×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Wednesday, 20 September 2017

Sherlock holmes(ရှားလော့ဟုမ်း) ဆိုတာ တကယ်ရှိခဲ့သလား။

Sherlock holmes(ရှားလော့ဟုမ်း) ဆိုတာ တကယ်ရှိခဲ့သလား။ google.com






Ref; knowabout

Unicode

ရှားလော့ဟုမ်းဆိုတဲ့ နာမည်ကြားလိုက်တာနဲ့ ကမ္ဘာကျော်စုံထောက်တစ်ယောက်အဖြစ် လူတိုင်းကြားဖူး နေမှာ သေချာပါတယ်။ ရှားလော့ဟုမ်းရဲ့ ပုံစံ သူစုံစမ်းထောက်လှမ်းခဲ့တဲ့ အမှုတွေ သူ့ရဲ့ နာမည်ကျော်ကြား မှုတွေက အံ့မခန်းပါပဲ။ လူများစွာရဲ့နှလုံးသားကို သိမ်းကျုံးဆွဲငင်နိုင်ခဲ့တဲ့ သူတစ်ယောက်ပါ။

ဝတ္ထုစာအုပ်တွေအနေနဲ့ရော TV series တွေအနဲ့ပါ အောင်မြင်ကျော်ကြားမှုကို ရရှိထားခဲ့တာ ဖြစ်ပါတယ်။ အရမ်းကို ကျော်ကြားတဲ့ ရှားလော့ဟုမ်းက အပြင်မှာရော တကယ်ရှိခဲ့တာလား။ အမှန်စင်စစ် ကတော့ အပြင်လောကမှာ တကယ်မရှိခဲ့ပါဘူး။

နော်ဗယ်ဝတ္ထုရေးဆရာကြီး (ဆာအာသာ ကွန်နန်ဒွိုင်း) (Sir) Arthur Conan-Doyle (၁၈၅၉-၁၉၃၀) ၏ ဖန်တီးချက် ဇာတ်ကောင်သက်သက် သာဖြစ်ပါတယ်။ ရှားလော့ဟုမ်းက ပထမဆုံး စိတ်ကူးယဉ် စုံထောက်ဇာတ်ကောင် မဟုတ်ပါဘူး။ စာရေးဆရာ အက်ဂါ အလန်းပိုးသည် စုံထောက်ဇာတ်ကောင် M.Dupin ကို ဖန်တီးရေးဆွဲခဲ့ပါသေးတယ်။ ဒါပေမယ့် ရှားလော့ဟုမ်းက လူအများကြီးကို ဆွဲငင်နိုင်ခဲ့တဲ့အတွက် ကျော်ကြားတဲ့ ဇာတ်ကောင်ဖြစ်လာပါတယ်။

Recommended for you - မြန်မြန်ဆန်ဆန် အင်္ဂလိပ်စာ တိုးတက်စေဖို့

ရှားလော့ဟုမ်း၏ စရိုက်လက္ခဏာ သွင်ပြင်နှင့် ဝတ်စားဆင်ယင်မှု နေထိုင်မှုပုံစံတို့ကို အသေးစိတ်ဖော်ပြ နိုင်ခဲ့တဲ့အတွက်ကြောင့် ရှားလော့ဟုမ်းကို တကယ်ရှိခဲ့တယ်လို့ ထင်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ရှားလော့ဟုမ်း နေထိုင်ခဲ့သည့် အိမ်ကြီးကိုလည်း ရှာဖွေခဲ့မိကြပါတယ်။

Ref; knowabout

Read times Last modified on Friday, 27 December 2019 15:59
Rate this articles
(2 votes)