×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Tuesday, 23 June 2020

သင်၏ဘဝကိုမြှင့်တင်ပေးနိုင်တဲ့ Website (၂၅) ခု

သင်၏ဘဝကိုမြှင့်တင်ပေးနိုင်တဲ့ Website (၂၅) ခု

သင်ရဲ့နေ့စဉ် အချိန်တော်တော်များများကို လူမှုကွန်ယက်ပေါ်မှာပဲ ကွန်လွန်နေစေတာလား? အင်တာနက်ကို အကျိုးမရှိတဲ့ရည်ရွယ်ချက်တွေနဲ့ သုံးမိနေပြီလား?

အင်တာနက်၊ ဆိုရှယ်မီဒီယာတွေဟာ သုံးတတ်ရင်ဆေးပါ၊ မသုံးတတ်ရင်တော့ဘေးဖြစ်မှာပါ။ ဒီနေ့ခေတ်မှာ အင်တာနက်ပေါ်ကနေ လေ့လာသင်ယူစရာတွေ အများကြီးပါ။ အင်တာနက်ကို လေ့လာမှုတွေနဲ့ပြည့်နှက်နေတဲ့ ရတနာသိုက်ကြီးလို့ တင်စားမယ်ဆိုရင် မှားမယ်မထင်ပါဘူး။ ပြန်ပြီး အစားထိုးမရနိုင်တဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို ကိုယ့်ဘဝတိုးတက်စေမယ့် ဝါသနာပါရာတစ်ခုခုကို လေ့လာမယ်ဆိုရင် အကျိုးကျေးဇူးတွေ အများကြီးရရှိနိုင်မှာပဲဖြစ်ပါတယ်။

ဒီ့အတွက် ကိုယ့်ဝါသနာပါတဲ့အကြောင်းအရာတွေ၊ ဘဝတိုးတက်ရေးလမ်းကြောင်းတွေ စတာတွေကို လေ့လာသင်ယူနိုင်စေရန်ရည်ရွယ်ပြီး အားလုံးရဲ့ဘဝတွေကို မြှင့်တင်ပေးနိုင်မယ့် Website (၂၅) ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

 

1. Coursera (https://www.coursera.org/)
Coursera သည် MOOCs (Massive Open Online Courses) များကို ရာနှင့်ချီသော အဖွဲ့အစည်းများနှင့် ကျော်ကြားသော ပါမောက္ခများမှ သင်ကြားပေးနေသည့် Website တစ်ခု ဖြစ်ပါတယ်။ သင်သာဝါသနာပါမယ်ဆိုရင် သမိုင်းပညာကနေ ပရိုဂရမ်းမင်းဘာသာရပ်အထိ ကမ္ဘာ့အဆင့်အတန်းမီ ဘာသာရပ်မျိုးစုံကို မိမိနေအိမ်မှနေ၍ အခမဲ့လေ့လာနိုင်မှာဖြစ်ပါတယ်။


2. edX (https://www.edx.org/)
edX သည် ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များနှင့် အွန်လိုင်းသင်တန်းများကို သင်ကြားပေးနိုင်သော Website တစ်ခုဖြစ်ပါတယ်။ ဒီ Website ဟာဆိုရင် MIT နှင့် Harvard တက္ကသိုလ်တို့မှ ပူးပေါင်းဆောင်ရွက်ထားသည့် Website လည်းဖြစ်ပါတယ်။ ဒီ Website မှာလည်း courser နည်းတူ သင်ယူစရာသင်ခန်းစာတွေ ရာနဲ့ချီပြီး ရှိပါတယ်။

 

3. Khan Academy (https://www.khanacademy.org/)
ဒီ Website မှာတော့ အလွန်အသုံးဝင်လှတဲ့ စာကြည့်တိုက်ပါရှိပြီး ဘာသာရပ်တွေကို အပြန်အလှန် ဆက်သွယ် သင်ယူနိုင်ပါတယ်။ အံ့သြဖွယ်ဗီဒီယိုသင်ခန်းစာတွေနဲလေ့လာနိုင်သလို၊ပုံမှန်လေ့ကျင့်ခန်းတွေ၊ သင်ကိုယ်တိုင်လေ့လာခဲ့တဲ့သင်ခန်းစာတွေကို မှတ်သားထားနိုင်ပါတယ်။ သင်ခန်းစာအသစ်တွေကို လေ့လာခြင်းနဲ့ ဗဟုသုတတွေကို မျှဝေရန်/ လေ့လာရန် အလွန်ကောင်းတဲ့ website တစ်ခုလည်း ဖြစ်ပါတယ်။

 

4. Udemy (https://www.udemy.com/)
ဒီ website မှာတော့ လေ့လာစရာသင်ခန်းစာတွေ အများအပြားပါဝင်ပေမယ့် courser နဲ့ edX website တို့နဲ့မတူ ကွဲပြားပါတယ်။ လက်တွေ့အသုံးဝင်မယ့် ပညာရပ်များကို အဓိကထား ဖော်ပြပေးတဲ့ website တစ်ခုလည်းဖြစ်ပါတယ်။ စီးပွားရေးနဲ့ပတ်သက်တဲ့ပညာရပ်တွေ၊ ဂီတပညာ၊ ဓာတ်ပုံပညာနဲ့ပတ်သက်တဲ့ပညာ အစရှိတဲ့ ပညာရပ်တွေကို အဓိက သင်ကြားပို့ချပေးနေတဲ့ website တစ်ခုလည်း ဖြစ်ပါတယ်။ နယ်ပယ်အသီးသီးက ပညာရှင်တွေရဲ့ သင်ခန်းစာတွေကို အခမဲ့ရော အခကြေးငွေနဲ့ပါ လေ့လာနိုင်တဲ့အတွက် အွန်လိုင်းပညာရေးဈေးကွက်တစ်ခုလို့ ပြောလို့တောင် မှားမယ်မထင်ပါဘူး။

 

5. Quora (https://www.quora.com/)
နယ်ပယ်အသီးသီးက ကျွမ်းကျင်ပညာရှင်တွေ၊ နာမည်ကြီးပုဂ္ဂိုလ်တွေထံမှသာမက နာမည်မကျော်ကြားသေးတဲ့ ပညာရှင်များထံမှပါ ဘာသာရပ်အသီးသီးကို လေ့လာချင်တယ်ဆိုရင်တော့ ဒီ website က အကောင်းဆုံးလို့ ဆိုရပါတယ်။ အသုံးပြုသူတွေကိုယ်တိုင် မေးခွန်းတွေ အပြန်အလှန် အမေးအဖြေ ပြုလုပ်နိုင်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဒီ website ကို အသုံးပြုမယ်ဆိုရင်တော့ သင့်ရဲ့ကိုယ်ရေးအချက်အလက်တွေကို၊ ဓာတ်ပုံတွေက အစစ်အမှန်ဖြစ်ဖို့လိုအပ်ပါတယ်။

 

6. Stack Overflow (https://stackoverflow.com/)
ပရိုဂရမ်မာတွေ၊ ပရိုဂရမ်းမင်း (Programming) ပညာရပ်ကို စိတ်ဝင်စားသူတွေ လေ့လာသင့်တဲ့ အရေးပါတဲ့ website တစ်ခုပါ။ သင်ဟာ ပရိုဂရမ်မာတစ်ယောက်ဆိုရင်၊ ဒါမှမဟုတ် ပရိုဂရမ်းမင်းကို လေ့လာချင်ရင် ဒီ website က အကောင်းဆုံး မိတ်ဆွေတစ်ယောက်ဖြစ်လာမှာပါ။ ကွန်ပျူတာနဲ့ပတ်သက်တဲ့အခက်အခဲတွေ၊ မေးခွန်းတွေကို ဒီ website မှာ အဖြေရှာနိုင်ပါတယ်။

 

7. Codeacademy (https://www.codecademy.com/)
ဒီ Website မှာဆိုရင် HTML, CSS, PHP, Python တို့လို ပရိုဂရမ်နဲ့ပတ်သက်တဲ့ သင်ခန်းစာတွေကို အလွယ်တကူ လေ့လာသင်ယူနိုင်မှာပဲဖြစ်ပါတယ်။ ပရိုဂရမ်းမင်းကို စတင်လေ့လာသူတွေအတွက် အရမ်းကို အသုံးဝင်ပါတယ်။ ဒီ website ဟာဆိုရင် ပညာရှင်တွေအတွက် ရည်ရွယ်ထားတဲ့ website မဟုတ်ဘဲ စတင်လေ့လာသူတွေနဲ့ ပိုပြီးအဆင်ပြေကိုက်ညီမယ့် website တစ်ခုပါ။


8. Tutorialspoint (https://www.tutorialspoint.com/)
ဒီ website ကတော့ ပရိုဂရမ်ပိုင်းနဲ့ ကွန်ပျူတာနဲ့ပတ်သက်တဲ့ ကွန်ပျူတာသိပ္ပံဘာသာရပ်တွေကို လေ့လာနိုင်တဲ့ website တစ်ခုပါ။ ဗဟုသုတတွေ၊ အသေးစိတ်အချက်အလက်တွေကို တစ်စုတစ်စည်းထဲဖော်ပြပေးထားတဲ့အတွက် codeacademy နဲ့မတူ ပိုပြီးအဆင့်မြင့်တဲ့ ပညာရပ်တွေကို လေ့လာနိုင်ပါတယ်။

 

9. eHow (https://www.ehow.com/)
ဒီ website ကတော့ ပညာရပ်ပေါင်းစုံ စုစည်းထားတဲ့ website တစ်ခုပါ။ တစ်ကိုယ်ရည်သန့်ရှင်းရေးမှအစ အစားသောက်ချက်ပြုတ်နည်းတွေအထိ အကြောင်းအရာမျိုးစုံကို လေ့လာနိုင်ပါတယ်။ ဒီ website ကိုတော့ ကဏ္ဍအသီးသီးမှာ ဆရာတစ်ဆူလို့ သတ်မှတ်ထားတဲ့ ပညာရှင်တွေ စုစည်းရေးသားထားတဲ့ လမ်းညွှန်ချက်တွေကို လေ့လာနိုင်မှာပါ။

 

10. Wikihow (https://www.wikihow.com/Main-Page)
ဒီ Wikihow မှာဆိုရင်လည်း လေ့လာသင်ယူစရတွေ အများအပြားပါဝင်ပါတယ်။ ဒီ Website ရဲ့ ထူးခြားချက်အနေနဲ့ကတော့ သင်ကြားမှုတွေကို လမ်းညွှန်ပြသပေးရုံမဟုတ်ဘဲ မည်သူမဆို ဝင်ရောက်ရေးသား၊ ပြန်ပြင်နိုင်သလို မလိုအပ်တဲ့အချက်တွေကိုလည်း ပြန်လည်ပြင်ဆင် ဖျက်နိုင်ပါတယ်။ ဒါကြောင့် သင်ဟာ သင်ကြားသူသက်သက်မဟုတ်ဘဲ တခြားသူတွေကိုပါ ကိုယ့်ရဲ့ ဗဟုသုတတွေကို ပြန်လည်ဝေမျှပေးနိုင်ပါတယ်။

 

11. HowStuffWorks (https://www.howstuffworks.com/)
လေ့လာသင်ယူစရာတွေ အများအပြားပါဝင်တဲ့ နောက်ထပ် Website တစ်ခုကတော့ HowStuffWorks ပါ။ သင်ခန်းစာအများအပြားကို ဒီ Website မှာ ဝင်ရောက်လေ့လာနိုင်မှာပါ။ တစ်ခါမှ သင်ကြားပို့ချရခြင်းမရှိသေးတဲ့ သင်ခန်းစာအသစ်တွေလည်း အများအပြားပါဝင်နေမှာပဲဖြစ်ပါတယ်။ ဒီ Website မှာ ဝင်ရောက်လေ့လာခြင်းအားဖြင့် သင်ရဲ့အဖိုးတန်တဲ့အချိန်တွေ အလဟသမဖြစ်ဘူးဆိုတာကို သင်ကိုယ်တိုင် ခံစားရမှာပဲဖြစ်ပါတယ်။

 

12. TED (https://www.ted.com/)
ဒီ TED Website ရဲ့ ရည်ရွယ်ချက်ကတော့ ကမ္ဘာ့အနှံအပြားက အတွေးအခေါ်၊ အယူအဆတွေကို တစ်နေရာထဲမှာ တစုတစည်းထဲ ဖော်ပြပေးဖို့ ရည်ရွယ်ပါတယ်။ နယ်ပယ်အနှံအပြားမှာ ထူးချွန်တဲ့ ကျွမ်းကျင်ပညာတွေများရဲ့ ဆွေးနွေးတင်ပြချက်တွေကို ဖော်ပြပေးနေတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။ ဆွေးနွေးချက်တွေမှတဆင့် လေ့လာနိုင်သလို သင်ကိုယ်သင်လည်း အမြန်ဆုံးနဲ့ အလွယ်ကူဆုံး မိတ်ဆက်နိုင်သလို အတွေးအခေါ်အယူအဆတွေ၊ ဉာဏ်ပညာတွေ တိုးပွားစေနိုင်တဲ့ website တစ်ခုလည်း ဖြစ်ပါတယ်။

 

13. Lumosity (https://www.lumosity.com/en/)
စိတ်ခံစားမှုတွေ၊ စိတ်ပိုင်းဆိုင်ရာကိစ္စတွေနဲ့ သက်ဆိုင်တဲ့ မှတ်ဉာဏ်နှင့်သက်ဆိုင်သော အကြောင်းအရာများ၊ အာရုံစူးစိုက်မှုနှင့်ပတ်သက်သော အကြောင်းအရာများ၊နှင့် ခွဲခြမ်းစိတ်ဖြာမှုစွမ်းရည်များ တိုးတက်ကောင်းမွန်စေရန် လေ့လာသင့်သော website တစ်ခုဖြစ်ပါတယ်။ သင့်ရဲ့ဦးနှောက်ကို ပျော်စရာဂိမ်းများကစားရင်း လေ့ကျင့်ပေးနိုင်ပါတယ်။ လိုအပ်ချက်နှင့်အညီ လေ့ကျင့်မှုများကို ပြုလုပ်ခြင်းအားဖြင့် သင့်ရဲ့စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုကို ရရှိနိုင်မှာပဲဖြစ်ပါတယ်။ သင့်ကိုလိမ္မာပါးနပ်အောင်၊ ထူးချွန်ထက်မြတ်အောင် လုပ်ဆောင်ပေးမှာဖြစ်သလို အနည်းငယ် စွဲလမ်းစိတ်ကိုလည်း ဖြစ်ပေါ်စေမှာပါ။

 

14. Duolingo (https://www.duolingo.com/)
ဘာသာစကားတွေ လေ့လာဖို့ရန် အကောင်းဆုံးသော Website ကို ညွှန်ပြပေးပါဆိုရင်တော့ Duolingo ကို ညွှန်ပြပေးရမှာပါ။
Duolingo နဲ့ပတ်သက်တဲ့ ဆောင်းပါးလေးတွေကိုတော့ အောက်ပါ Link များမှာ ဝင်ရောက်လေ့လာဖို့ ဖိတ်ခေါ်ပါရစေ

https://www.sayar.com.mm/whats-new/language/item/2259-avoid-the-corona-virus-and-learn-the-language-at-home.html

https://www.sayar.com.mm/whats-new/language/item/2378-application.html

https://www.sayar.com.mm/whats-new/item/1928-dulingo.html

 


15. Instructables (https://www.instructables.com/)
Insturctables ကတော့ လူမှုရေးမီဒီယာပေါ်မှာ သင်ရွေးချယ်သင့်တဲ့ နောက်ထပ်အံ့သြဖွယ်ကောင်းတဲ့ Website တစ်ခုပါ။ ဗီဒီယိုရိုက်ကူးဖန်တီးခြင်းအပါအဝင် သင်ဖန်တီးချင်တဲ့ အရာမှန်သမျှကို ဖန်တီးနိုင်အောင်လေ့ကျင့်သင်ကြားပေးမှာပဲဖြစ်ပါတယ်း။ သင့်ရဲ့ဖန်တီးချက်တွေကိုလည်း တစ်ခြားသူများထံ ပြန်လည်ဝေမျှနိုင်ပါတယ်။

 

16. Digital Photography School (https://digital-photography-school.com/)
သင့်ရဲ့ဓာတ်ပုံပညာစွမ်းရည်ကို တိုးတက်စေရန်အတွက် သင်ခန်းစာများစွာ မျှဝေပေးထားတဲ့ Website တစ်ခုပဲဖြစ်ပါတယ်။ သင်က ဓာတ်ပုံပညာမှာ နှစ်ပေါင်းများစွာ အတွေ့အကြုံရှိသည်ဖြစ်စေ၊ အခုမှစပြီးလေ့လာမယ့်သူဖြစ်ပါစေ အရေးမကြီးပါဘူး။ သင်ရဲ့ဓာတ်ပုံပညာကို ပိုမိုကျွမ်းကျင်လာအောင် အမှန်တကယ်ကူညီပေးမယ့် Website တစ်ခုပါ။ ဒါ့အပြင် အခြား ဓာတ်ပုံပညာကိုစိတ်ဝင်စားသူများ၊ ပညာရှင်များနှင့်လည်း ချိတ်ဆက်ပေးနိုင်ပါတယ်။

 

17. All Recipes (https://www.allrecipes.com/)
All Recipes မှာ ဟင်းလျာအားလုံးနီးပါးအတွက် ချက်ပြုတ်နည်းတွေကို တွေ့မြင်နိုင်မှာပါ။ သင့်ဆီမှာရှိနေတဲ့ ပါဝင်ပစ္စည်းတွေနဲ့ အရသာရှိတဲ့ဟင်းတစ်ခွက်ကို ဘယ်လိုချက်ပြုတ်စားသောက်ရမလဲဆိုတာကို လေ့လာပြီး ကိုယ်တိုင်ချက်ပြုတ်လေ့ကျင့်နိုင်တဲ့ Website တစ်ခုလည်းဖြစ်ပါတယ်။ ဒါ့အပြင် အလွယ်တကူချက်ပြုတ်နိုင်တဲ့ချက်ပြုတ်နည်းတွေကိုလည်း လေ့လာနိုင်ပါတယ်။ ချက်နည်းပြုတ်နည်းတွေနဲ့ သင့်ကို စိတ်လှုပ်ရှားစရာတွေ ဖန်တီးပေးနိုင်တဲ့ Website တစ်ခုလည်း ဖြစ်ပါတယ်။

 

18. Spreeder (https://www.spreeder.com/)
လူတိုင်းဟာ စာဖတ်မြန်တဲ့စွမ်းရည်ကို မပိုင်ဆိုင်ကြပါဘူး။ ဒီ Website ကတော့ သင့်ရဲ့စာဖတ်နှုန်းကို မြန်လာအောင် ကူညီပေးနိုင်တဲ့ Software ကို ထည့်သွင်းအသုံးပြုထားတဲ့အတွက် သင့်ရဲ့စာဖတ်နှုန်းကို မြန်လာစေမှာဖြစ်သလို စာပိုဒ်တွေအပေါ် နားလည်နိုင်စွမ်းကိုလည်း တိုးတက်အောင် ကူညီပေးမှာပဲဖြစ်ပါတယ်။


19. Project Gutenberg (https://www.gutenberg.org/)
Project Gutenberg မှာ ebook 50000 ကျော်ကို အခမဲ့ တင်ထားပေးပါတယ်။ ဒီ ebook တွေကို ePUB, Kindle (သို့မဟုတ်) PDF ဖြင့် download လုပ်နိုင်ပါတယ်။ ဒါမှမဟုတ် Online မှလည်း အလွယ်တကူ ဖတ်ယူနိုင်ပါတယ်။ ဒီစာအုပ်အားလုံးဟာ တရားဝင်မူပိုင်ခွင့်သက်တမ်းကျော်လွန်သွားပြီဖြစ်တဲ့ စာအုပ်တွေဖြစ်တာကြောင့် ထုတ်ဝေသူတွေအတွက် စီးပွားဖြစ်မဟုတ်တော့ဘဲ အခမဲ့ Download ရယူနိုင်ပါတယ်။

 

20. Investopedia (https://www.investopedia.com/)
Investopedia ကတော့ ဘဏ္ဍာရေးနဲ့ပတ်သက်တဲ့ ပညာရပ်တွေကို လေ့လာချင်သူတွေအတွက် အကောင်းဆုံးပါ။ သင့်ရဲ့ တစ်ကိုယ်ရည်သုံးငွေကြေးအသုံးချမှုကိစ္စတွေအတွက်လည်း ကူညီပေးနိုင်ပါတယ်။ စာရင်းအင်း၊ ရင်းနှီးမြှုပ်နှံမှု၊ ရှယ်ယာဈေးကွက်၊ ငွေဖြစ်လွယ်မှု အစရှိတာတွေနဲ့ပတ်သက်ပြီး လက်တွေ့သင်ခန်းစာတွေ၊ ဗီဒီယိုဖိုင်တွေကတဆင့် လေ့လာနိုင်ပါတယ်။

 

21. Curious (https://curious.com/)
ဒီ Website ထဲမှာဆိုရင် သင်ခန်းစာပေါင်း (၁၇၀၀၀) ကျော်ပါဝင်ပြီး သင်စိတ်ဝင်စားတဲ့ပညာရပ်ကို လေ့လာနိုင်ပါတယ်။ ဒီ Website ရဲ့ ရည်ရွယ်ချက်ကတော့ နေ့စဉ်နေ့ရက်တိုင်းမှာ သင်ခန်းစာတစ်ခုကို အခမဲ့သင်ယူနိုင်ရန် ရည်ရွယ်ပါတယ်။ သင်ခန်းစာတွေကို အခမဲ့သင်ယူနိုင်ပေမယ့် Website အသုံးပြုခကိုတော့ ပေးဆောင်ရမှာပဲဖြစ်ပါတယ်။ Humanities, STEM (Science, Technology, Engineering and Math), Music, Relation အစရှိတဲ့ ဘာသာရပ်တွေကို ကမ္ဘာ့အတော်ဆုံးဆရာများဆီမှ လေ့လာသင်ယူခွင့်ရမှာပဲဖြစ်ပါတယ်။

 

22. Memrise (https://www.memrise.com/)
ပညာရပ် အသစ်အဆန်းတွေကို လေ့လာချင်တယ်ဆိုရင်တော့ Memrise ဆို ရွေးချယ်ပါ။ ဘာသာစကား၊ အနုပညာနှင့်စာပေ၊ သမိုင်း၊ ပထဝီ၊ သင်္ချာ၊ သိပ္ပံနဲ့ အခြားအမျိုးမျိုးသော အကြောင်းအရာများကို တစ်စုတစည်းထဲ လေ့လာနိုင်မှာပဲဖြစ်ပါတယ်။ သင်ခန်းစာများကို လွယ်လွယ်ကူကူ လေ့လာနိုင်အောင် ဖန်တီးထားပြီး ကိုယ်လေ့လာနေတဲ့သင်ခန်းစာများကိုလည်း စုစည်းထားနိုင်ပါတယ်။

 

23. Zen Habits (https://zenhabits.net/)
Zen Habits Website ကတော့ စိတ်အားတက်ကြွမှုကိုအကောင်းဆုံးပေးစွမ်းနိုင်တဲ့ ဘလော့ဂ်တစ်ခုပါ။ နေ့စဉ်လှုပ်ရှားသွားလာမှုနဲ့ လုပ်ငန်းဆောင်တာတွေကို အရိုးရှင်းဆုံး နေထိုင်နိုင်စေရန် ကူညီပေးတဲ့ Website တစ်ခုလည်းဖြစ်ပါတယ်။ ဘဝမှာ အဓိကထားလုပ်ဆောင်ရမယ့်အရာတွေ၊ လျစ်လျူရှုပြီး ဖယ်ရှားပစ်ရမယ့်အရာတွေကို ကွဲပြားခြားနားစွာ သိမြင်အောင်လည်း ကူညီပေးထားပါတယ်။ ဘဝအတွက် အကောင်းဆုံးနဲ့အဓိပ္ပာယ်ပြည့်ဝနေတဲ့ဆောင်းပါးတွေ၊ အကြံပြုချက်တွေနဲ့ ပြီးပြည့်စုံနေတဲ့ website တစ်ခုပါ။

 

24. Brain Pickings (https://www.brainpickings.org/)
အခြားသော Website တွေ၊ Blog တွေမတူ တမူထူးခြားတဲ့ စိတ်လှုပ်ရှားမှု၊ စိတ်အားထက်သန်မှုတွေကို ပေးတဲ့ Website တစ်ခုပါ။ ဒီ Website မှာ အထူးဆောင်းပါးတွေ၊ သုံးသပ်ချက်တွေ၊ခွဲခြားစိတ်ဖြာသုံးသပ်ချက်၊ လူတစ်ဦးချင်းဆီရဲ့ဘဝတိုးတက်မှု၊ အတွေးအခေါ်မြင့်မားမှုနဲ့ ဖန်တီးနိုင်စွမ်း၊ စိတ်ပိုင်းဆိုင်ရာတိုးတက်မှု၊ စာပေ၊ ဗဟုသုတ အစရှိတဲ့ အရာတွေနဲ့ ပြည့်နှက်နေတဲ့ Website တစ်ခုပါ။

 

25. Psychology Today (https://www.psychologytoday.com/intl)
စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေ၊ လူတွေရဲ့အမူအကျင့်တွေကို လက်ခံနားလည်ပေးနိုင်အောင် လေ့ကျင့်ပေးနေတဲ့ Website တစ်ခုလည်း ဖြစ်ပါတယ်။ လူသားတွေရဲ့ ဘဝကို ရှုထောင့်အမျိုးမျိုးနဲ့ ဖော်ပြထားပြီး တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ပတ်သက်က်နွယ်မှု၊ စိတ်လှုပ်ရှားမှု၊ စိတ်အားတက်ကြမှု စတာတွေကို ဖော်ပြပေးထားပါတယ်။ ဒီ Website ကို အသုံးပြုခြင်းဖြင့် သင့်ဘဝကို ပိုမိုကောင်းမွန်အောင် နေထိုင်တတ်ခြင်းဆိုတဲ့ အကျိုးကျေးဇူးကို ရရှိစေနိုင်မှာပဲဖြစ်ပါတယ်။

 

Source : https://www.lifehack.org/
Lifehack.org မှ Nabin Paudyal ၏ 25 Websites Other Than Social Media To Upgrade Your Life ကို ကိုးကားဘာသာပြန်ဆိုခြင်းဖြစ်ပါသည်။

 

 

သင္၏ဘဝကိုျမႇင့္တင္ေပးႏိုင္တဲ့ Website (၂၅) ခု

သင္ရဲ႕ေန႔စဥ္ အခ်ိန္ေတာ္ေတာ္မ်ားမ်ားကို လူမႈကြန္ယက္ေပၚမွာပဲ ကြန္လြန္ေနေစတာလား? အင္တာနက္ကို အက်ိဳးမရွိတဲ့ရည္႐ြယ္ခ်က္ေတြနဲ႔ သုံးမိေနၿပီလား?

အင္တာနက္၊ ဆိုရွယ္မီဒီယာေတြဟာ သုံးတတ္ရင္ေဆးပါ၊ မသုံးတတ္ရင္ေတာ့ေဘးျဖစ္မွာပါ။ ဒီေန႔ေခတ္မွာ အင္တာနက္ေပၚကေန ေလ့လာသင္ယူစရာေတြ အမ်ားႀကီးပါ။ အင္တာနက္ကို ေလ့လာမႈေတြနဲ႔ျပည့္ႏွက္ေနတဲ့ ရတနာသိုက္ႀကီးလို႔ တင္စားမယ္ဆိုရင္ မွားမယ္မထင္ပါဘူး။ ျပန္ၿပီး အစားထိုးမရႏိုင္တဲ့ တန္ဖိုးရွိတဲ့အခ်ိန္ေတြကို ကိုယ့္ဘဝတိုးတက္ေစမယ့္ ဝါသနာပါရာတစ္ခုခုကို ေလ့လာမယ္ဆိုရင္ အက်ိဳးေက်းဇူးေတြ အမ်ားႀကီးရရွိႏိုင္မွာပဲျဖစ္ပါတယ္။

ဒီ့အတြက္ ကိုယ့္ဝါသနာပါတဲ့အေၾကာင္းအရာေတြ၊ ဘဝတိုးတက္ေရးလမ္းေၾကာင္းေတြ စတာေတြကို ေလ့လာသင္ယူႏိုင္ေစရန္ရည္႐ြယ္ၿပီး အားလုံးရဲ႕ဘဝေတြကို ျမႇင့္တင္ေပးႏိုင္မယ့္ Website (၂၅) ခုနဲ႔ မိတ္ဆက္ေပးလိုက္ပါတယ္။

 

1. Coursera (https://www.coursera.org/)
Coursera သည္ MOOCs (Massive Open Online Courses) မ်ားကို ရာႏွင့္ခ်ီေသာ အဖြဲ႕အစည္းမ်ားႏွင့္ ေက်ာ္ၾကားေသာ ပါေမာကၡမ်ားမွ သင္ၾကားေပးေနသည့္ Website တစ္ခု ျဖစ္ပါတယ္။ သင္သာဝါသနာပါမယ္ဆိုရင္ သမိုင္းပညာကေန ပ႐ိုဂရမ္းမင္းဘာသာရပ္အထိ ကမာၻ႔အဆင့္အတန္းမီ ဘာသာရပ္မ်ိဳးစုံကို မိမိေနအိမ္မွေန၍ အခမဲ့ေလ့လာႏိုင္မွာျဖစ္ပါတယ္။


2. edX (https://www.edx.org/)
edX သည္ ကမာၻ႔အေကာင္းဆုံး တကၠသိုလ္မ်ားႏွင့္ အြန္လိုင္းသင္တန္းမ်ားကို သင္ၾကားေပးႏိုင္ေသာ Website တစ္ခုျဖစ္ပါတယ္။ ဒီ Website ဟာဆိုရင္ MIT ႏွင့္ Harvard တကၠသိုလ္တို႔မွ ပူးေပါင္းေဆာင္႐ြက္ထားသည့္ Website လည္းျဖစ္ပါတယ္။ ဒီ Website မွာလည္း courser နည္းတူ သင္ယူစရာသင္ခန္းစာေတြ ရာနဲ႔ခ်ီၿပီး ရွိပါတယ္။

 

3. Khan Academy (https://www.khanacademy.org/)
ဒီ Website မွာေတာ့ အလြန္အသုံးဝင္လွတဲ့ စာၾကည့္တိုက္ပါရွိၿပီး ဘာသာရပ္ေတြကို အျပန္အလွန္ ဆက္သြယ္ သင္ယူႏိုင္ပါတယ္။ အံ့ၾသဖြယ္ဗီဒီယိုသင္ခန္းစာေတြနဲေလ့လာႏိုင္သလို၊ပုံမွန္ေလ့က်င့္ခန္းေတြ၊ သင္ကိုယ္တိုင္ေလ့လာခဲ့တဲ့သင္ခန္းစာေတြကို မွတ္သားထားႏိုင္ပါတယ္။ သင္ခန္းစာအသစ္ေတြကို ေလ့လာျခင္းနဲ႔ ဗဟုသုတေတြကို မွ်ေဝရန္/ ေလ့လာရန္ အလြန္ေကာင္းတဲ့ website တစ္ခုလည္း ျဖစ္ပါတယ္။

 

4. Udemy (https://www.udemy.com/)
ဒီ website မွာေတာ့ ေလ့လာစရာသင္ခန္းစာေတြ အမ်ားအျပားပါဝင္ေပမယ့္ courser နဲ႔ edX website တို႔နဲ႔မတူ ကြဲျပားပါတယ္။ လက္ေတြ႕အသုံးဝင္မယ့္ ပညာရပ္မ်ားကို အဓိကထား ေဖာ္ျပေပးတဲ့ website တစ္ခုလည္းျဖစ္ပါတယ္။ စီးပြားေရးနဲ႔ပတ္သက္တဲ့ပညာရပ္ေတြ၊ ဂီတပညာ၊ ဓာတ္ပုံပညာနဲ႔ပတ္သက္တဲ့ပညာ အစရွိတဲ့ ပညာရပ္ေတြကို အဓိက သင္ၾကားပို႔ခ်ေပးေနတဲ့ website တစ္ခုလည္း ျဖစ္ပါတယ္။ နယ္ပယ္အသီးသီးက ပညာရွင္ေတြရဲ႕ သင္ခန္းစာေတြကို အခမဲ့ေရာ အခေၾကးေငြနဲ႔ပါ ေလ့လာႏိုင္တဲ့အတြက္ အြန္လိုင္းပညာေရးေဈးကြက္တစ္ခုလို႔ ေျပာလို႔ေတာင္ မွားမယ္မထင္ပါဘူး။

 

5. Quora (https://www.quora.com/)
နယ္ပယ္အသီးသီးက ကြၽမ္းက်င္ပညာရွင္ေတြ၊ နာမည္ႀကီးပုဂၢိဳလ္ေတြထံမွသာမက နာမည္မေက်ာ္ၾကားေသးတဲ့ ပညာရွင္မ်ားထံမွပါ ဘာသာရပ္အသီးသီးကို ေလ့လာခ်င္တယ္ဆိုရင္ေတာ့ ဒီ website က အေကာင္းဆုံးလို႔ ဆိုရပါတယ္။ အသုံးျပဳသူေတြကိုယ္တိုင္ ေမးခြန္းေတြ အျပန္အလွန္ အေမးအေျဖ ျပဳလုပ္ႏိုင္တဲ့ ေနရာတစ္ခုလည္း ျဖစ္ပါတယ္။ ဒီ website ကို အသုံးျပဳမယ္ဆိုရင္ေတာ့ သင့္ရဲ႕ကိုယ္ေရးအခ်က္အလက္ေတြကို၊ ဓာတ္ပုံေတြက အစစ္အမွန္ျဖစ္ဖို႔လိုအပ္ပါတယ္။

 

6. Stack Overflow (https://stackoverflow.com/)
ပ႐ိုဂရမ္မာေတြ၊ ပ႐ိုဂရမ္းမင္း (Programming) ပညာရပ္ကို စိတ္ဝင္စားသူေတြ ေလ့လာသင့္တဲ့ အေရးပါတဲ့ website တစ္ခုပါ။ သင္ဟာ ပ႐ိုဂရမ္မာတစ္ေယာက္ဆိုရင္၊ ဒါမွမဟုတ္ ပ႐ိုဂရမ္းမင္းကို ေလ့လာခ်င္ရင္ ဒီ website က အေကာင္းဆုံး မိတ္ေဆြတစ္ေယာက္ျဖစ္လာမွာပါ။ ကြန္ပ်ဴတာနဲ႔ပတ္သက္တဲ့အခက္အခဲေတြ၊ ေမးခြန္းေတြကို ဒီ website မွာ အေျဖရွာႏိုင္ပါတယ္။

 

7. Codeacademy (https://www.codecademy.com/)
ဒီ Website မွာဆိုရင္ HTML, CSS, PHP, Python တို႔လို ပ႐ိုဂရမ္နဲ႔ပတ္သက္တဲ့ သင္ခန္းစာေတြကို အလြယ္တကူ ေလ့လာသင္ယူႏိုင္မွာပဲျဖစ္ပါတယ္။ ပ႐ိုဂရမ္းမင္းကို စတင္ေလ့လာသူေတြအတြက္ အရမ္းကို အသုံးဝင္ပါတယ္။ ဒီ website ဟာဆိုရင္ ပညာရွင္ေတြအတြက္ ရည္႐ြယ္ထားတဲ့ website မဟုတ္ဘဲ စတင္ေလ့လာသူေတြနဲ႔ ပိုၿပီးအဆင္ေျပကိုက္ညီမယ့္ website တစ္ခုပါ။


8. Tutorialspoint (https://www.tutorialspoint.com/)
ဒီ website ကေတာ့ ပ႐ိုဂရမ္ပိုင္းနဲ႔ ကြန္ပ်ဴတာနဲ႔ပတ္သက္တဲ့ ကြန္ပ်ဴတာသိပၸံဘာသာရပ္ေတြကို ေလ့လာႏိုင္တဲ့ website တစ္ခုပါ။ ဗဟုသုတေတြ၊ အေသးစိတ္အခ်က္အလက္ေတြကို တစ္စုတစ္စည္းထဲေဖာ္ျပေပးထားတဲ့အတြက္ codeacademy နဲ႔မတူ ပိုၿပီးအဆင့္ျမင့္တဲ့ ပညာရပ္ေတြကို ေလ့လာႏိုင္ပါတယ္။

 

9. eHow (https://www.ehow.com/)
ဒီ website ကေတာ့ ပညာရပ္ေပါင္းစုံ စုစည္းထားတဲ့ website တစ္ခုပါ။ တစ္ကိုယ္ရည္သန႔္ရွင္းေရးမွအစ အစားေသာက္ခ်က္ျပဳတ္နည္းေတြအထိ အေၾကာင္းအရာမ်ိဳးစုံကို ေလ့လာႏိုင္ပါတယ္။ ဒီ website ကိုေတာ့ က႑အသီးသီးမွာ ဆရာတစ္ဆူလို႔ သတ္မွတ္ထားတဲ့ ပညာရွင္ေတြ စုစည္းေရးသားထားတဲ့ လမ္းၫႊန္ခ်က္ေတြကို ေလ့လာႏိုင္မွာပါ။

 

10. Wikihow (https://www.wikihow.com/Main-Page)
ဒီ Wikihow မွာဆိုရင္လည္း ေလ့လာသင္ယူစရေတြ အမ်ားအျပားပါဝင္ပါတယ္။ ဒီ Website ရဲ႕ ထူးျခားခ်က္အေနနဲ႔ကေတာ့ သင္ၾကားမႈေတြကို လမ္းၫႊန္ျပသေပး႐ုံမဟုတ္ဘဲ မည္သူမဆို ဝင္ေရာက္ေရးသား၊ ျပန္ျပင္ႏိုင္သလို မလိုအပ္တဲ့အခ်က္ေတြကိုလည္း ျပန္လည္ျပင္ဆင္ ဖ်က္ႏိုင္ပါတယ္။ ဒါေၾကာင့္ သင္ဟာ သင္ၾကားသူသက္သက္မဟုတ္ဘဲ တျခားသူေတြကိုပါ ကိုယ့္ရဲ႕ ဗဟုသုတေတြကို ျပန္လည္ေဝမွ်ေပးႏိုင္ပါတယ္။

 

11. HowStuffWorks (https://www.howstuffworks.com/)
ေလ့လာသင္ယူစရာေတြ အမ်ားအျပားပါဝင္တဲ့ ေနာက္ထပ္ Website တစ္ခုကေတာ့ HowStuffWorks ပါ။ သင္ခန္းစာအမ်ားအျပားကို ဒီ Website မွာ ဝင္ေရာက္ေလ့လာႏိုင္မွာပါ။ တစ္ခါမွ သင္ၾကားပို႔ခ်ရျခင္းမရွိေသးတဲ့ သင္ခန္းစာအသစ္ေတြလည္း အမ်ားအျပားပါဝင္ေနမွာပဲျဖစ္ပါတယ္။ ဒီ Website မွာ ဝင္ေရာက္ေလ့လာျခင္းအားျဖင့္ သင္ရဲ႕အဖိုးတန္တဲ့အခ်ိန္ေတြ အလဟသမျဖစ္ဘူးဆိုတာကို သင္ကိုယ္တိုင္ ခံစားရမွာပဲျဖစ္ပါတယ္။

 

12. TED (https://www.ted.com/)
ဒီ TED Website ရဲ႕ ရည္႐ြယ္ခ်က္ကေတာ့ ကမာၻ႔အႏွံအျပားက အေတြးအေခၚ၊ အယူအဆေတြကို တစ္ေနရာထဲမွာ တစုတစည္းထဲ ေဖာ္ျပေပးဖို႔ ရည္႐ြယ္ပါတယ္။ နယ္ပယ္အႏွံအျပားမွာ ထူးခြၽန္တဲ့ ကြၽမ္းက်င္ပညာေတြမ်ားရဲ႕ ေဆြးေႏြးတင္ျပခ်က္ေတြကို ေဖာ္ျပေပးေနတဲ့ ေနရာတစ္ခုလည္းျဖစ္ပါတယ္။ ေဆြးေႏြးခ်က္ေတြမွတဆင့္ ေလ့လာႏိုင္သလို သင္ကိုယ္သင္လည္း အျမန္ဆုံးနဲ႔ အလြယ္ကူဆုံး မိတ္ဆက္ႏိုင္သလို အေတြးအေခၚအယူအဆေတြ၊ ဉာဏ္ပညာေတြ တိုးပြားေစႏိုင္တဲ့ website တစ္ခုလည္း ျဖစ္ပါတယ္။

 

13. Lumosity (https://www.lumosity.com/en/)
စိတ္ခံစားမႈေတြ၊ စိတ္ပိုင္းဆိုင္ရာကိစၥေတြနဲ႔ သက္ဆိုင္တဲ့ မွတ္ဉာဏ္ႏွင့္သက္ဆိုင္ေသာ အေၾကာင္းအရာမ်ား၊ အာ႐ုံစူးစိုက္မႈႏွင့္ပတ္သက္ေသာ အေၾကာင္းအရာမ်ား၊ႏွင့္ ခြဲျခမ္းစိတ္ျဖာမႈစြမ္းရည္မ်ား တိုးတက္ေကာင္းမြန္ေစရန္ ေလ့လာသင့္ေသာ website တစ္ခုျဖစ္ပါတယ္။ သင့္ရဲ႕ဦးေႏွာက္ကို ေပ်ာ္စရာဂိမ္းမ်ားကစားရင္း ေလ့က်င့္ေပးႏိုင္ပါတယ္။ လိုအပ္ခ်က္ႏွင့္အညီ ေလ့က်င့္မႈမ်ားကို ျပဳလုပ္ျခင္းအားျဖင့္ သင့္ရဲ႕စိတ္ပိုင္းဆိုင္ရာ တိုးတက္မႈကို ရရွိႏိုင္မွာပဲျဖစ္ပါတယ္။ သင့္ကိုလိမၼာပါးနပ္ေအာင္၊ ထူးခြၽန္ထက္ျမတ္ေအာင္ လုပ္ေဆာင္ေပးမွာျဖစ္သလို အနည္းငယ္ စြဲလမ္းစိတ္ကိုလည္း ျဖစ္ေပၚစေမွာပါ။

 

14. Duolingo (https://www.duolingo.com/)
ဘာသာစကားေတြ ေလ့လာဖို႔ရန္ အေကာင္းဆုံးေသာ Website ကို ၫႊန္ျပေပးပါဆိုရင္ေတာ့ Duolingo ကို ၫႊန္ျပေပးရမွာပါ။
Duolingo နဲ႔ပတ္သက္တဲ့ ေဆာင္းပါးေလးေတြကိုေတာ့ ေအာက္ပါ Link မ်ားမွာ ဝင္ေရာက္ေလ့လာဖို႔ ဖိတ္ေခၚပါရေစ

https://www.sayar.com.mm/whats-new/language/item/2259-avoid-the-corona-virus-and-learn-the-language-at-home.html

https://www.sayar.com.mm/whats-new/language/item/2378-application.html

https://www.sayar.com.mm/whats-new/item/1928-dulingo.html

 

15. Instructables (https://www.instructables.com/)
Insturctables ကေတာ့ လူမႈေရးမီဒီယာေပၚမွာ သင္ေ႐ြးခ်ယ္သင့္တဲ့ ေနာက္ထပ္အံ့ၾသဖြယ္ေကာင္းတဲ့ Website တစ္ခုပါ။ ဗီဒီယို႐ိုက္ကူးဖန္တီးျခင္းအပါအဝင္ သင္ဖန္တီးခ်င္တဲ့ အရာမွန္သမွ်ကို ဖန္တီးႏိုင္ေအာင္ေလ့က်င့္သင္ၾကားေပးမွာပဲျဖစ္ပါတယ္း။ သင့္ရဲ႕ဖန္တီးခ်က္ေတြကိုလည္း တစ္ျခားသူမ်ားထံ ျပန္လည္ေဝမွ်ႏိုင္ပါတယ္။

 

16. Digital Photography School (https://digital-photography-school.com/)
သင့္ရဲ႕ဓာတ္ပုံပညာစြမ္းရည္ကို တိုးတက္ေစရန္အတြက္ သင္ခန္းစာမ်ားစြာ မွ်ေဝေပးထားတဲ့ Website တစ္ခုပဲျဖစ္ပါတယ္။ သင္က ဓာတ္ပုံပညာမွာ ႏွစ္ေပါင္းမ်ားစြာ အေတြ႕အႀကဳံရွိသည္ျဖစ္ေစ၊ အခုမွစၿပီးေလ့လာမယ့္သူျဖစ္ပါေစ အေရးမႀကီးပါဘူး။ သင္ရဲ႕ဓာတ္ပုံပညာကို ပိုမိုကြၽမ္းက်င္လာေအာင္ အမွန္တကယ္ကူညီေပးမယ့္ Website တစ္ခုပါ။ ဒါ့အျပင္ အျခား ဓာတ္ပုံပညာကိုစိတ္ဝင္စားသူမ်ား၊ ပညာရွင္မ်ားႏွင့္လည္း ခ်ိတ္ဆက္ေပးႏိုင္ပါတယ္။

 

17. All Recipes (https://www.allrecipes.com/)
All Recipes မွာ ဟင္းလ်ာအားလုံးနီးပါးအတြက္ ခ်က္ျပဳတ္နည္းေတြကို ေတြ႕ျမင္ႏိုင္မွာပါ။ သင့္ဆီမွာရွိေနတဲ့ ပါဝင္ပစၥည္းေတြနဲ႔ အရသာရွိတဲ့ဟင္းတစ္ခြက္ကို ဘယ္လိုခ်က္ျပဳတ္စားေသာက္ရမလဲဆိုတာကို ေလ့လာၿပီး ကိုယ္တိုင္ခ်က္ျပဳတ္ေလ့က်င့္ႏိုင္တဲ့ Website တစ္ခုလည္းျဖစ္ပါတယ္။ ဒါ့အျပင္ အလြယ္တကူခ်က္ျပဳတ္ႏိုင္တဲ့ခ်က္ျပဳတ္နည္းေတြကိုလည္း ေလ့လာႏိုင္ပါတယ္။ ခ်က္နည္းျပဳတ္နည္းေတြနဲ႔ သင့္ကို စိတ္လႈပ္ရွားစရာေတြ ဖန္တီးေပးႏိုင္တဲ့ Website တစ္ခုလည္း ျဖစ္ပါတယ္။

 

18. Spreeder (https://www.spreeder.com/)
လူတိုင္းဟာ စာဖတ္ျမန္တဲ့စြမ္းရည္ကို မပိုင္ဆိုင္ၾကပါဘူး။ ဒီ Website ကေတာ့ သင့္ရဲ႕စာဖတ္ႏႈန္းကို ျမန္လာေအာင္ ကူညီေပးႏိုင္တဲ့ Software ကို ထည့္သြင္းအသုံးျပဳထားတဲ့အတြက္ သင့္ရဲ႕စာဖတ္ႏႈန္းကို ျမန္လာေစမွာျဖစ္သလို စာပိုဒ္ေတြအေပၚ နားလည္ႏိုင္စြမ္းကိုလည္း တိုးတက္ေအာင္ ကူညီေပးမွာပဲျဖစ္ပါတယ္။


19. Project Gutenberg (https://www.gutenberg.org/)
Project Gutenberg မွာ ebook 50000 ေက်ာ္ကို အခမဲ့ တင္ထားေပးပါတယ္။ ဒီ ebook ေတြကို ePUB, Kindle (သို႔မဟုတ္) PDF ျဖင့္ download လုပ္ႏိုင္ပါတယ္။ ဒါမွမဟုတ္ Online မွလည္း အလြယ္တကူ ဖတ္ယူႏိုင္ပါတယ္။ ဒီစာအုပ္အားလုံးဟာ တရားဝင္မူပိုင္ခြင့္သက္တမ္းေက်ာ္လြန္သြားၿပီျဖစ္တဲ့ စာအုပ္ေတြျဖစ္တာေၾကာင့္ ထုတ္ေဝသူေတြအတြက္ စီးပြားျဖစ္မဟုတ္ေတာ့ဘဲ အခမဲ့ Download ရယူႏိုင္ပါတယ္။

 

20. Investopedia (https://www.investopedia.com/)
Investopedia ကေတာ့ ဘ႑ာေရးနဲ႔ပတ္သက္တဲ့ ပညာရပ္ေတြကို ေလ့လာခ်င္သူေတြအတြက္ အေကာင္းဆုံးပါ။ သင့္ရဲ႕ တစ္ကိုယ္ရည္သုံးေငြေၾကးအသုံးခ်မႈကိစၥတြေအတြက္လည္း ကူညီေပးႏိုင္ပါတယ္။ စာရင္းအင္း၊ ရင္းႏွီးျမႇဳပ္ႏွံမႈ၊ ရွယ္ယာေဈးကြက္၊ ေငြျဖစ္လြယ္မႈ အစရွိတာေတြနဲ႔ပတ္သက္ၿပီး လက္ေတြ႕သင္ခန္းစာေတြ၊ ဗီဒီယိုဖိုင္ေတြကတဆင့္ ေလ့လာႏိုင္ပါတယ္။

 

21. Curious (https://curious.com/)
ဒီ Website ထဲမွာဆိုရင္ သင္ခန္းစာေပါင္း (၁၇၀၀၀) ေက်ာ္ပါဝင္ၿပီး သင္စိတ္ဝင္စားတဲ့ပညာရပ္ကို ေလ့လာႏိုင္ပါတယ္။ ဒီ Website ရဲ႕ ရည္႐ြယ္ခ်က္ကေတာ့ ေန႔စဥ္ေန႔ရက္တိုင္းမွာ သင္ခန္းစာတစ္ခုကို အခမဲ့သင္ယူႏိုင္ရန္ ရည္႐ြယ္ပါတယ္။ သင္ခန္းစာေတြကို အခမဲ့သင္ယူႏိုင္ေပမယ့္ Website အသုံးျပဳခကိုေတာ့ ေပးေဆာင္ရမွာပဲျဖစ္ပါတယ္။ Humanities, STEM (Science, Technology, Engineering and Math), Music, Relation အစရွိတဲ့ ဘာသာရပ္ေတြကို ကမၻာ့အေတာ္ဆုံးဆရာမ်ားဆီမွ ေလ့လာသင္ယူခြင့္ရမွာပဲျဖစ္ပါတယ္။

 

22. Memrise (https://www.memrise.com/)
ပညာရပ္ အသစ္အဆန္းေတြကို ေလ့လာခ်င္တယ္ဆိုရင္ေတာ့ Memrise ဆို ေ႐ြးခ်ယ္ပါ။ ဘာသာစကား၊ အႏုပညာႏွင့္စာေပ၊ သမိုင္း၊ ပထဝီ၊ သခ်ၤာ၊ သိပၸံနဲ႔ အျခားအမ်ိဳးမ်ိဳးေသာ အေၾကာင္းအရာမ်ားကို တစ္စုတစည္းထဲ ေလ့လာႏိုင္မွာပဲျဖစ္ပါတယ္။ သင္ခန္းစာမ်ားကို လြယ္လြယ္ကူကူ ေလ့လာႏိုင္ေအာင္ ဖန္တီးထားၿပီး ကိုယ္ေလ့လာေနတဲ့သင္ခန္းစာမ်ားကိုလည္း စုစည္းထားႏိုင္ပါတယ္။

 

23. Zen Habits (https://zenhabits.net/)
Zen Habits Website ကေတာ့ စိတ္အားတက္ႂကြမႈကိုအေကာင္းဆုံးေပးစြမ္းႏိုင္တဲ့ ဘေလာ့ဂ္တစ္ခုပါ။ ေန႔စဥ္လႈပ္ရွားသြားလာမႈနဲ႔ လုပ္ငန္းေဆာင္တာေတြကို အ႐ိုးရွင္းဆုံး ေနထိုင္ႏိုင္ေစရန္ ကူညီေပးတဲ့ Website တစ္ခုလည္းျဖစ္ပါတယ္။ ဘဝမွာ အဓိကထားလုပ္ေဆာင္ရမယ့္အရာေတြ၊ လ်စ္လ်ဴရႈၿပီး ဖယ္ရွားပစ္ရမယ့္အရာေတြကို ကြဲျပားျခားနားစြာ သိျမင္ေအာင္လည္း ကူညီေပးထားပါတယ္။ ဘဝအတြက္ အေကာင္းဆုံးနဲ႔အဓိပၸာယ္ျပည့္ဝေနတဲ့ေဆာင္းပါးေတြ၊ အႀကံျပဳခ်က္ေတြနဲ႔ ၿပီးျပည့္စုံေနတဲ့ website တစ္ခုပါ။

 

24. Brain Pickings (https://www.brainpickings.org/)
အျခားေသာ Website ေတြ၊ Blog ေတြမတူ တမူထူးျခားတဲ့ စိတ္လႈပ္ရွားမႈ၊ စိတ္အားထက္သန္မႈေတြကို ေပးတဲ့ Website တစ္ခုပါ။ ဒီ Website မွာ အထူးေဆာင္းပါးေတြ၊ သုံးသပ္ခ်က္ေတြ၊ခြဲျခားစိတ္ျဖာသုံးသပ္ခ်က္၊ လူတစ္ဦးခ်င္းဆီရဲ႕ဘဝတိုးတက္မႈ၊ အေတြးအေခၚျမင့္မားမႈနဲ႔ ဖန္တီးႏိုင္စြမ္း၊ စိတ္ပိုင္းဆိုင္ရာတိုးတက္မႈ၊ စာေပ၊ ဗဟုသုတ အစရွိတဲ့ အရာေတြနဲ႔ ျပည့္ႏွက္ေနတဲ့ Website တစ္ခုပါ။

 

25. Psychology Today (https://www.psychologytoday.com/intl)
စိတ္ပိုင္းဆိုင္ရာနဲ႔ပတ္သက္တဲ့အေၾကာင္းအရာေတြ၊ လူေတြရဲ႕အမူအက်င့္ေတြကို လက္ခံနားလည္ေပးႏိုင္ေအာင္ ေလ့က်င့္ေပးေနတဲ့ Website တစ္ခုလည္း ျဖစ္ပါတယ္။ လူသားေတြရဲ႕ ဘဝကို ရႈေထာင့္အမ်ိဳးမ်ိဳးနဲ႔ ေဖာ္ျပထားၿပီး တစ္ဦးနဲ႔တစ္ဦး အျပန္အလွန္ ပတ္သက္က္ႏြယ္မႈ၊ စိတ္လႈပ္ရွားမႈ၊ စိတ္အားတက္ၾကမႈ စတာေတြကို ေဖာ္ျပေပးထားပါတယ္။ ဒီ Website ကို အသုံးျပဳျခင္းျဖင့္ သင့္ဘဝကို ပိုမိုေကာင္းမြန္ေအာင္ ေနထိုင္တတ္ျခင္းဆိုတဲ့ အက်ိဳးေက်းဇူးကို ရရွိေစႏိုင္မွာပဲျဖစ္ပါတယ္။

 

Source : https://www.lifehack.org/
Lifehack.org မွ Nabin Paudyal ၏ 25 Websites Other Than Social Media To Upgrade Your Life ကို ကိုးကားဘာသာျပန္ဆိုျခင္းျဖစ္ပါသည္။

Read times
Rate this articles
(0 votes)