×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Monday, 21 September 2020

မွတ္သားဖြယ္ရာ အထေြထေြဗဟုသုတမ်ား

 

(၁) "‰" ဆိုတဲ့ သင်္ကေတကို Perthousand လို့ခေါ်ပြီး ထောင်ဂဏန်းနဲ့ပတ်သက်ပြီး ပြောပါတယ်။ ဥပမာ - ၁၀% ဆိုရင် တစ်ရာမှာ (၁၀)ခုဖြစ်ပြီး ၁၀‰ ဆိုရင်တော့ တစ်ထောင်မှာ (၁၀)ခု ဖြစ်ပါတယ်။

 

(၂) ငါးတစ်ကောင်ဟာ ရေနစ်သေနိုင်တယ်ဆိုတာကို သင်ယုံပါသလား? ရေထဲမှာ ငါးတစ်ကောင်ရဲ့အမြီးကနေ နောက်ပြန်ဆွဲသွားရင် အဲဒီ့ငါးဟာ ရေနစ်သေနိုင်ပါတယ်။

 

(၃) အင်္ဂလိပ်စာမှာ "u" အက္ခရာ နှစ်လုံးပူးပေါင်းထားတဲ့ စာလုံးစုစုပေါင်းမှာ (၆)လုံးသာရှိပါတယ်။ (1) muumuu - တောက်ပသောဝတ်စုံ (အထူးသဖြင့် ဟာဝိုင်အီကျွန်းရှိ အမျိုးသမီးများ ဝတ်ဆင်သည့် ရိုးရာဝတ်စုံ) (2) vacuum - လေဟာနယ် (3) continuum - ဆက်လက်တိုင်းတာခြင်း၏ အတိုင်းအတာ (4) duumvirate - ပူးတွဲအခွင့်အာဏာ (5) duumvir - တွဲဖက်လုပ်ကိုင်သည်။ (6) residuum - ဓာတုရုပ်ကြွင်း တို့ဖြစ်သည်။

 

(၄) University ကို မြန်မာလို "တက္ကသိုလ်" ဟူ၍ ဖော်ညွှန်းမော်ကွန်းတင်ပေးသူမှာ မြန်မာလူမျိုးထဲတွင် ပထမဆုံး ပါမောက္ခချုပ်ရာထူးကို ရရှိခဲ့သည့် ဆရာကြီး ဖေမောင်တင် (1888-1973) ဖြစ်သည်။

 

(၅) မြန်မာနိုင်ငံတော်သီချင်းကို ဝိုင်အမ်ဘီအေဆရာတင်က ရေးစပ်ပြီး (၁၉၃၀) ပြည့်နှစ် ဇူလိုင်လ (၂၀)ရက်နေ့တွင် ရွှေတိဂုံဘုရားရင်ပြင်တော်၏ ရာထုထောင့်တွင် ပထမဆုံး သီဆိုခဲ့သည်။

 

(၆) မြန်မာနိုင်ငံအား "ဘားမား" ဟူသော အင်္ဂလိပ်အမည်မှ "မြန်မာ" ဟူသော အမည်သစ်သို့ (၁၉၈၉)ခုနှစ်၊ ဇွန်လ (၁၈)ရက်နေ့တွင် စတင်ပြောင်းလဲခေါ်တွင်ခဲ့သည်။

 

(၇) မြန်မာ့ထိုးကွင်းမင်ကြောင်ကို ဘိုးတော်ဘုရားလက်ထက် ထောင်မင်းကြီးသား မောင်ကံဆိုသူမှ စတင်တည်ထွင်ခဲ့သည်။

 

(၈) အင်္ဂလိပ်စကားလုံးများအတွင် အသုံးအများဆုံးအက္ခရာမှာ "E" ဖြစ်ပြီး အသုံးအနည်ဆုံးအက္ခရာမှာ "Q" ဖြစ်သည်။

 

(၉) အင်္ဂလိပ်စကားလုံးမှားတွင် အသုံးအများဆုံး သရ (Vowel) မှာ "e" ဖြစ်ပြီး အသုံးအများဆုံး (Consultant) မှာ "t" ဖြစ်သည်။

 

(၁၀) အင်္ဂလိပ်စာလုံး နှစ်လုံးပူး ကပ်လျှက်ရှသည့် စကားလုံးမှာ "Bookkeeper" နှင့် "Bookkeeping" ဟူ၍ နှစ်လုံးသာရှိသည်။

 

(၁၁) ကမ္ဘာမှအသိအမှတ်ပြုခဲ့သော မြန်မာ့ပထမဆုံး သိပ္ပံပညာရှင်မှာ ဘိုးတော်ဘုရား (ဗဒုံမင်း)၏သားတော် မက္ခရာမင်းသားကြီးဖြစ်သည်။

 

(၁၂) မြန်မာ့ပထမဆုံး သမ္မတမှာ ရှမ်းလူမျိုး စဝ်ရွှေသိုက် (1886-1962) ဖြစ်သည်။

 

(၁၃) ပထမဆုံး English Dictionary ကို 1755 ခုနှစ်တွင် စတင်ရေးသားခဲ့သည်။

 

(၁၄) Typing လေ့ကျင့်ခန်းများတွင် အများဆုံးအသုံးပြုလေ့ရှိသည့် "The quick brown fox jumps over the lazy dog" ဟူသော စာကြောင်းတွင် အင်္ဂလိပ်အက္ခရာ A~Z အကုန်ပါဝင်သည်။

 

(၁၅) ပထမဆုံး အင်္ဂလိပ်-မြန်မာ အဘိဓာန်ကို ပြုစုခဲ့သူမှာ မြန်မာနိုင်ငံသားစစ်စစ် မဟာဆီ မဟာသွေးပါဝင်သည့် မက္ခရာမင်းသားကြီးဖြစ်သည်။

 

(၁၆) သိပ္ပံမောင်၀ (အမည်ရင်း - ဦးစိန်တင်) ၏ ကလောင်ခွဲမှာ ၅၁ ခုရှိသည်။

 

(၁၇) ပုဂံတွင် အင်္ဂလိပ်အမည်ဖြင့် ပုဂံဘုရားတစ်ဆူရှိသည်။ ဓမ္မံရံကြီးလမ်းခွဲအနီးတွင် "မစ္စတာ စကိုဗယ်ပေါ်တော်မူ" (Mr. Scovells Pawtawmu Pagoda) ဟူသော ပုဂံဘုရားတစ်ဆူရှိသည်။

 

(၁၈) ကမ္ဘာကျော်ကဗျာဆရာကြီး ရာဘင်ဒြာနာသ်တဂိုးဟာ မြန်မာနိုင်ငံကို နှစ်ကြိမ်လာရောက်ခဲ့သည် (၁၉၁၆ ခုနှစ်၊ မေလ (၇)ရက်နေ့မှ (၉)ရက်နေ့ အထိ တစ်ကြိမ်၊ ၁၉၂၃ ခုနှစ်၊ မတ်လ (၂၄)ရက်မှ (၂၇)ရက်နေ့အထိ တစ်ကြိမ်)

 

(၁၉) ထိုင်းဘုရင် ဗြနရာဇ် (ခရစ် ၁၅၅၅-၁၆၀၅) ဟာ ဘုရင့်နောင်ကျော်ထင်နော်ရထာနှင့် ယောက်ဖတော်စပ်သည်။ ဗြနရာဇ်၏ အစ်မတော် "အမျိုးရုံ မင်းသမီး" သည် ဘုရင့်နောင်၏ မိဖုရားဖြစ်သည်။

 

(၂၀) အင်္ဂလိပ်စာတွင် အရှည်ဆုံးစကားလုံးမှာ Pneumonoultramicroscopicsilicovolcanoconiosis (အက္ခရာ - 45 လုံး) လို့ခေါ်တဲ့ "အဆုပ်တခြမ်း ဆန်ခါပေါက်ရောဂါ" ဖြစ်သည်။

 

 

အေထြေထြဗဟုသုတ

 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


Read times
Rate this articles
(0 votes)