×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Wednesday, 16 September 2020

Powerpoint အသုံးပြုရာမှာ လွန်စွာမှအသုံးဝင်မယ့် အချက် (၈)ချက်

Powerpoint အသုံးပြုရာမှာ လွန်စွာမှအသုံးဝင်မယ့် အချက် (၈)ချက်


(၁) Double Click, Triple Click - Power Point အသုံးပြုတဲ့နေရာမှာ စာတွေရိုက်ထားတယ်ဆိုပါစို့။ Double Click (နှစ်ကြိမ်အမြန်နှိပ်ရင်) နှိပ်ရင် စာလုံးတစ်လုံးကို Selection ပေးတာ။ Triple Click (သုံးကြိမ်အမြန်နှိပ်ရန်) စာပုဒ်တစ်ပုဒ်ကို Select ပေးတာဖြစ်ပါတယ်။

 

(၂) Ctrl+Shift - အရာဝတ္ထုတစ်ခု၊ စာတပုဒ်ကို Select လုပ်ထားမယ်။ ပြီးတော့ Ctrl+Shift တွဲပြီး Drag ဆွဲပြီးနှိပ်ရင် ရေပြင်ညီအတိုင်း (အထက်အောက်၊ ဘေးတိုက်အတိုင်း) copy ကူးတာဖြစ်ပါတယ်။

 

(၃) Ctrl+D - အရာဝတ္ထုတစ်ခု၊ စာတစ်ပုဒ်ကို Select လုပ်ထားမယ်။ Ctrl+D ကိုနှိပ်ရင် ထိုအရာဝတ္ထု (သို့) စာပုဒ်ကို copy ကူးတာဖြစ်ပါတယ်။
ပထမတစ်ကြိမ် Ctrl+D နှိပ်လိုက်ရင် Copy ကူးတဲ့ object ရဲ့ အနီးမှာ ကိုယ် copy ကူးလိုက်တဲ့အရာဝတ္ထုက ပေါ်လာမှာပါ။ အဲ့ဒီ့ Object (အရာဝတ္ထု)ကို ကိုယ်လိုချင်တဲ့အကွာအဝေးမှာနေရာချ၊ နောက်တစ်ခါ Ctrl+D နှိပ်လိုက်ရင်တော့ အကွာအဝေး တူညီစွာ Copy ကူးပေးမှာဖြစ်ပါတယ်။

 

(၄) Autocorrect Function - စာရိုက်တဲ့အခါမှာ Autocorrect ကို အသုံးပြုနိုင်ပါတယ်။ ကိုယ်စာရိုက်တဲ့နေရာမှာ ထပ်တလဲလဲပါမယ့် စကားလုံး ပါဝင်နေတယ်ဆိုပါစို့။ e.g. “Thuwunna Football Stadium” ဆိုတဲ့စာလုံးကို ခဏခဏ ရိုက်ဖို့လို့ရှိနေတယ်ဆိုရင် အမြန်ဆုံးရိုက်လို့ရတဲ့နည်းလေးကတော့ Autocorrect option ပဲဖြစ်ပါတယ်။

 

ပထမဆုံးအနေနဲ့ “Thuwunna Football Stadium” ဆိုတဲ့စကားလုံးကို ရိုက်ပါ။ Copy ကူးပါ။ နောက်အဆင့်တွေကတော့ File – Option – Proofing – AutoCorrect Option ကို နှိပ်ပါ။ Box တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီ့ Box မှာ Replace ဆိုတဲ့နေရာနဲ့ With ဆိုတဲ့နေရာလေးကို တွေ့မြင်ရမှာပါ။ Replace ဆိုတဲ့အကွက်ထဲမှာ e.g. TFS (ကိုယ်ရိုက်ချင်တဲ့ဘယ်စာလုံးမဆိုရိုက်နိုင်ပါတယ်၊ ဥပမာအနေနဲ့ပြောပြတာပါ) With နေရာမှာ ခုနက Copy ကူးထားတဲ့ “Thuwunna Football Stadium” ကို Paste ချပါ။ အဓိပ္ပာယ်ကတော့ TFS လို့ရိုက်လိုက်တာနဲ့ Thuwunna Football Stadium လို့ပေါ်စေချင်ပါတယ် လို့ ဆိုလိုတာပါ။ ပြီးရင် OK, OK ကိုနှိပ်ပြီး ထွက်လိုက်ပါ။

 

ကဲ စမ်းသုံးကြည့်ရအောင် Text Box ကို ယူပါ TFS လို့ ရိုက်ပြီး Space ကိုနှိပ်လိုက်ပါ။ အဲ့ဒါဆိုရင် TFS နေရာမှာ Thuwunna Football Stadium လို့ပြောင်းသွားတာကို တွေ့မြင်ရမှာပါ။

 

 

(၅) Lock Drawing Mode – Insert Menu ထဲက Shape (စက်ပိုင်းပုံ၊ လေးထောင့်ပုံ၊ အသည်းပုံ . . . . . ) အစရှိတဲ့ပုံတွေကိုဆွဲတဲ့အခါ e.g. စက်ပိုင်းပုံ ဆွဲချင်ရင် Insert ထဲက Shape ထဲမှာ စက်ဝိုင်းပုံကိုရွေး၊ ပြီးရင် ကိုယ်လိုချင်တဲ့ အရွယ်အစားအတိုင်းဆွဲ၊ နောက်ထပ် စက်ဝိုင်းပုံ တစ်ခုထပ်ဆွဲချင်တယ်ဆိုရင်လည်း ထိုနည်း၎င်းပဲ နောက်တစ်ကြိမ် Insert – Shape - စက်ဝိုင်းကိုရွေးပြီး နောက်တစ်ခါပြန်ဆွဲ . . . . . အဲ့ဒီလို ဆွဲဖို့လိုပါတယ်။ အဲ့ဒီ့အဆင့်တွေကို ထပ်တလဲလဲ မဖြတ်သန်းရဘဲ ကိုယ်အလိုရှိသလောက် စက်ဝိုင်းပုံတွေကို ဆက်တိုက်ဆွဲချင်တယ်ဆိုရင်တော့ Lock Drawing Mode ကို အသုံးပြုရမှာပါ။

 

ဘယ်လိုအသုံးပြုရမလဲဆိုရင် - ပထမအဆင့်အနေနဲ့ Insert Menu – Shape ထဲက ကိုယ်လိုချင်တဲ့ပုံစံ (ဥပမာ - စက်ဝိုင်း)ပုံပေါ်မှာ Right Click လုပ်ပါ။ Lock Drawing Mode ကို ရွေးပါ။ ပြီးရင်တော့ ကိုယ်အလိုရှိသလောက် စက်ဝိုင်းပုံကို ဆွဲနိုင်ပြီပဲဖြစ်ပါတယ်။ ဆွဲလို့ပြီးသွားပြီဆိုရင်တော့ Insert Menu – Shape ထဲက ကိုယ်ရွေးထားတဲ့ပုံ (စက်ဝိုင်း)ပေါ်မှာ Right Click – Lock Drawing Mode ကို ပြန်ရွေးပေးပါ။ စမ်းသုံးကြည့်ပြီး အဆင်မပြေတာတစ်ခုခုရှိရင် Chat Box ကတဆင့် မေးမြန်းနိုင်ပါတယ်။

 

 

(၆) Quick Access Toolbar - ဥပမာ ကိုယ်က Chart အမြဲဆွဲနေရတဲ့သူတစ်ယောက်၊ ဒါမှမဟုတ် Spelling Check ကို အမြဲလုပ်လိုတဲ့လူတစ်ယောက် ဆိုပါစို့။ chart ဆွဲတဲ့သူတစ်ယောက်ဆိုရင် Insert ထဲက Chart ကို အမြဲသွားရွေးနေဖို့ လိုနေပါလိမ့်မယ်။ Spelling Check (စာလုံးပေါင်း စစ်ချင်တဲ့သူဆိုရင်လည်း) Review ထဲက Spelling ကို အမြဲ သွားရွေးနေရမှာပါ။ အဲ့ဒီလိုမဟုတ်ဘဲ အပေါ်ဆုံးမှာရှိတဲ့ bar ပေါ်မှာ ကိုယ်အလိုရှိတဲ့ Tool တွေကို အလွယ်တကူ တင်ထားလို့ရပါတယ်။ e.g. Chart ကို Top Bar ပေါ်မှာ တင်ထားချင်ရင် Insert – Chart ကိုသွား Right Click ကို နှိပ် - Quick Access Toolbar ကိုရွေး၊ အဲ့ဒါဆိုရင်တော့ Chart ရဲ့ short cut icon လေးက Top Bar ပေါ်မှာ ပေါ်နေမှာဖြစ်တဲ့အတွက် အချိန်တိုင်း အလွယ်တကူ အသုံးပြုနိုင်မှာပါ။ အသုံးမလိုတော့လို့ ပြန်ဖျက်ချင်တယ်ဆိုရင်လည်း Chart Icon လေးကို Right Click နှိပ် Remove from quick access toolbar ကို ရွေးလိုက်ရုံပါပဲ။

 

(၇) Tell me what you want to do (Alt+Q) - ကိုယ်အသုံးပြုချင်တဲ့ Function က ဘယ်မှာရှိလဲမသိဘူးဆိုရင် tell me what you want to do (Shortcut အနေနဲ့ Alt+Q) ကိုနှိပ်လိုက်ပါ။ ကိုယ်ရှာချင်တဲ့ Function ကို ရိုက်ထည့်လိုက်ပါ။ e.g. Header and Footer (or) Chart . . . . ကိုယ်ရှာချင်တဲ့ Function ကို အလွယ်တကူ ရိုက်ထည့်ပြီး ရှာဖွေနိုင်ပါတယ်။

 

(၈) Ctrl+Tab - ကိုယ်က Powerpoint window တွေကို တစ်ခုမက ဖွင့်ထားတယ်ဆိုရင် Ctrl+Tab ကိုနှိပ်ခြင်းအားဖြင့် powerpoint window တစ်ခုနဲ့တစ်ခုအကြား အလွယ်တကူ ကူးပြောင်းနိုင်မှာပဲဖြစ်ပါတယ်။

 

အခုသင်ခန်းစာကို ဒီလောက်နဲ့ပဲ ရပ်လိုက်ပါတော့မယ်။ အခုပြောပြထားတဲ့ အချက်အလက်တွေကို အသုံးပြုကြည့်လို့ အဆင်မပြေတစ်ခုခုများရှိခဲ့ရင် Comment (or) Messenger မှ တဆင့် မေးမြန်းနိုင်ပါတယ်။

 

 

Powerpoint အသံုးျပဳရာမွာ လြန္စြာမွအသံုး၀င္မယ့္ အခ်က္ (၈)ခ်က္


(၁) Double Click, Triple Click - Power Point အသံုးျပဳတဲ့ေနရာမွာ စာေတြရိုက္ထားတယ္ဆိုပါစို႔။ Double Click (ႏွစ္ႀကိမ္အျမန္ႏွိပ္ရင္) ႏွိပ္ရင္ စာလံုးတစ္လံုးကို Selection ေပးတာ။ Triple Click (သံုးႀကိမ္အျမန္ႏွိပ္ရန္) စာပုဒ္တစ္ပုဒ္ကို Select ေပးတာျဖစ္ပါတယ္။

 

(၂) Ctrl+Shift - အရာ၀တၳဳတစ္ခု၊ စာတပုဒ္ကို Select လုပ္ထားမယ္။ ၿပီးေတာ့ Ctrl+Shift တြဲၿပီး Drag ဆြဲၿပီးႏွိပ္ရင္ ေရျပင္ညီအတိုင္း (အထက္ေအာက္၊ ေဘးတိုက္အတိုင္း) copy ကူးတာျဖစ္ပါတယ္။

 

(၃) Ctrl+D - အရာ၀တၳဳတစ္ခု၊ စာတစ္ပုဒ္ကို Select လုပ္ထားမယ္။ Ctrl+D ကိုႏွိပ္ရင္ ထိုအရာ၀တၳဳ (သို႔) စာပုဒ္ကို copy ကူးတာျဖစ္ပါတယ္။
ပထမတစ္ႀကိမ္ Ctrl+D ႏွိပ္လိုက္ရင္ Copy ကူးတဲ့ object ရဲ႕ အနီးမွာ ကိုယ္ copy ကူးလိုက္တဲ့အရာ၀တၳဳက ေပၚလာမွာပါ။ အဲ့ဒီ့ Object (အရာ၀တၳဳ)ကို ကိုယ္လိုခ်င္တဲ့အကြာအေ၀းမွာေနရာခ်၊ ေနာက္တစ္ခါ Ctrl+D ႏွိပ္လိုက္ရင္ေတာ့ အကြာအေ၀း တူညီစြာ Copy ကူးေပးမွာျဖစ္ပါတယ္။

 

(၄) Autocorrect Function - စာရိုက္တဲ့အခါမွာ Autocorrect ကို အသံုးျပဳႏိုင္ပါတယ္။ ကိုယ္စာရိုက္တဲ့ေနရာမွာ ထပ္တလဲလဲပါမယ့္ စကားလံုး ပါ၀င္ေနတယ္ဆိုပါစို႔။ e.g. “Thuwunna Football Stadium” ဆိုတဲ့စာလံုးကို ခဏခဏ ရိုက္ဖို႔လို႔ရွိေနတယ္ဆိုရင္ အျမန္ဆံုးရိုက္လို႔ရတဲ့နည္းေလးကေတာ့ Autocorrect option ပဲျဖစ္ပါတယ္။

 

ပထမဆံုးအေနနဲ႔ “Thuwunna Football Stadium” ဆိုတဲ့စကားလံုးကို ရိုက္ပါ။ Copy ကူးပါ။ ေနာက္အဆင့္ေတြကေတာ့ File – Option – Proofing – AutoCorrect Option ကို ႏွိပ္ပါ။ Box တစ္ခုက်လာပါလိမ့္မယ္။ အဲ့ဒီ့ Box မွာ Replace ဆိုတဲ့ေနရာနဲ႔ With ဆိုတဲ့ေနရာေလးကို ေတြ႕ျမင္ရမွာပါ။ Replace ဆိုတဲ့အကြက္ထဲမွာ e.g. TFS (ကိုယ္ရိုက္ခ်င္တဲ့ဘယ္စာလံုးမဆိုရိုက္ႏိုင္ပါတယ္၊ ဥပမာအေနနဲ႔ေျပာျပတာပါ) With ေနရာမွာ ခုနက Copy ကူးထားတဲ့ “Thuwunna Football Stadium” ကို Paste ခ်ပါ။ အဓိပၸာယ္ကေတာ့ TFS လို႔ရိုက္လိုက္တာနဲ႔ Thuwunna Football Stadium လို႔ေပၚေစခ်င္ပါတယ္ လို႔ ဆိုလိုတာပါ။ ၿပီးရင္ OK, OK ကိုႏွိပ္ၿပီး ထြက္လိုက္ပါ။

 

ကဲ စမ္းသံုးၾကည့္ရေအာင္ Text Box ကို ယူပါ TFS လို႔ ရိုက္ၿပီး Space ကိုႏွိပ္လိုက္ပါ။ အဲ့ဒါဆိုရင္ TFS ေနရာမွာ Thuwunna Football Stadium လို႔ေျပာင္းသြားတာကို ေတြ႕ျမင္ရမွာပါ။

 

 

(၅) Lock Drawing Mode – Insert Menu ထဲက Shape (စက္ပိုင္းပံု၊ ေလးေထာင့္ပံု၊ အသည္းပံု . . . . . ) အစရွိတဲ့ပံုေတြကိုဆြဲတဲ့အခါ e.g. စက္ပိုင္းပံု ဆြဲခ်င္ရင္ Insert ထဲက Shape ထဲမွာ စက္၀ိုင္းပံုကိုေရြး၊ ၿပီးရင္ ကိုယ္လိုခ်င္တဲ့ အရြယ္အစားအတိုင္းဆြဲ၊ ေနာက္ထပ္ စက္၀ိုင္းပံု တစ္ခုထပ္ဆြဲခ်င္တယ္ဆိုရင္လည္း ထိုနည္း၄င္းပဲ ေနာက္တစ္ႀကိမ္ Insert – Shape - စက္၀ိုင္းကိုေရြးၿပီး ေနာက္တစ္ခါျပန္ဆြဲ . . . . . အဲ့ဒီလို ဆြဲဖို႔လိုပါတယ္။ အဲ့ဒီ့အဆင့္ေတြကို ထပ္တလဲလဲ မျဖတ္သန္းရဘဲ ကိုယ္အလိုရွိသေလာက္ စက္၀ိုင္းပံုေတြကို ဆက္တိုက္ဆြဲခ်င္တယ္ဆိုရင္ေတာ့ Lock Drawing Mode ကို အသံုးျပဳရမွာပါ။

 

ဘယ္လိုအသံုးျပဳရမလဲဆိုရင္ - ပထမအဆင့္အေနနဲ႔ Insert Menu – Shape ထဲက ကိုယ္လိုခ်င္တဲ့ပံုစံ (ဥပမာ - စက္၀ိုင္း)ပံုေပၚမွာ Right Click လုပ္ပါ။ Lock Drawing Mode ကို ေရြးပါ။ ၿပီးရင္ေတာ့ ကိုယ္အလိုရွိသေလာက္ စက္၀ိုင္းပံုကို ဆြဲႏိုင္ၿပီပဲျဖစ္ပါတယ္။ ဆြဲလို႔ၿပီးသြားၿပီဆိုရင္ေတာ့ Insert Menu – Shape ထဲက ကိုယ္ေရြးထားတဲ့ပံု (စက္၀ုိင္း)ေပၚမွာ Right Click –Lock Drawing Mode ကို ျပန္ေရြးေပးပါ။ စမ္းသံုးၾကည့္ၿပီး အဆင္မေျပတာတစ္ခုခုရွိရင္ Chat Box ကတဆင့္ ေမးျမန္းႏိုင္ပါတယ္။

 

 

(၆) Quick Access Toolbar - ဥပမာ ကိုယ္က Chart အၿမဲဆြဲေနရတဲ့သူတစ္ေယာက္၊ ဒါမွမဟုတ္ Spelling Check ကို အၿမဲလုပ္လိုတဲ့လူတစ္ေယာက္ ဆိုပါစို႔။ chart ဆြဲတဲ့သူတစ္ေယာက္ဆိုရင္ Insert ထဲက Chart ကို အၿမဲသြားေရြးေနဖို႔ လိုေနပါလိမ့္မယ္။ Spelling Check (စာလံုးေပါင္း စစ္ခ်င္တဲ့သူဆိုရင္လည္း) Review ထဲက Spelling ကို အၿမဲ သြားေရြးေနရမွာပါ။ အဲ့ဒီလိုမဟုတ္ဘဲ အေပၚဆံုးမွာရွိတဲ့ bar ေပၚမွာ ကိုယ္အလိုရွိတဲ့ Tool ေတြကို အလြယ္တကူ တင္ထားလို႔ရပါတယ္။ e.g. Chart ကို Top Bar ေပၚမွာ တင္ထားခ်င္ရင္ Insert – Chart ကိုသြား Right Click ကို ႏွိပ္ - Quick Access Toolbar ကိုေရြး၊ အဲ့ဒါဆိုရင္ေတာ့ Chart ရဲ႕ short cut icon ေလးက Top Bar ေပၚမွာ ေပၚေနမွာျဖစ္တဲ့အတြက္ အခ်ိန္တိုင္း အလြယ္တကူ အသံုးျပဳႏိုင္မွာပါ။ အသံုးမလိုေတာ့လို႔ ျပန္ဖ်က္ခ်င္တယ္ဆိုရင္လည္း Chart Icon ေလးကို Right Click ႏွိပ္ Remove from quick access toolbar ကို ေရြးလိုက္ရံုပါပဲ။

 

(၇) Tell me what you want to do (Alt+Q) - ကိုယ္အသံုးျပဳခ်င္တဲ့ Function က ဘယ္မွာရွိလဲမသိဘူးဆိုရင္ tell me what you want to do (Shortcut အေနနဲ႔ Alt+Q) ကိုႏွိပ္လိုက္ပါ။ ကိုယ္ရွာခ်င္တဲ့ Function ကို ရိုက္ထည့္လိုက္ပါ။ e.g. Header and Footer (or) Chart . . . . ကိုယ္ရွာခ်င္တဲ့ Function ကို အလြယ္တကူ ရိုက္ထည့္ၿပီး ရွာေဖြႏိုင္ပါတယ္။

 

(၈) Ctrl+Tab - ကိုယ္က Powerpoint window ေတြကို တစ္ခုမက ဖြင့္ထားတယ္ဆိုရင္ Ctrl+Tab ကိုႏွိပ္ျခင္းအားျဖင့္ powerpoint window တစ္ခုနဲ႔တစ္ခုအၾကား အလြယ္တကူ ကူးေျပာင္းႏိုင္မွာပဲျဖစ္ပါတယ္။

 

အခုသင္ခန္းစာကို ဒီေလာက္နဲ႔ပဲ ရပ္လိုက္ပါေတာ့မယ္။ အခုေျပာျပထားတဲ့ အခ်က္အလက္ေတြကို အသံုးျပဳၾကည့္လို႔ အဆင္မေျပတစ္ခုခုမ်ားရွိခဲ့ရင္ Comment (or) Messenger မွ တဆင့္ ေမးျမန္းႏိုင္ပါတယ္။

Read times
Rate this articles
(0 votes)