×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Monday, 14 September 2020

ကမ္ဘာကျော်သူများအကြောင်း (၃)

ကမ္ဘာကျော်သူများအကြောင်း (၃)

ကွန်ဖြူးရှပ်
Confucius

 

မွေးဖွါး - ဘီစီ -၅၅၁ - ရှန်တုန်ပြည်နယ်
ကွယ်လွန် - ဘီစီ -၄၇၉
နိုင်ငံသား - တရုတ်နိုင်ငံ
အလုပ်အကိုင်  - တွေးခေါ်ပညာရှင်

 

Confucius

 

တရုတ်တွေးခေါ်ပညာရှင် ကွန်ဖြူးရှပ်(Confucius)(ဘီစီ ၅၅၁-၄၇၉)ကို ယနေ့တရုတ်နိုင်ငံ အရှေ့မြောက်ဖက်ရှိ ရှန်တုန်နယ်(Shantaung)ရှိ လု(Lu')နိုင်ငံငယ်လေးတွင် ဘီစီ-၅၅၁ခုက ဖွားမြင်သည်။

 

ငယ်စဉ်ကပင် ဖခင်ဆုံးပါးသဖြင့် မိခင်မုဆိုးမက ကျွေးမွေးစောင့်ရှောက်လာခဲ့သည်။ လူငယ်ဘဝက အစိုးရဝန်ထမ်းအဖြစ် တာဝန်ထမ်းခဲ့ဖူးပြီး ဝန်ထမ်းသက်အတော်ကြာမှ အလုပ်ထွက်ကာ အတွေးအမြင်များကို စတင်ဟောပြောပို့ချသည်။ နောက်ပါတပည့်များပြားလာပြီး အသက်ငါးဆယ်အရွယ်တွင် လုအစိုးရက ရာထူးကြီးပေးကာ တာဝန်ထမ်းဆောင်ရန်ကမ်းလှမ်းသောကြောင့် မင်းမှုထမ်းဖြစ်ပြန်သည်။

 

လေးနှစ်သာခံပြီး ကုန်းတိုက်သူတို့ကြောင့် ပြည်နှင်ဒဏ်ဖြင့် ၁၃ နှစ်တိုင်နေရရှာသည်။ ထို ၁၃ နှစ်တွင် တရုတ်ပြည် ပဒေသရာဇ်နိုင်ငံငယ်လေးများတွင် နယ်လှည့် ဟောပြောပို့ချသူအဖြစ် နေထိုင်ရှင်သန်ခဲ့သည်။ နာမည်ကျော်ဘဝဖြင့် ဇာတိသို့ပြန်ရောက်ပြီး ၅ နှစ်အကြာ(အသက် ၇၂နှစ်) တွင် ကွယ်လွန်သည်။ကွန်ဖြူးရှပ် ဆိုသည့်အခေါ်မှာ ကန်တုံ တရုတ်သံမှ ဖလှယ်ထားခြင်းဖြစ်ပြီး မန်ဒရင်းသံဖြင့်ဆိုလျှင် ခုန်ဖူဇီ(Koung Fu Zi)ဟုအနီးစပ်ဆုံး အသံဖလှယ်နိုင်သည်။

 

ခုန်/ကွန် မှာမျိုးရိုးနာမည် ဖြစ်ပြီး၊ ဖူ/ဖြူး နှင့် ဇီ/ရှပ် မှာ အသက်အရွယ်ကြီးရင့်သူ၊ ပညာကြွယ်ဝသူကို လေးစားသမှုဖြင့် ခေါ်ဝေါ်သည့် အသုံးအနှုံးဖြစ်သည်။ထို့ကြောင့် ခုန်ပညာရှိလူကြီးမင်း ဟုအဓိပ္ပါယ်ရသည်။

 

ကွန်ဖြူးရှပ်ကို အတွေးအခေါ်ပညာရှင်သာမက ဘာသာရေးရှေ့ဆောင်အဖြစ်လည်း သတ်မှတ်ကြသည်။ ကိုးရီးယားကျွန်းဆွယ်တွင် ဘာသာရေးအသွင်ဖြင့် ကိုးကွယ်သေးသည်။ တရုတ်လူမျိုးတို့အတွက်မူ ဘဝလမ်းပြဒဿန ဆရာကြီးအဖြစ် ကြည်ညိုပြီး ၎င်း၏လမ်းစဉ်များကို လိုက်နာကြပါသည်။

 

ကွန်ဖြူးရှပ်၏ အတွေးအခေါ်တို့မှာ အသစ်အဆန်း များများစားစား ပါလှသည်မဟုတ်ပေ။ အဟောင်းကိုသာ ကောင်းအောင်ပြင်ပြီး လူတို့မမေ့အပ်ကြောင်းကို အဓိကထားပြီး ဆိုဆုံးမခြင်းသာ ဖြစ်သည်။ သို့သော် ထိုဆုံးမစာများမှာ အစိုးရအုပ်ချုပ်ရေးကို ပဲ့ကိုင်သည့် လမ်းညွှန်ပြဌာန်းချက်လည်း ဖြစ်လာသည်။

 

တရုတ်နိုင်ငံမင်းဆက် အဆက်ဆက်၊ ခေတ်အဆက်ဆက်တွင် သုံးနှစ်တစ်ကြိမ်ကျ ဘုရင်က ကြီးမှုးကျင်းပသည့် နိုင်ငံလုံးဆိုင်ရာ ဘုရင့်စာမေးပွဲ တွင် ဖြေဆိုရန် ပြဌာန်းထားသည့် ကျမ်းမှာ ထိုကွန်ဖြူးရှပ်၏ ၄အုပ်၊၅ကျမ်း ခေါ်သည့် (စာအုပ်အားဖြင့် ၄အုပ်၊ ကျမ်းစာအားဖြင့် ၅ ကျမ်း) သာဖြစ်သဖြင့် တရုတ်တို့ အတွက် မရှိမဖြစ် ကျင့်ဝတ်ကျမ်း၊ အုပ်ချုပ်မှုရေးရာ စံကျမ်း၊လူမှုရေးကျမ်း များလည်းဖြစ်တော့သည်။ သမိုင်းတွင် ကွန်ဖြူးရှပ်ဝါဒီနှင့် ကွန်ဖြူးရှပ်ဂိုဏ်းသားများသည် တရုတ်နိုင်ငံကို ပထမဆုံးစုစည်း အုပ်ချုပ်သည့် ချင်မင်းဆက်(Ch'in)လက်ထက် ပထမဆုံးဧကရာဇ်ဘွဲ့ခံ ရှီဟွမ်တီ(ချင်ရှိဟွမ်)(Shih Huang Ti)လက်ထက် ဘီစီ-၂၂၁ခုတွင် ပြင်းထန်စွာနှိပ်ကွပ်မှုကို ခံခဲ့ရသည်။

 

၎င်း၏ကျမ်းစာများကို အဆိပ်အတောက်ဟု သတ်မှတ်ပြီး မီးပုံရှို့ရန် အမိန့်ပေးသည်သာမက ကျမ်းဆောင် အကျော်အမော်တို့ကိုပါ မြေမြုပ်သတ်ဖြတ်သဖြင့် ကွန်ဖြူးရှပ်ဝါဒီတို့ ကပ်ဘေးသင့်သည့် ကာလဟုဆိုနိုင်သည်။ သို့သော် ချင်မင်းဆက် အချိန်တိုအတွင်းပျက်သုဉ်းပြီး နောက်တက်သည့် ဟန်(Han)မင်းဆက် လက်ထက်တွင် အကြီးအကျယ်မြှောက်စားသဖြင့် ကွန်ဖြူးရှပ်ဝါဒီ တို့ပြန်လည် ခေါင်းမော့နိုင်တော့သည်။နောက်တစ်ကြိမ်အနေဖြင့် မော်စီတုန်းဦးဆောင်မှုဖြင့် တရုတ်နိုင်ငံတွင် ယဉ်ကျေးမှုတော်လှန်ရေး ကြီးဆင်နွှဲစဉ်တွင်လည်း တစ်ကြိမ် ပြန်လည်နှိပ်ကွပ်ခြင်း ခံခဲ့ရပြန်သည်။ ကွန်ဖြူးရှပ်အထိမ်းအမှတ် ရုပ်တုများကို ဖျက်ဆီးပစ်ခဲ့သည်။

 

သို့သော်လည်း သမိုင်းတစ်လျှောက် အခိုင်အမာနေရာယူပြီး ဖြစ်သည့် ကွန်ဖြူးရှပ်ဝါဒမှာ ပျက်စီးခြင်းသို့ မကျရောက်တော့ပေ။အထက်ပါ နှစ်ကြိမ်မှလွဲလျှင် တရုတ်ပြည်ကို အုပ်ချုပ်သည့် ကျန်မင်းဆက်များအားလုံးနီးပါးက ကွန်ဖြူးရှပ်ဒဿနကို နိုင်ငံတော် ဒဿနသဖွယ် လိုက်နာပြီး၊၎င်း၏ လမ်းညွှန်ဆုံးမမှုတို့ကို ထိန်းသိမ်းလိုက်နာပြီး အုပ်ချုပ်ရေးကို ဖေါ်ဆောင်သဖြင့် တရုတ်ပြည်သူတို့သည် ကမ္ဘာ့သမိုင်းတစ်လျှောက် အကောင်းဆုံးဟု ဆိုနိုင်သည့် အုပ်ချုပ်မှုစံနှုံးဖြင့်အုပ်ချုပ်ခြင်းကို ခံခဲ့ရသည်ဟု ဆိုနိုင်ပေသည်။

 

 

ကိုးကား
ကျော်စွာ(၁၀၀)-ဒေါက်တာသန်းထွန်

 

 

ကမၻာေက်ာ္သူမ်ားအေၾကာင္း (၃)

ကြန္ျဖဴးရွပ္
Confucius

 

ေမြးဖြါး - ဘီစီ -၅၅၁ - ရွန္တုန္ျပည္နယ္
ကြယ္လြန္ - ဘီစီ -၄၇၉
ႏိုင္ငံသား - တရုတ္နိုင္ငံ
အလုပ္အကိုင္-  ေတြးေခၚပညာရွင္

 

Confucius

 

တရုတ္ေတြးေခၚပညာရွင္ ကြန္ျဖဴးရွပ္(Confucius)(ဘီစီ ၅၅၁-၄၇၉)ကို ယေန႔တရုတ္ႏိုင္ငံ အေရွ႕ေျမာက္ဖက္ရွိ ရွန္တုန္နယ္(Shantaung)ရွိ လု(Lu')ႏိုင္ငံငယ္ေလးတြင္ ဘီစီ-၅၅၁ခုက ဖြားျမင္သည္။

 

ငယ္စဥ္ကပင္ ဖခင္ဆံုးပါးသျဖင့္ မိခင္မုဆုိးမက ေကၽြးေမြးေစာင့္ေရွာက္လာခဲ့သည္။ လူငယ္ဘ၀က အစိုးရ၀န္ထမ္းအျဖစ္ တာ၀န္ထမ္းခဲ့ဖူးျပီး ၀န္ထမ္းသက္အေတာ္ၾကာမွ အလုပ္ထြက္ကာ အေတြးအျမင္မ်ားကို စတင္ေဟာေျပာပို႔ခ်သည္။ ေနာက္ပါတပည့္မ်ားျပားလာျပီး အသက္ငါးဆယ္အရြယ္တြင္ လုအစိုးရက ရာထူးၾကီးေပးကာ တာ၀န္ထမ္းေဆာင္ရန္ကမ္းလွမ္းေသာေၾကာင့္ မင္းမႈထမ္းျဖစ္ျပန္သည္။

 

ေလးႏွစ္သာခံျပီး ကုန္းတိုက္သူတို႔ေၾကာင့္ ျပည္ႏွင္ဒဏ္ျဖင့္ ၁၃ ႏွစ္တိုင္ေနရရွာသည္။ ထို ၁၃ ႏွစ္တြင္ တရုတ္ျပည္ ပေဒသရာဇ္ႏိုင္ငံငယ္ေလးမ်ားတြင္ နယ္လွည့္ ေဟာေျပာပို႔ခ်သူအျဖစ္ ေနထုိင္ရွင္သန္ခဲ့သည္။ နာမည္ေက်ာ္ဘ၀ျဖင့္ ဇာတိသို႔ျပန္ေရာက္ျပီး ၅ ႏွစ္အၾကာ(အသက္ ၇၂ႏွစ္) တြင္ ကြယ္လြန္သည္။ကြန္ျဖဴးရွပ္ ဆိုသည့္အေခၚမွာ ကန္တံု တရုတ္သံမွ ဖလွယ္ထားျခင္းျဖစ္ျပီး မန္ဒရင္းသံျဖင့္ဆိုလွ်င္ ခုန္ဖူဇီ(Koung Fu Zi)ဟုအနီးစပ္ဆံုး အသံဖလွယ္ႏိ္ုင္သည္။

 

ခုန္/ကြန္ မွာမ်ိဳးရိုးနာမည္ ျဖစ္ျပီး၊ ဖူ/ျဖဴး ႏွင့္ ဇီ/ရွပ္ မွာ အသက္အရြယ္ၾကီးရင့္သူ၊ ပညာၾကြယ္၀သူကို ေလးစားသမႈျဖင့္ ေခၚေ၀ၚသည့္ အသံုးအႏံႈးျဖစ္သည္။ထို႔ေၾကာင့္ ခုန္ပညာရွိလူၾကီးမင္း ဟုအဓိပၸါယ္ရသည္။

 

ကြန္ျဖဴးရွပ္ကို အေတြးအေခၚပညာရွင္သာမက ဘာသာေရးေရွ႕ေဆာင္အျဖစ္လည္း သတ္မွတ္ၾကသည္။ ကိုးရီးယားကၽြန္းဆြယ္တြင္ ဘာသာေရးအသြင္ျဖင့္ ကိုးကြယ္ေသးသည္။ တရုတ္လူမ်ိဳးတို႔အတြက္မူ ဘ၀လမ္းျပဒႆန ဆရာၾကီးအျဖစ္ ၾကည္ညိဳျပီး ၄င္း၏လမ္းစဥ္မ်ားကို လိုက္နာၾကပါသည္။

 

ကြန္ျဖဴးရွပ္၏ အေတြးအေခၚတို႔မွာ အသစ္အဆန္း မ်ားမ်ားစားစား ပါလွသည္မဟုတ္ေပ။ အေဟာင္းကိုသာ ေကာင္းေအာင္ျပင္ျပီး လူတို႔မေမ့အပ္ေၾကာင္းကို အဓိကထားျပီး ဆိုဆံုးမျခင္းသာ ျဖစ္သည္။ သို႔ေသာ္ ထိုဆံုးမစာမ်ားမွာ အစိုးရအုပ္ခ်ဳပ္ေရးကို ပဲ့ကိုင္သည့္ လမ္းညႊန္ျပဌာန္းခ်က္လည္း ျဖစ္လာသည္။

 

တရုတ္ႏို္င္ငံမင္းဆက္ အဆက္ဆက္၊ ေခတ္အဆက္ဆက္တြင္ သံုးႏွစ္တစ္ၾကိမ္က် ဘုရင္က ၾကီးမႈးက်င္းပသည့္ ႏိုင္ငံလံုးဆိုင္ရာ ဘုရင့္စာေမးပြဲ တြင္ ေျဖဆိုရန္ ျပဌာန္းထားသည့္ က်မ္းမွာ ထိုကြန္ျဖဴးရွပ္၏ ၄အုပ္၊၅က်မ္း ေခၚသည့္ (စာအုပ္အားျဖင့္ ၄အုပ္၊ က်မ္းစာအားျဖင့္ ၅ က်မ္း) သာျဖစ္သျဖင့္ တရုတ္တို႕ အတြက္ မရွိမျဖစ္ က်င့္၀တ္က်မ္း၊ အုပ္ခ်ဳပ္မႈေရးရာ စံက်မ္း၊လူမႈေရးက်မ္း မ်ားလည္းျဖစ္ေတာ့သည္။ သမိုင္းတြင္ ကြန္ျဖဴးရွပ္၀ါဒီႏွင့္ ကြန္ျဖဴးရွပ္ဂိုဏ္းသားမ်ားသည္ တရုတ္ႏိုင္ငံကို ပထမဆံုးစုစည္း အုပ္ခ်ဳပ္သည့္ ခ်င္မင္းဆက္(Ch'in)လက္ထက္ ပထမဆံုးဧကရာဇ္ဘြဲ႔ခံ ရွီဟြမ္တီ(ခ်င္ရွိဟြမ္)(Shih Huang Ti)လက္ထက္ ဘီစီ-၂၂၁ခုတြင္ ျပင္းထန္စြာႏွိပ္ကြပ္မႈကို ခံခဲ့ရသည္။

 

၄င္း၏က်မ္းစာမ်ားကို အဆိပ္အေတာက္ဟု သတ္မွတ္ျပီး မီးပံုရွိဳ႕ရန္ အမိန္႕ေပးသည္သာမက က်မ္းေဆာင္ အေက်ာ္အေမာ္တို႔ကိုပါ ေျမျမဳပ္သတ္ျဖတ္သျဖင့္ ကြန္ျဖဴးရွပ္၀ါဒီတို႔ ကပ္ေဘးသင့္သည့္ ကာလဟုဆိုႏိုင္သည္။ သို႔ေသာ္ ခ်င္မင္းဆက္ အခ်ိန္တိုအတြင္းပ်က္သုဥ္းျပီး ေနာက္တက္သည့္ ဟန္(Han)မင္းဆက္ လက္ထက္တြင္ အၾကီးအက်ယ္ေျမွာက္စားသျဖင့္ ကြန္ျဖဴးရွပ္၀ါဒီ တို႔ျပန္လည္ ေခါင္းေမာ့ႏိုင္ေတာ့သည္။ေနာက္တစ္ၾကိမ္အေနျဖင့္ ေမာ္စီတုန္းဦးေဆာင္မႈျဖင့္ တရုတ္ႏိုင္ငံတြင္ ယဥ္ေက်းမႈေတာ္လွန္ေရး ၾကီးဆင္ႏႊဲစဥ္တြင္လည္း တစ္ၾကိမ္ ျပန္လည္ႏွိပ္ကြပ္ျခင္း ခံခဲ့ရျပန္သည္။ ကြန္ျဖဴးရွပ္အထိမ္းအမွတ္ ရုပ္တုမ်ားကို ဖ်က္ဆီးပစ္ခဲ့သည္။

 

သို႔ေသာ္လည္း သမိုင္းတစ္ေလွ်ာက္ အခို္င္အမာေနရာယူျပီး ျဖစ္သည့္ ကြန္ျဖဴးရွပ္၀ါဒမွာ ပ်က္စီးျခင္းသို႔ မက်ေရာက္ေတာ့ေပ။အထက္ပါ ႏွစ္ၾကိမ္မွလြဲလွ်င္ တရုတ္ျပည္ကို အုပ္ခ်ဳပ္သည့္ က်န္မင္းဆက္မ်ားအားလံုးနီးပါးက ကြန္ျဖဴးရွပ္ဒႆနကို ႏိုင္ငံေတာ္ ဒႆနသဖြယ္ လိုက္နာျပီး၊၄င္း၏ လမ္းညႊန္ဆံုးမမႈတို႔ကို ထိန္းသိမ္းလိုက္နာျပီး အုပ္ခ်ဳပ္ေရးကို ေဖၚေဆာင္သျဖင့္ တရုတ္ျပည္သူတို႔သည္ ကမာၻ႔သမိုင္းတစ္ေလွ်ာက္ အေကာင္းဆံုးဟု ဆိုႏိုင္သည့္ အုပ္ခ်ဳပ္မႈစံႏံႈးျဖင့္အုပ္ခ်ဳပ္ျခင္းကို ခံခဲ့ရသည္ဟု ဆိုႏိုင္ေပသည္။

 

 

ကိုးကား
ေက်ာ္စြာ(၁၀၀)-ေဒါက္တာသန္းထြန္


Read times Last modified on Tuesday, 15 September 2020 09:54
Rate this articles
(0 votes)