ယူရတဲ့အရာ မဟုတ်သလို အပျော်တမ်း ကစားစရာလည်း မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် စိတ်ကျရောဂါဇာတ် မသွင်းပါနဲ့။ စိတ်ညစ်စရာတွေ ပြဿနာတွေဆိုတာ ကျွန်တော်တို့ ရင်ဆိုင်ရမယ့်အရာ၊ ဖြေရှင်းရမယ့်အရာ၊ ကျော်လွှားရမယ့်အရာ၊ သင်ခန်းစာယူရမယ့်အရာတွေ ဖြစ်ပါတယ်။ ဒါကြောင့် ခက်ခဲပေမယ့် ဒါတွေကြုံလာရင် Depression ဆိုတဲ့ စကားနောက်မှာ ပုန်းမနေပါနဲ့။ ဒါဟာလည်း ကိုယ့်ကိုယ်ကိုယ် လိမ်ညာနေတာပဲမို့ ကိုယ်တိုင်သေချာ စဉ်းစားပါနော်။

 

 

၅. သူများပြောတိုင်းနားယောင်တာ
လူတွေ ပြောကြပါလိမ့်မယ်… အကြံပေးစကားတွေ၊ ဝေဖန်မှုတွေ၊ ကဲ့ရဲ့လှောင်ပြောင်မှုတွေ၊ ချီးကျူးစကားတွေ အမျိုးမျိုးပေါ့။ ကျွန်တော်လည်း တစ်ခါတစ်လေ ချီးကျူးစကားတွေမှာ သာယာနှစ်မြောတတ်သလို ဝေဖန်မှုတွေ အောက်မှာ စိတ်အားငယ်သွားတတ်တယ်၊ အကြံပေးစကားတွေနောက်မှာ ဝေခွဲမရ ဖြစ်ရပြန်တယ်။
ကျွန်တော်တို့ လူငယ်တွေဟာ စိတ်ခံစားလွယ်တယ်၊ စိတ်ထိခိုက်လွယ်တယ်၊ အောင်မြင်ချင်ဇောကြီးတယ်၊ စိတ်မြန်တယ် အဲလိုဗီဇလေးတွေ ရှိနေလေတော့ ဝေဖန်မှုတွေကို အရမ်းအာရုံစိုက်နေမိတာမျိုးတွေ၊ ချီးကျူးစကားတွေကြောင့် ဘဝင်လေဟပ်နေတာတွေ ဖြစ်တတ်ပါတယ်။ ပြီးတော့ သူများက ဒါကောင်းတယ်ဆိုတိုင်း လွယ်လွယ်ကူကူယုံ၊ နင်ကဘယ်နေရာ ဘာဖြစ်နေတယ်ဆိုတိုင်း အရမ်းတွေ စိတ်ညစ်သွားတာမျိုး… သူများပြောတိုင်း လွယ်လွယ်နားယောင်တတ်တာလေးကို ပြင်ဖို့ လိုပါတယ်။ အဓိက ကိုယ့်ကိုယ်ကိုယ် စဉ်းစားချင့်ချိန်ဖို့ရယ်၊ ကိုယ်ပိုင်ဆုံးဖြတ်ချက် ချဖို့ရယ်၊ ယုံကြည်မှုရှိဖို့ကို မမေ့ပါနဲ့။ ဘယ်သူတွေ ဘာပြောပြော ကိုယ့်ဘဝရဲ့ လမ်းကြောင်းက ကိုယ့်ဆုံးဖြတ်ချက်အတိုင်း သွားမှာမို့ ကြားရသမျှကို မျက်စိမှိတ် မယုံလိုက်ပါနဲ့နော်။ ဒီအချက်ကတော့ ကျွန်တော်ကိုယ်တိုင်လည်း ပြင်ဖို့လိုနေတာမို့ အတူူတူပြင်ပြီး ကြိုးစားကြတာပေ့ါ။

 

 

၆. ငွေနောက်လိုက်မိတဲ့အခါ
ဒီတစ်ချက်ကတော့ ကျွန်တော်လည်း ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးနေရတဲ့ အရာပါ။ ငွေကို ဒုတိယ ဘုရားသခင် အနေနဲ့ တင်စားကြပေမယ့်လည်း ဘဝမှာ ငွေထက် ပိုအရေးပါတဲ့အရာတွေ ရှိနေပါသေးတယ်… မိသားစု၊ သူငယ်ချင်း၊ ချစ်ခြင်းမေတ္တာ၊ ပညာ၊ ကျွမ်းကျင်မှု၊ ဗဟုသုတ.. အများကြီးပေါ့။ တစ်ခါတစ်လေ ကျွန်တော်လည်း ပိုက်ဆံများများ ရှာမှဖြစ်မယ် ဆိုပြီး ကိုယ့်ဘေးနားက တန်ဖိုးရှိတဲ့အရာတွေ၊ ကျွန်တော်တကယ်သင်ယူသင့်တဲ့အရာတွေကို သတိမပြုမိတဲ့ အချိန်တွေ ရှိတတ်ပါတယ်။ ပြီးမှာ ငွေက အရေးကြီးဆုံးမှ မဟုတ်တာ… တခြားအရာတွေကြည့်ဖို့ ငါမေ့နေခဲ့တာပဲ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပိုက်ဆံရှိရင် အရာအားလုံး အဆင်ပြေတယ်လို့ ဂျင်းထည့်နေခဲ့မှန်း ပြန်သဘောပေါက်လာတယ်။ ကျွန်တော့်လို ကြုံဖူးတဲ့သူတစ်ချို့ ရှိမှာပါ။ ငွေက အရေးကြီးပေမယ့်… နေရာတော်တော်များများမှာ ငွေဆိုတာ လိုအပ်နေပေမယ့်… ငွေနောက်လိုက်ပြီး တကယ့် တန်ဖိုးကို လက်မလွှတ်မိစေဖို့ ဂရုစိုက်ပါနော်။

 

 

Credit : Live The Dream

 

Zawgyi ျဖင့္ဖတ္ရန္

"လူငယ္ေတြ မိတတ္ၾကတဲ့ ဂ်င္းေပါင္း ခ်ဳပ္"
ကြၽန္ေတာ္တို႔ လူငယ္ေတြဟာ ကိုယ့္ကိုယ္ကိုယ္ ဂ်င္းထည့္တတ္ၾကတယ္ဆိုတာ သိပါသလား။ ဒီတစ္ခါေတာ့ သူမ်ားေၾကာင့္မိတဲ့ ဂ်င္းမဟုတ္ဘဲနဲ႔ ကိုယ္ကိုယ္တိုင္ ဂ်င္းထည့္ၿပီး ကိုယ္တိုင္ျပန္မိရတဲ့ ဂ်င္းအေၾကာင္း ေျပာခ်င္ပါတယ္။ လူငယ္ဘဝ အပိုင္းအျခားဟာ လမ္းစရွာေဖြေနဆဲကာလ၊ ကိုယ့္ကိုယ္ကိုယ္ ေမးခြန္းထုတ္တဲ့ ကာလ၊ ေအာင္ျမင္ခ်င္ၾကတဲ့ကာလ၊ စိတ္ကူးယဥ္ဆန္ခ်င္တဲ့ကာလတစ္ခု ျဖစ္တာေၾကာင့္ ကြၽန္ေတာ္တို႔ေတာင္ မသိလိုက္ခင္ မွာပဲ တစ္ခ်ိဳ႕မလိုတဲ့အရာေတြကို ယုန္ထင္ေၾကာင္ထင္နဲ႔ လွမ္းမိတတ္ၾကတဲ့ အခ်ိန္ေတြရွိပါတယ္။ ဒါေၾကာင့္ လတ္တေလာမွာ လူငယ္ေတြအၾကား အျဖစ္မ်ားေနတာေလးေတြ၊ အျမင္မွားေနတာေလးေတြ ေျပာရရင္ ကိုယ္တိုင္ ျပန္ထည့္ေသာ လူငယ္ေတြမိတတ္ၾကတဲ့ ဂ်င္းေတြအေၾကာင္းေလး ျမင္မိသေလာက္ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

 


၁. လက္မွတ္ေတြလိုက္စုတာ
ကြၽန္ေတာ္တို႔ ပတ္ဝန္းက်င္က လူငယ္ေတြအၾကား လက္မွတ္ရဖို႔တစ္ခုအတြက္နဲ႔ သင္တန္းလိုက္တက္ေနၾကသူေတြ အမ်ားႀကီး ရွိပါတယ္။ တစ္ခ်ိဳ႕ကေတာ့ အလုပ္ေၾကာင့္ ဒါမွမဟုတ္ တျခားအေၾကာင္းတစ္ခုခုေၾကာင့္ လိုအပ္လို႔ တက္ၾကတာမ်ိဳးေတြ ရွိပါတယ္… ဒါကေတာ့ လိုအပ္တာေၾကာင့္မို႔ တစ္က႑ဆိုေပမယ့္ တစ္ခ်ိဳ႕က် လက္မွတ္ရရင္ ၿပီးတာပဲ ဆိုတဲ့စိတ္မ်ိဳးနဲ႔ သင္တာေတြလည္း စိတ္မဝင္စား၊ စာလည္းေသခ်ာမလုပ္၊ အတန္းလည္း မမွန္ အဲလိုေတြ ရွိပါတယ္။
အဲေတာ့ သင္တန္းသာၿပီးသြားတယ္၊ လက္မွတ္ေတြသာ ရသြားတယ္၊ ဒီသင္တန္းကေန ဘာသင္ယူလာ ခဲ့ရသလဲ… ဘာလုပ္တတ္သြားလဲ… ဘယ္လိုတိုးတက္လာလဲ ေမးရင္ ဒုံးရင္းက ဒုံးရင္းပဲ။ လက္မွတ္ တစ္ေပြ႕တစ္ပိုက္နဲ႔ တိုးတက္မႈမရွိတဲ့သူအျဖစ္ က်န္ေနခဲ့တတ္ပါတယ္။ လက္မွတ္ေတြက အေရးႀကီးတာ မွန္ပါတယ္ ဒါေပမယ့္ လက္မွတ္နဲ႔ အတူ အရည္အခ်င္းကိုလည္း ၾကည့္ၾကတယ္ဆိုတာကိုေတာ့ မေမ့မေလ်ာ့ သတိခ်ပ္ေစခ်င္ပါတယ္ေနာ္။ လက္မွတ္ရတိုင္း အဆင္ေျပၿပီဆိုတဲ့ ဂ်င္းမမိဖို႔ ႀကိဳးစားသင့္ပါၿပီ။

 

 

၂. လမ္းေပ်ာက္ျခင္း
လူငယ္ေတြအၾကား ဘယ္လမ္းလိုက္ရမယ္မွန္း မသိတာ၊ ကိုယ့္တကယ့္ ရည္မွန္းခ်က္ စိတ္ဝင္စားရာကို ရွာမေတြ႕ေသးတာမ်ိဳးက ျဖစ္ေနက်ကိစၥတစ္ခု ျဖစ္ပါတယ္။ ဒါေပမယ့္ တစ္ခုရွိတာက လက္ေတြ႕မပါေသာ လမ္းေပ်ာက္ျခင္း မျဖစ္ဖို႔ေတာ့ လိုပါတယ္။ တစ္ေနကုန္ ဖုန္းေလးသုံးလိုက္၊ အိပ္လိုက္ စားလိုက္၊ သင္ယူမႈမရွိ၊ ေလ့လာမႈမရွိ၊ Self-study မရွိ ၿပီးရင္ ဘယ္လမ္းလိုက္ရမလဲမသိဘူး၊ ဘာစိတ္ဝင္စားလဲ မသိဘူး လို႔ေအာ္မယ္ ဆိုရင္ေတာ့ ကိုယ့္အျပစ္ျဖစ္သြားပါၿပီ။ ကိုယ့္ကိုယ္ကိုယ္ ဆန္းစစ္ဖို႔နဲ႔ ကိုယ့္ပန္းတိုင္ကို သတ္မွတ္ဖို႔က ကြၽန္ေတာ္တို႔ ကိုယ္တိုင္ရဲ႕ တာဝန္ပါ… ဒါကို ဘယ္သူမွ လာသတ္မွတ္ေပးလို႔ မရပါဘူး။ ဒါေၾကာင့္ ဘာမွမလုပ္ဘဲ ထိုင္ေနၿပီး လမ္းေပ်ာက္ေနတယ္ ဆိုတဲ့ အေတြးေတြနဲ႔ ကိုယ့္ကိုယ္ကိုယ္ ဂ်င္းထည့္ေနတာ ရပ္လိုက္သင့္ပါၿပီ။

 

 

၃. Social Media ဂ်င္း
Social Media ကို လိုတာထက္ ပိုအေလးထားတဲ့အခါ အဲဒါဂ်င္းအႀကီးႀကီး ျဖစ္လာေတာ့တာပါပဲ။ Social Media ေပၚက ျမင္တာေတြကို အားက်တယ္၊ အိပ္မက္မက္တယ္၊ Social Media ေၾကာင့္ စိတ္အားငယ္ရတယ္၊ ကိုယ့္ဘဝကို စိတ္ပ်က္ဝမ္းနည္းရတယ္၊ relationships ျပႆနာေတြ တက္ရတယ္… ျဖစ္ပ်က္တာေတြ အမ်ိဳးမ်ိဳးေပါ့။ Social media မွာပဲ အမ်ားအားျဖင့္ အခ်ိန္ကုန္ေနၿပီး ဒါကိုပဲ ဂ႐ုစိုက္ခံစားေနတဲ့အခါ တကယ့္ဘဝနဲ႔ Social media ကိုေရာေထြးလာၿပီး ကိုယ့္အတြက္ အဟန႔္အတားတစ္ခု၊ ယိုေပါက္ႀကီးတစ္ခု ျဖစ္လာ တာပါပဲ… ကိုယ့္ကိုယ္ကိုယ္ ဂ်င္းအႀကီးႀကီး ထည့္ေနတာေပါ့။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ လူငယ္ေတြအေနနဲ႔ Social Media သုံးၾကတဲ့အခါမွာ ေတာ္သင့္သလို ခ်င့္ခ်ိန္ သုံးၾကႏိုင္ဖို႔ရယ္၊ ဒီအရာအတြက္ အရမ္းႀကီး အာ႐ုံစိုက္ အေလးမေပးမိဖို႔ရယ္၊ တကယ့္လက္ေတြ႕ဘဝကို ေမ့မထားမိေစဖို႔ Social Media ဂ်င္းမမိေအာင္ သတိခ်ပ္ေပးပါေနာ္။

 

 

၄. စိတ္က်ေရာဂါ
လူငယ္ဘဝမွာ ကိစၥေတာ္ေတာ္မ်ားမ်ားက ခက္ခဲေနတာ မွန္ေကာင္း မွန္ပါလိမ့္မယ္။ တကယ့္ဘဝထဲ ေျခစုံပစ္ ဝင္လာၾကရတဲ့အခါ စိန္ေခၚမႈေတြနဲ႔ ခေယာင္းလမ္းကို ကြၽန္ေတာ္တို႔ ျဖတ္ေလွ်ာက္ရတတ္တာ သဘာဝတစ္ခု ျဖစ္ပါတယ္။ ဆိုေတာ့ အရာအားလုံးကို ကြၽန္ေတာ္တို႔ အျပစ္တင္ေနလို႔ မရပါဘူး။ အခုေခတ္မွာ ျဖစ္ေနၾကတာက ဘာကိစၥပဲ ျဖစ္လာ ျဖစ္လာ Depression ဝင္သြားၿပီ ဆိုတဲ့စကားကို လြယ္လြယ္သုံးတတ္ၾကတာပါ။ ဒီေနရာမွာ စိတ္ညစ္တာနဲ႔ Depression ကို မမွားေစခ်င္ပါဘူး။ Depression ဆိုတာ လုပ္ယူရတဲ့အရာ မဟုတ္သလို အေပ်ာ္တမ္း ကစားစရာလည္း မဟုတ္ပါဘူး။ ကိုယ့္ကိုယ္ကိုယ္ စိတ္က်ေရာဂါဇာတ္ မသြင္းပါနဲ႔။ စိတ္ညစ္စရာေတြ ျပႆနာေတြဆိုတာ ကြၽန္ေတာ္တို႔ ရင္ဆိုင္ရမယ့္အရာ၊ ေျဖရွင္းရမယ့္အရာ၊ ေက်ာ္လႊားရမယ့္အရာ၊ သင္ခန္းစာယူရမယ့္အရာေတြ ျဖစ္ပါတယ္။ ဒါေၾကာင့္ ခက္ခဲေပမယ့္ ဒါေတြႀကဳံလာရင္ Depression ဆိုတဲ့ စကားေနာက္မွာ ပုန္းမေနပါနဲ႔။ ဒါဟာလည္း ကိုယ့္ကိုယ္ကိုယ္ လိမ္ညာေနတာပဲမို႔ ကိုယ္တိုင္ေသခ်ာ စဥ္းစားပါေနာ္။

 

 

၅. သူမ်ားေျပာတိုင္းနားေယာင္တာ
လူေတြ ေျပာၾကပါလိမ့္မယ္… အႀကံေပးစကားေတြ၊ ေဝဖန္မႈေတြ၊ ကဲ့ရဲ႕ေလွာင္ေျပာင္မႈေတြ၊ ခ်ီးက်ဴးစကားေတြ အမ်ိဳးမ်ိဳးေပါ့။ ကြၽန္ေတာ္လည္း တစ္ခါတစ္ေလ ခ်ီးက်ဴးစကားေတြမွာ သာယာႏွစ္ေျမာတတ္သလို ေဝဖန္မႈေတြ ေအာက္မွာ စိတ္အားငယ္သြားတတ္တယ္၊ အႀကံေပးစကားေတြေနာက္မွာ ေဝခြဲမရ ျဖစ္ရျပန္တယ္။
ကြၽန္ေတာ္တို႔ လူငယ္ေတြဟာ စိတ္ခံစားလြယ္တယ္၊ စိတ္ထိခိုက္လြယ္တယ္၊ ေအာင္ျမင္ခ်င္ေဇာႀကီးတယ္၊ စိတ္ျမန္တယ္ အဲလိုဗီဇေလးေတြ ရွိေနေလေတာ့ ေဝဖန္မႈေတြကို အရမ္းအာ႐ုံစိုက္ေနမိတာမ်ိဳးေတြ၊ ခ်ီးက်ဴးစကားေတြေၾကာင့္ ဘဝင္ေလဟပ္ေနတာေတြ ျဖစ္တတ္ပါတယ္။ ၿပီးေတာ့ သူမ်ားက ဒါေကာင္းတယ္ဆိုတိုင္း လြယ္လြယ္ကူကူယုံ၊ နင္ကဘယ္ေနရာ ဘာျဖစ္ေနတယ္ဆိုတိုင္း အရမ္းေတြ စိတ္ညစ္သြားတာမ်ိဳး… သူမ်ားေျပာတိုင္း လြယ္လြယ္နားေယာင္တတ္တာေလးကို ျပင္ဖို႔ လိုပါတယ္။ အဓိက ကိုယ့္ကိုယ္ကိုယ္ စဥ္းစားခ်င့္ခ်ိန္ဖို႔ရယ္၊ ကိုယ္ပိုင္ဆုံးျဖတ္ခ်က္ ခ်ဖို႔ရယ္၊ ယုံၾကည္မႈရွိဖို႔ကို မေမ့ပါနဲ႔။ ဘယ္သူေတြ ဘာေျပာေျပာ ကိုယ့္ဘဝရဲ႕ လမ္းေၾကာင္းက ကိုယ့္ဆုံးျဖတ္ခ်က္အတိုင္း သြားမွာမို႔ ၾကားရသမွ်ကို မ်က္စိမွိတ္ မယုံလိုက္ပါနဲ႔ေနာ္။ ဒီအခ်က္ကေတာ့ ကြၽန္ေတာ္ကိုယ္တိုင္လည္း ျပင္ဖို႔လိုေနတာမို႔ အတူူတူျပင္ၿပီး ႀကိဳးစားၾကတာေပ့ါ။

 

 

၆. ေငြေနာက္လိုက္မိတဲ့အခါ
ဒီတစ္ခ်က္ကေတာ့ ကြၽန္ေတာ္လည္း ကိုယ့္ကိုယ္ကိုယ္ ျပန္သတိေပးေနရတဲ့ အရာပါ။ ေငြကို ဒုတိယ ဘုရားသခင္ အေနနဲ႔ တင္စားၾကေပမယ့္လည္း ဘဝမွာ ေငြထက္ ပိုအေရးပါတဲ့အရာေတြ ရွိေနပါေသးတယ္… မိသားစု၊ သူငယ္ခ်င္း၊ ခ်စ္ျခင္းေမတၱာ၊ ပညာ၊ ကြၽမ္းက်င္မႈ၊ ဗဟုသုတ.. အမ်ားႀကီးေပါ့။ တစ္ခါတစ္ေလ ကြၽန္ေတာ္လည္း ပိုက္ဆံမ်ားမ်ား ရွာမွျဖစ္မယ္ ဆိုၿပီး ကိုယ့္ေဘးနားက တန္ဖိုးရွိတဲ့အရာေတြ၊ ကြၽန္ေတာ္တကယ္သင္ယူသင့္တဲ့အရာေတြကို သတိမျပဳမိတဲ့ အခ်ိန္ေတြ ရွိတတ္ပါတယ္။ ၿပီးမွာ ေငြက အေရးႀကီးဆုံးမွ မဟုတ္တာ… တျခားအရာေတြၾကည့္ဖို႔ ငါေမ့ေနခဲ့တာပဲ ဆိုၿပီး ကိုယ့္ကိုယ္ကိုယ္ ပိုက္ဆံရွိရင္ အရာအားလုံး အဆင္ေျပတယ္လို႔ ဂ်င္းထည့္ေနခဲ့မွန္း ျပန္သေဘာေပါက္လာတယ္။ ကြၽန္ေတာ့္လို ႀကဳံဖူးတဲ့သူတစ္ခ်ိဳ႕ ရွိမွာပါ။ ေငြက အေရးႀကီးေပမယ့္… ေနရာေတာ္ေတာ္မ်ားမ်ားမွာ ေငြဆိုတာ လိုအပ္ေနေပမယ့္… ေငြေနာက္လိုက္ၿပီး တကယ့္ တန္ဖိုးကို လက္မလႊတ္မိေစဖို႔ ဂ႐ုစိုက္ပါေနာ္။

 

 

Credit : Live The Dream

Read times
Rate this articles
(2 votes)