×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Wednesday, 25 March 2020

Covid - 19 ကူးစက်မှုမှ ကာကွယ်ဖို့ သင့်အိမ်ကိုလည်း ပိုးသတ်၊ သန့်ရှင်းရေးလုပ်ကြပါ။

Covid - 19 ကူးစက်မှုမှ ကာကွယ်ဖို့ သင့်အိမ်ကိုလည်း ပိုးသတ်၊ သန့်ရှင်းရေးလုပ်ကြပါ။ google

Covid - 19 ကူးစက်မှုမှ ကာကွယ်ဖို့ သင့်အိမ်ကိုလည်း ပိုးသတ်၊ သန့်ရှင်းရေးလုပ်ကြပါ။ 

Work from home တွေ အတော်များများက ဖြစ်နေကြပြီဆိုတော့ အိမ်တွင်းအောင်းပြီး အလုပ်လုပ်နိုင်ဖို့အတွက် ကိုယ့်အိမ်တွင်းမှာ Covid -–19 ဝင်ရောက်ခိုကပ်မနေနိုင်ဖို့ အိမ်တွင်းပိုးသတ်တဲ့နည်းလမ်းကို ပြောပြပေးချင်ပါတယ်။

Covid -19 က အပြင်ကနေပြန်လာရာမှ သင့်လက်၊ သင့်ခန္ဓာကိုယ် ၊ သင့်အဝတ်အစား တစ်ခုခုကနေ ကပ်ပါလာမယ်ဆိုရင် သင့်အိမ်တွင်းပစ္စည်းတွေကိုလည်း ကပ်ညှိနေနိုင်ပါတယ်။ အဲဒါကြောင့် ကိုယ့်အိမ်လေးကို တစ်ပတ်မှာ နှစ်ခါ(သို့) သုံးခါလောက် ပိုးသတ်မှ စိတ်ချရမှာဖြစ်ပါတယ်။ အပြင်ထွက်ရင် ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့လိုသလို ကိုယ့်အမြဲနေမယ့် အိမ်ဂေဟာကိုလည်း ပိုးသတ်ဖို့လိုပါတယ်။


၁) Mask / လက်အိတ် ဝတ်ဆင်ပြီးမှ သန့်ရှင်းရေးကို စတင်ပါ။

ပထမဆုံး သန့်ရှင်းရေးလုပ်တော့မယ်ဆိုတာနဲ့ ကိုယ့်မျက်နှာကို Mask တပ်ပါ။ လက်အိတ်ဝတ်ဆင်ပြီးမှ ဆပ်ပြာရည်ကို spray ဖြန်းတဲ့ ဗူးထဲ ထည့်တာဖြစ်ဖြစ်၊ Dettol လို ပိုးသတ်ဆေးမျိုးကိုဖြစ်ဖြစ် သုံးပြီး သန့်ရှင်းရေးလုပ်ဖို့လိုပါတယ်။


၂) အိမ်တွင်းက ပစ္စည်းတွေ စုပုံနေတာမျိုးကို ရှင်းလင်းပါ။

စုပုံနေတာမျိုးတွေကနေ ဖုန်တွေ ဘက်တီးရီးယားတွေ ကပ်ညှိနေနိုင်ပါတယ်။ အဲဒါတွေကို အရင်ဆုံးရှင်းပစ်လိုက်ပါ။ ဖုန်သုတ်ပါ။ စုပုံနေတာတွေကို သူ့နေရာနဲ့သူစီလိုက်ပါ။


၃) အိမ်ရဲ့ လူစုံထိတွေ့ကိုင်တွယ်တဲ့နေရာတွေကိုသန့်ရှင်းပါ။ 

အိမ်ကို အပြင်ကပြန်လာတာနဲ့ စကိုင်တွယ်တဲ့ တံခါး၊ တံခါးလော့၊ လှေကားသံပန်း၊ တံခါးဘောင်၊ မီးခလုတ်တွေ၊ အိမ်သာ၊ ကြမ်းပြင်စတာတွေကို သန့်ရှင်းပေးပါ။ Television remote control တွေ၊ အိမ်သာတံခါးလော့တွေ၊ ရေချိုးခန်းတံခါးလော့တွေ စသဖြင့်ပိုပြီး ပိုးကပ်နိုင်တဲ့နေရာတွေပါ။


၄) ဆိုဖာ၊ ခေါင်းအုံး၊ အိပ်ရာခင်းတွေကို သန့်ရှင်းပါ။

အိပ်ရာကလည်း အရေးကြီးပါတယ်။ အိမ်ခန်းတွင်း သန့်ရှင်းရေးလုပ်ပေးပါ။ ဆပ်ပြာရည်ကို Spary ဗူးထဲထည့်ပြီး ဖျန်းနိုင်တယ်လို့လည်း ဆိုကြပါတယ်။ အိပ်ရာခင်းတွေကို တစ်ပတ် ၂နှစ်လောက် လဲပေးပါ။


၅) အမှိုက်ကို စနစ်တကျစွန့်ပစ်ပါ။ 

အပြင်က ပြန်လာတဲ့အခါ တပ်ထားတဲ့ mask တွေ၊ လက်အိတ်တွေ စွန့်ပစ်ထားတာမို့ အမှိုက်ဗုံးကိုလည်း သေချာ အမှိုက်အိတ်နဲ့စနစ်တကျစွန့်ပစ်ပါ။ အမှိုက်ပစ်တဲ့အခါ လက်အိတ်စွပ်ပါ။ အမှိုက်ပစ်ပြီးတာနဲ့ လက်ကို သေချာပြန်ဆေးကြောပါ။ 

အိမ်ပြင်ကိုလည်း လိုအပ်မှ မဖြစ်မနေထွက်ကြမယ်၊ ကိုယ့်နေထိုင်တဲ့အိမ်ထဲမှာလည်း ပိုးမခိုအောင်းနိုင်အောင် သေချာသန့်ရှင်းရေးလုပ်ကြမယ်ဆိုရင် ပိုးကြာကြာ အိမ်ထဲမနေနိုင်တဲ့အတွက် ကိုယ့်ရဲ့ကျန်းမာရေးကိုလည်း ကာကွယ်ပြီးသားဖြစ်စေမှာပါ။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ်လည်း ကာကွယ်ပြီးသားဖြစ်အောင် ၊ ကိုယ့်မိသားစုကိုလည်း ကာကွယ်ပြီးသားဖြစ်အောင် သင့်အိမ်လေးကို အခုပဲ အလွယ်ကူဆုံးနည်းလမ်းနဲ့ ပိုးသတ်သန့်ရှင်းရေးလုပ်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။ 

(Zaw gyi)

register

Covid - 19 ကူးစက္မႈမွ ကာကြယ္ဖို႔ သင့္အိမ္ကိုလည္း ပိုးသတ္၊ သန႔္ရွင္းေရးလုပ္ၾကပါ။ 

Work from home ေတြ အေတာ္မ်ားမ်ားက ျဖစ္ေနၾကၿပီဆိုေတာ့ အိမ္တြင္းေအာင္းၿပီး အလုပ္လုပ္ႏိုင္ဖို႔အတြက္ ကိုယ့္အိမ္တြင္းမွာ Covid -–19 ဝင္ေရာက္ခိုကပ္မေနႏိုင္ဖို႔ အိမ္တြင္းပိုးသတ္တဲ့နည္းလမ္းကို ေျပာျပေပးခ်င္ပါတယ္။ Covid -19 က အျပင္ကေနျပန္လာရာမွ သင့္လက္၊ သင့္ခႏၶာကိုယ္ ၊ သင့္အဝတ္အစား တစ္ခုခုကေန ကပ္ပါလာမယ္ဆိုရင္ သင့္အိမ္တြင္းပစၥည္းေတြကိုလည္း ကပ္ညႇိေနႏိုင္ပါတယ္။ အဲဒါေၾကာင့္ ကိုယ့္အိမ္ေလးကို တစ္ပတ္မွာ ႏွစ္ခါ(သို႔) သုံးခါေလာက္ ပိုးသတ္မွ စိတ္ခ်ရမွာျဖစ္ပါတယ္။ အျပင္ထြက္ရင္ ကိုယ့္ကိုယ္ကိုယ္ကာကြယ္ဖို႔လိုသလို ကိုယ့္အၿမဲေနမယ့္ အိမ္ေဂဟာကိုလည္း ပိုးသတ္ဖို႔လိုပါတယ္။


၁) Mask / လက္အိတ္ ဝတ္ဆင္ၿပီးမွ သန႔္ရွင္းေရးကို စတင္ပါ။

ပထမဆုံး သန႔္ရွင္းေရးလုပ္ေတာ့မယ္ဆိုတာနဲ႔ ကိုယ့္မ်က္နွာကို Mask တပ္ပါ။ လက္အိတ္ဝတ္ဆင္ၿပီးမွ ဆပ္ျပာရည္ကို spray ျဖန္းတဲ့ ဗူးထဲ ထည့္တာျဖစ္ျဖစ္၊ Dettol လို ပိုးသတ္ေဆးမ်ိဳးကိုျဖစ္ျဖစ္ သုံးၿပီး သန႔္ရွင္းေရးလုပ္ဖို႔လိုပါတယ္။


၂) အိမ္တြင္းက ပစၥည္းေတြ စုပုံေနတာမ်ိဳးကို ရွင္းလင္းပါ။

စုပုံေနတာမ်ိဳးေတြကေန ဖုန္ေတြ ဘက္တီးရီးယားေတြ ကပ္ညႇိေနႏိုင္ပါတယ္။ အဲဒါေတြကို အရင္ဆုံးရွင္းပစ္လိုက္ပါ။ ဖုန္သုတ္ပါ။ စုပုံေနတာေတြကို သူ႔ေနရာနဲ႔သူစီလိုက္ပါ။


၃) အိမ္ရဲ႕ လူစုံထိေတြ႕ကိုင္တြယ္တဲ့ေနရာေတြကိုသန႔္ရွင္းပါ။ 

အိမ္ကို အျပင္ကျပန္လာတာနဲ႔ စကိုင္တြယ္တဲ့ တံခါး၊ တံခါးေလာ့၊ ေလွကားသံပန္း၊ တံခါးေဘာင္၊ မီးခလုတ္ေတြ၊ အိမ္သာ၊ ၾကမ္းျပင္စတာေတြကို သန႔္ရွင္းေပးပါ။ Television remote control ေတြ၊ အိမ္သာတံခါးေလာ့ေတြ၊ ေရခ်ိဳးခန္းတံခါးေလာ့ေတြ စသျဖင့္ပိုၿပီး ပိုးကပ္ႏိုင္တဲ့ေနရာေတြပါ။


၄) ဆိုဖာ၊ ေခါင္းအုံး၊ အိပ္ရာခင္းေတြကို သန႔္ရွင္းပါ။ 

အိပ္ရာကလည္း အေရးႀကီးပါတယ္။ အိမ္ခန္းတြင္း သန႔္ရွင္းေရးလုပ္ေပးပါ။ ဆပ္ျပာရည္ကို Spary ဗူးထဲထည့္ၿပီး ဖ်န္းႏိုင္တယ္လို႔လည္း ဆိုၾကပါတယ္။ အိပ္ရာခင္းေတြကို တစ္ပတ္ ၂ႏွစ္ေလာက္ လဲေပးပါ။

 

၅) အမႈိက္ကို စနစ္တက်စြန႔္ပစ္ပါ။ 

အျပင္က ျပန္လာတဲ့အခါ တပ္ထားတဲ့ mask ေတြ၊ လက္အိတ္ေတြ စြန႔္ပစ္ထားတာမို႔ အမႈိက္ဗုံးကိုလည္း ေသခ်ာ အမႈိက္အိတ္နဲ႔စနစ္တက်စြန႔္ပစ္ပါ။ အမႈိက္ပစ္တဲ့အခါ လက္အိတ္စြပ္ပါ။ အမႈိက္ပစ္ၿပီးတာနဲ႔ လက္ကို ေသခ်ာျပန္ေဆးေၾကာပါ။ 

အိမ္ျပင္ကိုလည္း လိုအပ္မွ မျဖစ္မေနထြက္ၾကမယ္၊ ကိုယ့္ေနထိုင္တဲ့အိမ္ထဲမွာလည္း ပိုးမခိုေအာင္းႏိုင္ေအာင္ ေသခ်ာသန႔္ရွင္းေရးလုပ္ၾကမယ္ဆိုရင္ ပိုးၾကာၾကာ အိမ္ထဲမေနႏိုင္တဲ့အတြက္ ကိုယ့္ရဲ႕က်န္းမာေရးကိုလည္း ကာကြယ္ၿပီးသားျဖစ္ေစမွာပါ။ အဲဒါေၾကာင့္ ကိုယ့္ကိုယ္ကိုယ္လည္း ကာကြယ္ၿပီးသားျဖစ္ေအာင္ ၊ ကိုယ့္မိသားစုကိုလည္း ကာကြယ္ၿပီးသားျဖစ္ေအာင္ သင့္အိမ္ေလးကို အခုပဲ အလြယ္ကူဆုံးနည္းလမ္းနဲ႔ ပိုးသတ္သန႔္ရွင္းေရးလုပ္ၾကပါလို႔ တိုက္တြန္းလိုက္ရပါတယ္။ 

Credit : Bawa101

Read times Last modified on Wednesday, 25 March 2020 16:34
Rate this articles
(0 votes)