×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Tuesday, 26 September 2017

ေျခာက္ျပစ္ကင္း သဲလဲစင္ အလုပ္ေခၚစာမ်ားႏွင့္ အလုပ္ရွာၾကသူမ်ား

ေျခာက္ျပစ္ကင္း သဲလဲစင္ အလုပ္ေခၚစာမ်ားႏွင့္ အလုပ္ရွာၾကသူမ်ား google.com

ယေန႔ေခတ္အလုပ္ေခၚစာေတြထဲမွာ တခ်ိဳ႕အလုပ္ေခၚစာေတြက အလုပ္ေလွ်ာက္သူကို ေျခာက္ျပစ္ကင္း သဲလဲစင္တဲ့သူေတြကို လိုခ်င္ၾကတာပါပဲ။

အလုပ္အတြက္ လိုအပ္ခ်က္ေတြက ေျခာက္ပစ္ကင္းသေလာက္ လစာ၊ ခံစားခြင့္ေတြကေရာ မက္ေလာက္စရာ ျဖစ္ရဲ႕လား။ ဒါမွမဟုတ္ ကုိယ့္ရဲ႕ အရည္အခ်င္းနဲ႕ ရသင့္ ရထိုက္တဲ့ ခံစားခြင့္မ်ိဳး ရွိခဲ့ရဲ႕လား။

အလုပ္ေခၚေၾကာ္ျငာတစ္ခုဖတ္မိတယ္။ ပထမအခ်က္က ဘြဲ႕ရ၊ ေနာက္ထပ္လိုအပ္ခ်က္က အသက္ ၂၅ႏွစ္ေအာက္ အပ်ိဳ ျဖစ္ရမယ္၊ ရုပ္ရည္ေခ်ာေမာ ေျပျပစ္ရမယ္၊ အင္တာနက္၊ email သံုးတတ္ရမယ္၊ အဂၤလိပ္စာအေရးအေျပာ အနည္းငယ္တတ္ကြ်မ္းရမယ္၊ အမိန္႔နာခံ တတ္သူ ျဖစ္ရမယ္ စတဲ့အခ်က္ေတြနဲ႕ ေခၚထားတဲ့ အလုပ္ေနရာက ရံုးဝန္ထမ္းအမ်ိဳးသမီးပါတဲ့။ ျမန္မာျပည္က အလုပ္ေခၚစာ ေတာ္ေတာ္မ်ားမ်ား မွာ ေပးတဲ့လစာ ကိုေဖာ္ျပၾကတာ အလြန္နည္းပါတယ္။ နိုင္ငံျခားကုမၸဏီေတြ၊ NGO အဖြဲ႕အစည္းေတြ၊ တျခားလူမွဳ အဖြဲ႕အစည္းေတြကေတာ့ ပြင့္လင္းျမင္သာမွုရွိတယ္ ေျပာရမလားပဲ၊ လုပ္ရမယ့္တာဝန္ကို အတိအက်ေဖာ္ျပထားျပီး လစာကုိ တစ္လဘယ္ေလာက္ တစ္ႏွစ္ကို ဘယ္ေလာက္ဆိုတာမ်ိဳး ေဖာ္ျပထား ပါတယ္။

တာဝန္နဲ႕ လုပ္ခလစာ

အေပၚမွာ ေျပာထားတဲ့ လုပ္ခလစာမွာလည္း ရွားရွားပါးပါး လစာေဖာ္ျပထားပါတယ္။ လစာက ေဝဖန္စရာ ျဖစ္ေနပါတယ္။ ရံုးဝန္ထမ္းအမ်ိဳးသမီးတစ္ေယာက္အတြက္ လိုအပ္တဲ့အခ်က္ေတြက ေျခာက္ပစ္ကင္း သေလာက္ ေပးတဲ့လစာက တစ္သိန္းလို႔ ေဖာ္ျပထားပါတယ္။ ဒီေန႕ေခတ္မွာ စက္ရံုဝန္ထမ္း အေျခခံ လုပ္သားေတြေတာင္မွ တစ္ေန႔ကို အနည္းဆံုး က်ပ္ ၃၆၀၀ ေပးေနၾကတဲ့ ေခတ္မွာ ဘြဲ႕ရတစ္ေယာက္က တစ္လ တစ္သိန္းဆိုတာ ျဖစ္သင့္ပါရဲ႕လား။ ေျခာက္ပစ္ကင္းသဲလဲစင္ ဝန္ထမ္းတစ္ေယာက္လိုခ်င္ျပီး ေပးတဲ့လုပ္ခလစာက ျဖစ္သင့္ပါသလား။ ဒါဟာ အလုပ္ေခၚတဲ့ ကုမၸဏီရဲ႕ ေလာဘကို ကြက္ကြက္ကြင္းကြင္း ျမင္နိုင္တာပါပဲ။

Recommended for you - အခက္အခဲဆုိတိုင္း ဒူးေထာက္အရွံဳးေပးရမွာလား။

အိမ္ေထာင္မရွိသူျဖစ္ရမည္ဆိုတဲ့ ကန္႔သတ္ခ်က္

အလုပ္ေခၚစာေတြမွာ အိမ္ေထာင္မရွိသူျဖစ္ရမယ္ဆိုတဲ့ အခ်က္ကိုလည္း မၾကာမၾကာေတြ႔ရပါတယ္။ အိမ္ေထာင္က်ျပီးသြားရင္ အလုပ္လုပ္လို႔ မရေတာ့ဘူးလား။ ျမန္မာျပည္က ဝန္ထမ္းေတြအေနနဲ႕ ဒီလို စိန္ေခၚမွဳေတြလည္း မၾကာမၾကာၾကံဳေတြ႕ ရင္ဆိုင္ေနရပါေသးတယ္။ ကိုယ့္မွာ အရည္အခ်င္းေတြ ျပည့္စံုေနပါရက္နဲ႕ အိမ္ေထာင္ရွိေနတာတစ္ခုထဲေၾကာင့္လည္း အလုပ္အကိုင္အခြင့္အလမ္းေတြ ဆံုးရွံဳးေနရ ပါေသးတယ္။

ရုပ္ပိုင္းဆိုင္ရာ ကန္႔သတ္ခ်က္

ကုမၸဏီတစ္ခုမွာ အလုပ္ေလွ်ာက္မယ့္သူက သူ႕ရဲ႕ပညာရပ္ပိုင္းဆိုင္ရာ ထူးခြ်န္မွဳတစ္ခုနဲ႕တင္ အလုပ္ေလွ်ာက္လို႔ မရဘူးလား။ ရုပ္ရည္ေခ်ာေမာ ေျပျပစ္ဖို႕ လိုအပ္ပါသလား။ ဘာအတြက္လဲလို႔ ျပန္ေမးရပါလိမ့္မယ္။ ကုမၸဏီမွာ ေလွ်ာက္တာက ေမာ္ဒယ္ ၊ ရုပ္ရွင္မင္းသမီး သြားေလွ်ာက္တာမွ မဟုတ္တာ။ ဘဝကုသိုလ္ကံအရ အေမေမြးလိုက္ကတည္းက ေခ်ာေခ်ာေလးေမြးတာတာရွိသလို၊ ရုပ္ရည္ အားနည္းသူေတြလည္း ရွိပါတယ္။ ဒါဆိုရင္ ဒီလူေတြက ရုပ္ရည္မလွလို႔ဆိုတဲ့အခ်က္နဲ႕ပဲ ဘဝကို အရွံဳးေပးလုိက္ ရေတာ့မွာလား။ သူတို႔မွာ ၾကိဳးစားခြင့္၊ အလုပ္အကိုင္အခြင့္အလမ္းေတြ မရွိေတာ့ဘူးလား။ အလုပ္ေခၚတဲ့ ကုမၸဏီေတြအေနနဲ႕ အရည္အခ်င္းကို ဦစားေပးမွာလား၊ ရုပ္ရည္ရူပကာကို ဦးစားေပးမွာလား ဆိုတဲ့အခ်က္ေတြကို ထည့္စဥ္းစားဖို႔လိုပါတယ္။

Recommended for you - အရာရာဆံုးရွံဳးခဲ့မယ္ဆိုရင္ေတာင္ စိတ္ဓါတ္မဆံုးရွံဳးသေရြ႕ သင္မလဲေသးပါဘူး

အမိန္႔နာခံသူျဖစ္ရမယ္ဆိုတဲ့ ကန္႕သတ္ခ်က္

မွားယြင္းတဲ့စီမံခန္႕ခြဲမွဳေတြေအာက္မွာ ဝန္ထမ္းကို အမိန္႔ေပးေစခိုင္းတာကလည္း တစ္ခုအပါအဝင္ပါ။ အလုပ္ေခၚစာထဲမွာ အမိန္႕နာခံတတ္သူျဖစ္ရမယ္ဆိုတဲ့အခ်က္ ထည့္လိုက္ကတည္းက ဒီကုမၸဏီက အာဏာရွင္ဆန္တဲ့ အလုပ္တစ္ခုျဖစ္တယ္ဆိုတာ လူအမ်ားကို ေၾကာ္ျငာလိုက္တာနဲ႕ တူတူပါပဲ။ ကိုယ့္ရဲ႕ ဝန္ထမ္းေတြကို အလုပ္မွာ ျမဲေအာင္၊ လုပ္ငန္းအဆင္ေျပေအာင္ အာဏာနဲ႕ အမိန္႔ေပးျပီး အုပ္ခ်ဳပ္လို႔ မရပါဘူး။ ဒီေန႔ေခတ္မွာ “I” ဆိုတဲ့ အသံုးအႏွုန္းအစား “We” လို႔ေျပာင္းလဲသံုးစြဲေနၾကပါျပီ။

အလုပ္ေလွ်ာက္သူေတြအေနနဲ႕လည္း ကိုယ့္ရဲ႕အရည္အခ်င္းေတြအေပၚ ပညာမာနထားပါ။ အလုပ္တစ္ခု အျမန္လိုေနလို႔ ရရာအလုပ္တစ္ခုကို (ကိုယ္နဲ႔လုံးဝမသက္ဆိုင္တဲ့ အလုပ္) ကုိ ဝင္မလုပ္လုိက္ပါနဲ႕။ ဦးတည္ခ်က္ ခိုင္မာေအာင္ထားပါ။ ေျခာက္ပစ္ကင္းသဲလဲစင္ အလုပ္ေခၚစာမ်ားကို ေရွာင္ပါ။ ကိုယ့္ရဲ႕ တန္ဖိုးကုိ သိေအာင္လုပ္ပါ။ ေမ်ွာ္မွန္းလစာေတာင္းတဲ့ အလုပ္ေတြမွာ ကိုယ့္ရဲ႕ အရည္အခ်င္းေတြနဲ႕ ရသင့္ရထိုက္တဲ့ တိက်တဲ့ ပမာဏကို ေတာင္းတတ္ပါေစ။ တျခားသူတန္ဖိုးျဖတ္တာကို မခံဘဲ ကုိယ့္ကုိယ္ကို တန္ဖိုးျဖတ္နိုင္တဲ့ အလုပ္ေလွ်ာက္သူေတြျဖစ္ဖို႔ ေမွ်ာ္လင့္မိပါတယ္။

Source ;Myanmar-network.net

Credit; ေက်ာေကခိုင္

Unicode

ယနေ့ခေတ်အလုပ်ခေါ်စာတွေထဲမှာ တချို့အလုပ်ခေါ်စာတွေက အလုပ်လျှောက်သူကို ခြောက်ပြစ်ကင်း သဲလဲစင်တဲ့သူတွေကို လိုချင်ကြတာပါပဲ။ အလုပ်အတွက် လိုအပ်ချက်တွေက ခြောက်ပစ်ကင်းသလောက် လစာ၊ ခံစားခွင့်တွေကရော မက်လောက်စရာ ဖြစ်ရဲ့လား။ ဒါမှမဟုတ် ကိုယ့်ရဲ့ အရည်အချင်းနဲ့ ရသင့် ရထိုက်တဲ့ ခံစားခွင့်မျိုး ရှိခဲ့ရဲ့လား။
အလုပ်ခေါ်ကြော်ငြာတစ်ခုဖတ်မိတယ်။ ပထမအချက်က ဘွဲ့ရ၊ နောက်ထပ်လိုအပ်ချက်က အသက် ၂၅နှစ်အောက် အပျို ဖြစ်ရမယ်၊ ရုပ်ရည်ချောမော ပြေပြစ်ရမယ်၊ အင်တာနက်၊ email သုံးတတ်ရမယ်၊ အင်္ဂလိပ်စာအရေးအပြော အနည်းငယ်တတ်ကျွမ်းရမယ်၊ အမိန့်နာခံ တတ်သူ ဖြစ်ရမယ် စတဲ့အချက်တွေနဲ့ ခေါ်ထားတဲ့ အလုပ်နေရာက ရုံးဝန်ထမ်းအမျိုးသမီးပါတဲ့။ မြန်မာပြည်က အလုပ်ခေါ်စာ တော်တော်များများ မှာ ပေးတဲ့လစာ ကိုဖော်ပြကြတာ အလွန်နည်းပါတယ်။ နိုင်ငံခြားကုမ္ပဏီတွေ၊ NGO အဖွဲ့အစည်းတွေ၊ တခြားလူမှု အဖွဲ့အစည်းတွေကတော့ ပွင့်လင်းမြင်သာမှုရှိတယ် ပြောရမလားပဲ၊ လုပ်ရမယ့်တာဝန်ကို အတိအကျဖော်ပြထားပြီး လစာကို တစ်လဘယ်လောက် တစ်နှစ်ကို ဘယ်လောက်ဆိုတာမျိုး ဖော်ပြထား ပါတယ်။
တာဝန်နဲ့ လုပ်ခလစာ
အပေါ်မှာ ပြောထားတဲ့ လုပ်ခလစာမှာလည်း ရှားရှားပါးပါး လစာဖော်ပြထားပါတယ်။ လစာက ဝေဖန်စရာ ဖြစ်နေပါတယ်။ ရုံးဝန်ထမ်းအမျိုးသမီးတစ်ယောက်အတွက် လိုအပ်တဲ့အချက်တွေက ခြောက်ပစ်ကင်း သလောက် ပေးတဲ့လစာက တစ်သိန်းလို့ ဖော်ပြထားပါတယ်။ ဒီနေ့ခေတ်မှာ စက်ရုံဝန်ထမ်း အခြေခံ လုပ်သားတွေတောင်မှ တစ်နေ့ကို အနည်းဆုံး ကျပ် ၃၆၀၀ ပေးနေကြတဲ့ ခေတ်မှာ ဘွဲ့ရတစ်ယောက်က တစ်လ တစ်သိန်းဆိုတာ ဖြစ်သင့်ပါရဲ့လား။ ခြောက်ပစ်ကင်းသဲလဲစင် ဝန်ထမ်းတစ်ယောက်လိုချင်ပြီး ပေးတဲ့လုပ်ခလစာက ဖြစ်သင့်ပါသလား။ ဒါဟာ အလုပ်ခေါ်တဲ့ ကုမ္ပဏီရဲ့ လောဘကို ကွက်ကွက်ကွင်းကွင်း မြင်နိုင်တာပါပဲ။

Recommended for you - အခက်အခဲဆိုတိုင်း ဒူးထောက်အရှုံးပေးရမှာလား။
အိမ်ထောင်မရှိသူဖြစ်ရမည်ဆိုတဲ့ ကန့်သတ်ချက်
အလုပ်ခေါ်စာတွေမှာ အိမ်ထောင်မရှိသူဖြစ်ရမယ်ဆိုတဲ့ အချက်ကိုလည်း မကြာမကြာတွေ့ရပါတယ်။ အိမ်ထောင်ကျပြီးသွားရင် အလုပ်လုပ်လို့ မရတော့ဘူးလား။ မြန်မာပြည်က ဝန်ထမ်းတွေအနေနဲ့ ဒီလို စိန်ခေါ်မှုတွေလည်း မကြာမကြာကြုံတွေ့ ရင်ဆိုင်နေရပါသေးတယ်။ ကိုယ့်မှာ အရည်အချင်းတွေ ပြည့်စုံနေပါရက်နဲ့ အိမ်ထောင်ရှိနေတာတစ်ခုထဲကြောင့်လည်း အလုပ်အကိုင်အခွင့်အလမ်းတွေ ဆုံးရှံုးနေရ ပါသေးတယ်။
ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်
ကုမ္ပဏီတစ်ခုမှာ အလုပ်လျှောက်မယ့်သူက သူ့ရဲ့ပညာရပ်ပိုင်းဆိုင်ရာ ထူးချွန်မှုတစ်ခုနဲ့တင် အလုပ်လျှောက်လို့ မရဘူးလား။ ရုပ်ရည်ချောမော ပြေပြစ်ဖို့ လိုအပ်ပါသလား။ ဘာအတွက်လဲလို့ ပြန်မေးရပါလိမ့်မယ်။ ကုမ္ပဏီမှာ လျှောက်တာက မော်ဒယ် ၊ ရုပ်ရှင်မင်းသမီး သွားလျှောက်တာမှ မဟုတ်တာ။ ဘဝကုသိုလ်ကံအရ အမေမွေးလိုက်ကတည်းက ချောချောလေးမွေးတာတာရှိသလို၊ ရုပ်ရည် အားနည်းသူတွေလည်း ရှိပါတယ်။ ဒါဆိုရင် ဒီလူတွေက ရုပ်ရည်မလှလို့ဆိုတဲ့အချက်နဲ့ပဲ ဘဝကို အရှံုးပေးလိုက် ရတော့မှာလား။ သူတို့မှာ ကြိုးစားခွင့်၊ အလုပ်အကိုင်အခွင့်အလမ်းတွေ မရှိတော့ဘူးလား။ အလုပ်ခေါ်တဲ့ ကုမ္ပဏီတွေအနေနဲ့ အရည်အချင်းကို ဦစားပေးမှာလား၊ ရုပ်ရည်ရူပကာကို ဦးစားပေးမှာလား ဆိုတဲ့အချက်တွေကို ထည့်စဉ်းစားဖို့လိုပါတယ်။

Recommended for you - အရာရာဆုံးရှုံးခဲ့မယ်ဆိုရင်တောင် စိတ်ဓါတ်မဆုံးရှံုးသရွေ့ သင်မလဲသေးပါဘူး
အမိန့်နာခံသူဖြစ်ရမယ်ဆိုတဲ့ ကန့်သတ်ချက်
မှားယွင်းတဲ့စီမံခန့်ခွဲမှုတွေအောက်မှာ ဝန်ထမ်းကို အမိန့်ပေးစေခိုင်းတာကလည်း တစ်ခုအပါအဝင်ပါ။ အလုပ်ခေါ်စာထဲမှာ အမိန့်နာခံတတ်သူဖြစ်ရမယ်ဆိုတဲ့အချက် ထည့်လိုက်ကတည်းက ဒီကုမ္ပဏီက အာဏာရှင်ဆန်တဲ့ အလုပ်တစ်ခုဖြစ်တယ်ဆိုတာ လူအများကို ကြော်ငြာလိုက်တာနဲ့ တူတူပါပဲ။ ကိုယ့်ရဲ့ ဝန်ထမ်းတွေကို အလုပ်မှာ မြဲအောင်၊ လုပ်ငန်းအဆင်ပြေအောင် အာဏာနဲ့ အမိန့်ပေးပြီး အုပ်ချုပ်လို့ မရပါဘူး။ ဒီနေ့ခေတ်မှာ “I” ဆိုတဲ့ အသုံးအနှုန်းအစား “We” လို့ပြောင်းလဲသုံးစွဲနေကြပါပြီ။
အလုပ်လျှောက်သူတွေအနေနဲ့လည်း ကိုယ့်ရဲ့အရည်အချင်းတွေအပေါ် ပညာမာနထားပါ။ အလုပ်တစ်ခု အမြန်လိုနေလို့ ရရာအလုပ်တစ်ခုကို (ကိုယ်နဲ့လုံးဝမသက်ဆိုင်တဲ့ အလုပ်) ကို ဝင်မလုပ်လိုက်ပါနဲ့။ ဦးတည်ချက် ခိုင်မာအောင်ထားပါ။ ခြောက်ပစ်ကင်းသဲလဲစင် အလုပ်ခေါ်စာများကို ရှောင်ပါ။ ကိုယ့်ရဲ့ တန်ဖိုးကို သိအောင်လုပ်ပါ။ မျှော်မှန်းလစာတောင်းတဲ့ အလုပ်တွေမှာ ကိုယ့်ရဲ့ အရည်အချင်းတွေနဲ့ ရသင့်ရထိုက်တဲ့ တိကျတဲ့ ပမာဏကို တောင်းတတ်ပါစေ။ တခြားသူတန်ဖိုးဖြတ်တာကို မခံဘဲ ကိုယ့်ကိုယ်ကို တန်ဖိုးဖြတ်နိုင်တဲ့ အလုပ်လျှောက်သူတွေဖြစ်ဖို့ မျှော်လင့်မိပါတယ်။
Source ;Myanmar-network.net
Credit; ကျောကေခိုင်

Read times Last modified on Monday, 30 December 2019 14:37
Rate this articles
(3 votes)