×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Monday, 20 April 2020

Professionalism In the Workplace

Professionalism In the Workplace

အလုပ်ခွင်မှာ “Professional” ကျကျပြုမူဖို့ မကြာခဏဆိုသလိုပြောတာတွေ ကြားရတတ်ပါတယ်။ သူများထက် ခြေတစ်လှမ်း ပိုသာချင်ရင် အလုပ်ကို စေ့စပ်သေချာစွာပြုလုပ်ဖို့ လိုအပ်သည့်အပြင် ကိုယ့် အလုပ်ရှင်က ကိုယ့်ကိုအဖွဲ့အစည်းရဲ့မရှိအဖြစ်လိုအပ် သည့်သူအဖြစ် မြင်လာအောင် အလုပ်တွေကို professional ကျကျ လုပ်ဆောင်ရန် အရေးကြီးပါ တယ်။ မြင့်မားတဲ့လစာ၊ သင့်တင့်မျှတတဲ့အလုပ်ချိန်၊ တိုးတက်ဖို့ အခွင့်အလမ်းရှိတဲ့ ရာထူးနေရာ၊ ကောင်းမွန် တဲ့ အကျိုးခံစားခွင့်တွေရှိနေတဲ့ သင်အိပ်မက်ခဲ့ရတဲ့ လုပ်ငန်းခွင်မှာ အလုပ်ရခဲ့ပြီဆိုပါစို့။ အရာအားလုံး အဆင်ပြေနေပေမဲ့လုပ်ငန်းခွင်အတွင်းမှာ အောင်မြင်မှု ကို ထိန်းသိမ်းထားနိုင်ဖို့ သင်အမြဲလိုက်နာကျင့်သုံး ရမယ့်လမ်းညွှန်ချက်တချို့ ရှိနေပါတယ်။

 

အလုပ်ရှင်က ဘာတွေမျှော်မှန်းထားသလဲ ဆို တာ သိအောင်လုပ်ပါ...
သင်လက်ရှိ အလုပ်ဝင်နေတဲ့ ကုမ္ပဏီရဲ့ ရပ်တည်ချက်တွေ၊ ထုံးစံတွေ၊ ရုံးတွင်းလူမှုရေး အခြေ အနေတွေ၊ ကုမ္ပဏီက သတ်မှတ်ထားတဲ့ စည်းကမ်း ချက်များနဲ့ သင့်လုပ်ငန်းတာဝန်တွေကို နားလည်နေဖို့ လိုအပ်ပါတယ်။ သင့်အလုပ်ရှင်က သင့်အပေါ်ဘယ်လို မျှော်လင့် ထားသလဲဆိုတာကိုလည်း အမြဲဆန်းစစ်နေ ဖို့လိုပါတယ်။

 

ကိစ္စရပ်တိုင်းမှာ ရိုးသားပါ...
ရိုးသားမှုဆိုတာ အလုပ်ခွင်မှာမှ မဟုတ်ဘဲ သင်အမြဲတမ်း စောင့်ထိန်းကျင့်သုံးရမဲ့ ကိုယ်ကျင့် တရားဖြစ်ပြီး သင့်ရဲ့တန်ဖိုးကိုညွှန်ပြနေတဲ့ ညွှန်းကိန်း တစ်ခုလည်းဖြစ်ပါတယ်။ ကိုယ်ရေးကိုယ်တာ ကိစ္စများ အတွက်ကုမ္ပဏီကလုပ်ငန်းခွင်အတွင်း ထောက်ပံ့ထား တဲ့ပစ္စည်းများကိုသုံးစွဲခြင်း၊အလုပ်ကိစ္စအကြောင်းပြလို့ အလုပ်ချိန်အတွင်း အလုပ်ကိစ္စနဲ့မပတ်သတ်ဘဲ အပြင် ခဏတဖြုတ်ထွက်ခြင်း၊ အသုံးစရိတ်များကိုမလိုအပ်ပဲ ဖြည့်ထည့်ခြင်း ဒါတွေကိုရှောင်ကြဉ်ဖို့တိုက်တွန်းလိုပါ တယ်။

 

အကောင်းမြင်စိတ်ရှိပါ...
ကိစ္စရပ်တစ်ခုဟာ ကောင်းသွားသည်ဖြစ် စေ ဆိုးသွားသည်ဖြစ်စေ အကောင်းဘက်က သုံးသပ် နိုင်ဖို့ ကြိုးစားပါ။ ကိုယ့်လုပ်ငန်းရှင်နဲ့ ပတ်သက်လို့ Professionalism In the Workplace သော်လည်း ကောင်း၊ အလုပ်ကိစ္စနဲ့ပတ်သက်လို့သော် လည်းကောင်း မကျေနပ်ကြောင်း (Complain) မပြော မိဖို့ ကြိုးစားရင်း အခြေအနေကို တည်ငြိမ်အောင် ထိန်းထားပါ။

 

အဖွဲ့အစည်း စိတ်ဓာတ်ရှိပါ...
စီးပွားရေးလောကက ဌာနအတွင်းနဲ့ ကုမ္ပဏီတစ်ခုလုံးရဲ့ လျာထားသတ်မှတ်ချက်တွေ၊ ပန်းတိုင်တွေကို ပြည့်မီအောင်အဖွဲ့အစည်းနဲ့ အလုပ် ကောင်းကောင်း လုပ်တတ်တဲ့လူတွေကိုအလွန်ချစ်ပါတယ်။ အဖွဲ့အစည်းနဲ့အလုပ်လုပ်တဲ့လူတွေက တစ်ဦး တစ်ယောက်တည်း ကိုင်တွယ်ဖြေရှင်းတတ်သူ တွေနဲ့ ယှဉ်လျှင်အကြံပြုချက်တွေ၊ တိုးတက်မှုတွေ ပိုပြီးလျင် လျင်မြန်မြန်ရရှိတတ်ပါတယ်။

 

အတင်းအဖျင်းပြောခြင်းကိုရှောင်ပါ
အပေါင်းလက္ခဏာဆောင်တဲ့ အတွေး အခေါ်ကို အမြဲတမ်းမွေးမြူပါ။ ကိုယ်နဲ့နီးစပ်တဲ့ လုပ် ဖော်ကိုင်ဖက်ကို အခြားသောလုပ်ဖော်ကိုင်ဖက် တစ်ယောက်ရဲ့ ပုဂ္ဂိုလ်ရေးနဲ့ပတ်သက်တဲ့ အကြောင်း ပြောဆိုတာမျိုး၊ကုမ္ပဏီရဲ့သတင်းအချက်အလက်တွေ မျှဝေတာမျိုးကိုရှောင်ကြဉ်ပါ။

ကောင်းမွန်တဲ့အမူအကျင့်တွေကိုကျင့်သုံးပါ...
“Cubicle etiquette” လို့တင်စား ပြောဆို ကြတဲ့ “အခန်းကျဉ်း ကျင့်ဝတ်ထုံးတမ်း”ကို အမြဲလိုက် နာကျင့်သုံးပါ။ သင်ဟာသေးငယ်တဲ့ အခန်းထဲမှာနေ ရတာ မဟုတ်ရင်တောင်မှ လုပ်ငန်းခွင်နေရာထိုင်ခင်း ကို လေးစားပြီး မျှဝေနေထိုင်တတ်ဖို့ လိုအပ်ပါတယ်။ ဖုန်းပြောတဲ့အခါမှာဖြစ်စေ၊ အခြားတစ်ယောက်နဲ့ စကားပြောတဲ့အခါမှာဖြစ်စေ အမြဲအသံကိုနှိမ့်ပြီးပြော ပါ။ ကိုယ်ပြောလိုတဲ့စကားက အလုပ်နဲ့ ပတ်သက်တဲ့ စကားဖြစ်ပါစေဦးတော့ လှမ်းပြောလိုက်မယ့်အစား ပြောလိုသူထံလျှောက်သွားပြီး ပြောလိုက်ပါ။

 

ကိုယ်ရေးကိုယ်တာ ကိစ္စတွေကိုအိမ်မှာထားခဲ့ပါ
အလုပ်ကိစ္စနဲ့ မပတ်သက်တဲ့ ကိုယ်ရေး ကိုယ်တာ ဖုန်းပြောဆိုမှုတွေနဲ့ e-mail အသုံးပြုမှုတွေ ကို အလုပ်ချိန်အတွင်း နည်းနိုင်သမျှနည်းအောင် ပြုလုပ်ထားပါ။ သင့်လုပ်ငန်းခွင်ပြင်ပ ကိုယ်ပိုင်ဘဝ အကြောင်းကိုလည်း လိုအပ်တာထက်ပိုပြီးမပြောသင့် ပါဘူး။ ပွင့်လင်းတာကောင်းပေမဲ့သင့်ရဲ့ အားသာချက် ကို သင်ကိုယ်တိုင်ကပဲ အားနည်းချက်ဖြစ်အောင်လုပ် မိသွားနိုင်ပါတယ်။

 

အစားထိုးတာဝန်များကို ကြည်ဖြူပါ...
ကိုယ့်ရဲ့တာဝန်မဟုတ်တဲ့ အခြားသော အလုပ်ကိစ္စရပ်များကို ဆောင်ရွက်ပေးဖို့ အမြဲလိုလို လားလားရှိနေပါ။ သင်အပိုထပ်ဆောင်းပြီး တာဝန်ယူ ပေးရတဲ့ အလုပ်ကစီမံကိန်းအသစ်ကို ကြီးကြပ်ရတဲ့ အရေးကြီးတာဝန်ကနေ ဖိုင်တွေစီပေးရတဲ့သေးငယ်တဲ့ အလုပ်ဖြစ်နေပါစေ ကြည်ကြည်ဖြူဖြူ ဆောင်ရွက်ပေး လိုက်ပါ။

 

နည်းပညာဆိုင်ရာ ကန့်သတ်ချက်များကို သတိ ပြုပါ...
အချို့သော ကုမ္ပဏီအများစုက သူတို့ အလုပ်သမားတွေရဲ့ အင်တာနက်နဲ့ အီးမေးလ်အသုံး ပြုမှုတွေကို စောင့်ကြည့်တဲ့စနစ်(Monitoring System) ထားလေ့ရှိပါတယ်။ ဒါ့ကြောင့်အလုပ်ခွင်ထဲမှာ ကိုယ်ရေး ကိုယ်တာအီးမေးလ်နဲ့ ဖုန်းအဆက်အသွယ်တွေလျှော့ ချလိုက်ရုံသာမကပဲ တရားမဝင် ဝက်ဘ်ဆိုက်တွေ ကြည့်ရှုခြင်းကိုလုံးဝ(လုံးဝ) မပြုလုပ်မိဖို့လိုအပ်ပါတယ်။

 

အချိန်လေးစားပါ...
ရာထူးနေရာ ကြီးကြီးကနေ သေးသေးထိ တာဝန်ယူထားရတဲ့တာဝန်ရှိသူတွေရဲ့ လုပ်ဆောင်ချက် တိုင်းဟာ ကုမ္ပဏီရဲ့ ပုံရိပ်ကို ထင်ဟပ်စေပါတယ်။ သင်က သင့်ကုမ္ပဏီရဲ့ ပုံရိပ်ဖြစ်ပါတယ်။ ဒါကြောင့် ကြီးကြီးမားမား၊ သေးသေးမွှားမွှား ကိစ္စရပ်တိုင်းမှာ အချိန်တိကျပါ။

 

သတ်မှတ်ချိန်အတွင်း အလုပ်များကို ပြီးစီး အောင်လုပ်ပါ အလုပ်ကိစ္စနဲ့ပတ်သက်ပြီး သင်ပြောဆို ထားတဲ့ စကားတိုင်းကို တည်နိုင်အောင် ကြိုးစားပါ။
အလုပ်တာဝန်များကို သတ်မှတ်ထားတဲ့အချိန်မှာ အချိန်မှီပြီးစီးအောင်ဆောင်ရွက်ပါ။ ပြီးစီးအောင်လုပ်ဖို့ ယုံကြည်ချက်မရှိရင်အထက်လူကြီးကို ကြိုတင်ပြောပြ ထားတာကလည်း ဖြေရှင်းနည်း တစ်ခုဖြစ်လာနိုင်ပါ တယ်။

 

 

Professionalism In the Workplace

 








 



 











အချိန်လေးစားပါ...




Read times
Rate this articles
(0 votes)