×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Monday, 14 September 2020

ကမ္ဘာကျော်သူများအကြောင်း (၅)

ကမ္ဘာကျော်သူများအကြောင်း (၅)

 

ဂျိုးဇတ်စတာလင် (Joseph Stalin)

 

Joseph Stalin

 

ဂျိုးဇတ်စတာလင် (Joseph Stalin) ဟု ကျော်ကြားသော အမည်ရင်း အီရိုဆစ် ပစ်ဆီယိုနိုဗစ် ဇုဂရှ်ပ်လ်ရှိ သူအား ကော့ကေးရှပ် တောင်တန်းများပေါ်ရှိ ယခင် ဆိုဗီယက်ပြည်ထောင်စု၏ ပြည်နယ်တခုဖြစ်သည့် ဂျော်ဂျီယာ (ယနေ့ ဂျော်ဂျီယာနိုင်ငံ) ၌ ၁၈၇၉ တွင် ဖွားမြင်သည်။ ဂျော်ဂျီယာသားအဖြစ် နောက်မှ ရုရှားဘာသာစားကို သင်ယူရသဖြင့် သူ၏ ရုရှားစကားတွင် ဂျော်ဂျီယာသံဝဲသည်မှာ အလွန်သိသာသည်ဟု ဆိုသည်။ ဆိုဗီယက်ပြည်ထောင်စုကို နှစ်အစိတ် (၂၅) မျှ အုပ်စိုးသွားပြီး ကမ်းကုန်အောင် ရက်စက်သူ၊ အလွန်အမင်း ကြမ်းကြုပ်သူ အစရှိသဖြင့် နာမည်ဆိုးရှိသမျှ သမိုင်းတွင်သည် အထိ ကျော်ဇောလေသည်။ အမှန်တကယ်တွင်လည်း လူပေါင်း သန်းနှင့်ချီကာ သတ်ဖြတ်ခဲ့ သည်ဟုလည်း ဆိုသည်။ တဖက်တွင်လည်း ဆိုဗီယက်ပြည်ထောင်စု၏ တန်ခိုးသြဇာကို တိုးမြှင့်ပေးခဲ့သူ၊ ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီတို့ကို အနိုင်ရသူအဖြစ်လည်း ထင်ရှား ပါသေးသည်။


ငယ်ဘဝ

ငယ်စဉ်က အလွန်ဆင်းရဲခဲ့သည်ဟု သိရသည်။ အဖေဖိနပ်ချုပ်သမားမှာ အရက် အလွန်အကျွံသောက်ပြီး သားဖြစ်သူကိုလည်း နှိပ်စက်သည်။ ထိုအရက်သမား ဖခင် ကွယ်လွန်ချိန်တွင် အသက် ၁၁ နှစ်သာ ရှိသေးသည့် အီရိုဆစ် ကျန်ရစ်သည်။ ငယ်စဉ်က ပညာရေးအနေဖြင့် ခရစ်ယာန် ကျမ်းစာသင်ကျောင်းများတွင် ဆည်းပူးခဲ့သော်လည်း ၁၈၉၉ တွင် ဖောက်ပြန်သည့် အယူဝါဒများကို ဖြန့်ချီသည်ဟူ၍ ကျောင်းမှ ထုတ်ပယ်ခံရသည်။ ကွန်မြူနစ် မြေအောက် လှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်ပြီး ရုရှားဆိုရှယ်လစ်ပါတီ နှစ်ခြမ်းကွဲသော် ဗော်ရှီဗစ်ပါတီဝင် ဖြစ်လာသည်။ နိုင်ငံရေးသမား အနေဖြင့် ၆ ကြိမ်တိုင်တိုင် ဖမ်းဆီးခံခဲ့ရပြီး သံမဏိလူသားဟူသော အမည်ပြောင်ကိုပါ ရရှိခဲ့သည်။


အာဏာရယူခြင်း
၁၉၁၇ တော်လှန်ရေးတွင် ရှေ့ဆုံးမှ ဦးဆောင်သူ မဟုတ်သော်လည်း နောက်ပိုင်း ကာလများတွင် အလွန်တက်ကြွစွာ လှုပ်ရှားလာသည်။ သို့ဖြင့် ၁၉၂၂ တွင် ကွန်မြူနစ်ပါတီ၏ အထွေထွေအတွင်းရေးမှုးချုပ် ဖြစ်လာသည်။ ထို့ကြောင့် သြဇာကြီးသူ ဖြစ်လာသည်နှင့် အညီနောင်တွင် ပြိုင်ဘက်ကင်း အာဏာရှင်ဘဝကို တက်နိုင်ရန် ခြေလှမ်းတရပ်ဖြစ်လာသည်။


လီနင် မကွယ်လွန်မီကပင် စတာလင်ကို မနှစ်မြို့ကြောင်း အထင်အရှား ပြခဲ့ပြီး ရာထူးမှ ထုတ်ပယ်ရန်လည်း စိတ်ကူးရှိခဲ့သည်။ မိမိအား ဆက်ခံရန်အတွက် လေယွန်ထရော်စကီ ကိုလိုလားသည်။ သို့သော် ၁၉၂၄ တွင် လီနင်ကွယ်လွန်သည်နှင့် ထိုအချက်များမှာ စတာလင်၏ မထီမဲ့မြင်ပြုခြင်း ခံရတော့သည်။ ပါတီအာဏာကိုလည်း အတွင်းပိုင်းမှ အရာရောက်သည့် လက်ဖ်ကာ မိနက်ဖ်၊ ဂရီဂိုရီ ဇိနောဖစ်ဗ်တို့နှင့် ပူးပေါင်းပြီး သုံးဦးကော်မတီဖွဲ့ကာ ချုပ်ကိုင်ထားသည်။ နောက်အချိန်တိုအတွင်း ထရော်စကီနှင့် သူ၏ နောက်လိုက်များကို ဖယ်ရှားပြီးနောက် မိနက်ဖ်နှင့် ဇိနော်ဖစ်ဗ်တို့ကိုပါ နှိပ်ကွက်သည်။ ထိုသို့ ပါတီတွင်း လူကြိုက်များသူများနှင့် နောက်လိုက်များကို ရှင်းလင်းပြီးနောက်တွင် စတာလင်သည် မိမိစိတ်တိုင်းကျ လမ်းစဉ်များကို ချမှတ်အုပ်ချုပ်သည်။ ထိုမှမကြာမှီပင် ပါတီတွင်းမှ မိမိကိုထောက်ခံသူ လက်ယာယိမ်းများအား ခြေမှုန်းပြန်သည်။ ဤသို့ဆိုလျှင် ၁၉၃၄မှ စကာ စတာလင်တယောက် ဆိုဗီယက်ပြည်ထောင်စု၏ တဦးတည်းသော အာဏာရှင် ဖြစ်လာတော့သည်။


အုပ်စိုးသူဘဝ
အာဏာရသည်နှင့် မိမိနှင့် သဘောထား မညီသူများကို နိုင်ငံတဝန်း ပိုက်စိတ်တိုက်ရှာဖွေပြီး သတ်ဖြတ်သုတ်သင်တော့သည်။ အကြမ်းအားဖြင့် သုံးသည့်နည်းမှာ ရုတ်တရက်ဝင် ရောက်သတ်ဖြတ်ခြင်း ဖြစ်ပြီး မိမိအကြံပေးဖြစ်သည့် ဆာဂိုင်းကိရော့ဗ်မှာ ပထမဆုံး သုတ်သင်ခံရသူ ဖြစ်လာသည် (၁၉၃၄ ဒီဇင်ဘာ ၁)။ ထိုနောက် ထိုကိစ္စကိုပင် အကြောင်းပြကာ သုတ်သင်မှုပေါင်း မရေမတွက်နိုင်အောင် ဆက်လက်ပြုလုပ်သည်။ သို့ဖြင့် ၁၉၄၀ အရောက်တွင် ၁၉၁၇ တော်လှန်ရေးနှင့် ၁၉၃၄ ပါတီကွန်ဂရက်တွင် ပါဝင်ခဲ့သည့် ပါတီတွင်း ကျော်ကြားသူများမှာ မကျန်တော့ဟု ပြောရလောက်အောင် ဖမ်းဆီး အပြစ်ပေး၊ သုတ်သင်ခံခဲ့ရပြီဖြစ်သည်။ လျှို့ဝှက်ပုလိပ်များ၊ ထောက်လှမ်းရေးများကို အသုံးပြုပြီး မည်သည့် အကြောင်းပြချက်မျှ မပေးပဲ ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ ဆိုက်ဗေးရီးယားသို့ နယ်နှင်ခြင်း၊ သတ်ဖြတ်ခြင်း အစရှိသည်တို့ကို သွက်လက်စွာ အသုံးပြုသည်။ ခေါင်းဆောင်ပိုင်းမှ လူများကို သုတ်သင်ရာတွင် ပြည်သူတို့ရှေ့တွင် ပါတီနှင့် တော်လှန်ရေး ဦးတည်ချက်များကို သစ္စာဖောက်သည်ဟု ကိုယ်တိုင်ဝန်ခံစေပြီး သေဒဏ်စီရင်သည်။ ဝေဖန်ခြင်းနှင့် ကဲ့ရဲ့ပြောဆိုခြင်းကို နည်းနည်းလေးမှ သီးခံခြင်းမရှိပေ။ သို့ဖြင့် ၁၉၄၀ မှစကာ အစိုးရ၏ လက်တံများသည် လူထုအလွှာ အသီးသီးထဲသို့ ပျံနှံဝင်ရောက်ပြီးဖြစ်ကာ အများဆန္ဒ ဆိုသည်မှာလည်း ဆိတ်သုဉ်းရတော့သည်။

စီးပွားရေးတည်ဆောက်မှု
စီးပွားရေး ပုံဖေါ်ပုံမှာ စိုက်ပျိုးရေးကို အမိန့်ပေးသည့် အသီးအနှံကိုသာ စုပေါင်း စိုက်ပျိုးစေသည့် စီမံကိန်းစနစ်ဖြစ်သည်။ တောင်သူလယ်သမားများအတွက် အလွန်မှ အဆင်မပြေဖြစ်ရကား အငတ်ဘေးကြောင့်သော်လည်းကောင်း၊ အမိန့်မနာခံခြင်းကြောင့် နယ်နှင်ဒဏ်၊ သေဒဏ်ပေးခြင်းတို့ကြောင့်လည်းကောင်း လူ့အသက် သန်းနှင့်ချီဆုံးရှုံးပြီးမှ ထိုစီမံကိန်းစနစ် အောင်မြင်သည်ဟု ဆိုသည်။


စက်မှုကဏ္ဌတွင်လည်း အထက်ပါအတိုင်း စီမံကိန်းများချမှတ်ကာ နှစ်တိုငါးနှစ် စီမံကိန်းများဖြင့် တွန်းအားပေးသည်။ ရေတိုအတွင်း အလျင်အမြန်ဖြစ်ထွန်းသော်လည်း ညံ့ကွက်၊ ဟာကွက်များ မနည်းသည်မှာ ထင်ရှားလှသည်။ ဒုတိယကမ္ဘာစစ်ကြောင့် အမြောက်အမြား ဆုံးရှုံးသော်လည်း ထိုစီမံကိန်းမူဝါဒကြောင့် စစ်ပြီးကာလတွင် အချိန်တိုအတွင်း ကမ္ဘာ့ဒုတိယအကြီးဆုံး စက်မှုနိုင်ငံအဖြစ် ရောက်လာသည်။ သို့သော် သူမရှိသည့်နောက်ပိုင်း စစ်အေးကာလ တလျှောက်လုံးတွင် စီမံကိန်းစနစ်၏ အားနည်းချက်များကြောင့် ဆိုဗီယက်ပြည်ထောင်စု၏ စီးပွားရေးမှာ အလွန်ကျပ်တည်း လာခဲ့ရသည်။

ဒုတိယကမ္ဘာစစ်၊ စစ်အေးနှင့် စတာလင်
၁၉၃၉ သြဂုတ်တွင် ဟစ်တလာနှင့် စတာလင်တို့ မကျူးကျော်ရေး စာချုပ်ချုပ်ဆိုသည်။ နှစ်ပတ်အကြာတွင် ဟစ်တလာက ပိုလန်အနောက်ပိုင်းကို ဝင်ရောက်တိုက်ခိုက်သလို မရှေးမနှောင်းတွင် စတာလင်၏ ဆိုဗီယက်တပ်များက ပိုလန်အရှေ့ခြမ်းကို သိမ်းယူသည်။ ထိုနောက်ပိုင်းတွင် လတ်ဗီးယား၊ လစ်သူဝေးနီးယားနှင့် အက်စတိုးနီးယားတို့ကို ဆက်တိုက် သိမ်းယူပြီး ထိုနိုင်ငံငယ်လေးများကလည်း လက်နက်ချကြသဖြင့် ဆိုဗီယက်ပြည်ထောင်စုဝင် ပြည်နယ်များ ဖြစ်ရသည်။ ရိုမေးနီးယားကို ခြိမ်းခြောက် အညံ့ခံစေပြီး ဖင်လန်မှာ အညံ့မခံသဖြင့် တိုက်ယူသည်။ ထိုသို့တိုက်ရသည့် အကြောင်းပြချက်မှာ နာဇီဂျာမနီရန်မှ ကာကွယ်ရန်ဟု ဆိုသော်လည်း စစ်ပြီးသော် ထိုနိုင်ငံများကို ပြန်လည် လက်မလွတ်တော့ပဲ ဆက်လက်အုပ်ချုပ်သည်။ တဆက်တည်းပင် စစ်အပြီး အရှေ့ဥရောပ နိုင်ငံများတွင် ရုရှားတပ်များ ချထားခဲ့သည့် အခြေခံဖြင့် ကွန်မြူနစ်အစိုးရများကို တည်ထောင်ပေးသည်။ သို့ဖြင့် စစ်အေးပေါ်ပေါက်လာရပြီး အမေရိကန် ဦးဆောင်သည့် အနောက်ခြမ်းနှင့် ဆိုဗီယက်ဦးဆောင်သည့် အရှေ့ခြမ်းတို့ နှစ်ပေါင်း ၄၀ ကျော်မျှ အားပြိုင်ကြတော့သည်။ ထိုစစ်အေးကာလအတွင်း တဖက်နှင့်တစ်ဖက် အဏုမြူ လက်နက်များဖြင့် အပြန်အလှန် ခြိမ်းခြောက်ကြပြီး လူသားမျိုးနွယ် တခုလုံးအတွက် စိုးရွံ့ဖွယ်ရာများကို ဖြစ်ပေါ်စေခဲ့သည်။


ဆိုဗီယက်တပ်များ မရှိသည့် ယူဂိုစလားဗီးယား ပြည်ထောင်စုတွင် ကွန်မြူနစ်အစိုးရ ပေါ်ပေါက်သော်လည်း စတာလင်၏ သြဇာ မခံသည့်အတွက် အခြားဥရောပ ကွန်မြူနစ်နိုင်ငံများတွင် ထိုနည်းတူဖြစ်မည်ကို ကာကွယ်သည့်အနေဖြင့် ဖြုတ်၊ ထုတ်၊ သတ် လမ်းစဉ်ကို ကျင့်သုံးပြန်သည်။ သို့ဖြင့် စစ်အေးကာလများအတွင်း ဆိုဗီယက် ထောက်လှမ်းရေးအဖွဲ့ ကေဂျီဘီမှာလည်း နာမည်ကျော်လာသည်။


ဘဝနိဂုံး နှင့်နောက်ဆက်တွဲ
၁၉၅၃ ဇန်နဝါရီလတွင် ဆရာဝန်များအား ဆိုဗီယက် အစိုးရအရာရှိကြီးများကို သေကြောင်းကြံသည်ဟူသော စွပ်စွဲချက်ဖြင့် အစုလိုက်အပြုံလိုက် ဖမ်းစေသည်။ သို့ဖြင့် အများက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမျိုး ပြန်ကြုံရတော့မည့် အရေးကြောင့် စိတ်ခြောက်ခြား နေရစဉ် ၅၊ မတ်တွင် ကရင်မလင်မှ အသက် ၇၃ နှစ်အရွယ်ရှိ အာဏာရှင်ကြီး စတာလင် ကွယ်လွန်လေသည်။ အလောင်းကို လီနင်နည်းတူ ရင်ပြင်နီတွင် ဆေးစီရင်ပြီး အများကြည့်ရှုခွင့် ပေးခဲ့သေးသော်လည်း နောက်ပိုင်းတွင် ဆိုဗီယက် အာဏာရှင်ဖြစ်လာသည့် နီကာတာ ခရူးရှက်က အလောင်းကို ထုတ်ယူပြီး လူထုရှေ့မှောက်တွင် ကြိမ်ဖြင့်ရိုက်ကာ အရှက်ခွဲရှုံ့ချခဲ့သည်။

မိသားစု
၁၉၀၄ တွင် လက်ထပ်သည့် ပထမဇနီးမှာ နှစ်နှစ်အကြာတွင် အဆုပ်ရောဂါဖြင့် ကွယ်လွန်ပြီး ဂျကော့အမည်ရှိ သားတယောက် ကျန်ခဲ့သည်။ သို့သော် ထိုသားမှာလည်း ဒုတိယကမ္ဘာစစ်အတွင်း ဆိုဗီယက်တပ်တွင် တာဝန်ထမ်းရာမှ ဂျာမနီတို့ ဖမ်းဆီးခြင်းခံရသည်။ ဂျာမနီက အကျဉ်းသားဖြင့် လဲလှယ်ရန် တောင်းဆိုသော်လည်း စတာလင်က လက်မခံသဖြင့် ဂျကော့တယောက် ဂျာမနီအကျဉ်းစခန်းအတွင်း ကွယ်လွန်ရှာသည်။


၁၉၁၉ ဒုတိယအကြိမ် အိမ်ထောင်ပြုပြီး ၁၉၃၂ အရောက်တွင် ထိုဒုတိယဇနီး ကိုယ့်ကိုယ်ကို သေကြောင်းကြံပြီး သေသည်။ သားတယောက်၊ သမီးတယောက် ကျန်ရစ်သည်။ သားမှ ဆိုဗီယက်လေတပ်တွင် အမှုထမ်းသည်။ အရက်အလွန်အကျွံ သောက်ပြီး ၁၉၆၂ တွင် သေသည်။ သမီးဖြစ်သူ ဆဗက်လာနာမှာ ၁၉၆၇ တွင် အမေရိကန်ပြည်ထောင်စုသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။

 

ရည်ညွှန်းကိုးကား - ကျော်စွာ၁၀၀- ဒေါက်တာသန်းထွန်း

 

 

ကမၻာေက်ာ္သူမ်ားအေၾကာင္း (၅)

ဂ်ိဳးဇတ္စတာလင္ (Joseph Stalin)

Joseph Stalin

 

ဂ်ိဳးဇတ္စတာလင္ (Joseph Stalin) ဟု ေက်ာ္ၾကားေသာ အမည္ရင္း အီရိုဆစ္ ပစ္ဆီယိုႏိုဗစ္ ဇုဂရွ္ပ္လ္ရွိ သူအား ေကာ့ေကးရွပ္ ေတာင္တန္းမ်ားေပၚရွိ ယခင္ ဆိုဗီယက္ျပည္ေထာင္စု၏ ျပည္နယ္တခုျဖစ္သည့္ ေဂ်ာ္ဂ်ီယာ (ယေန႔ ေဂ်ာ္ဂ်ီယာႏိုင္ငံ) ၌ ၁၈၇၉ တြင္ ဖြားျမင္သည္။ ေဂ်ာ္ဂ်ီယာသားအျဖစ္ ေနာက္မွ ႐ု႐ွားဘာသာစားကို သင္ယူရသျဖင့္ သူ၏ ရုရွားစကားတြင္ ေဂ်ာ္ဂ်ီယာသံ၀ဲသည္မွာ အလြန္သိသာသည္ဟု ဆိုသည္။ ဆိုဗီယက္ျပည္ေထာင္စုကို ႏွစ္အစိတ္ (၂၅) မွ် အုပ္စိုးသြားၿပီး ကမ္းကုန္ေအာင္ ရက္စက္သူ၊ အလြန္အမင္း ၾကမ္းၾကဳပ္သူ အစရွိသျဖင့္ နာမည္ဆိုးရွိသမွ် သမိုင္းတြင္သည္ အထိ ေက်ာ္ေဇာေလသည္။ အမွန္တကယ္တြင္လည္း လူေပါင္း သန္းႏွင့္ခ်ီကာ သတ္ျဖတ္ခဲ့ သည္ဟုလည္း ဆိုသည္။ တဖက္တြင္လည္း ဆိုဗီယက္ျပည္ေထာင္စု၏ တန္ခိုးၾသဇာကို တိုးျမွင့္ေပးခဲ့သူ၊ ဒုတိယကမာၻစစ္အတြင္း နာဇီဂ်ာမနီတို႔ကို အႏိုင္ရသူအျဖစ္လည္း ထင္ရွား ပါေသးသည္။

 

ငယ္ဘ၀
ငယ္စဥ္က အလြန္ဆင္းရဲခဲ့သည္ဟု သိရသည္။ အေဖဖိနပ္ခ်ဳပ္သမားမွာ အရက္ အလြန္အကၽြံေသာက္ၿပီး သားျဖစ္သူကိုလည္း ႏွိပ္စက္သည္။ ထိုအရက္သမား ဖခင္ ကြယ္လြန္ခ်ိန္တြင္ အသက္ ၁၁ ႏွစ္သာ ရွိေသးသည့္ အီရိုဆစ္ က်န္ရစ္သည္။ ငယ္စဥ္က ပညာေရးအေနျဖင့္ ခရစ္ယာန္ က်မ္းစာသင္ေက်ာင္းမ်ားတြင္ ဆည္းပူးခဲ့ေသာ္လည္း ၁၈၉၉ တြင္ ေဖာက္ျပန္သည့္ အယူ၀ါဒမ်ားကို ျဖန္႔ခ်ီသည္ဟူ၍ ေက်ာင္းမွ ထုတ္ပယ္ခံရသည္။ ကြန္ျမဴနစ္ ေျမေအာက္ လႈပ္ရွားမႈမ်ားတြင္ တက္ႂကြစြာပါ၀င္ၿပီး ရုရွားဆိုရွယ္လစ္ပါတီ ႏွစ္ျခမ္းကြဲေသာ္ ေဗာ္ရွီဗစ္ပါတီ၀င္ ျဖစ္လာသည္။ ႏိုင္ငံေရးသမား အေနျဖင့္ ၆ ႀကိမ္တိုင္တိုင္ ဖမ္းဆီးခံခဲ့ရၿပီး သံမဏိလူသားဟူေသာ အမည္ေျပာင္ကိုပါ ရရွိခဲ့သည္။


အာဏာရယူျခင္း
၁၉၁၇ ေတာ္လွန္ေရးတြင္ ေရွ႕ဆံုးမွ ဦးေဆာင္သူ မဟုတ္ေသာ္လည္း ေနာက္ပိုင္း ကာလမ်ားတြင္ အလြန္တက္ႂကြစြာ လႈပ္ရွားလာသည္။ သို႔ျဖင့္ ၁၉၂၂ တြင္ ကြန္ျမဴနစ္ပါတီ၏ အေထြေထြအတြင္းေရးမႈးခ်ဳပ္ ျဖစ္လာသည္။ ထို႔ေၾကာင့္ ၾသဇာႀကီးသူ ျဖစ္လာသည္ႏွင့္ အညီေနာင္တြင္ ၿပိဳင္ဘက္ကင္း အာဏာရွင္ဘ၀ကို တက္ႏိုင္ရန္ ေျခလွမ္းတရပ္ျဖစ္လာသည္။


လီနင္ မကြယ္လြန္မီကပင္ စတာလင္ကို မႏွစ္ၿမိဳ႕ေၾကာင္း အထင္အရွား ျပခဲ့ၿပီး ရာထူးမွ ထုတ္ပယ္ရန္လည္း စိတ္ကူးရွိခဲ့သည္။ မိမိအား ဆက္ခံရန္အတြက္ ေလယြန္ထေရာ္စကီ ကိုလိုလားသည္။ သို႔ေသာ္ ၁၉၂၄ တြင္ လီနင္ကြယ္လြန္သည္ႏွင့္ ထိုအခ်က္မ်ားမွာ စတာလင္၏ မထီမဲ့ျမင္ျပဳျခင္း ခံရေတာ့သည္။ ပါတီအာဏာကိုလည္း အတြင္းပိုင္းမွ အရာေရာက္သည့္ လက္ဖ္ကာ မိနက္ဖ္၊ ဂရီဂိုရီ ဇိေနာဖစ္ဗ္တို႔ႏွင့္ ပူးေပါင္းၿပီး သံုးဦးေကာ္မတီဖြဲ႕ကာ ခ်ဳပ္ကိုင္ထားသည္။ ေနာက္အခ်ိန္တိုအတြင္း ထေရာ္စကီႏွင့္ သူ၏ ေနာက္လိုက္မ်ားကို ဖယ္ရွားၿပီးေနာက္ မိနက္ဖ္ႏွင့္ ဇိေနာ္ဖစ္ဗ္တို႔ကိုပါ ႏွိပ္ကြက္သည္။ ထိုသို႔ ပါတီတြင္း လူႀကိဳက္မ်ားသူမ်ားႏွင့္ ေနာက္လိုက္မ်ားကို ရွင္းလင္းၿပီးေနာက္တြင္ စတာလင္သည္ မိမိစိတ္တိုင္းက် လမ္းစဥ္မ်ားကို ခ်မွတ္အုပ္ခ်ဳပ္သည္။ ထိုမွမၾကာမွီပင္ ပါတီတြင္းမွ မိမိကိုေထာက္ခံသူ လက္ယာယိမ္းမ်ားအား ေျခမႈန္းျပန္သည္။ ဤသို႔ဆိုလွ်င္ ၁၉၃၄မွ စကာ စတာလင္တေယာက္ ဆိုဗီယက္ျပည္ေထာင္စု၏ တဦးတည္းေသာ အာဏာရွင္ ျဖစ္လာေတာ့သည္။


အုပ္စိုးသူဘ၀
အာဏာရသည္ႏွင့္ မိမိႏွင့္ သေဘာထား မညီသူမ်ားကို ႏိုင္ငံတ၀န္း ပိုက္စိတ္တိုက္ရွာေဖြၿပီး သတ္ျဖတ္သုတ္သင္ေတာ့သည္။ အၾကမ္းအားျဖင့္ သံုးသည့္နည္းမွာ ရုတ္တရက္၀င္ ေရာက္သတ္ျဖတ္ျခင္း ျဖစ္ၿပီး မိမိအႀကံေပးျဖစ္သည့္ ဆာဂိုင္းကိေရာ့ဗ္မွာ ပထမဆံုး သုတ္သင္ခံရသူ ျဖစ္လာသည္ (၁၉၃၄ ဒီဇင္ဘာ ၁)။ ထိုေနာက္ ထိုကိစၥကိုပင္ အေၾကာင္းျပကာ သုတ္သင္မႈေပါင္း မေရမတြက္ႏိုင္ေအာင္ ဆက္လက္ျပဳလုပ္သည္။ သို႔ျဖင့္ ၁၉၄၀ အေရာက္တြင္ ၁၉၁၇ ေတာ္လွန္ေရးႏွင့္ ၁၉၃၄ ပါတီကြန္ဂရက္တြင္ ပါ၀င္ခဲ့သည့္ ပါတီတြင္း ေက်ာ္ၾကားသူမ်ားမွာ မက်န္ေတာ့ဟု ေျပာရေလာက္ေအာင္ ဖမ္းဆီး အျပစ္ေပး၊ သုတ္သင္ခံခဲ့ရၿပီျဖစ္သည္။ လွ်ိဳ႕၀ွက္ပုလိပ္မ်ား၊ ေထာက္လွမ္းေရးမ်ားကို အသံုးျပဳၿပီး မည္သည့္ အေၾကာင္းျပခ်က္မွ် မေပးပဲ ဖမ္းဆီးျခင္း၊ ႏွိပ္စက္ျခင္း၊ ဆိုက္ေဗးရီးယားသို႔ နယ္ႏွင္ျခင္း၊ သတ္ျဖတ္ျခင္း အစရွိသည္တို႔ကို သြက္လက္စြာ အသံုးျပဳသည္။ ေခါင္းေဆာင္ပိုင္းမွ လူမ်ားကို သုတ္သင္ရာတြင္ ျပည္သူတုိ႔ေရွ႕တြင္ ပါတီႏွင့္ ေတာ္လွန္ေရး ဦးတည္ခ်က္မ်ားကို သစၥာေဖာက္သည္ဟု ကိုယ္တိုင္၀န္ခံေစၿပီး ေသဒဏ္စီရင္သည္။ ေ၀ဖန္ျခင္းႏွင့္ ကဲ့ရဲ႕ေျပာဆိုျခင္းကို နည္းနည္းေလးမွ သီးခံျခင္းမရွိေပ။ သို႔ျဖင့္ ၁၉၄၀ မွစကာ အစိုးရ၏ လက္တံမ်ားသည္ လူထုအလႊာ အသီးသီးထဲသို႔ ပ်ံႏွံ၀င္ေရာက္ၿပီးျဖစ္ကာ အမ်ားဆႏၵ ဆိုသည္မွာလည္း ဆိတ္သုဥ္းရေတာ့သည္။


စီးပြားေရးတည္ေဆာက္မႈ
စီးပြားေရး ပံုေဖၚပံုမွာ စိုက္ပ်ိဳးေရးကို အမိန္႔ေပးသည့္ အသီးအႏွံကိုသာ စုေပါင္း စိုက္ပ်ိဳးေစသည့္ စီမံကိန္းစနစ္ျဖစ္သည္။ ေတာင္သူလယ္သမားမ်ားအတြက္ အလြန္မွ အဆင္မေျပျဖစ္ရကား အငတ္ေဘးေၾကာင့္ေသာ္လည္းေကာင္း၊ အမိန္႔မနာခံျခင္းေၾကာင့္ နယ္ႏွင္ဒဏ္၊ ေသဒဏ္ေပးျခင္းတို႔ေၾကာင့္လည္းေကာင္း လူ႔အသက္ သန္းႏွင့္ခ်ီဆံုး႐ႈံးၿပီးမွ ထိုစီမံကိန္းစနစ္ ေအာင္ျမင္သည္ဟု ဆိုသည္။


စက္မႈကဏၭတြင္လည္း အထက္ပါအတိုင္း စီမံကိန္းမ်ားခ်မွတ္ကာ ႏွစ္တိုငါးႏွစ္ စီမံကိန္းမ်ားျဖင့္ တြန္းအားေပးသည္။ ေရတိုအတြင္း အလ်င္အျမန္ျဖစ္ထြန္းေသာ္လည္း ညံ့ကြက္၊ ဟာကြက္မ်ား မနည္းသည္မွာ ထင္ရွားလွသည္။ ဒုတိယကမာၻစစ္ေၾကာင့္ အေျမာက္အျမား ဆံုး႐ႈံးေသာ္လည္း ထိုစီမံကိန္းမူ၀ါဒေၾကာင့္ စစ္ၿပီးကာလတြင္ အခ်ိန္တိုအတြင္း ကမာၻ႔ဒုတိယအႀကီးဆံုး စက္မႈႏုိင္ငံအျဖစ္ ေရာက္လာသည္။ သို႔ေသာ္ သူမရွိသည့္ေနာက္ပိုင္း စစ္ေအးကာလ တေလွ်ာက္လံုးတြင္ စီမံကိန္းစနစ္၏ အားနည္းခ်က္မ်ားေၾကာင့္ ဆိုဗီယက္ျပည္ေထာင္စု၏ စီးပြားေရးမွာ အလြန္က်ပ္တည္း လာခဲ့ရသည္။


ဒုတိယကမာၻစစ္၊ စစ္ေအးႏွင့္ စတာလင္
၁၉၃၉ ၾသဂုတ္တြင္ ဟစ္တလာႏွင့္ စတာလင္တို႔ မက်ဴးေက်ာ္ေရး စာခ်ဳပ္ခ်ဳပ္ဆိုသည္။ ႏွစ္ပတ္အၾကာတြင္ ဟစ္တလာက ပိုလန္အေနာက္ပိုင္းကို ၀င္ေရာက္တိုက္ခိုက္သလို မေရွးမေႏွာင္းတြင္ စတာလင္၏ ဆိုဗီယက္တပ္မ်ားက ပိုလန္အေရွ႕ျခမ္းကို သိမ္းယူသည္။ ထိုေနာက္ပိုင္းတြင္ လတ္ဗီးယား၊ လစ္သူေ၀းနီးယားႏွင့္ အက္စတိုးနီးယားတို႔ကို ဆက္တိုက္ သိမ္းယူၿပီး ထိုႏိုင္ငံငယ္ေလးမ်ားကလည္း လက္နက္ခ်ၾကသျဖင့္ ဆိုဗီယက္ျပည္ေထာင္စု၀င္ ျပည္နယ္မ်ား ျဖစ္ရသည္။ ရိုေမးနီးယားကို ၿခိမ္းေျခာက္ အညံ့ခံေစျပီး ဖင္လန္မွာ အညံ့မခံသျဖင့္ တိုက္ယူသည္။ ထိုသို႔တိုက္ရသည့္ အေၾကာင္းျပခ်က္မွာ နာဇီဂ်ာမနီရန္မွ ကာကြယ္ရန္ဟု ဆိုေသာ္လည္း စစ္ၿပီးေသာ္ ထိုႏိုင္ငံမ်ားကို ျပန္လည္ လက္မလြတ္ေတာ့ပဲ ဆက္လက္အုပ္ခ်ဳပ္သည္။ တဆက္တည္းပင္ စစ္အၿပီး အေရွ႕ဥေရာပ ႏိုင္ငံမ်ားတြင္ ရုရွားတပ္မ်ား ခ်ထားခဲ့သည့္ အေျခခံျဖင့္ ကြန္ျမဴနစ္အစိုးရမ်ားကို တည္ေထာင္ေပးသည္။ သို႔ျဖင့္ စစ္ေအးေပၚေပါက္လာရၿပီး အေမရိကန္ ဦးေဆာင္သည့္ အေနာက္ျခမ္းႏွင့္ ဆိုဗီယက္ဦးေဆာင္သည့္ အေရွ႕ျခမ္းတို႔ ႏွစ္ေပါင္း ၄၀ ေက်ာ္မွ် အားၿပိဳင္ၾကေတာ့သည္။ ထိုစစ္ေအးကာလအတြင္း တဖက္ႏွင့္တစ္ဖက္ အဏုျမဴ လက္နက္မ်ားျဖင့္ အျပန္အလွန္ ၿခိမ္းေျခာက္ၾကၿပီး လူသားမ်ိဳးႏြယ္ တခုလံုးအတြက္ စိုး႐ြံ႕ဖြယ္ရာမ်ားကို ျဖစ္ေပၚေစခဲ့သည္။


ဆိုဗီယက္တပ္မ်ား မရွိသည့္ ယူဂိုစလားဗီးယား ျပည္ေထာင္စုတြင္ ကြန္ျမဴနစ္အစိုးရ ေပၚေပါက္ေသာ္လည္း စတာလင္၏ ၾသဇာ မခံသည့္အတြက္ အျခားဥေရာပ ကြန္ျမဴနစ္ႏိုင္ငံမ်ားတြင္ ထိုနည္းတူျဖစ္မည္ကို ကာကြယ္သည့္အေနျဖင့္ ျဖဳတ္၊ ထုတ္၊ သတ္ လမ္းစဥ္ကို က်င့္သံုးျပန္သည္။ သို႔ျဖင့္ စစ္ေအးကာလမ်ားအတြင္း ဆိုဗီယက္ ေထာက္လွမ္းေရးအဖြဲ႕ ေကဂ်ီဘီမွာလည္း နာမည္ေက်ာ္လာသည္။

 

ဘ၀နိဂံုး ႏွင့္ေနာက္ဆက္တြဲ
၁၉၅၃ ဇန္န၀ါရီလတြင္ ဆရာ၀န္မ်ားအား ဆိုဗီယက္ အစိုးရအရာရွိႀကီးမ်ားကို ေသေၾကာင္းႀကံသည္ဟူေသာ စြပ္စြဲခ်က္ျဖင့္ အစုလိုက္အၿပံဳလိုက္ ဖမ္းေစသည္။ သို႔ျဖင့္ အမ်ားက အစုလိုက္အၿပဳံလိုက္ သတ္ျဖတ္မႈမ်ိဳး ျပန္ႀကံဳရေတာ့မည့္ အေရးေၾကာင့္ စိတ္ေျခာက္ျခား ေနရစဥ္ ၅၊ မတ္တြင္ ကရင္မလင္မွ အသက္ ၇၃ ႏွစ္အ႐ြယ္ရွိ အာဏာရွင္ႀကီး စတာလင္ ကြယ္လြန္ေလသည္။ အေလာင္းကို လီနင္နည္းတူ ရင္ျပင္နီတြင္ ေဆးစီရင္ၿပီး အမ်ားၾကည့္႐ႈခြင့္ ေပးခဲ့ေသးေသာ္လည္း ေနာက္ပိုင္းတြင္ ဆိုဗီယက္ အာဏာရွင္ျဖစ္လာသည့္ နီကာတာ ခ႐ူးရွက္က အေလာင္းကို ထုတ္ယူၿပီး လူထုေရွ႕ေမွာက္တြင္ ႀကိမ္ျဖင့္ရိုက္ကာ အရွက္ခြဲ႐ႈံ႕ခ်ခဲ့သည္။

မိသားစု
၁၉၀၄ တြင္ လက္ထပ္သည့္ ပထမဇနီးမွာ ႏွစ္ႏွစ္အၾကာတြင္ အဆုပ္ေရာဂါျဖင့္ ကြယ္လြန္ၿပီး ဂ်ေကာ့အမည္ရွိ သားတေယာက္ က်န္ခဲ့သည္။ သို႔ေသာ္ ထိုသားမွာလည္း ဒုတိယကမၻာစစ္အတြင္း ဆိုဗီယက္တပ္တြင္ တာ၀န္ထမ္းရာမွ ဂ်ာမနီတို႔ ဖမ္းဆီးျခင္းခံရသည္။ ဂ်ာမနီက အက်ဥ္းသားျဖင့္ လဲလွယ္ရန္ ေတာင္းဆိုေသာ္လည္း စတာလင္က လက္မခံသျဖင့္ ဂ်ေကာ့တေယာက္ ဂ်ာမနီအက်ဥ္းစခန္းအတြင္း ကြယ္လြန္ရွာသည္။


၁၉၁၉ ဒုတိယအႀကိမ္ အိမ္ေထာင္ျပဳၿပီး ၁၉၃၂ အေရာက္တြင္ ထိုဒုတိယဇနီး ကိုယ့္ကိုယ္ကို ေသေၾကာင္းႀကံၿပီး ေသသည္။ သားတေယာက္၊ သမီးတေယာက္ က်န္ရစ္သည္။ သားမွ ဆိုဗီယက္ေလတပ္တြင္ အမႈထမ္းသည္။ အရက္အလြန္အကၽြံ ေသာက္ၿပီး ၁၉၆၂ တြင္ ေသသည္။ သမီးျဖစ္သူ ဆဗက္လာနာမွာ ၁၉၆၇ တြင္ အေမရိကန္ျပည္ေထာင္စုသို႔ ထြက္ေျပးတိမ္းေရွာင္ခဲ့သည္။

 

ရည္ၫႊန္္းကိုးကား - ေက်ာ္စြာ၁၀၀- ေဒါက္တာသန္းထြန္း

Read times
Rate this articles
(0 votes)