×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Thursday, 24 September 2020

လက္သည္းရွည္္ စက္ျပင္ဆရာ

ဆရာ ရီနေနိုင်ရေးသားတဲ့ လက်သည်းရှည် စက်ပြင်ဆရာဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို အတူတူ လေ့လာကြည့်ရအောင်။
.
ဒီဆောင်းပါးကတော့ လက်ရှိလုပ်ငန်းခွင် အတော်များများကို ဥပမာထား ရေးသားထားတဲ့ ဆောင်းပါးတစ်ပုဒ်ပါ။ လုပ်ငန်းတွေအောင်မြင်နေတာ လက်လည်းရှည်စက်ပြင်ဆရာကြောင့်လား??? ယုန်လေးကြောင့်လား ???


.
.
လက်သည်းရှည် စက်ပြင်ဆရာ

နေသာတဲ့နေ့တစ်နေ့မှာ ဂူတစ်ဂူရှေ့မှာ ခြင်္သေ့က နေရောင်အောက် လဲလျောင်းနေတုန်း မြေခွေးရောက်လာပြီး ဘယ်နှနာရီထိုးပြီလဲ၊ ကျန်တော့်နာရီပျက်နေလို့ပါလို့ ပြောပါတယ်။ ခြင်္သေ့က နာရီပျက်တာ သူပြင်ပေးပါ့မယ်ပြောပေမဲ့ မြေခွေးက မယုံပါဘူး။ ''နာရီစက်တွေက အတိမ်းအစောင်းမခံအောင် သေးသေးနုပ်နုပ်တွေပါဗျာ၊ ခင်ဗျားလက်သည်းရှည်ကြီးနဲ့တွေ့ရင် ပျက်ကုန်မှာပေါ့ မဖြစ်ပါဘူး'' လို့ ပြောပါတယ်။ ခြင်္သေ့က သူပြင်နိုင်ပါတယ်လို့ တာဝန်ယူပြီး ဂူထဲကို ပြေးဝင်သွားပြီး ခဏအကြာမှာ နာရီပြင်ပြီးတော့ ပြန်ထွက်လာခဲ့တယ်။ မြေခွေးက သဘောကျသွားသလို ခြင်္သေ့ကလည်း သူ့ဘာသာ ကျေနပ်အားရစွာ နေရောင်ထဲလဲလျောင်းပြီး ကျန်ရစ်တယ်။

 

မကြာခင် ခြင်္သေ့ဆီ ဝံပုလွေရောက်လာပြီး ''ဒီည ခင်ဗျားဆီ ကျန်တော်တီဗီလာကြည့်လို့ရမလား၊ ကျန်တော့်တီဗီပျက်သွားလို့ဗျာ'' လို့ ပြောပါတယ်။ ခြင်္သေ့က ပျက်တဲ့တီဗီကို သူပြင်ပေးနိုင်ပါတယ်လို့ ပြောပေမဲ့ ဝံပုလွေကမယုံပါဘူး။ ''လက်သည်းရှည်နဲ့ ခြင်္သေ့က တီဗီပြင်နိုင်တယ်လို့ ဘယ်သူမှယုံမှာမဟုတ်ဘူး'' လို့ ပြောပါတယ်။ ဒါပေမဲ့ ခြင်္သေ့က ပြင်နိုင်ကြောင်းအာမခံပြီး တီဗီကို ပြန်ယူစေပြီးတော့ ဂူထဲဝင်သွားပြီး မကြာခင် တီဗီပြင်ပြီးသားနဲ့ ပြန်ထွက်လာပါတယ်။ ဝံပုလွေကလည်း အ့သြတကြီးနဲ့ကျေနပ်ပြီး ပြန်သွားတယ်။

 

မကြာမီ ဂူအတွင်းမြင်ကွင်းမှာတော့ ဂူထောင့်တစ်နေရာမှာ ငယ်သလောက် ထက်မြက်ပုံရတဲ့ ယုန်ကလေး ခြောက်ကောင်ဟာ ရှုပ်ထွေးတဲ့ စက်အစိတ်အပိုင်းတွေကို ကိရိယာတန်ဆာပလာအစုံနဲ့ ကျမ်းကျမ်းကျင်ကျင်ပြုပြင်ရင်း အလုပ်များနေကြတာကို တခြားထောင့် တစ်နေရာကနေ ထိုင်ကြည့်ရင်း ကျေနပ်နေတဲ့ ခြင်္သေ့မင်းကို မြင်ကြရမှာ ဖြစ်ပါတယ်။

 

ဥပဒေသ ။ ။ တကယ်လို့ လုပ်ငန်းတစ်ခုက မန်နေဂျာနာမည်ကြီးရတဲ့အကြောင်းရင်းကို သိချင်ရင် သူ့လက်အောက်ဝန်ထမ်းတွေ ဘယ်လိုအလုပ်လုပ်ကြသလဲဆိုတာကို ထဲထဲဝင်ဝင်လေ့လာကြည့်ဖို့ လိုပါလိမ့်မယ်။

 

 

ဆရာ ရီေနႏိုင္ေရးသားတဲ့ လက္သည္းရွည္ စက္ျပင္ဆရာဆိုတဲ့ ေဆာင္းပါးတစ္ပုဒ္ကို အတူတူ ေလ့လာၾကည့္ရေအာင္။
.
ဒီေဆာင္းပါးကေတာ့ လက္ရွိလုပ္ငန္းခြင္ အေတာ္မ်ားမ်ားကို ဥပမာထား ေရးသားထားတဲ့ ေဆာင္းပါးတစ္ပုဒ္ပါ။ လုပ္ငန္းေတြေအာင္ျမင္ေနတာ လက္လည္းရွည္စက္ျပင္ဆရာေၾကာင့္လား??? ယုန္ေလးေၾကာင့္လား ???
.
.


လက္သည္းရွည္္ စက္ျပင္ဆရာ
---------------------------


ေနသာတဲ့ေန႔တစ္ေန႔မွာ ဂူတစ္ဂူေရွ႕မွာ ျခေသၤ့က ေနေရာင္ေအာက္ လဲေလ်ာင္းေနတုန္း ေျမေခြးေရာက္လာၿပီး ဘယ္ႏွနာရီထိုးၿပီလဲ၊ က်န္ေတာ့္နာရီပ်က္ေနလို႔ပါလို႔ ေျပာပါတယ္။ ျခေသၤ့က နာရီပ်က္တာ သူျပင္ေပးပါ့မယ္ေျပာေပမဲ့ ေျမေခြးက မယုံပါဘူး။ ''နာရီစက္ေတြက အတိမ္းအေစာင္းမခံေအာင္ ေသးေသးႏုပ္ႏုပ္ေတြပါဗ်ာ၊ ခင္ဗ်ားလက္သည္းရွည္ႀကီးနဲ႔ေတြ႕ရင္ ပ်က္ကုန္မွာေပါ့ မျဖစ္ပါဘူး'' လို႔ ေျပာပါတယ္။ ျခေသၤ့က သူျပင္ႏိုင္ပါတယ္လို႔ တာဝန္ယူၿပီး ဂူထဲကို ေျပးဝင္သြားၿပီး ခဏအၾကာမွာ နာရီျပင္ၿပီးေတာ့ ျပန္ထြက္လာခဲ့တယ္။ ေျမေခြးက သေဘာက်သြားသလို ျခေသၤ့ကလည္း သူ႔ဘာသာ ေက်နပ္အားရစြာ ေနေရာင္ထဲလဲေလ်ာင္းၿပီး က်န္ရစ္တယ္။

 

မၾကာခင္ ျခေသၤ့ဆီ ဝံပုေလြေရာက္လာၿပီး ''ဒီည ခင္ဗ်ားဆီ က်န္ေတာ္တီဗီလာၾကည့္လို႔ရမလား၊ က်န္ေတာ့္တီဗီပ်က္သြားလို႔ဗ်ာ'' လို႔ ေျပာပါတယ္။ ျခေသၤ့က ပ်က္တဲ့တီဗီကို သူျပင္ေပးႏိုင္ပါတယ္လို႔ ေျပာေပမဲ့ ဝံပုေလြကမယုံပါဘူး။ ''လက္သည္းရွည္နဲ႔ ျခေသၤ့က တီဗီျပင္ႏိုင္တယ္လို႔ ဘယ္သူမွယုံမွာမဟုတ္ဘူး'' လို႔ ေျပာပါတယ္။ ဒါေပမဲ့ ျခေသၤ့က ျပင္ႏိုင္ေၾကာင္းအာမခံၿပီး တီဗီကို ျပန္ယူေစၿပီးေတာ့ ဂူထဲဝင္သြားၿပီး မၾကာခင္ တီဗီျပင္ၿပီးသားနဲ႔ ျပန္ထြက္လာပါတယ္။ ဝံပုေလြကလည္း အ့ၾသတႀကီးနဲ႔ေက်နပ္ၿပီး ျပန္သြားတယ္။

 

မၾကာမီ ဂူအတြင္းျမင္ကြင္းမွာေတာ့ ဂူေထာင့္တစ္ေနရာမွာ ငယ္သေလာက္ ထက္ျမက္ပုံရတဲ့ ယုန္ကေလး ေျခာက္ေကာင္ဟာ ရႈပ္ေထြးတဲ့ စက္အစိတ္အပိုင္းေတြကို ကိရိယာတန္ဆာပလာအစုံနဲ႔ က်မ္းက်မ္းက်င္က်င္ျပဳျပင္ရင္း အလုပ္မ်ားေနၾကတာကို တျခားေထာင့္ တစ္ေနရာကေန ထိုင္ၾကည့္ရင္း ေက်နပ္ေနတဲ့ ျခေသၤ့မင္းကို ျမင္ၾကရမွာ ျဖစ္ပါတယ္။

 

ဥပေဒသ ။ ။ တကယ္လို႔ လုပ္ငန္းတစ္ခုက မန္ေနဂ်ာနာမည္ႀကီးရတဲ့အေၾကာင္းရင္းကို သိခ်င္ရင္ သူ႔လက္ေအာက္ဝန္ထမ္းေတြ ဘယ္လိုအလုပ္လုပ္ၾကသလဲဆိုတာကို ထဲထဲဝင္ဝင္ေလ့လာၾကည့္ဖို႔ လိုပါလိမ့္မယ္။

Read times
Rate this articles
(0 votes)