×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Monday, 21 December 2020

စာအုပ်ဖတ်တာက သင့်ဘဝကို တကယ်ပြောင်းလဲစေလိမ့်မယ်လို့ သင်ထင်ပါသလား?

သင်က စာဖတ်ကျင့်ရှိသူတစ်ယောက်လား? စာအုပ်ဖတ်တာက သင့်ဘဝကို တကယ်ပြောင်းလဲစေလိမ့်မယ်လို့ သင်ထင်ပါသလား?

စာအုပ်တွေအများကြီးဖတ်တိုင်း ဘဝအောင်မြင်တိုးတက်လာမှာမဟုတ်ပါဘူး။ ဒါပေမယ့် ဘဝအောင်မြင်တိုးတက်ဖို့ စာအုပ်တော့ဖတ်ရပါမယ်။ ဘာလို့လဲဆိုတော့ “အလိမ္မာ စာမှာရှိ”ဆိုတဲ့စကားအတိုင်း စာဖတ်ခြင်းက သင့်ကို အသိအမြင်ဗဟုသုတတိုးပွားစေလိုပါ။

 

ဆိုရိုးတစ်ခုရှိပါတယ်။ “အကယ်၍ သင်ဖတ်ထားတဲ့စာအုပ်တွေထဲက နည်းဗျူဟာတစ်ဝက်လောက်ကို လက်တွေ့ဘဝမှာ တကယ်အသုံးချကြည့်ပါ။ သင်မီလျံနာတစ်ယောက်ဖြစ်ကိုဖြစ်လာပါလိမ့်မယ်။” ဆိုတဲ့ ဆိုရိုးလေးပါ။

ဒီဆိုရိုးအတိုင်းဆို သင့်ဘဝကိုအောင်မြင်ဖို့ စာအုပ်တွေကအထောက်အပံ့တစ်ခုအနေနဲ့ပဲ ရှိနေပေးနိုင်မှာပါ။ တကယ်ပြောင်းလဲရမှာသင်ကိုယ်တိုင်ပါ။ ဘယ်လောက်ပဲ အနှစ်သာရမရှိတဲ့စာအုပ်ဖြစ်နေပါစေ၊ သင်က ယူတတ်တဲ့နှလုံးသားကောင်းရှိရင် အဲ့စာက သင့်အတွက်တန်ဖိုးရှိလာမှာပါပဲ။ ဒါကြောင့် အသိဉာဏ်အမြင်တွေပွင့်ဖို့ စာဖတ်ကိုဖတ်သင့်ပါတယ်။

 

ဒါဆို သင်က စာဖတ်ချင်တယ်။ ဒါပေမယ့် စာဖတ်ကျင့်ကလည်းမရှိဖြစ်နေတယ်ဆိုရင်တော့ ဒီအချက်လေးတွေနဲ့ စာဖတ်ကျင့်ကို မွေးမြူနိုင်ပါတယ်။

(၁) သင်ဖတ်ရမယ့် စာအုပ်တွေကို ကန့်သတ်မထားပါနဲ့။
စာဖတ်ကျင့်ကို ခုမှပျိုးထောင်ပါတယ်ဆိုကာမှ ဒီလထဲတော့ ၆အုပ်ပြီးအောင်ဖတ်မယ်။ ဘယ်လောက်ဖတ်မယ် ဆိုပြီးကန့်သတ်မထားပါနဲ့။ ဒါက စာဖတ်ကျင့်ရှိပြီးသားလူအတွက်တော့ အကျိုးရှိကောင်းရှိပေမယ့် ခုမှဖတ်မယ့်လူအတွက်တော့ အကျိုးလုံးဝမရှိပါဘူး။ သင် စိတ်အားထက်သန်နေရင်တောင် သင်ဖတ်ချင်လွန်းအားကြီးတဲ့ စာအုပ်တစ်အုပ် နဲ့ပဲ စတင်ပါ။ အချိန်ကာလမသတ်မှတ်ဘဲ စိမ်ပြေလပြေဖတ်ပြီး စာဖတ်ကျင့်ကိုမွေးမြူပါ။

 

(၂) မနှစ်သက်တဲ့စာအုပ်ဆို ဆက်မဖတ်ပါနဲ့။
ပထမအစမှာ ကိုယ်လုပ်တဲ့အရာနဲ့ ကိုယ်ပျော်မွေ့ဖို့ကအရေးကြီးပါတယ်။ “သင်မလုပ်ချင်တဲ့အရာတစ်ခုကို ကြိုးစားလုပ်နေခြင်းက stress ဖြစ်ပြီး သင်လုပ်ချင်တဲ့အရာကို ကြိုးစားလုပ်ခြင်းက passion ပါ”။ ဒါကြောင့် သင့်အနေနဲ့ သင်မနှစ်သက်တဲ့စာအုပ်ကို အားတင်းပြီးဆက်ဖတ်ဖို့မလိုပါဘူး။ ဘယ်လောက်ပဲအကျိုးရှိနေပါစေ။ သင်မဖတ်လိုတဲ့စာအုပ်ဆို မဖတ်ပါနဲ့။

 

(၃) သင် နှစ်သက်တဲ့စာအုပ်အမျိုးအစားတွေကိုပိုဖတ်ပါ။
အားလုံးသိကြတဲ့အတိုင်း ကာတွန်းတို့၊ဟာသဝတ္ထုတို တို့ကို လူအများနှစ်သက်ကြပါတယ်။ စာရေးသူ ငယ်ငယ်က ဒီလို ပေါ့ပေါ့ပါးပါးကာတွန်းလေးတွေကို စဖတ်ခဲ့တာပါ။ ဒီလိုနဲ့ အချိန်ကာလတစ်ခုရောက်တဲ့အခါမှာ ဝတ္ထုရှည်တွေနဲ့ ရင်းနှီးလာပြီး တဖြည်းဖြည်း အဆင့်မြင့်စာအုပ်တွေကိုလည်း ဖတ်လာနိုင်တာဖြစ်ပါတယ်။ ဒါကြောင့် စာဖတ်ကျင့်ကလည်း အချိန်ယူပြီးပျိုးထောင်ရတာဖြစ်တဲ့အတွက် သင့်အနေနဲ့ အစမှာ သင်နှစ်သက်တဲ့စာအုပ်တွေနဲ့မွေ့လျော်ပါ။

 

(၄) အမြဲတမ်း လက်ထဲမှာစာအုပ်တစ်အုပ် ကိုင်ထားပါ။
သင်စာဖတ်ဖို့ အမြဲသတိပေးနေဖို့အတွက် သင်ဖတ်လက်စ စာအုပ်တစ်အုပ်အမြဲလက်ထဲကိုင်ထားပါ။ ဒါမှ ဘယ်သွားသွား သတိရတိုင်းစာဖတ်ဖြစ်နေမှာဖြစ်ပါတယ်။ ဒီနည်းလမ်းက တကယ်ထိရောက်တာမို့ သေချာပေါက်လုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

 

(၅) အရေးမကြီးတဲ့အလုပ်တွေလုပ်ဖို့အချိန်တွေကို စာဖတ်ဖို့ ဖဲ့ပေးပါ။
အခုလို Social Media အသုံးများကြတဲ့ခေတ်ကြီးမှာ လူငယ်တိုင်းက Comfort Zone မှာပျော်မွေ့နေတတ်ကြပါတယ်။ အဲ့လိုမနေရဘူးလို့ မဆိုလိုပါဘူး။ ဒါပေမယ့် အဲ့အချိန်တွေကို စာဖတ်ဖို့အနည်းအကျဉ်းခွဲဝေပေးဖို့ မမေ့ပါနဲ့။

 

(၆) အနှောင့်အယှက်ကင်းတဲ့ နေရာတွေကိုရွေးချယ်ပါ။
သင်စာဖတ်ကျင့် တဖြည်းဖြည်းရလာတာနဲ့ အနှောင့်အယှက်ကင်းတဲ့နေရာကို သင်ကိုယ်တိုင်ဖန်တီးလာနိုင်မှာပါ။ ဒါပေမယ့် စာဖတ်ကျင့်မရသေးတဲ့အချိန်မှာတော့ အနှောင့်အယှက်ကင်းတဲ့နေရာတွေကိုရွေးချယ်တတ်ရပါမယ်။
ဉပမာ- စာကြည့်တိုက်၊ ကော်ဖီဆိုင် ၊ မြက်ခင်းပြင်။

 

(၇) ရင်းနှီးမြှုပ်နှံပါ။
လူသုံးကုန်ပစ္စည်းတွေ တစ်လတစ်ခါဝယ်မယ့်အစား တစ်လတစ်ခါ စာအုပ်လေးတွေ ဝယ်စုပါ။ ဒါကလည်း သင့်စာဖတ်ကျင့်ကို တိုးတက်လာစေမှာဖြစ်ပါတယ်။


(၈) မျှဝေပါ။
သင်ဖတ်ထားတဲ့စာအုပ်အကြောင်းတွေကို တခြားလူတွေနဲ့မျှဝေပါ။ ဒီနည်းလမ်းက သင့်ကိုပျော်ရွှင်စေသလို သင့်ကိုယ်သင် စာဖတ်ခြင်းမှာဘယ်လောက်မွေ့လျော်လာသလဲဆိုတာ တိုင်းတာနိုင်တဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုပါ။

 

 

သင္က စာဖတ္က်င့္ရွိသူတစ္ေယာက္လား? စာအုပ္ဖတ္တာက သင့္ဘဝကို တကယ္ေျပာင္းလဲေစလိမ့္မယ္လို႔ သင္ထင္ပါသလား?

စာအုပ္ေတြအမ်ားႀကီးဖတ္တိုင္း ဘဝေအာင္ျမင္တိုးတက္လာမွာမဟုတ္ပါဘူး။ ဒါေပမယ့္ ဘဝေအာင္ျမင္တိုးတက္ဖို႔ စာအုပ္ေတာ့ဖတ္ရပါမယ္။ ဘာလို႔လဲဆိုေတာ့ “အလိမၼာ စာမွာရွိ”ဆိုတဲ့စကားအတိုင္း စာဖတ္ျခင္းက သင့္ကို အသိအျမင္ဗဟုသုတတိုးပြားေစလိုပါ။

ဆို႐ိုးတစ္ခုရွိပါတယ္။ “အကယ္၍ သင္ဖတ္ထားတဲ့စာအုပ္ေတြထဲက နည္းဗ်ဴဟာတစ္ဝက္ေလာက္ကို လက္ေတြ႕ဘဝမွာ တကယ္အသုံးခ်ၾကည့္ပါ။ သင္မီလ်ံနာတစ္ေယာက္ျဖစ္ကိုျဖစ္လာပါလိမ့္မယ္။” ဆိုတဲ့ ဆို႐ိုးေလးပါ။

 

ဒီဆို႐ိုးအတိုင္းဆို သင့္ဘဝကိုေအာင္ျမင္ဖို႔ စာအုပ္ေတြကအေထာက္အပံ့တစ္ခုအေနနဲ႔ပဲ ရွိေနေပးႏိုင္မွာပါ။ တကယ္ေျပာင္းလဲရမွာသင္ကိုယ္တိုင္ပါ။ ဘယ္ေလာက္ပဲ အႏွစ္သာရမရွိတဲ့စာအုပ္ျဖစ္ေနပါေစ၊ သင္က ယူတတ္တဲ့ႏွလုံးသားေကာင္းရွိရင္ အဲ့စာက သင့္အတြက္တန္ဖိုးရွိလာမွာပါပဲ။ ဒါေၾကာင့္ အသိဉာဏ္အျမင္ေတြပြင့္ဖို႔ စာဖတ္ကိုဖတ္သင့္ပါတယ္။

 

ဒါဆို သင္က စာဖတ္ခ်င္တယ္။ ဒါေပမယ့္ စာဖတ္က်င့္ကလည္းမရွိျဖစ္ေနတယ္ဆိုရင္ေတာ့ ဒီအခ်က္ေလးေတြနဲ႔ စာဖတ္က်င့္ကို ေမြးျမဴႏိုင္ပါတယ္။

(၁) သင္ဖတ္ရမယ့္ စာအုပ္ေတြကို ကန႔္သတ္မထားပါနဲ႔။
စာဖတ္က်င့္ကို ခုမွပ်ိဳးေထာင္ပါတယ္ဆိုကာမွ ဒီလထဲေတာ့ ၆အုပ္ၿပီးေအာင္ဖတ္မယ္။ ဘယ္ေလာက္ဖတ္မယ္ ဆိုၿပီးကန႔္သတ္မထားပါနဲ႔။ ဒါက စာဖတ္က်င့္ရွိၿပီးသားလူအတြက္ေတာ့ အက်ိဳးရွိေကာင္းရွိေပမယ့္ ခုမွဖတ္မယ့္လူအတြက္ေတာ့ အက်ိဳးလုံးဝမရွိပါဘူး။ သင္ စိတ္အားထက္သန္ေနရင္ေတာင္ သင္ဖတ္ခ်င္လြန္းအားႀကီးတဲ့ စာအုပ္တစ္အုပ္ နဲ႔ပဲ စတင္ပါ။ အခ်ိန္ကာလမသတ္မွတ္ဘဲ စိမ္ေျပလေျပဖတ္ၿပီး စာဖတ္က်င့္ကိုေမြးျမဴပါ။

 

(၂) မႏွစ္သက္တဲ့စာအုပ္ဆို ဆက္မဖတ္ပါနဲ႔။
ပထမအစမွာ ကိုယ္လုပ္တဲ့အရာနဲ႔ ကိုယ္ေပ်ာ္ေမြ႕ဖို႔ကအေရးႀကီးပါတယ္။ “သင္မလုပ္ခ်င္တဲ့အရာတစ္ခုကို ႀကိဳးစားလုပ္ေနျခင္းက stress ျဖစ္ၿပီး သင္လုပ္ခ်င္တဲ့အရာကို ႀကိဳးစားလုပ္ျခင္းက passion ပါ”။ ဒါေၾကာင့္ သင့္အေနနဲ႔ သင္မႏွစ္သက္တဲ့စာအုပ္ကို အားတင္းၿပီးဆက္ဖတ္ဖို႔မလိုပါဘူး။ ဘယ္ေလာက္ပဲအက်ိဳးရွိေနပါေစ။ သင္မဖတ္လိုတဲ့စာအုပ္ဆို မဖတ္ပါနဲ႔။

 

(၃) သင္ ႏွစ္သက္တဲ့စာအုပ္အမ်ိဳးအစားေတြကိုပိုဖတ္ပါ။
အားလုံးသိၾကတဲ့အတိုင္း ကာတြန္းတို႔၊ဟာသဝတၳဳတို တို႔ကို လူအမ်ားႏွစ္သက္ၾကပါတယ္။ စာေရးသူ ငယ္ငယ္က ဒီလို ေပါ့ေပါ့ပါးပါးကာတြန္းေလးေတြကို စဖတ္ခဲ့တာပါ။ ဒီလိုနဲ႔ အခ်ိန္ကာလတစ္ခုေရာက္တဲ့အခါမွာ ဝတၳဳရွည္ေတြနဲ႔ ရင္းႏွီးလာၿပီး တျဖည္းျဖည္း အဆင့္ျမင့္စာအုပ္ေတြကိုလည္း ဖတ္လာႏိုင္တာျဖစ္ပါတယ္။ ဒါေၾကာင့္ စာဖတ္က်င့္ကလည္း အခ်ိန္ယူၿပီးပ်ိဳးေထာင္ရတာျဖစ္တဲ့အတြက္ သင့္အေနနဲ႔ အစမွာ သင္ႏွစ္သက္တဲ့စာအုပ္ေတြနဲ႔ေမြ႕ေလ်ာ္ပါ။

 

(၄) အၿမဲတမ္း လက္ထဲမွာစာအုပ္တစ္အုပ္ ကိုင္ထားပါ။
သင္စာဖတ္ဖို႔ အၿမဲသတိေပးေနဖို႔အတြက္ သင္ဖတ္လက္စ စာအုပ္တစ္အုပ္အၿမဲလက္ထဲကိုင္ထားပါ။ ဒါမွ ဘယ္သြားသြား သတိရတိုင္းစာဖတ္ျဖစ္ေနမွာျဖစ္ပါတယ္။ ဒီနည္းလမ္းက တကယ္ထိေရာက္တာမို႔ ေသခ်ာေပါက္လုပ္ၾကည့္ဖို႔ တိုက္တြန္းခ်င္ပါတယ္။

 

(၅) အေရးမႀကီးတဲ့အလုပ္ေတြလုပ္ဖို႔အခ်ိန္ေတြကို စာဖတ္ဖို႔ ဖဲ့ေပးပါ။
အခုလို Social Media အသုံးမ်ားၾကတဲ့ေခတ္ႀကီးမွာ လူငယ္တိုင္းက Comfort Zone မွာေပ်ာ္ေမြ႕ေနတတ္ၾကပါတယ္။ အဲ့လိုမေနရဘူးလို႔ မဆိုလိုပါဘူး။ ဒါေပမယ့္ အဲ့အခ်ိန္ေတြကို စာဖတ္ဖို႔အနည္းအက်ဥ္းခြဲေဝေပးဖို႔ မေမ့ပါနဲ႔။

 

(၆) အေႏွာင့္အယွက္ကင္းတဲ့ ေနရာေတြကိုေ႐ြးခ်ယ္ပါ။
သင္စာဖတ္က်င့္ တျဖည္းျဖည္းရလာတာနဲ႔ အေႏွာင့္အယွက္ကင္းတဲ့ေနရာကို သင္ကိုယ္တိုင္ဖန္တီးလာႏိုင္မွာပါ။ ဒါေပမယ့္ စာဖတ္က်င့္မရေသးတဲ့အခ်ိန္မွာေတာ့ အေႏွာင့္အယွက္ကင္းတဲ့ေနရာေတြကိုေ႐ြးခ်ယ္တတ္ရပါမယ္။
ဉပမာ- စာၾကည့္တိုက္၊ ေကာ္ဖီဆိုင္ ၊ ျမက္ခင္းျပင္။

 

(၇) ရင္းႏွီးျမႇဳပ္ႏွံပါ။
လူသုံးကုန္ပစၥည္းေတြ တစ္လတစ္ခါဝယ္မယ့္အစား တစ္လတစ္ခါ စာအုပ္ေလးေတြ ဝယ္စုပါ။ ဒါကလည္း သင့္စာဖတ္က်င့္ကို တိုးတက္လာေစမွာျဖစ္ပါတယ္။

 

(၈) မွ်ေဝပါ။
သင္ဖတ္ထားတဲ့စာအုပ္အေၾကာင္းေတြကို တျခားလူေတြနဲ႔မွ်ေဝပါ။ ဒီနည္းလမ္းက သင့္ကိုေပ်ာ္႐ႊင္ေစသလို သင့္ကိုယ္သင္ စာဖတ္ျခင္းမွာဘယ္ေလာက္ေမြ႕ေလ်ာ္လာသလဲဆိုတာ တိုင္းတာႏိုင္တဲ့ အေကာင္းဆုံးနည္းလမ္းတစ္ခုပါ။

Read times
Rate this articles
(1 Vote)