×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Thursday, 03 December 2020

မြန်မာစကားပြေဆရာကြီးများ

မြန်မာစကားပြေဆရာကြီးများ

မြန်မာစကားပြေအရေးအသားက ကနဦးမြန်မာစာပေပေါ်ပေါက်လာတည်းက တည်ရှိလာတာဖြစ်ပါတယ်။ မြန်မာစာပေသမိုင်းရဲ့ အစောဆုံးကာလဖြစ်တဲ့ ပုဂံခေတ်မှာ ပေါ်ပေါက်ခဲ့တဲ့ ဇာတ်ကြီးဆယ်ဘွဲ့၊ ပေစာ၊ မင်စာ အရေးအသားတွေဟာလည်း စကားပြေအရေးအသားတွေဖြစ်ပါတယ်။ ဒါကြောင့် မြန်မာစာပေမှာ စကားပြေအရေးအသားက တကယ့်ကို အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခု ဖြစ်ပါတယ်။

 

ဒါ့ကြောင့်လည်း မြန်မာစာသင်ရိုးစာအုပ်တွေမှာ တတိယတန်းမှစလို့ စကားပြေရေးဟန်ပါတဲ့ စာပိုဒ်တွေနဲ့ မိတ်ဆက်ပေးပြီး အထက်တန်းပညာရေးကိုရောက်လာတဲ့အခါ “မြန်မာစကားပြေ(သင်ရိုး)” ဆိုပြီး သင်ကြားပြသနေတာဖြစ်ပါတယ်။

 

ပညာရပ်တစ်ခုကို သင်ယူတဲ့အခါ “ သူများကသင်ဆိုလို့ သင်တာထက် ကိုယ်တိုင်က ဘာကြောင့်သင်ရလဲဆိုတာကို နားလည်သဘောပေါက်ပြီးသင်ယူတာက ပို အတတ်မြန်ပါတယ်။ မြန်မာစာကိုပိုမိုစိတ်ဝင်စားစေရန် ရည်ရွယ်ပြီး ကျော်ကြားလှတဲ့ မြန်မာ့စကားပြေဆရာကြီး အချို့နဲ့မိတ်ဆက်ပေးပါရစေ။ မြန်မာ့စကားပြေကို တစ်ခေတ်ဆန်းစေခဲ့တဲ့ “ ခေတ်စမ်းစာပေဆရာကြီးများ” လို့ပြောလည်းမမှားပါဘူး။

 

(၁) ဦးဖေမောင်တင်
ဆရာကြီး ဦးဖေမောင်တင်က ပထမဆုံး မြန်မာအမျိုးသားရန်ကုန်တက္ကသိုလ် ပါမောက္ခတစ်ဦးပါ။ ဆရာကြီး က ပါဠိပါမောက္ခတစ်ဦးလည်း ဖြစ်သလို မြန်မာစာဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိကအားထုတ်ခဲ့တဲ့ ဆရာတစ်ဉီးလည်းဖြစ်ပါတယ်။ ဒါ့အပြင် ပါဠိ-အင်္ဂလိပ်အဘိဓာန် ကို အင်္ဂလိပ်ဘာသာနဲ့ပြုစုခဲ့တဲ့ ဆရာကြိးလည်းဖြစ်ပါတယ်။

 

(၂) ပညာဝန် ဦးဖိုးကျား
ဆရာကြီး ဦးဖိုးကျား ကိုတော့ အားလုံးရင်းနှီးပြီးသားဖြစ်ကြမှာပါ။ ဆရာကြီးရဲ့ “မင်းကတော်”၊ “ မိတဆိုးရှင်ပြု” အစရှိတဲ့ စကားပြေဝတ္ထုတွေက ကျောင်းသင်ခန်းစာမှာ ထည့်သွင်းဖော်ပြထားတဲ့အပြင် ဆရာကြီးရဲ့ အရေးအသားက တိုတိုနဲ့လိုရင်းရောက်အောင်ရေးသားနိုင်တဲ့အတွက် လူအများနှစ်သက်သဘောကျကြခြင်းဖြစ်ပါတယ်။

 

(၃) မင်းသုဝဏ်
ဆရာကြီး မင်းသုဝဏ် ကို ပညာရှင်တို့က “ဝမ်းတွင်းစာဆို”လို့ဆိုစမှတ်ပြုကြပါတယ်။ ဒါ့အပြင် ဆရာကြီးကို “ကလေးစာဆို”လို့လည်း ခေါ်ပါတယ်။ ဆရာကြီးရဲ့ ကလေးကဗျာလေးတွေက ဖော်ညွှန်းလိုတဲ့ရသကို ရောက်အောင်ဖော်ဆောင်နိုင်တဲ့အတွက် အခုခေတ်တိုင် ကလေးတွေနှုတ်ဖျားစွဲနေတာဖြစ်ပါတယ်။ “ ဝါဆိုဝါခေါင် ရေတွေကြီးလို့ သပြေသီးမှည့်ကောက်စို့ကွယ်” လို့ အစချီတဲ့ “သပြေသီးကောက်ချိန်” ကဗျာဆို ဘယ်အချိန်ဆိုဆို ပါးစပ်ထဲစွဲနေတဲ့ ကလေးကဗျာတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဒါ့အပြင် ဆရာကြီးက ခေတ်စမ်းစာပေကို ဆရာဇော်ဂျီနဲ့အတူတူ အသက်သွင်းခဲ့သူလည်း ဖြစ်ပါတယ်။

 

(၄) ဇော်ဂျီ
ဆရာဇော်ဂျီ က “သီရိပျံချီဘွဲ့” ရရှိခဲ့တဲ့ မြန်မာစာပါမေက္ခတစ်ဦးဖြစ်ပါတယ်။ ဆရာဇော်ဂျီနှင့် ဆရာမင်းသုဝဏ်တို့ တွဲဖက်ပြီး ခေတ်စမ်းကဗျာ၊ခေတ်စမ်းစာပေများကို ထုတ်ဝေခဲ့ကြပါတယ်။

 

(၅) တိုက်စိုး
ဆရာတိုက်စိုး ရဲ့ စကားပြေရေးဟန်က တိုပြီးထိမိပြတ်သားပါတယ်။ ဆရာကြီးရဲ့စာတွေကို “တိုက်စိုးစာ တိုနှံ့နှံ့” လို့ ဆိုစမှတ်ပြုရသည်အထိပင် ဖြစ်ပါတယ်။ တက္ကသိုလ်ဝင်တန်း မြန်မာဖတ်စာမှာ ပါတဲ့ “နေဝင်မြင်သည်ဝရွှေပြည်” ရသစာတမ်း မှာဆိုလည်း ဆရာကြီးရဲ့ စကားပြေရေးဟန်က တိုပေမယ့် ပေးချင်တဲ့ရသ ကို အပြည့်အဝရရှိစေတာ တွေ့ရမှာဖြစ်ပါတယ်။


(၆) ရွှေဉဒေါင်း
ဆရာကြီးကတော့ ဘာသာပြန်ဝတ္ထုတွေကို မြန်မာစာပေလောကထဲ ယူဆောင်လာပေးသူတစ်ဉီးလို့ဆိုနိုင်ပါတယ်။ ရှားလော့ဟုမ်းဝတ္ထု ကို “ စုံထောက်ကြီးမောင်စံရှား” အဖြစ်အသက်သွင်းခဲ့ပါတယ်။ ဒါ့အပြင် ဆရာကြီးက ကြီးပွားရေးစာပေတွေကိုလည်းဖန်တီးခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

 

(၇) သော်တာဆွေ
ဆရာကြီး သော်တာဆွေကတော့ စကားပြေရေးဟန်နဲ့ ဟဿမြောက်အဖွဲ့တွေကို ပေါင်းစပ်ရေးသားခဲ့သူတစ်ယောက်ပါ။ ဆရာကြီးရဲ့ စာအရေးအဖွဲ့တွေကို ပရိသတ်ကတစ်ခဲနက်လက်ခံခဲ့ကြပါတယ်။

 

 

 

ျမန္မာစကားေျပဆရာႀကီးမ်ား

ျမန္မာစကားေျပအေရးအသားက ကနဦးျမန္မာစာေပေပၚေပါက္လာတည္းက တည္ရွိလာတာျဖစ္ပါတယ္။ ျမန္မာစာေပသမိုင္းရဲ႕ အေစာဆုံးကာလျဖစ္တဲ့ ပုဂံေခတ္မွာ ေပၚေပါက္ခဲ့တဲ့ ဇာတ္ႀကီးဆယ္ဘြဲ႕၊ ေပစာ၊ မင္စာ အေရးအသားေတြဟာလည္း စကားေျပအေရးအသားေတြျဖစ္ပါတယ္။ ဒါေၾကာင့္ ျမန္မာစာေပမွာ စကားေျပအေရးအသားက တကယ့္ကို အေရးႀကီးတဲ့ အခန္းက႑တစ္ခု ျဖစ္ပါတယ္။

 

ဒါ့ေၾကာင့္လည္း ျမန္မာစာသင္႐ိုးစာအုပ္ေတြမွာ တတိယတန္းမွစလို႔ စကားေျပေရးဟန္ပါတဲ့ စာပိုဒ္ေတြနဲ႔ မိတ္ဆက္ေပးၿပီး အထက္တန္းပညာေရးကိုေရာက္လာတဲ့အခါ “ျမန္မာစကားေျပ(သင္႐ိုး)” ဆိုၿပီး သင္ၾကားျပသေနတာျဖစ္ပါတယ္။

 

ပညာရပ္တစ္ခုကို သင္ယူတဲ့အခါ “ သူမ်ားကသင္ဆိုလို႔ သင္တာထက္ ကိုယ္တိုင္က ဘာေၾကာင့္သင္ရလဲဆိုတာကို နားလည္သေဘာေပါက္ၿပီးသင္ယူတာက ပို အတတ္ျမန္ပါတယ္။ ျမန္မာစာကိုပိုမိုစိတ္၀င္စားေစရန္ ရည္ရြယ္ၿပီး ေက်ာ္ၾကားလွတဲ့ ျမန္မာ့စကားေျပဆရာႀကီး အခ်ိဳ႕နဲ႔မိတ္ဆက္ေပးပါရေစ။ ျမန္မာ့စကားေျပကို တစ္ေခတ္ဆန္းေစခဲ့တဲ့ “ ေခတ္စမ္းစာေပဆရာႀကီးမ်ား” လို႔ေျပာလည္းမမွားပါဘူး။

 

(၁) ဦးေဖေမာင္တင္
ဆရာႀကီး ဦးေဖေမာင္တင္က ပထမဆုံး ျမန္မာအမ်ိဳးသားရန္ကုန္တကၠသိုလ္ ပါေမာကၡတစ္ဦးပါ။ ဆရာႀကီး က ပါဠိပါေမာကၡတစ္ဦးလည္း ျဖစ္သလို ျမန္မာစာဖြံ႕ၿဖိဳးတိုးတက္ဖို႔အတြက္ အဓိကအားထုတ္ခဲ့တဲ့ ဆရာတစ္ဉီးလည္းျဖစ္ပါတယ္။ ဒါ့အျပင္ ပါဠိ-အဂၤလိပ္အဘိဓာန္ ကို အဂၤလိပ္ဘာသာနဲ႔ျပဳစုခဲ့တဲ့ ဆရာႀကိးလည္းျဖစ္ပါတယ္။

 

(၂) ပညာဝန္ ဦးဖိုးက်ား
ဆရာႀကီး ဦးဖိုးက်ား ကိုေတာ့ အားလုံးရင္းႏွီးၿပီးသားျဖစ္ၾကမွာပါ။ ဆရာႀကီးရဲ႕ “မင္းကေတာ္”၊ “ မိတဆိုးရွင္ျပဳ” အစရွိတဲ့ စကားေျပဝတၳဳေတြက ေက်ာင္းသင္ခန္းစာမွာ ထည့္သြင္းေဖာ္ျပထားတဲ့အျပင္ ဆရာႀကီးရဲ႕ အေရးအသားက တိုတိုနဲ႔လိုရင္းေရာက္ေအာင္ေရးသားႏိုင္တဲ့အတြက္ လူအမ်ားႏွစ္သက္သေဘာက်ၾကျခင္းျဖစ္ပါတယ္။

 

(၃) မင္းသုဝဏ္
ဆရာႀကီး မင္းသုဝဏ္ ကို ပညာရွင္တို႔က “ဝမ္းတြင္းစာဆို”လို႔ဆိုစမွတ္ျပဳၾကပါတယ္။ ဒါ့အျပင္ ဆရာႀကီးကို “ကေလးစာဆို”လို႔လည္း ေခၚပါတယ္။ ဆရာႀကီးရဲ႕ ကေလးကဗ်ာေလးေတြက ေဖာ္ၫႊန္းလိုတဲ့ရသကို ေရာက္ေအာင္ေဖာ္ေဆာင္ႏိုင္တဲ့အတြက္ အခုေခတ္တိုင္ ကေလးေတြႏႈတ္ဖ်ားစြဲေနတာျဖစ္ပါတယ္။ “ ဝါဆိုဝါေခါင္ ေရေတြႀကီးလို႔ သေျပသီးမွည့္ေကာက္စို႔ကြယ္” လို႔ အစခ်ီတဲ့ “သေျပသီးေကာက္ခ်ိန္” ကဗ်ာဆို ဘယ္အခ်ိန္ဆိုဆို ပါးစပ္ထဲစြဲေနတဲ့ ကေလးကဗ်ာတစ္ပုဒ္ပဲျဖစ္ပါတယ္။ ဒါ့အျပင္ ဆရာႀကီးက ေခတ္စမ္းစာေပကို ဆရာေဇာ္ဂ်ီနဲ႔အတူတူ အသက္သြင္းခဲ့သူလည္း ျဖစ္ပါတယ္။

 

(၄) ေဇာ္ဂ်ီ
ဆရာေဇာ္ဂ်ီ က “သီရိပ်ံခ်ီဘြဲ႕” ရရွိခဲ့တဲ့ ျမန္မာစာပါေမကၡတစ္ဦးျဖစ္ပါတယ္။ ဆရာေဇာ္ဂ်ီႏွင့္ ဆရာမင္းသုဝဏ္တို႔ တြဲဖက္ၿပီး ေခတ္စမ္းကဗ်ာ၊ေခတ္စမ္းစာေပမ်ားကို ထုတ္ေဝခဲ့ၾကပါတယ္။

 

(၅) တိုက္စိုး
ဆရာတိုက္စိုး ရဲ႕ စကားေျပေရးဟန္က တိုၿပီးထိမိျပတ္သားပါတယ္။ ဆရာႀကီးရဲ႕စာေတြကို “တိုက္စိုးစာ တိုႏွံ႔ႏွံ႔” လို႔ ဆိုစမွတ္ျပဳရသည္အထိပင္ ျဖစ္ပါတယ္။ တကၠသိုလ္ဝင္တန္း ျမန္မာဖတ္စာမွာ ပါတဲ့ “ေနဝင္ျမင္သည္ဝေ႐ႊျပည္” ရသစာတမ္း မွာဆိုလည္း ဆရာႀကီးရဲ႕ စကားေျပေရးဟန္က တိုေပမယ့္ ေပးခ်င္တဲ့ရသ ကို အျပည့္အဝရရွိေစတာ ေတြ႕ရမွာျဖစ္ပါတယ္။


(၆) ေ႐ႊဉေဒါင္း
ဆရာႀကီးကေတာ့ ဘာသာျပန္ဝတၳဳေတြကို ျမန္မာစာေပေလာကထဲ ယူေဆာင္လာေပးသူတစ္ဉီးလို႔ဆိုႏိုင္ပါတယ္။ ရွားေလာ့ဟုမ္းဝတၳဳ ကို “ စုံေထာက္ႀကီးေမာင္စံရွား” အျဖစ္အသက္သြင္းခဲ့ပါတယ္။ ဒါ့အျပင္ ဆရာႀကီးက ႀကီးပြားေရးစာေပေတြကိုလည္းဖန္တီးခဲ့သူတစ္ေယာက္ျဖစ္ပါတယ္။

 

(၇) ေသာ္တာေဆြ
ဆရာႀကီး ေသာ္တာေဆြကေတာ့ စကားေျပေရးဟန္နဲ႔ ဟႆေျမာက္အဖြဲ႕ေတြကို ေပါင္းစပ္ေရးသားခဲ့သူတစ္ေယာက္ပါ။ ဆရာႀကီးရဲ႕ စာအေရးအဖြဲ႕ေတြကို ပရိသတ္ကတစ္ခဲနက္လက္ခံခဲ့ၾကပါတယ္။

Read times
Rate this articles
(1 Vote)