×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Friday, 24 July 2020

Social Media ေပၚမွာ မတင္သင့္တဲ့အခ်က္ေတြ

Social Media ပေါ်မှာ ဝေမျှရန်မသင့်တော်တဲ့အချက်များ

 

Social Media ဆိုတာကတော့ မိတ်ဆွေ၊ သူငယ်ချင်း၊ မိသားစုဝင်အချင်းချင်း အလွယ်တကူ ဆက်သွယ်နိုင်တဲ့ အလွယ်ကူဆုံး ဆက်သွယ်ရေးနည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။
လူအများစုက ကိုယ့်ရဲ့အချက်အလက်တွေကို နည်းပညာကုမ္ပဏီတွေက အသုံးချသွားမှာကို စိုးရိမ်တတ်ပေမယ့် ကိုယ်ကိုယ်တိုင်ကပဲ ကိုယ့်ရဲ့အချက်အလက်တွေကို ဝေမျှမှန်းမသိ ဝေမျှနေတတ်ကြပါတယ်။
ခု ဖော်ပြပေးမယ့် အချက်အလက်တွေကတော့ Social Media ပေါ်မှာ ဘယ်လိုအချက်အလက်တွေကို မဝေမျှသင့်ဘူးဆိုတာကို တင်ပြပေးမှာပဲဖြစ်ပါတယ်။

(၁) ခရီးစဉ်အကြောင်း (Travel Plans)
ခရီးစဉ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို Social Media ပေါ်မှာ မတင်ခင် သေသေချာချာ စဉ်းစားပါ။ အကယ်၍ တစ်စုံတစ်ယောက်က သင့်နေထိုင်တဲ့နေရာနဲ့ပတ်သတ်ပြီး မကောင်းတဲ့အကြံအစည် ရှိနေခဲ့ပါက သင်သာ မိုင်ပေါင်းများစွာ ဝေးကွာတဲ့နေရာတစ်ခုမှာ ရောက်ရှိနေတယ်ဆိုတာကို သိနေခဲ့ရင် ဒီဖော်ပြချက်တစ်ခုဟာ သင့်အိမ်ကို ဖောက်ထွင်းဖို့အတွက် ဖိတ်ကြားချက်တစ်ခု ဖြစ်သွားပါလိမ့်မယ်။

 

(၂) ကိုယ်ရေးကိုယ်တာအချက်အလက်တွေ (Personally Identifying Information)
မိမိရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေ၊ မှတ်ပုံတင်နံပါတ်တွေ၊ Passport, Credit Card . . . . အစရှိတဲ့ အချက်အလက်တွေကို (သို့မဟုတ်) ဒီလိုအချက်အလက်တွေပါတဲ့ ဓာတ်ပုံတွေကို Social Media ပေါ် မတင်ပါနဲ့။

 

(၃) ကိုယ့်ရဲ့ မကျေနပ်ချက်တွေ၊ ဆဲရေးတိုင်းထွာ/ရုန့်ရင်းကြမ်းတမ်းသောစကားတွေ (Personal Complaints & Rants)
Social Media ဆိုတာ ပုဂ္ဂိုလ်ရေးရာနစ်နာချက်တွေ၊ မကျေနပ်ချက်တွေ၊ကို ထုတ်လွှင့်ပေးရမယ့် နေရာတစ်ခုမဟုတ်ပါဘူး။ လူအများစုက အကြောင်းပြချက်အချို့နဲ့ Social Media ကို တိုင်တန်းရာနေရာ၊ မကျေနပ်ချက်တွေ ချပြရာနေရာတစ်ခုလို အသုံးပြုနေကြပါတယ်။ ဒီလိုနည်းဟာဆိုရင် မှားယွင်းတဲ့နည်းတစ်ခုသာဖြစ်ပါတယ်။ ဒီလိုအချက်တွေကတဆင့် သင့်ကို အဆိုးဆုံးအခြေအနေတစ်ခုရောက်အောင် ဖန်တီးနိုင်တယ်ဆိုတာကို လုံး၀ မမေ့ပါနဲ့။

 

(၄) တခြားသူတွေ/သူငယ်ချင်းတွေရဲ့ပုံတွေကို ခွင့်ပြုချက်မရှိဘဲ မတင်ပါနဲ့။ ( (Friends That You Took Without Permission)
မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ တွေ့ဆုံတဲ့အခါ အမှတ်တရအနေနဲ့ ဓာတ်ပုံ၊ ဗီဒီယိုတွေ ရိုက်လေ့ရှိကြပါတယ်။ ဒါပေမယ့်လည်း မိမိတစ်ဦးထဲ ဆန္ဒအလျောက် ဒီ ဓာတ်ပုံ၊ ဗီဒီယိုတွေကို Social Media ပေါ်မှာ မဝေမျှသင့်ပါဘူး။ ဒီလိုတင်ချင်တယ်ဆိုရင် သူတို့ရဲ့ ခွင့်ပြုချက်ကို တောင်းဖို့ မမေ့ပါနဲ့။

(၅) မသင့်လျော်တဲ့ ကိုယ်ရေးကိုယ်တာပုံတွေ၊ သောက်စားမူးရစ်နေတဲ့ပုံတွေ (Inappropriate Personal Images)
ကိုယ်တင်လိုက်တဲ့ပုံတစ်ခုဟာဆိုရင် ကိုယ်က ဘယ်လိုလူမျိုးဆိုတာကို သတ်မှတ်ပေးနိုင်ပါတယ်။ မိမိရဲ့ချစ်သူ၊ သူငယ်ချင်း အစရှိတာတွေနဲ့ ရိုက်ထားတဲ့ မသင့်လျော်တဲ့ကိုယ်ရေးကိုယ်တာပုံတွေ၊ သောက်စားမူးယစ်နေတဲ့ပုံတွေဟာဆိုရင် သင့်ရဲ့ လူနေမှုဘဝကို တစ်စိတ်တစ်ပိုင်းအနေနဲ့ ထင်ဟပ်စေနိုင်ပတယ်။ ဒီ့အတွက် ဒီလိုပုံမျိုးတွေတင်မယ်လိုတွေးမိရင် သေသေချာချာ ပြန်သုံးသပ်ဖို့ အကြံပြုပါရစေ။

 

(၆) မိမိအလုပ်ကို ဘယ်လောက်မုန်းကြောင်း Social Media ပေါ် မတင်ပါနဲ့။ (Complaints About Your Work Conditions)
ကိုယ်က ကိုယ့်ရဲ့ Social Media ပေါ်မှာတင်တယ်ဆိုပေမယ့်လည်း ဒီလိုအချက်အလက်တွေကို တင်ခြင်းအားဖြင့် လုပ်ငန်းခွင်အဆင်မပြေမှုတွေကို ပိုပြီးဆိုးရွားစေနိုင်တာကလွဲဖို့ တခြားကောင်းဖို့မရှိပါဘူး။

 

(၆) အစွန်းရောက် နိုင်ငံရေး၊ ဘာသာရေးအမြင်တွေ (Political Tirades & Religious Extremism)
ဒီလိုအချက်အလက်တွေကိုတင်မယ်ဆိုရင် နဲ့ သင်နဲ့မမြင်မတူတဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ အငြင်းပွားတာ၊ ရန်များတာ အခင်အမင်ပျက်တာကလွဲလို့ အကျိုးမရှိစေပါဘူး။ လူမုန်းများတာကလွဲလို့ အကျိုးမရှိစေနိုင်တဲ့ ဒီလိုအချက်အလက်တွေကို ရှောင်ကျဉ်တာက အကောင်းဆုံး ဖြစ်စေပါလိမ့်မယ်။

 

(၇) မခိုင်လုံသော စွပ်စွဲချက်များ (Unsubstantiated Accusations)
Social Media ရဲ့ စွမ်းအားက ကြီးမားလှပါတယ်။ တခြားသူမသိသေးတဲ့သတင်းအချက်အလက်တွေ၊ သတင်းဆိုးတွေ၊ မခိုင်လုံသောအချက်အလက်တွေကို အလျင်စလို မဝေမျှပါနဲ့။ အကယ်၍ သင်ရရှိထားတဲ့အချက်အလက်တွေက မှားယွင်းခဲ့တယ်ဆိုရင် မလိုအပ်ဘဲ တစ်စုံတစ်ဦးရဲ့ဂုဏ်သတင်းကို ဖျက်ဆီးပစ်နိုင်ပါတယ်။

 

 

Social Media ေပၚမွာ ေ၀မွ်ရန္မသင့္ေတာ္တဲ့အခ်က္မ်ား

 

Social Media ဆိုတာကေတာ့ မိတ္ေဆြ၊ သူငယ္ခ်င္း၊ မိသားစု၀င္အခ်င္းခ်င္း အလြယ္တကူ ဆက္သြယ္ႏိုင္တဲ့ အလြယ္ကူဆံုး ဆက္သြယ္ေရးနည္းလမ္းတစ္ခုပဲျဖစ္ပါတယ္။
လူအမ်ားစုက ကိုယ့္ရဲ႕အခ်က္အလက္ေတြကို နည္းပညာကုမၸဏီေတြက အသံုးခ်သြားမွာကို စိုးရိမ္တတ္ေပမယ့္ ကိုယ္ကိုယ္တိုင္ကပဲ ကိုယ့္ရဲ႕အခ်က္အလက္ေတြကို ေ၀မွ်မွန္းမသိ ေ၀မွ်ေနတတ္ၾကပါတယ္။
ခု ေဖာ္ျပေပးမယ့္ အခ်က္အလက္ေတြကေတာ့ Social Media ေပၚမွာ ဘယ္လိုအခ်က္အလက္ေတြကို မေ၀မွ်သင့္ဘူးဆိုတာကို တင္ျပေပးမွာပဲျဖစ္ပါတယ္။

 

(၁) ခရီးစဥ္အေၾကာင္း (Travel Plans)
ခရီးစဥ္နဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြကို Social Media ေပၚမွာ မတင္ခင္ ေသေသခ်ာခ်ာ စဥ္းစားပါ။ အကယ္၍ တစ္စံုတစ္ေယာက္က သင့္ေနထိုင္တဲ့ေနရာနဲ႔ပတ္သတ္ၿပီး မေကာင္းတဲ့အႀကံအစည္ ရွိေနခဲ့ပါက သင္သာ မိုင္ေပါင္းမ်ားစြာ ေ၀းကြာတဲ့ေနရာတစ္ခုမွာ ေရာက္ရွိေနတယ္ဆိုတာကို သိေနခဲ့ရင္ ဒီေဖာ္ျပခ်က္တစ္ခုဟာ သင့္အိမ္ကို ေဖာက္ထြင္းဖို႔အတြက္ ဖိတ္ၾကားခ်က္တစ္ခု ျဖစ္သြားပါလိမ့္မယ္။

 

(၂) ကိုယ္ေရးကိုယ္တာအခ်က္အလက္ေတြ (Personally Identifying Information)
မိမိရဲ႕ကိုယ္ေရးကိုယ္တာအခ်က္အလက္ေတြ၊ မွတ္ပံုတင္နံပါတ္ေတြ၊ Passport, Credit Card . . . . အစရွိတဲ့ အခ်က္အလက္ေတြကို (သို႔မဟုတ္) ဒီလိုအခ်က္အလက္ေတြပါတဲ့ ဓာတ္ပံုေတြကို Social Media ေပၚ မတင္ပါနဲ႔။

 

(၃) ကိုယ့္ရဲ႕ မေက်နပ္ခ်က္ေတြ၊ ဆဲေရးတိုင္းထြာ/ရုန္႔ရင္းၾကမ္းတမ္းေသာစကားေတြ (Personal Complaints & Rants)
Social Media ဆိုတာ ပုဂၢိဳလ္ေရးရာနစ္နာခ်က္ေတြ၊ မေက်နပ္ခ်က္ေတြ၊ကို ထုတ္လႊင့္ေပးရမယ့္ ေနရာတစ္ခုမဟုတ္ပါဘူး။ လူအမ်ားစုက အေၾကာင္းျပခ်က္အခ်ိဳ႕နဲ႔ Social Media ကို တိုင္တန္းရာေနရာ၊ မေက်နပ္ခ်က္ေတြ ခ်ျပရာေနရာတစ္ခုလို အသံုးျပဳေနၾကပါတယ္။ ဒီလိုနည္းဟာဆိုရင္ မွားယြင္းတဲ့နည္းတစ္ခုသာျဖစ္ပါတယ္။ ဒီလိုအခ်က္ေတြကတဆင့္ သင့္ကို အဆိုးဆံုးအေျခအေနတစ္ခုေရာက္ေအာင္ ဖန္တီးႏိုင္တယ္ဆိုတာကို လံုး၀ မေမ့ပါနဲ႔။

 

(၄) တျခားသူေတြ/သူငယ္ခ်င္းေတြရဲ႕ပံုေတြကို ခြင့္ျပဳခ်က္မရွိဘဲ မတင္ပါနဲ႔။ ( (Friends That You Took Without Permission)
မိတ္ေဆြ၊ သူငယ္ခ်င္းေတြနဲ႔ ေတြ႔ဆံုတဲ့အခါ အမွတ္တရအေနနဲ႔ ဓာတ္ပံု၊ ဗီဒီယိုေတြ ရိုက္ေလ့ရွိၾကပါတယ္။ ဒါေပမယ့္လည္း မိမိတစ္ဦးထဲ ဆႏၵအေလ်ာက္ ဒီ ဓာတ္ပံု၊ ဗီဒီယိုေတြကို Social Media ေပၚမွာ မေ၀မွ်သင့္ပါဘူး။ ဒီလိုတင္ခ်င္တယ္ဆိုရင္ သူတို႔ရဲ႕ ခြင့္ျပဳခ်က္ကို ေတာင္းဖို႔ မေမ့ပါနဲ႔။

(၅) မသင့္ေလ်ာ္တဲ့ ကိုယ္ေရးကိုယ္တာပံုေတြ၊ ေသာက္စားမူးရစ္ေနတဲ့ပံုေတြ (Inappropriate Personal Images)
ကိုယ္တင္လိုက္တဲ့ပံုတစ္ခုဟာဆိုရင္ ကိုယ္က ဘယ္လိုလူမ်ိဳးဆိုတာကို သတ္မွတ္ေပးႏိုင္ပါတယ္။ မိမိရဲ႕ခ်စ္သူ၊ သူငယ္ခ်င္း အစရွိတာေတြနဲ႔ ရုိက္ထားတဲ့ မသင့္ေလ်ာ္တဲ့ကိုယ္ေရးကိုယ္တာပံုေတြ၊ ေသာက္စားမူးယစ္ေနတဲ့ပံုေတြဟာဆိုရင္ သင့္ရဲ႕ လူေနမႈဘ၀ကို တစ္စိတ္တစ္ပိုင္းအေနနဲ႔ ထင္ဟပ္ေစႏိုင္ပတယ္။ ဒီ့အတြက္ ဒီလိုပံုမ်ိဳးေတြတင္မယ္လိုေတြးမိရင္ ေသေသခ်ာခ်ာ ျပန္သံုးသပ္ဖို႔ အႀကံျပဳပါရေစ။

 

(၆) မိမိအလုပ္ကို ဘယ္ေလာက္မုန္းေၾကာင္း Social Media ေပၚ မတင္ပါနဲ႔။ (Complaints About Your Work Conditions)
ကိုယ္က ကိုယ့္ရဲ႕ Social Media ေပၚမွာတင္တယ္ဆိုေပမယ့္လည္း ဒီလိုအခ်က္အလက္ေတြကို တင္ျခင္းအားျဖင့္ လုပ္ငန္းခြင္အဆင္မေျပမႈေတြကို ပိုၿပီးဆိုးရြားေစႏိုင္တာကလြဲဖို႔ တျခားေကာင္းဖို႔မရွိပါဘူး။

 

(၆) အစြန္းေရာက္ ႏိုင္ငံေရး၊ ဘာသာေရးအျမင္ေတြ (Political Tirades & Religious Extremism)
ဒီလိုအခ်က္အလက္ေတြကိုတင္မယ္ဆိုရင္ နဲ႔ သင္နဲ႔မျမင္မတူတဲ့ မိတ္ေဆြ၊ သူငယ္ခ်င္းေတြနဲ႔ အျငင္းပြားတာ၊ ရန္မ်ားတာ အခင္အမင္ပ်က္တာကလြဲလို႔ အက်ိဳးမရွိေစပါဘူး။ လူမုန္းမ်ားတာကလြဲလို႔ အက်ိဳးမရွိေစႏိုင္တဲ့ ဒီလိုအခ်က္အလက္ေတြကို ေရွာင္က်ဥ္တာက အေကာင္းဆံုး ျဖစ္ေစပါလိမ့္မယ္။

 

(၇) မခိုင္လံုေသာ စြပ္စြဲခ်က္မ်ား (Unsubstantiated Accusations)
Social Media ရဲ႕ စြမ္းအားက ႀကီးမားလွပါတယ္။ တျခားသူမသိေသးတဲ့သတင္းအခ်က္အလက္ေတြ၊ သတင္းဆိုးေတြ၊ မခိုင္လံုေသာအခ်က္အလက္ေတြကို အလ်င္စလို မေ၀မွ်ပါနဲ႔။ အကယ္၍ သင္ရရွိထားတဲ့အခ်က္အလက္ေတြက မွားယြင္းခဲ့တယ္ဆိုရင္ မလိုအပ္ဘဲ တစ္စံုတစ္ဦးရဲ႕ဂုဏ္သတင္းကို ဖ်က္ဆီးပစ္ႏိုင္ပါတယ္။

 

 

 

Read times Last modified on Friday, 24 July 2020 13:12
Rate this articles
(0 votes)