Knowledge

Monday, 14 September 2020

ကမ္ဘာကျော်သူများအကြောင်း (၄)

ကမ္ဘာကျော်သူများအကြောင်း (၄)


Plato

 

Plato

ဆိုကရေတီ၏တပည့် ပလေတိုသည်ထင်ရှားကြီးကျယ်သော ကမ္ဘာ့အတွေးအခေါ်ဒဿနပညာရှင်ကြီးဖြစ်ပြီး နိူင်ငံရေး၊သင်္ချာ၊နက္ခတ်..နယ်ပယ်စုံတွင်နှံ့စပ်သူဖြစ်သည်။ စံပြစိတ်ကးူနိူင်ငံ (Utopia) စီမံကိန်းကို ရှေးဦးစွာတင်ပြခဲ့သောပလေတိုသည် အေသင်မြို့၏ထင်ရှားကျော်စောသော ၊ကုံလုံကြွယ်ဝသော အမျိုးအနွယ်မှဆင်းသက်လာသည်။

 

ပလေတိုကိုမွေးဖွားသည့်အချိန်မှာ ဗုဒ္ဓ(၅၆၇ _၄၈၇)ပရိနိဗ္ဗာန်စံပြီး အနှစ် ၅၀ ကျော်လာပြီးသည့်အချိန်ဖြစ်သည်။ ပလေတိုမှာအဖက်ဖက်တွင် ကုသိုလ်ကံထူးသည်။ ရုပ်ရည်ရူပကာလှပတင့်တယ်ပြီး အမျိုးအနွယ်မြင့်မြတ်သည်။ စည်းစိမ်ဥစ္စာပေါများကြွယ်ဝသည်။

 

အသက် ၁၈-၂၀ အရွယ်တွင်ဆိုကရေတီနှင့် ရင်းနှီးမှုရလာသည်။ အပြင်ပန်းအနေအထားအရသူတို့နှစ်ဦးမှာ မးိုနှင့်မြေပမာကွာသည်။ ဆိုကရေတီသည် နှာခေါင်းတိုတို၊ နှုတ်ခမ်းထူထူနှင့် ရုပ်ဆိုးဆိုးမွဲခြောက်ခြောက်။ ပလေတိုကမူ ရုပ်ရည်ရူပကာချောမောပြီး ဆွေဂုဏ်မျိုးဂုဏ်ကြီးသူဖြစ်သည်။ သို့ရာတွင်ဆိုကရေတီ၏ဆုံးအမဥပဒေသများက ပလေတိုကို ဆွဲဆောင်ခဲ့သည်။ ပလေတိုသည် ဆိုကရေတီ၏တပည့်ဖြစ်လာခဲ့၏။

 

ဆိုကရေတီကိုစွဲချက်တင် သောအခါပလေတိုသည် တရားရုံးတွင်ရှိနေခဲ့သည်။ ဆိုကရေတီအတွက် အာမခံပေးဖို့ပင်အဆိုပြုခဲ့သည်။ ဆိုကရေတီအဆိပ်သောက်သေစေသည့်အပြစ်ဒဏ်ပေးသောအခါပလေတိုမှာ၂၈ နှစ်အရွယ်။ယင်းအဖြစ်အပျက်သည်ပလေတိုအပေါ်များစွာသြဇာသက်ရောက်သွားသည်။ယင်းကြောင့်ပင်ပလေတိုသည် နိူင်ငံရေးကိုမျက်နှာလွှဲလိုက်ပြီးလျှင်၊ဒဿနပညာသုတေသီဖြစ်သွားလေသည်။

 

ပလေတိုသည်နိူင်ငံတကာ၊ ဒေသတကာတို့တွင်၁၂နှစ်တိတိခရီးလှည့်လည်ကာ၊အယူဝါဒအမျိုးမျိုးကိုသင်ကြားလေ့လာခဲ့သည်။အီဂျစ်၊အီတလီမှ ဂင်္ဂါမြစ်ဝှမ်းမဇ္ဈိမဒေသအထိလှည့် လည်ခဲ့သည်။ ထို့နောက်အေသင်တွင် အကယ်ဒမီကျောင်းကိုတည်ထောင်ပြီးသက်ဆုံးတိုင် ပညာသင်ကြားသွားခဲ့သည်။(အရစ္စတိုတယ်သည် ပလေတို၏အသက်၆၀ အရွယ်တွင် အကယ်ဒမီကိုရောက်ရှိကာပညာသင်ယူခဲ့သည်)

 

ထိုခေတ်ထိုအခါက ပလေတိုသည်ယောက်ျားမိန်မတန်းတူအခွင့်ရေးရရှိရေးကိုရဲဝံ့စွာ တောင်းဆိုခဲ့လေသည်။ ပလေတို၏ဒဿနသဘောအခြေခံမှာ ဆိုကရေတီ၏ အမှန်သဘော(Reality)ဟူသောဝါဒဖြစ်သည်။ ယင်းဝါဒ၏ဆိုလိုရင်းမှာ အမှန်သဘော(ဝါ)ပရမတ်သဘော သည် စင်စစ်အားဖြင့်အရာဝတ္ထုတို့၏ စိတ်ကူးဖြစ်သောအသွင်အပြင်၌သာရှိသည်။ ယင်းအမှန်သဘောသည် ပြည့်ဝသည်၊ တည်မြဲသည်၊ ပြောင်းလဲသည်ဟူ၍မရှိ။ အာရုံခံတို့ဖြင့်သိရ၊ မြင်ရသော၊ ပြောင်းလဲတတ်သော၊ မပြည့်ဝသောအရာဝတ္ထုများ၏အောက်ခြေမူလ၌ ရှိနေသည်။ 


ယင်းသို့အားဖြင့် ပလေတိုသည်ဆိုကရေတီ၏ အယူအဆများကိုမျိုးစေ့ဗီဇအနေဖြင့်ယူငင်ပြီးလျှင် မိမိ၏အတွေးအခေါ်များကို စည်ပင်ဖွံဖြိုးစေခဲ့သည်။ ရီပတ်ဗလစ်သည်ပလေတို၏ အကျော်ကြားဆုံး အရေးပါဆုံးကျမ်းဂန်ဖြစ်သည်။ယင်းကျမ်းကိုပလေတိုသည် အတွေးအခေါ်ရင့်ကျက်ပြီးသည့်အချိန် အသက်၄၀အရွယ်တွင်ရေးခဲ့သည်။

 

ရီပတ်ဗလစ်သည် အကျင့်စာရိတ္တပညာဖြင့်လည်းကောင်း၊နီတိဆိုင်ရာဒဿနပညာများဖြင့်လည်းကောင်းအစပျိုးထားသည်။ ကျမ်စ၏အစမှာပင် တရားမှုဟူသည်မှာအဘယ်နည်းဆိုသော ပြဿနာကိုဖော်ထုတ်ထားသည်။ ကိုယ်ကျင့်တရားဆိုင်ရာ ဂုဏ်အရည်အချင်းများ၏တိုးတက်ကြီးပွားမှုသည်ပညာအရသာလျှင်ဖြစ်နိူင်သည်။မြင့်မြတ်ကောင်းမွန်သော အုပ်ချုုပ်ရေးအတွက် အုပ်ချုပ်သူတို့ကိုပညာပေးဖို့လိုအပ်သည်။ထို့ကြောင့်ရီပတ်ဗလစ်၌ ပညာနှင့်ပတ်သက်သော ပြဿနာများကိုရဲဝံ့ပြတ်သားစွာ ဖွင့်ပြထားသည်။ပြင်သစ်အတွေးအခေါ်ပညာရှင်ရူးဆိုးက “ရီပတ်ဗလစ်သည် နိူင်ငံရေးကျမ်းဂန်မဟုတ်။ ပညာနှင့်ပတ်သက်၍ မပေါ်ဖူးသေးသောကျမ်းဂန်ဖြစ်သည်” ဟူ၍ရေးသားထားသည်။

 

ပလေတိုအပေါ်၌ ပိုက်သာဂိုရပ်၏ သြဇာလည်းလွှမ်းမိုးခဲ့လေသည်။ ပိုက်သာဂိုရပ်၏နောက်လိုက်တပည့်များသည် ဂဏန်းသင်္ချာအား သဘာဝ၏လျှို့ဝှက်ချက်များကိုဖွင့်ရန်အတွက် သော့ချက်ဖြစ်၏ဟု ယူဆကြသည်။ ပလေတိုသည်လည်း ဂဏန်းသင်္ချာအား ဒဿနပညာ၏ ပထမလှေကားထစ်အဖြစ်အလေးပေးထားသည်။ စင်ကြယ်သောအမှန်တရားရရှိရေး၌ စင်ကြယ်သောအသိဉာဏ်အသုံးပြုခြင်းကို ဂဏန်းပညာကိုအသုံးြ့ပု၏ ဟုဆိုထားသည်။

 

ထိုခေတ်က ဂဏန်းသချာၤကိုစစ်ရေးစစ်ရာများတွင်လည်းအသုံးပြုသည်။ ပလေတို၏ အကယ်ဒမီကျောင်းအဝင်တံခါးတွင် “ဂဏန်းပညာတတ်ကျွမ်းသူများသာလျှင် ဤကျောင်း၌ဝင်ခွင့်ရှိနိူင်သည်”် ဟူသောစာတမ်းကိုရေးသားထားသည်။

 

ပလေတိုသည် နက္ခတ္ထဗေဒ(Astronomy)နှင့် အသံညှိအတတ်(Harmonies) ကိုလည်းသင်ကြားပို့ချပေးခဲ့လေသည်။ နက္ခတ္ထဗေဒပညာရပ်၌ ဂြိုဟ်နက္ခတ်တို့၏ သွားလာလည်ပတ်မှု နှင့်ပတ်သက်သော ကျယ်ပြန့်သည့်အသိဉာဏ်ကိုသာလျှင်မက ဂြိုဟ်နက္ခတ်တို့၏အသွားအလာကို ဖြစ်ပေါ်စေသော အကြောင်းအရာနှင့်ပတ်သက်သောသင်ကြားလေ့လာမှုကိုအလေးအနက် ပြုထားလေသည်။

 

ပလေတို၏စံပြစိတ်ကူးနိူင်ငံ (Utopia) ကိုမူချွတ်ယွင်းချက်များရှိ၍အရစ္စတိုတယ်ခေတ်ကာလမှစ၍ အပြင်းအထန်အဝေအဖန်ခံလာရသည်။ ( ယူနောပိယား Utopiaးသည် ဂရိဘာသာတွင် မရှိဟူသောအနက်ကိုဟောသည့် Ou နှင့် နေရာကိုဟောသည့် Topos တို့ကိုပေါင်းစပ်တီထွင်ထားသည့်စကားလုံးဖြစ်သည်။ အဓိပ္ပာယ်မှာမည်သည့်နေရာမှမရှိဟုဆိုလိုသည်။ သက္ကတဘာသာ၌အမှန်တကယ်မရှိသည့်နေရာကိုဂန္ဓဗ္ဗနဂရဟုခေါ်သည်။)

 

လွန်ခဲ့သောနှစ်ပေါင်း ၂၄၀၀သမိုင်းတစ်လျှောက် ကျယ်ပြန့်ကြီးမားသောနိူင်ငံများကိုတည်ထောင်သည့်ဘုန်းလက်ရုံးနှင့်ပြည်စုံသော ဘုရင်များ၊သူရသတ္တိနှင့်ပြည့်စုံသောဧကရာဇ်များ၊ လိမ္မာကျွမ်းကျင်သော နိူူင်ငံရေးသုခမိန်များ၏အရေအတွက်မှာမနည်းလှပေ။ သို့ရာတွင်ယင်းတို့အနက် မည်သူမှပလေတိုလောက် နိူင်ငံရေးအတွေးအခေါ်များအပေါ်၌သြဇာမလွှမ်းမိုးနိူင်ပေ။သူ၏ စာပေကျမ်းဂန်များကို နှစ်ပေါင်း ၂၄၀၀ ကျော်ခဲ့ပြီဖြစ်သော်လည်းယနေ့တိုင်လေးစားစွာဖတ်ရှုလေ့လာ
နေရသည်။ယင်းစာပေကျမ်းဂန်များမှလှုံဆော်အားပေးမှုကိုရယူကြရသည်။ ယင်းစာပေကျမ်းဂန်များကိုအခြေပြုလျက်မိမိတို့၏ အယူအဆများကိုသန်မာထွားကျိုင်းအောင်ပြုကြရသည်။

 

(လျှို့ဝှက်ဂန္ဓာရီပညာလေ့လာလိုက်စားသူများကမူ အော်ဖီးရပ်စ်၊ပိုက်သာဂိုရပ် နှင့်ပလေတိုကို ထိပ်တန်းဂန္ဓာရီပညာရှင်ကြီးများအဖြစ်မှတ်ယူကြသည်။ အော်ဖီးရပ်စ်သည် ဂီတသံစဉ် ၇ပါးကိုဖော်ထုတ်ခဲ့သူဖြစ်ပြီး၊ကျားခြင်္သေ့သားရဲများကိုပင်ဂီတဖြင့်ယဉ်ပါးအောင်ပြုနိူင်စွမ်းရှိသူဖြစ်သည်။အော်ဖီးရပ်စ်မတိုင်မီကဂီတသံစဉ်၃ပါးကိုသာသိခဲ့ကြသည်။ပလေတို၏ ဂရိအသံထွက်မှာ ပလာတုန်)

 

ကျမ်းကိုး။ ။ ဒေါက်တာသန်းထွန်း(ကျော်စွာ၁၀၀)၊ပါရဂူ(ခေါမဒဿနပညာရှင်ကြီးများ)

 

 

 

ကမၻာေက်ာ္သူမ်ားအေၾကာင္း (၄)


Plato

ဆိုကေရတီ၏တပည္႕ ပေလတိုသည္ထင္ရွားၾကီးက်ယ္ေသာ ကမာၻ႔အေတြးအေခၚဒႆနပညာရွင္ၾကီးၿဖစ္ၿပီး နိူင္ငံေရး၊သခ်ၤာ၊နကၡတ္..နယ္ပယ္စံုတြင္ႏွံ႕စပ္သူၿဖစ္သည္။

စံၿပစိတ္ကးူႏိူင္ငံ (Utopia) စီမံကိန္းကို ေရွးဦးစြာတင္ၿပခဲ႔ေသာပေလတိုသည္ ေအသင္ၿမိဳ႕၏ထင္ရွားေက်ာ္ေစာေသာ ၊ကံုလံုၾကြယ္၀ေသာ အမ်ိဳးအႏြယ္မွဆင္းသက္လာသည္။


ပေလတိုကိုေမြးဖြားသည္႕အခ်ိန္မွာ ဗုဒၶ(၅၆၇ _၄၈၇)ပရိနိဗၺာန္စံၿပီး အႏွစ္ ၅၀ ေက်ာ္လာၿပီးသည္႕အခ်ိန္ၿဖစ္သည္။ ပေလတိုမွာအဖက္ဖက္တြင္ ကုသိုလ္ကံထူးသည္။ ရုပ္ရည္ရူပကာလွပတင္႔တယ္ၿပီး အမ်ိဳးအႏြယ္ၿမင္႔ၿမတ္သည္။ စည္းစိမ္ဥစၥာေပါမ်ားၾကြယ္၀သည္။

 

အသက္ ၁၈-၂၀ အရြယ္တြင္ဆိုကေရတီႏွင္႔ ရင္းႏွီးမႈရလာသည္။ အၿပင္ပန္းအေနအထားအရသူတို႔ႏွစ္ဦးမွာ မးိုႏွင္႔ေၿမပမာကြာသည္။ ဆိုကေရတီသည္ ႏွာေခါင္းတိုတို၊ ႏႈတ္ခမ္းထူထူႏွင္႔ ရုပ္ဆိုးဆိုးမြဲေၿခာက္ေၿခာက္။ ပေလတိုကမူ ရုပ္ရည္ရူပကာေခ်ာေမာၿပီး ေဆြဂုဏ္မ်ိဳးဂုဏ္ၾကီးသူၿဖစ္သည္။ သို႔ရာတြင္ဆိုကေရတီ၏ဆံုးအမဥပေဒသမ်ားက ပေလတိုကို ဆြဲေဆာင္ခဲ႔သည္။ ပေလတိုသည္ ဆိုကေရတီ၏တပည္႕ၿဖစ္လာခဲ႔၏။

 

ဆိုကေရတီကိုစြဲခ်က္တင္ ေသာအခါပေလတိုသည္ တရားရံုးတြင္ရွိေနခဲ႔သည္။ ဆိုကေရတီအတြက္ အာမခံေပးဖို႔ပင္အဆိုၿပဳခဲ႔သည္။ ဆိုကေရတီအဆိပ္ေသာက္ေသေစသည္႕အၿပစ္ဒဏ္ေပးေသာအခါပေလတိုမွာ၂၈ ႏွစ္အရြယ္။ယင္းအၿဖစ္အပ်က္သည္ပေလတိုအေပၚမ်ားစြာၾသဇာသက္ေရာက္သြားသည္။ယင္းေၾကာင္႔ပင္ပေလတိုသည္ ႏိူင္ငံေရးကိုမ်က္ႏွာလႊဲလိုက္ၿပီးလွ်င္၊ဒႆနပညာသုေတသီၿဖစ္သြားေလသည္။

 

ပေလတိုသည္ႏိူင္ငံတကာ၊ ေဒသတကာတို႔တြင္၁၂ႏွစ္တိတိခရီးလွည္႔လည္ကာ၊အယူ၀ါဒအမ်ိဳးမ်ိဳးကိုသင္ၾကားေလ႔လာခဲ႔သည္။အီဂ်စ္၊အီတလီမွ ဂဂၤါၿမစ္၀ွမ္းမဇၥိ်မေဒသအထိလွည္႔ လည္ခဲ႔သည္။ထို႔ေနာက္ေအသင္တြင္ အကယ္ဒမီေက်ာင္းကိုတည္ေထာင္ၿပီးသက္ဆံုးတိုင္ ပညာသင္ၾကားသြားခဲ႔သည္။(အရစၥတိုတယ္သည္ ပေလတို၏အသက္၆၀ အရြယ္တြင္ အကယ္ဒမီကိုေရာက္ရွိကာပညာသင္ယူခဲ႔သည္)

 

ထိုေခတ္ထိုအခါက ပေလတိုသည္ေယာက္်ားမိန္မတန္းတူအခြင္႔ေရးရရွိေရးကိုရဲ၀႔ံစြာ ေတာင္းဆိုခဲ႔ေလသည္။ ပေလတို၏ဒႆနသေဘာအေၿခခံမွာ ဆိုကေရတီ၏ အမွန္သေဘာ(Reality)ဟူေသာ၀ါဒၿဖစ္သည္။ ယင္း၀ါဒ၏ဆိုလိုရင္းမွာ အမွန္သေဘာ(၀ါ)ပရမတ္သေဘာ သည္ စင္စစ္အားၿဖင္႔အရာ၀တၳဳတို႔၏ စိတ္ကူးၿဖစ္ေသာအသြင္အၿပင္၌သာရွိသည္။ ယင္းအမွန္သေဘာသည္ ၿပည္႔၀သည္၊ တည္ၿမဲသည္၊ ေၿပာင္းလဲသည္ဟူ၍မရွိ။ အာရံုခံတို႔ၿဖင္႔သိရ၊ ၿမင္ရေသာ၊ ေၿပာင္းလဲတတ္ေသာ၊ မၿပည္႔၀ေသာအရာ၀တၳဳမ်ား၏ေအာက္ေၿခမူလ၌ ရွိေနသည္။ ယင္းသို႔အားၿဖင္႔ ပေလတိုသည္ဆိုကေရတီ၏ အယူအဆမ်ားကိုမ်ိဳးေစ႔ဗီဇအေနၿဖင္႔ယူငင္ၿပီးလွ်င္ မိမိ၏အေတြးအေခၚမ်ားကို စည္ပင္ဖြံၿဖိဳးေစခဲ႔သည္။

 

ရီပတ္ဗလစ္သည္ပေလတို၏ အေက်ာ္ၾကားဆံုး အေရးပါဆံုးက်မ္းဂန္ၿဖစ္သည္။ယင္းက်မ္းကိုပေလတိုသည္ အေတြးအေခၚရင္႔က်က္ၿပီးသည္႕အခ်ိန္ အသက္၄၀အရြယ္တြင္ေရးခဲ႔သည္။ ရီပတ္ဗလစ္သည္ အက်င္႔စာရိတၱပညာၿဖင္႔လည္းေကာင္း၊နီတိဆိုင္ရာဒႆနပညာမ်ားၿဖင္႔လည္းေကာင္းအစပ်ိဳးထားသည္။ က်မ္စ၏အစမွာပင္ တရားမႈဟူသည္မွာအဘယ္နည္းဆိုေသာ ၿပႆနာကိုေဖာ္ထုတ္ထားသည္။

 

ကိုယ္က်င္႔တရားဆိုင္ရာ ဂုဏ္အရည္အခ်င္းမ်ား၏တိုးတက္ၾကီးပြားမႈသည္ပညာအရသာလွ်င္ၿဖစ္ႏိူင္သည္။ၿမင္႔ၿမတ္ေကာင္းမြန္ေသာ အုပ္ခ်ုုဳပ္ေရးအတြက္ အုပ္ခ်ဳပ္သူတို႔ကိုပညာေပးဖို႔လိုအပ္သည္။ထို႔ေၾကာင္႔ရီပတ္ဗလစ္၌ ပညာႏွင္႔ပတ္သက္ေသာ ၿပႆနာမ်ားကိုရဲ၀႔ံၿပတ္သားစြာ ဖြင္႔ၿပထားသည္။ၿပင္သစ္အေတြးအေခၚပညာရွင္္ရူးဆိုးက “ရီပတ္ဗလစ္သည္ ႏိူင္ငံေရးက်မ္းဂန္မဟုတ္။ ပညာႏွင္႔ပတ္သက္၍ မေပၚဖူးေသးေသာက်မ္းဂန္ၿဖစ္သည္” ဟူ၍ေရးသားထားသည္။

 

ပေလတိုအေပၚ၌ ပိုက္သာဂိုရပ္၏ ၾသဇာလည္းလႊမ္းမိုးခဲ႔ေလသည္။ ပိုက္သာဂိုရပ္၏ေနာက္လိုက္တပည္႔မ်ားသည္ ဂဏန္းသခ်ၤာအား သဘာ၀၏လွ်ိဳ႔၀ွက္ခ်က္မ်ားကိုဖြင္႔ရန္အတြက္ ေသာ႔ခ်က္ၿဖစ္၏ဟု ယူဆၾကသည္။ ပေလတိုသည္လည္း ဂဏန္းသခၤ်ာအား ဒႆနပညာ၏ ပထမေလွကားထစ္အၿဖစ္အေလးေပးထားသည္။ စင္ၾကယ္ေသာအမွန္တရားရရွိေရး၌ စင္ၾကယ္ေသာအသိဥာဏ္အသံုးၿပဳၿခင္းကို ဂဏန္းပညာကိုအသံုးၿ႔ပဳ၏ ဟုဆိုထားသည္။ ထိုေခတ္က ဂဏန္းသခ်ာၤကိုစစ္ေရးစစ္ရာမ်ားတြင္လည္းအသံုးၿပဳသည္။

 

ပေလတို၏ အကယ္ဒမီေက်ာင္းအ၀င္တံခါးတြင္ “ဂဏန္းပညာတတ္ကြ်မ္းသူမ်ားသာလွ်င္ ဤေက်ာင္း၌၀င္ခြင္႔ရွိႏိူင္သည္”္ ဟူေသာစာတမ္းကိုေရးသားထားသည္။
ပေလတိုသည္ နကၡတၳေဗဒ(Astronomy)ႏွင္႔ အသံညွိအတတ္(Harmonies) ကိုလည္းသင္ၾကားပို႔ခ်ေပးခဲ႔ေလသည္။ နကၡတၳေဗဒပညာရပ္၌ ၿဂိဳဟ္နကၡတ္တို႔၏ သြားလာလည္ပတ္မႈႏွင္႔ပတ္သက္ေသာ က်ယ္ၿပန္႔သည္႕အသိဥာဏ္ကိုသာလွ်င္မက ၿဂိဳဟ္နကၡတ္တို႔၏အသြားအလာကို ၿဖစ္ေပၚေစေသာ အေၾကာင္းအရာႏွင္႔ပတ္သက္ေသာသင္ၾကားေလ႔လာမႈကိုအေလးအနက္ ၿပဳထားေလသည္။

 

ပေလတို၏စံၿပစိတ္ကူးႏိူင္ငံ (Utopia) ကိုမူခြ်တ္ယြင္းခ်က္မ်ားရွိ၍အရစၥတိုတယ္ေခတ္ကာလမွစ၍ အၿပင္းအထန္အေ၀အဖန္ခံလာရသည္။ (ယူေနာပိယား Utopiaးသည္ ဂရိဘာသာတြင္ မရွိဟူေသာအနက္ကိုေဟာသည္႔ Ou ႏွင္႔ ေနရာကိုေဟာသည္႕ Topos တို႔ကိုေပါင္းစပ္တီထြင္ထားသည္႕စကားလံုးၿဖစ္သည္။ အဓိပၸာယ္မွာမည္သည္႕ေနရာမွမရွိဟုဆိုလိုသည္။ သကၠတဘာသာ၌အမွန္တကယ္မရွိသည္႕ေနရာကိုဂႏၶဗၺနဂရဟုေခၚသည္။)

 

လြန္ခဲ႔ေသာႏွစ္ေပါင္း ၂၄၀၀သမိုင္းတစ္ေလွ်ာက္ က်ယ္ၿပန္႔ၾကီးမားေသာႏိူင္ငံမ်ားကိုတည္ေထာင္သည္႕ဘုန္းလက္ရံုးႏွင္႔ၿပည္စံုေသာ ဘုရင္မ်ား၊သူရသတၱိႏွင္႔ၿပည္႔စံုေသာဧကရာဇ္မ်ား၊ လိမၼာကြ်မ္းက်င္ေသာ ႏိူူင္ငံေရးသုခမိန္မ်ား၏အေရအတြက္မွာမနည္းလွေပ။ သို႔ရာတြင္ယင္းတို႔အနက္ မည္သူမွပေလတုိေလာက္ ႏိူင္ငံေရးအေတြးအေခၚမ်ားအေပၚ၌ၾသဇာမလႊမ္းမိုးႏိူင္ေပ။သူ၏ စာေပက်မ္းဂန္မ်ားကို ႏွစ္ေပါင္း ၂၄၀၀ ေက်ာ္ခဲ႔ၿပီၿဖစ္ေသာ္လည္းယေန႔တိုင္ေလးစားစြာဖတ္ရႈေလ႔လာေနရသည္။ယင္းစာေပက်မ္းဂန္မ်ားမွလံႈေဆာ္အားေပးမႈကိုရယူၾကရသည္။ ယင္းစာေပက်မ္းဂန္မ်ားကိုအေၿခၿပဳလ်က္မိမိတို႔၏ အယူအဆမ်ားကိုသန္မာထြားက်ိဳင္းေအာင္ၿပဳၾကရသည္။

 

(လွ်ိဳ႕၀ွက္ဂႏၶာရီပညာေလ႔လာလိုက္စားသူမ်ားကမူ ေအာ္ဖီးရပ္စ္၊ပိုက္သာဂိုရပ္ ႏွင္႔ပေလတိုကို ထိပ္တန္းဂႏၶာရီပညာရွင္ၾကီးမ်ားအၿဖစ္မွတ္ယူၾကသည္။ ေအာ္ဖီးရပ္စ္သည္ ဂီတသံစဥ္ ၇ပါးကိုေဖာ္ထုတ္ခဲ႔သူၿဖစ္ၿပီး၊က်ားၿခေသၤ႔သားရဲမ်ားကိုပင္ဂီတၿဖင္႔ယဥ္ပါးေအာင္ၿပဳႏိူင္စြမ္းရွိသူၿဖစ္သည္။ေအာ္ဖီးရပ္စ္မတိုင္မီကဂီတသံစဥ္၃ပါးကိုသာသိခဲ႔ၾကသည္။ပေလတို၏ ဂရိအသံထြက္မွာ ပလာတုန္)

 

က်မ္းကိုး။ ။ ေဒါက္တာသန္းထြန္း(ေက်ာ္စြာ၁၀၀)၊ပါရဂူ(ေခါမဒႆနပညာရွင္ၾကီးမ်ား)

Read times Last modified on Tuesday, 15 September 2020 09:55
Rate this articles
(0 votes)