×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Tuesday, 15 December 2020

ဒီဂျစ်တယ် မားကတ်တင်းပိုင်းကို ခြေစုံချမယ်ဆိုရင်

ဒီဂျစ်တယ် မားကတ်တင်းပိုင်းကို ခြေစုံချမယ်ဆိုရင်
ဒီဂျစ်တယ် မားကတ်တင်းနယ်ပယ်ကို အခြေချမယ်ဆိုရင် သူ့နယ်ပယ်မှာ သူ့နေရာနဲ့ တာဝန်နဲ့ဝေခွဲထားတဲ့ ရာထူးတွေ ရှိပါတယ်။ရာထူးနဲ့တာဝန်များကို အောက်တွင် ဆက်လက် လေ့လာနိုင်ပါတယ်။

 

Executive Position (Digital)
====================
စာရင်းဇယားတွက်ချက်ရတဲ့ Accounting (လုံးဝ) မဟုတ်ပါ။ Client ရဲ့ ကုန်အမှတ်တံဆိပ် Brands တွေကို Manage လုပ်ပေးရတာပါ။ Digital Account Executive ဖြစ်တဲ့အတွက် Digital Marketing ရဲ့ basic knowledge ရှိဖို့တော့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့ Internal team မှာရှိတဲ့ Graphic Designer, Content Writer, Digital Planner, Digital Buyer, Data Analyze, Engagement team အစရှိတဲ့ လူတွေနဲ့ တွဲဖက်လုပ်ကိုင်ရမှာဖြစ်ပါတယ်။ ကိုယ့်ကို အလုပ်အပ်တဲ့ Client ရဲ့ညွှန်ကြားချက်တွေကို Internal team နဲ့ ပြန်ပြီး align လုပ်ကာ Client စီကို ပြန်တင်ပြပေးရမှာဖြစ်ပါတယ်။ Client ရဲ့ Brand အတွက် လိုအပ်တဲ့ campaign လုပ်ဆောင်တာတွေ၊ budget စီမံခန့်ခွဲတာတွေ၊ suppliers တွေနဲ့ တွဲဖက်လုပ်ကိုင်တာတွေကို ဆောင်ရွက်ရမှာဖြစ်ပါတယ်။


ဒီရာထူးအတွက် ဘာတွေလိုအပ်မလဲ?
=====================
Client တင်မကဘဲ တခြား third party တွေဖြစ်တဲ့ suppliers, publishers တွေအပြင် ကိုယ့်ရဲ့ Internal team နဲ့ပါ တွဲဖက်လုပ်ကိုင်ရမှာ ဖြစ်တဲ့အတွက် လူမှုဆက်ဆံရေးကို အကျွမ်းတဝင် ဖြစ်လို့လိုအပ်ပါတယ်။ ကိုယ့် agency ကိုအပ်တဲ့ clients က local ရှိသလို foreigners တွေပါရှိတဲ့အတွက် ဗမာလိုရော၊ ဘိုလိုပါ ကျွမ်းကျင်နေဖို့ အထူးလိုအပ်ပါတယ်။ လူအများနဲ့ဆက်ဆံရမှဖြစ်တဲ့အတွက် Social ကျဖို့လိုအပ်ပြီး စိတ်မရှည်တဲ့လူတွေအတွက် အဆင်မပြေလောက်ပါဘူး။ Digital Marketing ဆိုတာ Marketing နဲ့ အစိတ်အပိုင်းဖြစ်တဲ့အတွက် marketing သဘောသဘာဝနဲ့ social media အကြောင်းကို တီးမိခေါက်မိရှိတဲ့လူတွေဆိုပို အဆင်ပြေပါတယ်။

 


#ContentWriter (ကြော်ငြာစာရေးသားသူ)
=========================
Digital Marketing လို့ပြောလိုက်တာနဲ့ Content writer (သို့) Copy writer ဆိုတာ တွဲမြင်ပါလိမ့်မယ်။ သူတို့တွေက Digital marketing ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တကယ့် key players တွေပါ။ ဗမာလို၊ အင်္ဂလိပ်လို စာရေးတတ်ရုံလောက်နဲ့တော့ အဆင်မပြေပါဘူး။ စကားလုံးအထားအသို၊ Creative ဖန်တီးနိုင်စွမ်းအားကောင်းဖို့ အထူးလိုအပ်ပါတယ်။ Content writing ဆိုတာကတော့ ကြော်ငြာစာမဟုတ်တဲ့ စာမျိုးတွေဖန်တီးရတာဖြစ်ပြီး copy writing ကတော့ ကြော်ငြာစာတွေရေးသားရတာပါ။ Social media, Website, Blog တွေမှာ ဆွဲဆောင်မှုရှိတဲ့ စာအမျိုးမျိုး ရေးသားတာပါ။ Contents မှာပါဝင်တဲ့ elements, frame တွေကလဲ အမျိုးမျိုး အထွေထွေ ဆိုတော့ စိတ်ဝင်စားရင် Google ခေါက်ကြည့်တာမျိုး၊ စာပေလေ့လာတာမျိုး လုပ်သင့်ပါတယ်။ Social media trends တွေကို မျက်ခြေမပြတ်ဖို့လဲ အရေးကြီးပါတယ်။


ဒီရာထူးအတွက် ဘာတွေလိုအပ်မလဲ?
====================
Creative ကောင်းကောင်းနဲ့ စာရေးရတာ ဝါသနာထုံတဲ့ ဆရာတွေအတွက် ဒီရာထူးက အသင့်တော်ဆုံးပါ။ သိထားရမှာတခုက ကိုယ်က client ရဲ့ ကုန်အမှတ်တံဆိပ်တွေ အတွက်စာရေးပေးရတာဖြစ်တဲ့အတွက် client မကြိုက်ရင် revise ပေါင်းသောင်းခြောက်ထောင်ကို သည်းခံနိုင်ဖို့ လိုအပ်ပါတယ်။ Client ရဲ့ brand guideline တွေထဲကနေ ရေးသားရမှာဆိုတော့ စကားလုံးအထားအသို၊ စကားပြော၊ စကားပြေ အားလုံးကို နားလည်ပြီး creative idea နဲ့ပေါင်းစပ်နိုင်ရင်တော့ ဒီအလုပ်က သင့်အတွက် မခက်ခဲပါဘူး။

 

#DigitalMediaStrategist
(Digital Ads Planner, Buyer)
====================
Client brands တွေအတွက် Digital မှာ ကြော်ငြာလုပ်တော့မယ်ဆိုရင် Channels တွေရွေးရပါတယ်၊ Strategy တွေဆွဲရပါတယ်။ ကိုယ့် client ရဲ့ ကုန်အမှတ်တံဆိပ်ပေါ်မူတည်ပြီး ရွေးချယ်သင့်တဲ့ targeting တွေဖြစ်တဲ့ demographic, geographic, psychographic စတာတွေကို စေ့စေ့စပ်စပ်သိဖို့လိုအပ်ပါတယ်။ Digital Media ဖြစ်တဲ့အတွက် Channels တွေသုံးမယ်ဆိုရင်လဲ Paid Media, Earned Media, Owned Media တွေကိုလဲ ကိုယ့် client ရဲ့ brand ပေါ်မူတည်ပြီး ရွေးချယ်တတ်ရပါမယ်။ ကိုယ့်ရဲ့ KPI ထိဖို့ campaign တွေဘယ်လို develop လုပ်မယ်၊ ကုန်ကျမယ့် budget စတာတွေကို တွက်ချက်ပေးရမှာဖြစ်တဲ့အတွက် digital နဲ့ သက်ဆိုင်တဲ့ tools တွေ နဲ့ရင်းနှီးဖို့ကလဲ အရေးကြီးပါတယ်။


ဒီရာထူးအတွက် ဘာတွေလိုအပ်မလဲ?
===================
ဈေးကွက်ချဲ့ထွင်ခြင်းအတတ်ပညာနဲ့ နည်းပညာကျွမ်းကျင်မှု နှစ်ခုစလုံး ပြည့်စုံမှ တော်ကာကျပါမယ်။ နောက်ပြီး Digital မှာကြော်ငြာလုပ်မှာဖြစ်တဲ့အတွက် Internet အသုံးပြုတဲ့ audience behavior အကြောင်း ကောင်းကောင်းကြီးနားလည်ရပါမယ်။ နောက်တစ်ခုက budget management ကို ကျွမ်းကျင်ရမယ်၊ Digital မှာ Channels တွေမျိုးစုံရှိတယ် အကုန်လုံးမှာ သုံးဖို့လိုတာတွေရှိသလို မလိုတာတွေလဲရှိတယ်။ ဒါကတော့ ကိုယ့် client ရဲ့ target audience ပေါ်မူတည်ပြီး ချိန်ထိုး စဉ်းစားရမှာပါ။


#DigitalReportAndDataAnalysis
=======================
Digital Channels တွေမှာ Campaigns လုပ်ပြီးသွားရင် Clients ကို report ပြရပါတယ်။ Account size ပေါ်မူတည်ပြီး Daily ကနေ Yearly reports တွေအထိရှိပါတယ်။ Reports လုပ်ဖို့အတွက် reporting tools တွေမျိုးစုံရှိသလို manual လုပ်ရတဲ့ report တွေလဲရှိပါတယ်။ Social media မှာ ကိုယ့် client ရဲ့ ကုန်အမှတ်တံဆိပ်ကို ဘယ်သူတွေက ကောင်းတာပြောလဲ ဆိုးတာပြောလဲ analyze လုပ်ရပါတယ်။ Crisis ဖြစ်လာရင် ဘာကြောင့် ဖြစ်လာတယ်ဆိုတာကအစ report လုပ်ရပါတယ်။

 

ဒီရာထူးအတွက် ဘာတွေလိုအပ်မလဲ?
====================
Reporting tools တွေကို ကျွမ်းကျွမ်းကျင်ကျင်သုံးတတ်ဖို့ လိုအပ်သလို data တွေကို manage လုပ်ဖို့ Excel skill လဲကျွမ်းရပါမယ်။ Digital ဆိုတာ data တွေအပေါ် အခြေခံထားတာဆိုတော့ data ပေါင်းသောင်းခြောက်ထောင်ကို manage လုပ်ရတာ မငြီးငွေ့တဲ့လူမျိုး အတွက် သင့်တော်ပါတယ်။

 

#CommunityEngagement
==================
ကိုယ့် client ရဲ့ brand ကိုစိတ်ဝင်စားလို့ Customers ကနေ ကိုယ့် social media channels တွေမှာ message လာပို့တာတို့ comment လာပေးတာတို့ စတဲ့ communication တွေကို ပြန်ပြီး response လုပ်ဖို့ community engagement လိုပါတယ်။ လွယ်တယ်တော့ မထင်ပါနဲ့။ သူ့မှာလဲ သူ့ Tone Of Voice ရှိတယ်။ FAQ တွေ develop လုပ်ရမယ်။ Crisis ဖြစ်လာရင် ဘယ်လို Manage လုပ်မယ်ဆိုတာတွေကို နားလည်ရပါမယ်။ Content, Copywriters တွေနဲ့ အမြဲ align လုပ်ဖို့လိုပါတယ်။ Customers တွေ အမေးအများဆုံး မေးခွန်းတွေကို base ယူပြီး content ဖန်တီးတာတွေ၊ social media မှာပြောင်းလဲနေတဲ့ trend တွေကို နားထောင်နေရပါမယ်။


ဒီရာထူးအတွက် ဘာတွေလိုအပ်မလဲ?
====================
Social media သုံးရတာ ကြိုက်တဲ့သူ၊ လူတွေနဲ့ dealing လုပ်ရတာကို မငြီးငွေ့တဲ့သူတွေအတွက် အဆင်ပြေပါတယ်။ Facebook နဲ့ Google တော့ ခေါက်တတ်ဖို့လိုပါလိမ့်မယ်။ Community Engagement tools တွေအကြောင်းသိထားရင် ပိုကောင်းတာပေ့ါ။


ဒီနေရာမှာ လိုအပ်တဲ့ ပညာအရေးအချင်း၊ ဘွဲ့တွေ မဖော်ပြထားတာ အကြောင်းရှိတယ် ခင်ဗျ။ Digital marketing လုပ်ကိုင်ဖို့အတွက် ဘယ်လို degree holder မှ၊ ဘယ်ကျောင်းကပြီးထားမှ ဆိုပြီး specific မရှိပါဘူး၊ လိုကယ်မှာ လုပ်မယ်ဆိုရင်ပေါ့။ သို့သော် ကိုယ်က advertising + tech လုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်မှာဖြစ်တဲ့အတွက် စီးပွားရေးနဲ့ သက်ဆိုင်တဲ့ Degree, Business IT, Computer Science စတာတွေပြီးထားရင်တော့ အသင့်တော်ဆုံးပေ့ါ။

 

နောက်ဆုံးပြောချင်တာက Digital Marketing Field ထဲမှာ ကျင်လည်ဖို့ စိတ်ဝင်စားရင် Marketing concept တွေကို လုံးဝ နားလည်အောင်လုပ်ပါ၊ Google ခေါက်ဖို့ မမေ့ပါနဲ့။ Digital ဆိုတာ အမြဲအသစ်တွေပေါ်နေတော့ ဒါတွေကို အမှီလိုက်ဖို့ ဘယ်သင်တန်းသွားတတ်တတ် လိုက်လို့ မှီမှာ မဟုတ်ပါဘူး။

 

Credit : Myanmar Advertising Guide (MAD)

 

ဒီဂ်စ္တယ္ မားကတ္တင္းပိုင္းကို ေျခစုံခ်မယ္ဆိုရင္
ဒီဂ်စ္တယ္ မားကတ္တင္းနယ္ပယ္ကို အေျခခ်မယ္ဆိုရင္ သူ႔နယ္ပယ္မွာ သူ႔ေနရာနဲ႔ တာဝန္နဲ႔ေဝခြဲထားတဲ့ ရာထူးေတြ ရွိပါတယ္။ရာထူးနဲ႔တာဝန္မ်ားကို ေအာက္တြင္ ဆက္လက္ ေလ့လာႏိုင္ပါတယ္။

 

Executive Position (Digital)
====================
စာရင္းဇယားတြက္ခ်က္ရတဲ့ Accounting (လုံးဝ) မဟုတ္ပါ။ Client ရဲ႕ ကုန္အမွတ္တံဆိပ္ Brands ေတြကို Manage လုပ္ေပးရတာပါ။ Digital Account Executive ျဖစ္တဲ့အတြက္ Digital Marketing ရဲ႕ basic knowledge ရွိဖို႔ေတာ့ လိုအပ္ပါတယ္။ ကိုယ့္ရဲ႕ Internal team မွာရွိတဲ့ Graphic Designer, Content Writer, Digital Planner, Digital Buyer, Data Analyze, Engagement team အစရွိတဲ့ လူေတြနဲ႔ တြဲဖက္လုပ္ကိုင္ရမွာျဖစ္ပါတယ္။ ကိုယ့္ကို အလုပ္အပ္တဲ့ Client ရဲ႕ၫႊန္ၾကားခ်က္ေတြကို Internal team နဲ႔ ျပန္ၿပီး align လုပ္ကာ Client စီကို ျပန္တင္ျပေပးရမွာျဖစ္ပါတယ္။ Client ရဲ႕ Brand အတြက္ လိုအပ္တဲ့ campaign လုပ္ေဆာင္တာေတြ၊ budget စီမံခန႔္ခြဲတာေတြ၊ suppliers ေတြနဲ႔ တြဲဖက္လုပ္ကိုင္တာေတြကို ေဆာင္႐ြက္ရမွာျဖစ္ပါတယ္။

 


ဒီရာထူးအတြက္ ဘာေတြလိုအပ္မလဲ?
===================
Client တင္မကဘဲ တျခား third party ေတြျဖစ္တဲ့ suppliers, publishers ေတြအျပင္ ကိုယ့္ရဲ႕ Internal team နဲ႔ပါ တြဲဖက္လုပ္ကိုင္ရမွာ ျဖစ္တဲ့အတြက္ လူမႈဆက္ဆံေရးကို အကြၽမ္းတဝင္ ျဖစ္လို႔လိုအပ္ပါတယ္။ ကိုယ့္ agency ကိုအပ္တဲ့ clients က local ရွိသလို foreigners ေတြပါရွိတဲ့အတြက္ ဗမာလိုေရာ၊ ဘိုလိုပါ ကြၽမ္းက်င္ေနဖို႔ အထူးလိုအပ္ပါတယ္။ လူအမ်ားနဲ႔ဆက္ဆံရမွျဖစ္တဲ့အတြက္ Social က်ဖို႔လိုအပ္ၿပီး စိတ္မရွည္တဲ့လူေတြအတြက္ အဆင္မေျပေလာက္ပါဘူး။ Digital Marketing ဆိုတာ Marketing နဲ႔ အစိတ္အပိုင္းျဖစ္တဲ့အတြက္ marketing သေဘာသဘာဝနဲ႔ social media အေၾကာင္းကို တီးမိေခါက္မိရွိတဲ့လူေတြဆိုပို အဆင္ေျပပါတယ္။


#ContentWriter (ေၾကာ္ျငာစာေရးသားသူ)
=========================
Digital Marketing လို႔ေျပာလိုက္တာနဲ႔ Content writer (သို႔) Copy writer ဆိုတာ တြဲျမင္ပါလိမ့္မယ္။ သူတုိ႔ေတြက Digital marketing ဆိုတဲ့ ေခါင္းစဥ္ေအာက္မွာ တကယ့္ key players ေတြပါ။ ဗမာလို၊ အဂၤလိပ္လို စာေရးတတ္႐ုံေလာက္နဲ႔ေတာ့ အဆင္မေျပပါဘူး။ စကားလုံးအထားအသို၊ Creative ဖန္တီးႏိုင္စြမ္းအားေကာင္းဖို႔ အထူးလိုအပ္ပါတယ္။ Content writing ဆိုတာကေတာ့ ေၾကာ္ျငာစာမဟုတ္တဲ့ စာမ်ိဳးေတြဖန္တီးရတာျဖစ္ၿပီး copy writing ကေတာ့ ေၾကာ္ျငာစာေတြေရးသားရတာပါ။ Social media, Website, Blog ေတြမွာ ဆြဲေဆာင္မႈရွိတဲ့ စာအမ်ိဳးမ်ိဳး ေရးသားတာပါ။ Contents မွာပါဝင္တဲ့ elements, frame ေတြကလဲ အမ်ိဳးမ်ိဳး အေထြေထြ ဆိုေတာ့ စိတ္ဝင္စားရင္ Google ေခါက္ၾကည့္တာမ်ိဳး၊ စာေပေလ့လာတာမ်ိဳး လုပ္သင့္ပါတယ္။ Social media trends ေတြကို မ်က္ေျခမျပတ္ဖို႔လဲ အေရးႀကီးပါတယ္။


ဒီရာထူးအတြက္ ဘာေတြလိုအပ္မလဲ?
===================
Creative ေကာင္းေကာင္းနဲ႔ စာေရးရတာ ဝါသနာထုံတဲ့ ဆရာေတြအတြက္ ဒီရာထူးက အသင့္ေတာ္ဆုံးပါ။ သိထားရမွာတခုက ကိုယ္က client ရဲ႕ ကုန္အမွတ္တံဆိပ္ေတြ အတြက္စာေရးေပးရတာျဖစ္တဲ့အတြက္ client မႀကိဳက္ရင္ revise ေပါင္းေသာင္းေျခာက္ေထာင္ကို သည္းခံႏိုင္ဖို႔ လိုအပ္ပါတယ္။ Client ရဲ႕ brand guideline ေတြထဲကေန ေရးသားရမွာဆိုေတာ့ စကားလုံးအထားအသို၊ စကားေျပာ၊ စကားေျပ အားလုံးကို နားလည္ၿပီး creative idea နဲ႔ေပါင္းစပ္ႏိုင္ရင္ေတာ့ ဒီအလုပ္က သင့္အတြက္ မခက္ခဲပါဘူး။

 

#DigitalMediaStrategist
(Digital Ads Planner, Buyer)
====================
Client brands ေတြအတြက္ Digital မွာ ေၾကာ္ျငာလုပ္ေတာ့မယ္ဆိုရင္ Channels ေတြေ႐ြးရပါတယ္၊ Strategy ေတြဆြဲရပါတယ္။ ကိုယ့္ client ရဲ႕ ကုန္အမွတ္တံဆိပ္ေပၚမူတည္ၿပီး ေ႐ြးခ်ယ္သင့္တဲ့ targeting ေတြျဖစ္တဲ့ demographic, geographic, psychographic စတာေတြကို ေစ့ေစ့စပ္စပ္သိဖို႔လိုအပ္ပါတယ္။ Digital Media ျဖစ္တဲ့အတြက္ Channels ေတြသုံးမယ္ဆိုရင္လဲ Paid Media, Earned Media, Owned Media ေတြကိုလဲ ကိုယ့္ client ရဲ႕ brand ေပၚမူတည္ၿပီး ေ႐ြးခ်ယ္တတ္ရပါမယ္။ ကိုယ့္ရဲ႕ KPI ထိဖို႔ campaign ေတြဘယ္လို develop လုပ္မယ္၊ ကုန္က်မယ့္ budget စတာေတြကို တြက္ခ်က္ေပးရမွာျဖစ္တဲ့အတြက္ digital နဲ႔ သက္ဆိုင္တဲ့ tools ေတြ နဲ႔ရင္းႏွီးဖို႔ကလဲ အေရးႀကီးပါတယ္။


ဒီရာထူးအတြက္ ဘာေတြလိုအပ္မလဲ?
===================
ေစ်းကြက္ခ်ဲ႕ထြင္ျခင္းအတတ္ပညာနဲ႔ နည္းပညာကြၽမ္းက်င္မႈ ႏွစ္ခုစလုံး ျပည့္စုံမွ ေတာ္ကာက်ပါမယ္။ ေနာက္ၿပီး Digital မွာေၾကာ္ျငာလုပ္မွာျဖစ္တဲ့အတြက္ Internet အသုံးျပဳတဲ့ audience behavior အေၾကာင္း ေကာင္းေကာင္းႀကီးနားလည္ရပါမယ္။ ေနာက္တစ္ခုက budget management ကို ကြၽမ္းက်င္ရမယ္၊ Digital မွာ Channels ေတြမ်ိဳးစုံရွိတယ္ အကုန္လုံးမွာ သုံးဖို႔လိုတာေတြရွိသလို မလိုတာေတြလဲရွိတယ္။ ဒါကေတာ့ ကိုယ့္ client ရဲ႕ target audience ေပၚမူတည္ၿပီး ခ်ိန္ထိုး စဥ္းစားရမွာပါ။


#DigitalReportAndDataAnalysis
=======================
Digital Channels ေတြမွာ Campaigns လုပ္ၿပီးသြားရင္ Clients ကို report ျပရပါတယ္။ Account size ေပၚမူတည္ၿပီး Daily ကေန Yearly reports ေတြအထိရွိပါတယ္။ Reports လုပ္ဖို႔အတြက္ reporting tools ေတြမ်ိဳးစုံရွိသလို manual လုပ္ရတဲ့ report ေတြလဲရွိပါတယ္။ Social media မွာ ကိုယ့္ client ရဲ႕ ကုန္အမွတ္တံဆိပ္ကို ဘယ္သူေတြက ေကာင္းတာေျပာလဲ ဆိုးတာေျပာလဲ analyze လုပ္ရပါတယ္။ Crisis ျဖစ္လာရင္ ဘာေၾကာင့္ ျဖစ္လာတယ္ဆိုတာကအစ report လုပ္ရပါတယ္။


ဒီရာထူးအတြက္ ဘာေတြလိုအပ္မလဲ?
====================
Reporting tools ေတြကို ကြၽမ္းကြၽမ္းက်င္က်င္သုံးတတ္ဖို႔ လိုအပ္သလို data ေတြကို manage လုပ္ဖို႔ Excel skill လဲကြၽမ္းရပါမယ္။ Digital ဆိုတာ data ေတြအေပၚ အေျခခံထားတာဆိုေတာ့ data ေပါင္းေသာင္းေျခာက္ေထာင္ကို manage လုပ္ရတာ မၿငီးေငြ႕တဲ့လူမ်ိဳး အတြက္ သင့္ေတာ္ပါတယ္။

 

#CommunityEngagement
==================
ကိုယ့္ client ရဲ႕ brand ကိုစိတ္ဝင္စားလို႔ Customers ကေန ကိုယ့္ social media channels ေတြမွာ message လာပို႔တာတို႔ comment လာေပးတာတို႔ စတဲ့ communication ေတြကို ျပန္ၿပီး response လုပ္ဖို႔ community engagement လိုပါတယ္။ လြယ္တယ္ေတာ့ မထင္ပါနဲ႔။ သူ႔မွာလဲ သူ႔ Tone Of Voice ရွိတယ္။ FAQ ေတြ develop လုပ္ရမယ္။ Crisis ျဖစ္လာရင္ ဘယ္လို Manage လုပ္မယ္ဆိုတာေတြကို နားလည္ရပါမယ္။ Content, Copywriters ေတြနဲ႔ အၿမဲ align လုပ္ဖို႔လိုပါတယ္။ Customers ေတြ အေမးအမ်ားဆုံး ေမးခြန္းေတြကို base ယူၿပီး content ဖန္တီးတာေတြ၊ social media မွာေျပာင္းလဲေနတဲ့ trend ေတြကို နားေထာင္ေနရပါမယ္။


ဒီရာထူးအတြက္ ဘာေတြလိုအပ္မလဲ?
===================
Social media သုံးရတာ ႀကိဳက္တဲ့သူ၊ လူေတြနဲ႔ dealing လုပ္ရတာကို မၿငီးေငြ႕တဲ့သူေတြအတြက္ အဆင္ေျပပါတယ္။ Facebook နဲ႔ Google ေတာ့ ေခါက္တတ္ဖို႔လိုပါလိမ့္မယ္။ Community Engagement tools ေတြအေၾကာင္းသိထားရင္ ပိုေကာင္းတာေပ့ါ။


ဒီေနရာမွာ လိုအပ္တဲ့ ပညာအေရးအခ်င္း၊ ဘြဲ႕ေတြ မေဖာ္ျပထားတာ အေၾကာင္းရွိတယ္ ခင္ဗ်။ Digital marketing လုပ္ကိုင္ဖို႔အတြက္ ဘယ္လို degree holder မွ၊ ဘယ္ေက်ာင္းကၿပီးထားမွ ဆိုၿပီး specific မရွိပါဘူး၊ လိုကယ္မွာ လုပ္မယ္ဆိုရင္ေပါ့။ သို႔ေသာ္ ကိုယ္က advertising + tech လုပ္ငန္းမွာ ဝင္ေရာက္လုပ္ကိုင္မွာျဖစ္တဲ့အတြက္ စီးပြားေရးနဲ႔ သက္ဆိုင္တဲ့ Degree, Business IT, Computer Science စတာေတြၿပီးထားရင္ေတာ့ အသင့္ေတာ္ဆုံးေပ့ါ။

 

ေနာက္ဆုံးေျပာခ်င္တာက Digital Marketing Field ထဲမွာ က်င္လည္ဖို႔ စိတ္ဝင္စားရင္ Marketing concept ေတြကို လုံးဝ နားလည္ေအာင္လုပ္ပါ၊ Google ေခါက္ဖို႔ မေမ့ပါနဲ႔။ Digital ဆိုတာ အၿမဲအသစ္ေတြေပၚေနေတာ့ ဒါေတြကို အမွီလိုက္ဖို႔ ဘယ္သင္တန္းသြားတတ္တတ္ လိုက္လို႔ မွီမွာ မဟုတ္ပါဘူး။

 

Credit : Myanmar Advertising Guide (MAD)

 

Read times Last modified on Tuesday, 15 December 2020 10:41
Rate this articles
(0 votes)