×
Warning
JUser: :_load: Unable to load user with ID: 81428
Knowledge
Tuesday, 20 October 2020
sayar.com.mm ဆိုတာ ဘာလဲ?
သူငယ်ချင်းများ မိတ်ဆွေများအားလုံးကို www.sayar.com.mm ဆိုတဲ့ website နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီ website ကို တစ်ချို့မိတ်ဆွေတွေ သိရှိပြီးဖြစ်ပါလိမ့်မယ်။
ဒီ webstie လေးရဲ့ရည်ရွယ်ချက်ကတော့ ဆရာ၊ဆရာမနဲ့ ကျောင်းသူကျောင်းသားများအကြား၊ လေ့လာချင်သူနဲ့ သင်ကြားပေးသူအကြား ပေါင်းကူးတံတားတစ်ခုအဖြစ် ချိတ်ဆက်ပေးဖို့ရာပဲဖြစ်ပါတယ်။ ဒီ website ထဲမှာဆိုရင် ဘာသာရပ်ပေါင်း (၁၉၀) ကျော်ကို သင်ကြားပေးနေတဲ့ ဆရာ၊ဆရာမ (၂၀၀၀) ကျော်ရဲ့ ဆက်သွယ်နိုင်တဲ့ လိပ်စာတွေ၊ ဖုန်းနံပါတ်တွေ . . .
ဒါ့အပြင် ဒီ website ကို အသုံးပြုခြင်းအားဖြင့် ဘာအကျိုးကျေးဇူးတွေရရှိနိုင်သလဲဆိုင်ရင်
(၁) မိမိလေ့လာလိုတဲ့ဘာသာရပ်အလိုက် ဆရာ၊ဆရာများကို အလွယ်တကူ ရှာဖွေနိုင်ခြင်း
(၂) မိမိနေထိုင်တဲ့နေရာနဲ့အနီးဆုံးမှာရှိတဲ့ ဆရာ၊ ဆရာမကို ရွေးချယ်နိုင်ခြင်း
(၃) မိမိအားလပ်ချိန်နှင့် ဆရာ၊ဆရာမများရဲ့အားလပ်ချိန်များကို သေချာ အချိန်ညှိနိုင်ခြင်း
(၄) Course အပြတ် (သို့) လစဉ်ကြေး . . . .အစရှိသဖြင့် ဆရာ၊ဆရာမများနှင့် တိုင်ပင်နိုင်ခြင်း
(၅) ဗဟုသုတရဖွယ်၊ စိတ်ဝင်စားဖွယ် ဆောင်းပါးများ၊ ဘာသာရပ်ဆိုင်ရာ အကြံပြုချက်များ နဲ့ အခြားကဏ္ဍများစွာရဲ့ ဆောင်းပါးများကို တစ်စုတစ်စည်းထဲ ဖတ်ရှုလေ့လာနိုင်ခြင်းအပြင် . . . .
အခြားအကျိုးကျေးဇူးတွေ အများကြီးရနိုင်မယ့် website တစ်ခုဆိုတာ အသေအချာပါပဲ။
မောင်ငယ်၊ ညီမငယ်တွေအနေနဲ ဒီ website ကို အသုံးပြုခြင်းအားဖြင့့် မိမိရဲ့အချိန်တွေကို အကျိုးရှိစွာ ကုန်ဆုံးစေနိုင်သလို ဆရာ၊ ဆရာမများအနေနဲ့လည်း ဒီ website ထဲမှာ မိမိရဲ့အချက်အလက်တွေကို ထည့်သွင်းဖော်ပြချင်တယ်ဆိုရင်လည်း ကိုယ်တိုင် အလွယ်တကူ Register လုပ်ရင်ဖြစ်စေ၊ sayar.com.mm ရဲ့ Facebook Page – Messenger Box မှဖြစ်စေ အလွယ်တကူ စာရင်းပေးသွင်းနိုင်ပါတယ်။ ဒီလို Register လုပ်တာကဆိုရင်လည်း အခကြေးငွေ လုံးဝ၊ (လုံးဝ)ပေးစရာမလိုဘဲ FOC (Free of Charges) ဖြစ်ပါတယ်။
ဒါကြောင့် ဒီလောက်တောင် ကောင်းမွန်လှတဲ့၊ အသုံးဝင်လှတဲ့ website ကို ဆရာ၊ ဆရာမများ၊ မိတ်ဆွေ၊ သူငယ်ချင်း၊ မောင်ငယ်၊ ညီမငယ်တွေ အသုံးပြုနိုင်စေရန်၊ လမ်းညွှန်ဖော်ပြပေးလိုက်ပါတယ်။
Read times
Rate this articles
(0 votes)