×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Monday, 14 September 2020

ကမ္ဘာကျော်သူများအကြောင်း (၆)

ကမ္ဘာကျော်သူများအကြောင်း (၆)

 

ဂျော့ရှ်ဝါရှင်တန် ( ၁၇၃၂ - ၁၇၉၉ )

*************************

အမေရိကန် နိင်ငံအားဗြိတိသျှ လက်အောက်မှ လွတ်လပ်ရေးရရှိအောင် ဦးဆောင် တိုက်ပွဲဝင်ခဲ့သူဖြစ်သည် ။ နိင်ငံအတွင်းငြိမ်းချမ်းရေးရရှိအောင်စွမ်းဆောင် နိင်ခဲ့သူလဲဖြစ်သည် ။

 

လူအများမှ သူ့အား ဘုရင်အဖြစ်ရွေးချယ်လိုကြသော်လဲ ငြင်းပါယ်ကာ အမေရိကန်နိင်ငံ၏ပထမဆုံး သမ္မတ အဖြစ်အုပ်ချုပ်ရန်သာ လက်ခံခဲ့သူဖြစ်သည် ။

 

ဂျော့ရှ်ဝါရှင်တန်၏မွေးရပ်မြေသည် အမေရိကန်နိင်ငံဗာဂျီးနီးယားပြည်နယ်၏ လယ်တောတနေရာဖြစ်သည် ။ သူဖခင်၏မျိုးဆက်မှာ အင်္ဂလန်နိင်ငံမှ ရောက်ရှိလာသူများဖြစ်သည် ။ ထိုအချိန်ကအမေရိကန်လူငယ်အများစုကဲ့သို့ဂျော့ရှ်ဝါရှင်တန်မှာလဲ အတန်းပညာ အနည်းငယ်သာသင်ယူဘူးသူဖြစ်သည် ။ သူ့တွင်ညီအကို ၃- ဦးရှိခဲ့ပြီးသူ့အသက် ၁၁ - နှစ်အရွယ်တွင်သူ့ဖခင်ကွယ်လွန်ခဲ့သည် ။

 

အသက် ၂၀ - အရွယ်တွင်သူ့ညီ Lawrence သေဆုံးခဲ့ရာမွေးရပ်မြေကိုစွန့်ခွာပြီးဗြိတိသျှစစ်တပ်သို့ဝင်ရောက်ကာ စစ်မှုထမ်းခဲ့သည် ။ သူသည်စွမ်းရည်ပြည့်ဝသည့်စစ်သားတဦးဖြစ်သော်လည်း ဗြိတိသျှကိုလိုနီစစ်တပ်မှသူ့အား အရာရှိတဦးအဖြစ် သတ်မှတ်ရန်ငြင်းဆန်ခဲ့သည် ။ ထို့ကြောင့် ၁၇၅၈ - ခုနှစ်တွင်ဗြိတိသျှစစ်တပ်မှထွက်ခွာခဲ့သည် ။

 

ထိုအချိန်အသက် ၂၆ - နှစ်အရွယ်တွင်သူသည်စစ်တပ်ကိုကောင်းစွာလေ့ကျင့်ပေးနိင်သည့် စွမ်းရည်ရှိနေပြီဖြစ်သည် ။ ၁၇၅၉ - ခုနှစ်တွင်ဂျော့ရှ်ဝါရှင်တန်သည်အထက်တန်းအလွှာမှ ဆင်းသက်လာသည့် Martha Custis ဆိုသူ နှင့်လက်ထပ်ခဲ့ပြီး ထိုနှစ်တွင်ပင် ဗာဂျီးနီးယားပြည်နယ်အမတ်အဖြစ်အရွေးခံရသည် ။

 

ရွေးကောက်ပွဲတွင်အကြိမ်ကြိမ်အနိင်ရရှိခဲ့ပြီး ပြည်နယ်အမတ်အဖြစ် ၁၇၇၄ - ခုနှစ်အထိ တာဝန် ထမ်းဆောင်ခဲ့သည် ။ ထိုအချိန်က အမေရိကန်ပြည်သူများသည် ဗြိတိသျှအစိုးရ၏အခွန်တိုးမြှုင့်ကောက်ခံမှုအား ဒေသတွင်း ထွေထွေမကြေနပ်ပြသာနာရှိနေခဲ့သည် ။ ဂျော့ရှ်ဝါရှင်တန်သည် ဗာဂျီးနီးယားပြည်နယ်မှ တခြားအမတ်များကိုစုစည်းကာ ၁၇၇၅ - နှစ် မေလတွင် ညီလာခံတခုကျင်းပခဲ့သည် ။

 

ထိုညီလာခံဆုံးဖြတ်ချက်မှ ဂျော့ရှ်ဝါရှင်တန်အား အမေရိကန်တော်လှန်ရေးတပ်၏ အကြီးအကဲ ရာထူးခန့်အပ်လိုက်သည် ။ ၁၇၇၅ - ဇွန်လတွင် ဂျော့ရှ်ဝါရှင်တန်ေ ခါင်းဆောင်သည့်အမေရိကန်တော်လှန်ရေးတပ် နှင့် ဗြိတိသျှ စစ်တပ်တို့ Battle of Lexington စစ်ပွဲဖြစ်ပွားကာ အမေရိကန်တော်လှန်ရေးစတင်ခဲ့သည် ။

 

စစ်ပွဲများအောင်နိင်ပြီးနောက် အမေရိကန်လွတ်လပ်ရေးကြေငြာစာတမ်းကို ၁၇၇၆ - ခုနှစ် ဇူလိုင်လတွင် ကြေငြာနိင်ခဲ့သည် ။ ထိုအချိန်ကလွတ်လပ်ရေးကြေငြာစာတမ်းတွင် ဗြိတိသျှကိုလိုနီနယ် ၁၃ - ခုပါဝင်ခဲ့သည် ။ အမေရိကန်လွတ်လပ်ရေးရပြီးသော်လည်းဒေသအများအပြားတွင်စစ်ပွဲများဖြစ်ပွားနေဆဲဖြစ်သည် ။

 

၁၇၇၈ - ခုနှစ်တွင်ပြင်သစ်ရေတပ်မှ အမေရိကန်စစ်တပ်နှင့်ပူးပေါင်းလာခဲ့ရာ ၁၇၈၃ - ခုနှစ်တွင် ဗြိတိသျှတပ်များ နှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုနိင်ခဲ့သည် ။ ၁၇၈၈ - ခုနှစ်တွင် ဂျော့ရှ်ဝါရှင်တန်၏ ဦးဆောင်မှု နှင့်အတူ အမေရိကန်ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေကိုရေးဆွဲနိင်ခဲ့သည် ။ ထိုဖွဲ့စည်းပုံအရ ဂျော့ရှ်ဝါရှင်တန်သည် ၁၇၈၉ - ခုနှစ်မှ ၁၇၉၇ - ခုနှစ်အထိ အမေရိကန်သမ္မတ အဖြစ် နှစ်ကြိမ်တာဝန်ထမ်းဆောင်ခဲ့သည် ။

 

ဂျော့ရှ်ဝါရှင်တန် တာဝန်ထမ်းဆောင်သည့် သက်တမ်းအတွင်းပြသနာများစွာကိုဖြေရှင်းပေး နိင်ခဲ့သည် ။ ဗြိတိသျှ ၊ အမေရိကန် ၊ စပိန်တို့နှင့်ကောင်းမွန်သည့် ဆက်ဆံရေးတည်ဆောက်နိင်ခဲ့ပြီးစစ်ကြောင့် တင်ရှိနေသည့်အကြွေးများကိုပြန်လည်ပေးဆပ်နိင်ခဲ့သည် ။ 

 

ဝိဝါဒကွဲပြားသည့်နိင်ငံရေးခေါင်းဆောင်များကိုလဲ ပြင်းထန်သည့်သတိပေးစကားများပြောကြားကာ နိင်ငံကိုတည်ဆောက်ခဲ့သူဖြစ်သည် ။ ဒုတိယသမ္မတ သက်တမ်းပြီးဆုံးပြီးနောက် သူငယ်စဉ်ကနေထိုင်ခဲ့သည့် ဗာဂျီးနီးယားပြည်နယ် Mount Vernon သို့ပြန်သွားခဲ့သည် ။ ဂျော့ဝါရှင်တန်သည် ၁၇၉၉ - ခုဒီဇင်ဘာလတွင် Mount Vernon ၌ ကွယ်လွန်ခဲ့သည် ။

 

ယနေ့အချိန်တွင် ဂျော့ရှ်ဝါရှင်တန်၏အမည်အား တံတားများ ၊ တက္ကသိုလ်များ ၊ အမှတ်တရနေရာများဖြင့် ဂုဏ်ပြုထားသည့် အမေရိကန်သမိုင်း၏ကြီးကျယ်မြင့်မြတ်သူတဦးဖြစ်သည် ။

 

 



*************************


 


 


 


 


 


 


 


 


 


 


Read times Last modified on Monday, 14 September 2020 11:11
Rate this articles
(1 Vote)