×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Thursday, 30 July 2020

ယေန႔ေခတ္မွာ သင္ပိုင္ဆုိင္ထားသင့္တဲ့ စြမ္းေဆာင္ရည္ (၈) မ်ိဳး

၁. အချိန်မှန်ဖို့ ကြိုးစားပါ

နောက်ကျတတ်တဲ့သူကို ဘယ်သူမှမနှစ်သက် ကြပါဘူး။ ကိုယ့်အပေါ်ယုံကြည်စွာ အပ်နှံထားတဲ့ အလုပ်တစ်ခုကို သတ်မှတ်တဲ့ နေရက်နဲ့ အချိန်မှာ အဆုံးမသတ်ပေးနိုင်ခြင်းက သင့်အပေါ် လူတွေ အထင်အမြင်သေးစေမှာပါ။ ဒီတော့ အလုပ်တစ်ခုကို သတ်မှတ်ထားတဲ့ အချိန်အတွင်း ပြီးမြောက်အောင် လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။

 


၂. အချိန်ကို ကောင်းကောင်းအသုံးချ တတ်ပါစေ

ဘယ်အချိန်မှာ ဘာလုပ်ရမယ်၊ ဘယ်အချိန်မှာ ဘာကိစ္စတွေ ပြီးရမယ်ဆိုတာကို ပုံမှန်အစီအစဉ်ဆွဲထားဖို့ လိုအပ်ပါတယ်။ ဒီတော့မလိုအပ်ပဲ စောင့်ဆိုင်းရတာ၊ အချိန်မီမပြီးတာ၊ မေ့လျော့ပြီး မလုပ်ဖြစ်တာတွေ ကင်းလွတ်မှာ ဖြစ်ပါတယ်။

 

၃. ဘာလုပ်ရမယ်ဆိုတာ ရှင်းရှင်းလင်းလင်းသိပါစေ

ကိုယ့်တာဝန်ကို ကိုယ်ကိုတိုင် ရှင်းရှင်းသိမှ ကျေပွန်စွာ ထမ်းဆောင်လို့ရမယ်ဆိုတာ သင်နားလည်ထားရမှာ ဖြစ်ပါတယ်။ ပန်းတိုင်ကိုသိမှ၊ လမ်းစကို ရှာလို့ရမှာ ဖြစ်ပါတယ်။

 

၄. ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ခြင်း

လုပ်ငန်းခွင်ဆိုတဲ့ နေရာဟာလည်း လူအမျိုးမျိုးနဲ့ စိတ်အထွေထွေ ကြုံတွေ့ရတာကြောင့် လူတိုင်းနဲ့ လိုက်လျော ညီထွေနေတတ်တဲ့ သင့်ရဲ့စွမ်းဆောင်ရည်ဟာ သင့်လုပ်ငန်းအတွက်ရော၊ သင့်ဘဝကိုပါ တိုးတက်စေနိုင် ပါတယ်။ "သင့်ရဲ့ passion ကို professional ဖြစ်အောင် ဘယ်လိုပြောင်းမလဲ"

 

၅. နာခံတတ်ပါစေ

သင့်လုပ်ငန်းရှင်၊ အထက်လူကြီးက ပေးအပ်တဲ့တာဝန်ကို ပြီးဆုံးအောင်ထမ်းဆောင်ရမှာက သင့်တာဝန်ပါ။ ဆင်ခြေ၊ ဆင်လက်ပေးလို့ မရပါဘူး။ သင့်အထက်လူကြီး အများစုက ရေပါတာပဲလိုချင်တယ်၊ ရေဘူးပေါက်တာ မလိုချင်ဘူး လို့ဆိုကြမယ့် လူတွေ များပါတယ်။ သူ့တို့အတွက် အကောင်းမွန်ဆုံး စွမ်းဆောင်ပြခြင်းက သင့်အတွက် တိုးတက်မယ့် နည်းလမ်းပဲ ဖြစ်ပါတယ်။

 

၆. လူအများနှင့် ပူးပေါင်းဆောင်ရွက်တတ်ပါစေ

သင်ဟာ အလုပ်ခွင်မှာ လူအများနဲ့ မဖြစ်မနေ ထိတွေ့ ဆက်ဆံရတာကြောင့် လူတွေနဲ့ ပူပေါင်း လုပ်ဆောင်တတ်ခြင်းဟာလည်း လိုအပ်တဲ့ အရည်အချင်းတစ်ခုပါပဲ။

လုပ်ဖော်ကိုင်ဖက် အချင်းချင်း ညီညီညွတ်ညွတ် ဆောင်ရွက်ကြခြင်းက လုပ်ငန်းရဲ့ ထုတ်ကုန်ကို နှစ်ဆတိုးမြှင့်စေမှာ ဖြစ်ပါတယ်။

 

၇. အလုပ်လုပ်ချင်စိတ်မွေးပါ

ပျင်းရိလာတဲ့အခါ၊ ဖိစီးမှုများလာတဲ့အခါ လူတွေဟာ အလုပ်လုပ်ချင်စိတ် ကုန်ခန်းလာ တတ်ပါတယ်။ ဒါကို အဖြစ်မခံပါနဲ့။ အမြဲအလုပ်လုပ်ချင်စိတ်မွေးမြူပါ။ ဒါဆို သင်ဟာလုပ်ငန်းခွင်မှာ အမြဲတမ်း တက်ကြွလန်းဆန်းနေတဲ့ သူလို့ နာမည်ကောင်းရလာမှာ ဖြစ်ပါတယ်။

 

၈. မိမိ ပြောလိုက်တဲ့စကားကို အမြဲတည်အောင်ကြိုးစားပါ

ယုံကြည်မှုဆိုတာ အချိန်ကြာကြာ ဆောက်တည်ရတာမျိုးဖြစ်ပြီး၊ တစ်ခါပျက်ပြားသွားရင်လည်း ဘယ်တော့မှ ပြန်မရနိုင်တော့တာမျိုးပါ။

ဒီတော့ ကတိတည်သူတစ်ယောက်၊ စကားတည်သူတစ်ယောက် ဖြစ်အောင် ကြိုးစားပါ။ “တက္ကသိုလ် ကျောင်းသား/သူ တွေအတွက် အသင့်တော်ဆုံး Laptop ၂ မျိုး”

 

Source: momolay

sayar.com.mm

 

 

၁. အခ်ိန္မွန္ဖို႔ ႀကိဳးစားပါ

ေနာက္က်တတ္တဲ႔သူကို ဘယ္သူမွမႏွစ္သက္ ၾကပါဘူး။ ကိုယ္႔အေပၚယံုၾကည္စြာ အပ္ႏွံထားတဲ႔ အလုပ္တစ္ခုကို သတ္မွတ္တဲ႔ ေနရက္နဲ႔ အခ်ိန္မွာ အဆံုးမသတ္ေပးႏိုင္ျခင္းက သင္႔အေပၚ လူေတြ အထင္အျမင္ေသးေစမွာပါ။ ဒီေတာ႔ အလုပ္တစ္ခုကို သတ္မွတ္ထားတဲ့ အခ်ိန္အတြင္း ၿပီးေျမာက္ေအာင္ လုပ္ေဆာင္ဖို႔ အေရးႀကီးပါတယ္။

 


၂. အခ်ိန္ကို ေကာင္းေကာင္းအသုံးခ် တတ္ပါေစ

ဘယ္အခ်ိန္မွာ ဘာလုပ္ရမယ္၊ ဘယ္အခ်ိန္မွာ ဘာကိစၥေတြ ၿပီးရမယ္ဆိုတာကို ပံုမွန္အစီအစဥ္ဆြဲထားဖို႔ လိုအပ္ပါတယ္။ ဒီေတာ႔မလိုအပ္ပဲ ေစာင္႔ဆိုင္းရတာ၊ အခ်ိန္မီမၿပီးတာ၊ ေမ႔ေလ်ာ႔ၿပီး မလုပ္ျဖစ္တာေတြ ကင္းလြတ္မွာ ျဖစ္ပါတယ္။

 

၃. ဘာလုပ္ရမယ္ဆိုတာ ရွင္းရွင္းလင္းလင္းသိပါေစ

ကိုယ့္တာ၀န္ကို ကိုယ္ကိုတိုင္ ရွင္းရွင္းသိမွ ေက်ပြန္စြာ ထမ္းေဆာင္လို႔ရမယ္ဆိုတာ သင္နားလည္ထားရမွာ ျဖစ္ပါတယ္။ ပန္းတုိင္ကိုသိမွ၊ လမ္းစကို ရွာလို႔ရမွာ ျဖစ္ပါတယ္။

၄. ေပါင္းသင္းဆက္ဆံေရး ေကာင္းမြန္ျခင္း

လုပ္ငန္းခြင္ဆိုတဲ႔ ေနရာဟာလည္း လူအမ်ိဳးမ်ိဳးနဲ႔ စိတ္အေထြေထြ ႀကံဳေတြ႔ရတာေၾကာင္႔ လူတိုင္းနဲ႔ လိုက္ေလ်ာ ညီေထြေနတတ္တဲ႔ သင္႔ရဲ႕စြမ္းေဆာင္ရည္ဟာ သင္႔လုပ္ငန္းအတြက္ေရာ၊ သင္႔ဘ၀ကိုပါ တိုးတက္ေစႏိုင္ ပါတယ္။ "သင့္ရဲ႕ passion ကို professional ျဖစ္ေအာင္ ဘယ္လိုေျပာင္းမလဲ"

 

၅. နာခံတတ္ပါေစ

သင္႔လုပ္ငန္းရွင္၊ အထက္လူႀကီးက ေပးအပ္တဲ႔တာ၀န္ကို ၿပီးဆံုးေအာင္ထမ္းေဆာင္ရမွာက သင္႔တာ၀န္ပါ။ ဆင္ေျခ၊ ဆင္လက္ေပးလို႔ မရပါဘူး။ သင္႔အထက္လူႀကီး အမ်ားစုက ေရပါတာပဲလိုခ်င္တယ္၊ ေရဘူးေပါက္တာ မလိုခ်င္ဘူး လို႔ဆိုၾကမယ္႔ လူေတြ မ်ားပါတယ္။ သူ႔တို႔အတြက္ အေကာင္းမြန္ဆံုး စြမ္းေဆာင္ျပျခင္းက သင္႔အတြက္ တိုးတက္မယ္႔ နည္းလမ္းပဲ ျဖစ္ပါတယ္။

 

၆. လူအမ်ားႏွင္႔ ပူးေပါင္းေဆာင္ရြက္တတ္ပါေစ

သင္ဟာ အလုပ္ခြင္မွာ လူအမ်ားနဲ႔ မျဖစ္မေန ထိေတြ႔ ဆက္ဆံရတာေၾကာင္႔ လူေတြနဲ႔ ပူေပါင္း လုပ္ေဆာင္တတ္ျခင္းဟာလည္း လိုအပ္တဲ႔ အရည္အခ်င္းတစ္ခုပါပဲ။

လုပ္ေဖာ္ကိုင္ဖက္ အခ်င္းခ်င္း ညီညီညြတ္ညြတ္ ေဆာင္ရြက္ၾကျခင္းက လုပ္ငန္းရဲ႕ ထုတ္ကုန္ကို ႏွစ္ဆတိုးျမွင္႔ေစမွာ ျဖစ္ပါတယ္။

 

၇. အလုပ္လုပ္ခ်င္စိတ္ေမြးပါ

ပ်င္းရိလာတဲ႔အခါ၊ ဖိစီးမႈမ်ားလာတဲ႔အခါ လူေတြဟာ အလုပ္လုပ္ခ်င္စိတ္ ကုန္ခန္းလာ တတ္ပါတယ္။ ဒါကို အျဖစ္မခံပါနဲ႔။ အၿမဲအလုပ္လုပ္ခ်င္စိတ္ေမြးျမဴပါ။ ဒါဆို သင္ဟာလုပ္ငန္းခြင္မွာ အၿမဲတမ္း တက္ၾကြလန္းဆန္းေနတဲ႔ သူလို႔ နာမည္ေကာင္းရလာမွာ ျဖစ္ပါတယ္။

 

၈. မိမိ ေျပာလိုက္တဲ့စကားကို အၿမဲတည္ေအာင္ႀကိဳးစားပါ

ယံုၾကည္မႈဆိုတာ အခ်ိန္ၾကာၾကာ ေဆာက္တည္ရတာမ်ိဳးျဖစ္ၿပီး၊ တစ္ခါပ်က္ျပားသြားရင္လည္း ဘယ္ေတာ႔မွ ျပန္မရႏိုင္ေတာ႔တာမ်ိဳးပါ။

ဒီေတာ႔ ကတိတည္သူတစ္ေယာက္္၊ စကားတည္သူတစ္ေယာက္ ျဖစ္ေအာင္ ႀကိဳးစားပါ။ “တကၠသိုလ္ ေက်ာင္းသား/သူ ေတြအတြက္ အသင့္ေတာ္ဆုံး Laptop ၂ မ်ိဳး”

 

Source: momolay

sayar.com.mm

Read times
Rate this articles
(0 votes)