×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Monday, 21 December 2020

Human Resource Management ( HRM ) မှာ အခြေခံအနေနဲ့ ဘယ်လိုအပိုင်းတွေ ပါဝင်သလဲ???

Human Resource Management ( HRM ) မှာ အခြေခံအနေနဲ့ ဘယ်လိုအပိုင်းတွေ ပါဝင်သလဲ???
အားလုံးပဲ မင်္ဂလာပါ။ ယနေ့ခေတ် စီးပွားရေးလုပ်ငန်းတွေ အပြိုင်အဆိုင်တိုးတက်လာတာနဲ့အမျှ HRM ကလည်း ပိုပိုအရေးပါလာပါတယ်။ ဘာကြောင့်လဲဆိုတော့ လုပ်ငန်းတစ်ခုကြီးထွားလာလေ လူသားအရင်းအမြစ်ကိုပိုမိုထိန်းသိမ်းစီမံရလေပါ။ အားလုံးလည်းသိကြတဲ့အတိုင်း HR က ခုဆို ခိုင်မာတဲ့အလုပ်အကိုင်အခွင့်အရေးတစ်ခုအဖြစ်တည်ရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် HRM ကို စိတ်ဝင်စားတဲ့ သူငယ်ချင်းတို့အဖို့ Basic HRM မှာ ဘာတွေပါဝင်သလဲ သိရအောင် ဝေမျှလိုက်ပါတယ်။

 

(၁) Recruitment
လုပ်ငန်းတစ်ခုစတင်ဖို့ ပထမဆုံးအဆင့်ဖြစ်တဲ့ ဝန်ထမ်းရှာဖွေခြင်းက HRM ရဲ့ အခြေခံအကျဆုံးပညာတစ်ရပ်ဖြစ်ပါတယ်။ လုပ်ငန်းကြီးတွေမှာဆို ဒီအပိုင်းက ပိုပြီးအရေးကြီးပါတယ်။ ဥပမာ- ကွမ်းယာဆိုင်တစ်ဆိုင်အတွက် ဝန်ထမ်းခေါ်မယ် ဆိုပါစို့။ လွယ်ပါတယ်။ “ အလုပ်သမားအလိုရှိသည်” ပေါ့။ ဒါပေမယ့် ဒီ့ထက်ပိုပြီး စနစ်ကျတဲ့အလုပ်ခေါ်စာဆိုရင်တော့ “ အလုပ်သမားအလိုရှိသည်။ ကွမ်းယာတတ်ရမည်။ ဆက်ဆံရေးကောင်းမွန်ရမည်။” စသဖြင့် လိုအပ်တဲ့ အလုပ်အရည်အချင်းတွေကို ထည့်သွင်းထားတာမျိုးဖြစ်ပါတယ်။ ဒါက HRM ရဲ့ အခြေခံအကျဆုံး လုပ်ငန်းတစ်ရပ်ဖြစ်ပါတယ်။

 

(၂) Selection
ဝန်ထမ်းခါ်လိုက်တော့ CV Form တွေရာက်လာမယ်။ ဒီအခါ ရွေးချယ်ခန့်အပ်ခြင်းအပိုင်း ကို ရောက်လာပါပြီ။ ဒါကိုလည်း HR ကဆောင်ရွက်ပေးရပါတယ်။ လိုအပ်တဲ့လုပ်ငန်းအရည်အချင်းတွေနဲ့ ပြည့်မပြည့်၊ သင့်တော်မသင့်တော်ကို HR ကပဲ ရွေးချယ်စီစစ်ရတာဖြစ်ပါတယ်။ ဒီအပိုင်းက ပြောတော့သာလွယ်တာပါ။ HR ရဲ့ ရွေုးချယ်မှုက လုပ်ငန်းရဲ့ အကျိုးပေါ်သက်ရောက်နေတာဖြစ်တာကြောင့် အရေးကြီးတဲ့ အပိုင်းတစ်ခုဖြစ်ပါတယ်။

 

(၃) Replacement/ Training
လိုအပ်တဲ့လူကို ရွေးချယ်ခန့်အပ်ပြီးရင်တော့ လုပ်ငန်းနဲ့ ရင်းနှီးကျွမ်းဝင်လာအောင် HR ကပဲဆောင်ရွက်ပေးရတာဖြစ်ပါတယ်။ အကယ်၍ သင်တန်းပေးစရာတွေ လိုအပ်ခဲ့ရင်လည်း HR နဲ့ သက်ဆိုင်ရာ ဌာနခွဲနဲ့ ပူးပေါင်းဆောင်ရွက်ရတာမို့ အလုပ်သမားတစ်ယောက်စီရဲ့ အချက်အလက်တွေက HR နဲ့ တိုက်ရိုက်ပတ်သက်နေတာဖြစ်ပါတယ်။

 

(၄) Development
ဒါကတော့ ရှင်းပါတယ်။ အလုပ်သမားတွေ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုရှိလာရေးကလည်း HR အပိုင်းပါ။ အလုပ်မှာ သူ့ရဲ့စွမ်းဆောင်ရည်တွေ တိုးတက်လာအောင်၊ မြှောက်စားချီးမြှင့်သင့်ရင် မြှင်၊ ဒဏ်ကြေးစီစဉ်သင့်ရင် စီစဉ် စသဖြင့် နည်းလမ်းအသွယ်သွယ် သုံးပြီး အလုပ်သမားတွေ တိုးတက်လာအောင် ဆောင်ရွက်ရပါတယ်။

 

(၅) Retain/ Motivate
ဒါက လုပ်ငန်းခွင်တိုင်းအတွက်အရေးကြီးဆုံးအပိုင်း ဖြစ်ပါတယ်။ လုပ်ငန်းတစ်ခု အသားကျနေတဲ့ ဝန်ထမ်းတစ်ယောက် ဒီအလုပ်မှာ တည်မြဲနေခြင်း က အဆိုပါလုပ်ငန်းအတွက် အကျိုးအမြတ်တစ်ခုပါ။ ဒါကြောင့် အလုပ်သမားတွေ မြဲအောင်၊ လုပ်ငန်းအကျိုးမယုတ်အောင် အလုပ်ရှင်နဲ့ အလုပ်သမားကြားရင်ကြားစေ့ရေး ကို လုပ်ဆောင်ရတာဖြစ်ပါတယ်။

 

ဒီအချက်တွေက HRM ရဲ့ အခြေခံအကျဆုံးအပိုင်းတွေဖြစ်ပါတယ်။ ဒါလေးတွေ ဖတ်ပြီး လွယ်တယ်ထင်သွားတယ်မလား။ မထင်ပါနဲ့။ အလုပ်တကာ့အလုပ်ထဲမှာ လူသားတွေကို စီမံခန့်ခွဲရတဲ့အလုပ်က အသေးစိတ်ဆုံးနဲ့ အရေးကြီးဆုံးအလုပ်ပါ။ လုပ်ငန်းကြီးလေ HR လုပ်ငန်းပိုင်း ပိုရှုပ်ထွေးလေဖြစ်တာကြောင့် သင်က HRM ကို တကယ်စိတ်ဝင်စားတဲ့လူဆိုရင် သေချာလေ့လာပြီး လုပ်ငန်းခွင်မှာပါ အတွေ့အကြုံတွေအများကြီးယူရမှာဖြစ်ပါတယ်။

 

 

Human Resource Management ( HRM ) မွာ အေျခခံအေနနဲ႔ ဘယ္လိုအပိုင္းေတြ ပါဝင္သလဲ???
အားလုံးပဲ မဂၤလာပါ။ ယေန႔ေခတ္ စီးပြားေရးလုပ္ငန္းေတြ အၿပိဳင္အဆိုင္တိုးတက္လာတာနဲ႔အမွ် HRM ကလည္း ပိုပိုအေရးပါလာပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ လုပ္ငန္းတစ္ခုႀကီးထြားလာေလ လူသားအရင္းအျမစ္ကိုပိုမိုထိန္းသိမ္းစီမံရေလပါ။ အားလုံးလည္းသိၾကတဲ့အတိုင္း HR က ခုဆို ခိုင္မာတဲ့အလုပ္အကိုင္အခြင့္အေရးတစ္ခုအျဖစ္တည္ရွိေနတာျဖစ္ပါတယ္။ ဒါေၾကာင့္ HRM ကို စိတ္ဝင္စားတဲ့ သူငယ္ခ်င္းတို႔အဖို႔ Basic HRM မွာ ဘာေတြပါဝင္သလဲ သိရေအာင္ ေဝမွ်လိုက္ပါတယ္။

 

(၁) Recruitment
လုပ္ငန္းတစ္ခုစတင္ဖို႔ ပထမဆုံးအဆင့္ျဖစ္တဲ့ ၀န္ထမ္းရွာေဖြျခင္းက HRM ရဲ႕ အေျခခံအက်ဆုံးပညာတစ္ရပ္ျဖစ္ပါတယ္။ လုပ္ငန္းႀကီးေတြမွာဆို ဒီအပိုင္းက ပိုၿပီးအေရးႀကီးပါတယ္။ ဥပမာ- ကြမ္းယာဆိုင္တစ္ဆိုင္အတြက္ ၀န္ထမ္းေခၚမယ္ ဆိုပါစို႔။ လြယ္ပါတယ္။ “ အလုပ္သမားအလိုရွိသည္” ေပါ့။ ဒါေပမယ့္ ဒီ့ထက္ပိုၿပီး စနစ္က်တဲ့အလုပ္ေခၚစာဆိုရင္ေတာ့ “ အလုပ္သမားအလိုရွိသည္။ ကြမ္းယာတတ္ရမည္။ ဆက္ဆံေရးေကာင္းမြန္ရမည္။” စသျဖင့္ လိုအပ္တဲ့ အလုပ္အရည္အခ်င္းေတြကို ထည့္သြင္းထားတာမ်ိဳးျဖစ္ပါတယ္။ ဒါက HRM ရဲ႕ အေျခခံအက်ဆုံး လုပ္ငန္းတစ္ရပ္ျဖစ္ပါတယ္။

 

(၂) Selection
၀န္ထမ္းခၚလိုက္ေတာ့ CV Form ေတြရာက္လာမယ္။ ဒီအခါ ေ႐ြးခ်ယ္ခန႔္အပ္ျခင္းအပိုင္း ကို ေရာက္လာပါၿပီ။ ဒါကိုလည္း HR ကေဆာင္႐ြက္ေပးရပါတယ္။ လိုအပ္တဲ့လုပ္ငန္းအရည္အခ်င္းေတြနဲ႔ ျပည့္မျပည့္၊ သင့္ေတာ္မသင့္ေတာ္ကို HR ကပဲ ေ႐ြးခ်ယ္စီစစ္ရတာျဖစ္ပါတယ္။ ဒီအပိုင္းက ေျပာေတာ့သာလြယ္တာပါ။ HR ရဲ႕ ေ႐ြဳးခ်ယ္မႈက လုပ္ငန္းရဲ႕ အက်ိဳးေပၚသက္ေရာက္ေနတာျဖစ္တာေၾကာင့္ အေရးႀကီးတဲ့ အပိုင္းတစ္ခုျဖစ္ပါတယ္။

 

(၃) Replacement/ Training
လိုအပ္တဲ့လူကို ေ႐ြးခ်ယ္ခန႔္အပ္ၿပီးရင္ေတာ့ လုပ္ငန္းနဲ႔ ရင္းႏွီးကြၽမ္းဝင္လာေအာင္ HR ကပဲေဆာင္႐ြက္ေပးရတာျဖစ္ပါတယ္။ အကယ္၍ သင္တန္းေပးစရာေတြ လိုအပ္ခဲ့ရင္လည္း HR နဲ႔ သက္ဆိုင္ရာ ဌာနခြဲနဲ႔ ပူးေပါင္းေဆာင္႐ြက္ရတာမို႔ အလုပ္သမားတစ္ေယာက္စီရဲ႕ အခ်က္အလက္ေတြက HR နဲ႔ တိုက္႐ိုက္ပတ္သက္ေနတာျဖစ္ပါတယ္။

 

(၄) Development
ဒါကေတာ့ ရွင္းပါတယ္။ အလုပ္သမားေတြ ႐ုပ္ပိုင္းဆိုင္ရာ၊ စိတ္ပိုင္းဆိုင္ရာ တိုးတက္မႈရွိလာေရးကလည္း HR အပိုင္းပါ။ အလုပ္မွာ သူ႔ရဲ႕စြမ္းေဆာင္ရည္ေတြ တိုးတက္လာေအာင္၊ ေျမႇာက္စားခ်ီးျမႇင့္သင့္ရင္ ျမႇင္၊ ဒဏ္ေၾကးစီစဥ္သင့္ရင္ စီစဥ္ စသျဖင့္ နည္းလမ္းအသြယ္သြယ္ သုံးၿပီး အလုပ္သမားေတြ တိုးတက္လာေအာင္ ေဆာင္႐ြက္ရပါတယ္။

 

(၅) Retain/ Motivate
ဒါက လုပ္ငန္းခြင္တိုင္းအတြက္အေရးႀကီးဆုံးအပိုင္း ျဖစ္ပါတယ္။ လုပ္ငန္းတစ္ခု အသားက်ေနတဲ့ ဝန္ထမ္းတစ္ေယာက္ ဒီအလုပ္မွာ တည္ၿမဲေနျခင္း က အဆိုပါလုပ္ငန္းအတြက္ အက်ိဳးအျမတ္တစ္ခုပါ။ ဒါေၾကာင့္ အလုပ္သမားေတြ ၿမဲေအာင္၊ လုပ္ငန္းအက်ိဳးမယုတ္ေအာင္ အလုပ္ရွင္နဲ႔ အလုပ္သမားၾကားရင္ၾကားေစ့ေရး ကို လုပ္ေဆာင္ရတာျဖစ္ပါတယ္။

 

ဒီအခ်က္ေတြက HRM ရဲ႕ အေျခခံအက်ဆုံးအပိုင္းေတြျဖစ္ပါတယ္။ ဒါေလးေတြ ဖတ္ၿပီး လြယ္တယ္ထင္သြားတယ္မလား။ မထင္ပါနဲ႔။ အလုပ္တကာ့အလုပ္ထဲမွာ လူသားေတြကို စီမံခန႔္ခြဲရတဲ့အလုပ္က အေသးစိတ္ဆုံးနဲ႔ အေရးႀကီးဆုံးအလုပ္ပါ။ လုပ္ငန္းႀကီးေလ HR လုပ္ငန္းပိုင္း ပိုရႈပ္ေထြးေလျဖစ္တာေၾကာင့္ သင္က HRM ကို တကယ္စိတ္ဝင္စားတဲ့လူဆိုရင္ ေသခ်ာေလ့လာၿပီး လုပ္ငန္းခြင္မွာပါ အေတြ႕အႀကဳံေတြအမ်ားႀကီးယူရမွာျဖစ္ပါတယ္။

Read times
Rate this articles
(0 votes)