×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Monday, 28 December 2020

၂၀၂၁ မှာ နာမည်ကြီးပြီးအသုံးများလာမယ့် Programming Languages

၂၀၂၁ မှာ နာမည်ကြီးပြီးအသုံးများလာမယ့် Programming Language (၁၁) ခု

သင်က Programmer တစ်ယောက်ဖြစ်ချင်လို့ ကြိုးစားနေတဲ့သူဆို ဒီဆောင်းပါးက သင့်အတွက် အကျိုးသိပ်ရှိလိမ့်မယ် လို့ သတင်းကောင်းပါးပါရစေ။ ဘာကြောင့်လဲဆိုတော့ ၂၀၂၁ မှာ Hot အဖြစ်ဆုံးဖြစ်မယ့် Programming Language ၁၁ ခု အကြောင်း မျှဝေပေးမှာမို့ပါ။ ဒါ့အပြင် အသုံးပြုတဲ့ပုံစံနဲ့ ဘယ်လိုနေရာမှာအသုံးပြုလဲဆိုတာကိုပါ ပြောပြပေးမှာဖြစ်တဲ့အတွက် တူတူဆက်လေ့လာလိုက်ကြရအောင်။

 

1. Python
နံပါတ် ၁ နေရာမှာ သရဖူဆောင်းထားတာကတော့ Python ပါ။ Python က Structured paradigm ရော Object-oriented paradigm ပါ သွားလို့ရတဲ့အပြင် ကြိုက်တဲ့ application ကိုရေးလို့ရတဲ့အတွက် ဗိုလ်စွဲနေတယ်လို့ ထင်ပါတယ်။ စက်ရုပ် command ၊ web scraper ၊ AI application ၊ Data Analysis ၊ Machine Learning ၊ အသံဖိုင်တွေနဲ့ ဗီဒီယိုဖိုင်တွေအတွက်အပြင် application တွေ Computer aided design application တွေ၊ IOT applications တွေအထိ အကုန် ရေးလို့ရတဲ့ အကောင်းဆုံး Programming Language ဖြစ်ပါတယ်။ ဒါ့အပြင် Python က သင်ယူဖို့လွယ်ကူပါတယ်။ ဒါကြောင့် သင်က အခုမှ Programming ပိုင်းဝင်တယ်ဆိုရင် Python နဲ့လေ့လာလိုက်ပါ။

 

2. Java
ကမ္ဘာပေါ်မှာ Developer ရပ်ဝန်းအကြီးဆုံးဖြစ်တဲ့ Java ကတော့ နံပါတ်၂နေရာမှာ ချိတ်နေတာဖြစ်ပါတယ်။ Java က သက်တမ်း ၂၅နှစ်ရှိပြီ ဖြစ်ပြီး တစ်ခါရေးပြီးရင် ကြိုက်တဲ့စက်မှာ run လို့ရပါတယ်။ သူက embedded system တွေကစပြီး web server တွေ၊ Desktop application၊ Mobile application၊ Web application၊ Enterprise application နဲ့ GUI application တွေအထိ နေရာစုံမှာရှိပါတယ်။ ပြီးတော့ Java ကို Android app development တွေမှာ ပိုအသုံးများကြပါတယ်။ ခုနောက်ပိုင်း Business တော်တော်များများအတွက်က Android app တွေလိုအပ်တာကြောင့် Java က ဒုတိယနေရာရောက်နေတယ်လို့ ယူဆပါတယ်။

 

3. C
C က သက်တမ်းအရင့်ဆုံး လို့ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆို သူက ၄၈နှစ်သက်တမ်းရှိပါပြီ။ သူ့နောက်မှပေါ်တဲ့ Language တွေက C ကိုအခြေခံပြီး ကူးယူထားတာပါ။ C ကို C++ နဲ့ပေါင်းပြီး system တွေရော application တော်တော်များများကို ဖန်တီးနိုင်ပါတယ်။ Embedded system လို့ခေါ်တဲ့ စက်ပစ္စည်းတွေအတွက်လည်း C ကိုအသုံးပြုပါတယ်။ ခုနောက်ပိုင်းခေတ်စားလာတဲ့ IOT( Internet of Things) application တွေထိ C ကိုသုံးနေရတုန်းပါ။ အကယ်၍ သင်က system-level programmer တစ်ယောက်ဖြစ်ချင်ရင်တော့ C,C++ ကို လေ့လာသင့်ပါတယ်။

 

4. C++
C Language ကို အဆင့်မြှင့်ဖို့ ရည်ရွယ်ချက်နဲ့ စတင်ထွက်ပေါ်ခဲ့တဲ့ သက်တမ်း ၃၅ နှစ် C++ ကတော့ နံပါတ်၄ နေရာ မှာရှိနေတာဖြစ်ပါတယ်။ ခုချိန်ထိ ရေပန်းစားနေရတဲ့ အကြောင်းကတော့ performance တွေ efficiency တွေကို အလေးပေးရတဲ့ အခါ ကျန်တဲ့ language တွေဟာ သူ့ကို သိပ်မယှဉ်နိုင်သေးပါဘူး။ အထူးသဖြင့် graphics software၊ graphics load များတဲ့ game development တွေ animation software တွေ၊ Adobe software တွေက C++ နဲ့ ရေးထားတာပါ။ ဒါ့အပြင် Google Chrome, Mozilla Firefox, Bloomberg RDBMS, MySQL၊ Oracle, Operating System တွေဖြစ်တဲ့ Windows (XP အထိ)၊ Apple OSX, Linux၊ အခြား High level language တွေရဲ့ compiler တွေဟာ C++ နဲ့ ရေးထားတာပါ။ ဒါကြောင့် performance ကိုပဲ ဦးစားပေးရမယ့် application/system မျိုး ရေးကြတော့မယ်ဆိုရင် C++ ကိုပဲ ရွေးချယ်ကြတာများပါတယ်။

 

5. Javascript
Frontend နေရာကနေ စတင်ခဲ့တဲ့ Javascript ဟာ နံပါတ် ၆ နေရာမှာ ရှိနေပါတယ်။ Node.js လို server side scripting အပြင် ခုနောက်ပိုင်း နာမည်ရလာတဲ့ Cross Platform mobile app library တွေဖြစ်တဲ့ vue.js တို့ react.js တို့ဟာလည်း javascript (ECMA6) ပိုင်မှ ရှေ့ဆက်လို့ ရမှာပါ။ JS က server-side scripting ရော client-side scripting အတွက်ကိုပါ ဒီတစ်ခုတည်းနဲ့ အဆင်ပြေစေပါတယ်။

 

6. Go (Golang)
Alphabet (Google) က ထုတ်တဲ့ Golang (Go) ဟာ နံပါတ် ၆ မှာ နေရာယူထားပါတယ်။ သူက C နဲ့ ရေးသားပုံချင်းတူပါတယ်။ ဒါ့အပြင် အသုံးအနှုန်း တွေကလည်း လူပြောတဲ့ စကားနဲ့ တော်တော် နီးစပ်တာဖြစ်တဲ့အတွက် ခုမှ Programming စ သင်မယ့်သူတွေအတွက် အဆင်ပြေစေပါတယ်။ ၁၀ နှစ် သက်တမ်းပဲ ရှိသေးတယ်ဆိုပေမယ့် Go က ရှုပ်ထွေးတဲ့ System တွေ ရေးသားနိုင်ပြီး concurrency ကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်တဲ့အတွက် သူ့ကို အသုံးပြုတဲ့ နေရာ တော်တော်များပါတယ်။ Go အသုံးပြုတဲ့ ကုမ္ပဏီတွေကတော့ Google, Dropbox, Uber, Ethereum (Crypocurrency) စတာတွေပဲ ဖြစ်ပါတယ်။ Silicon Valley အတွက် စတင်လေ့လာနေသူတွေအဖို့ Golang က တအားအသုံးဝင်ပါတယ်။

 

7. R
စာရင်းအင်းများပြားလှတဲ့ Data တွေကို ဇယားပုံ အမျိုးမျိုးနဲ့ လွယ်လွယ်ကူကူ analyse လုပ်နိုင်အောင် ကူညီပေးတဲ့ R Language ကတော့ နံပါတ် ၇ ချိတ်ပါတယ်။ နယ်ပယ်မျိုးစုံက သုတေသန ပြုသူတွေရဲ့ လက်စွဲ ဖြစ်တဲ့ R ဟာ ခုနောက်ပိုင်း Data Mining နဲ့အတူ ရေပန်းစားလာပါတယ်။ ပြီးတော့ အခြား Language တွေကနေ သူ့ကို တိုက်ရိုက် ချိတ်ဆက်သုံးနိုင်ပါတယ်။ ဒီတော့ သင်က Data Analytics Organization အကြီးစားတွေနဲ့ အလုပ်လုပ်ချင်တဲ့သူဆိုရင်တော့ R ကို အခုပဲလေ့လာလိုက်တော့နော်။

 

8. Swift
Apple Inc က ထုတ်တဲ့ Swift ကတော့ နံပါတ်၈ နေရာမှာ ရှိနေပါတယ်။ Apple product တွေအတွက် ရေးသားတဲ့ ဒီ language ဟာ သူ့ရဲ့ ရှေ့မျိုးဆက် Objective C ကနေ ဆင်းသက်လာပြီး Objective C ထက် code အမှားတွေကို လျင်လျင်မြန်မြန် ဖော်ထုတ်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။

 

9. PHP
နံပါတ် (၉) နေရာမှာ ရှိနေတာကတော့ PHP Language ပါပဲ။ PHP ကို ၁၉၉၅ ခုနှစ်မှာ ဒိန်းမတ်-ကနေဒါနိုင်ငံသား Programmer တစ်ယောက်ဖြစ်တဲ့ Rasmus Lerdorf ရေးဆွဲခဲ့တဲ့ Programming Language တစ်ခုဖြစ်ပါတယ်။ PHP ဆိုတာ စာလုံးစု (Acronym) တစ်ခုဖြစ်ပြီး သူ့ရဲ့အရှည်ကတော့ ‘PHP: Hypertext Preprocessor’ ပဲဖြစ်ပါတယ်။ PHP ဆိုတာ Web Programming သမားတွေကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြတဲ့ Open Source Scripting Language တစ်ခုလည်းဖြစ်ပါတယ်။ PHP Script တွေကို Client ရဲ့ Server မှာပဲအလုပ် (Execute) လုပ်တာ ဖြစ်တဲ့အတွက်ကြောင့် တစ်နည်းအားဖြင့် သူ့ကို အပေါ်မှာဖော်ပြခဲ့တဲ့အတိုင်း Server Side Language လို့လည်း ခေါ်လေ့ရှိပါတယ်။ သူ့ရဲ့ အကောင်းဆုံးနဲ့ လူကြိုက်အများဆုံး တစ်ချက်ကတော့ အခမဲ့ Download ရယူနိုင်တာပဲဖြစ်ပါတယ်။


- ကမ္ဘာ့အကျော်ကြားဆုံးနဲ့ အကြီးကျယ်ဆုံးလို့ သတ်မှတ်ခံထားရတဲ့ Wordpress လို Content Management System တစ်ခုကတောင် PHP ကို သူတို့ရဲ့ အရေးအကြီးဆုံး ပင်မ Programming Language တစ်ခုအဖြစ်အသုံးပြုကြပါတယ်။
- ကမ္ဘာ့လူသုံးအများဆုံး Social Network တစ်ခုဖြစ်တဲ့ Facebook ဟာဆိုရင်လည်း PHP ကို အသုံးပြုလျက်ရှိနေပါတယ်။
- နောက်တစ်ခုက PHP ဟာ Programming ကို စတင်လေ့လာသူ (Beginners)တွေ အတွက်လည်း အလွယ်ကူဆုံး Programming Language တစ်ခုဖြစ်ပါတယ်။

 


10. C#
Microsoft က ထုတ်တဲ့ C# ကတော့ နံပါတ် ၁၀ နေရာမှာ ရှိနေပါတယ်။ ထွက်ခါစက ဝေဖန်ချက်တွေ များခဲ့ပေမယ့် နောက်ပိုင်းမှာတော့ တော်တော်လေးနာမည်ကြီးလာပါပြီ။ C# နာမည်ကြီးလာတဲ့ အကြောင်းရင်း ၂ ခု ရှိပါတယ်။ တစ်ခုကတော့ Android ရော iOS မှာပါ run နိုင်တဲ့ app တွေရေးဖို့ Xamarin framework ကို သုံးချင်ရင် C# နဲ့ ရေးရပါမယ်။ နောက်တစ်ခုကတော့ Virtual Reality app တို့၊ Game တွေ ရေးဖို့ သုံးတဲ့ Unity Game Engine ကြောင့်ပါ။ ဒီ Game Engine သုံးချင်ရင်လည်း C# နဲ့ ရေးရပါမယ်။ AR, VR application တွေ၊ Game တွေ ရေးချင်ရင်တော့ C# နဲ့ စတင်လိုက်ပါ။

 

11. MATLAB
Mathworks ကုမ္ပဏီက ထုတ်တဲ့ MATLAB (MATRIX LABORATORY) ကတော့ နံပါတ် ၁၁ နေရာမှာ ရှိနေပါတယ်။ Closed source language ဖြစ်ပြီးတော့ algorithm တွေ တည်ဆောက်ဖို့၊ function တွေ data တွေကို analysis လုပ်ဖို့ နေရာတွေမှာ သုံးပါတယ်။ MATLAB အသုံးပြုသူတော်တော်များများဟာ သိပ္ပံပညာ၊ ဘောဂဗေဒ၊ အင်ဂျင်နီယာနယ်ပယ်က ဖြစ်ပါတယ်။


ဒီ Language တွေက ၂၀၂၁ မှာ IEEE( Institute of Electrical and Electronics Engineers ) ကနေ သတ်မှတ်နိုင်တဲ့ အဆင့်တွေကို ပညာရှင်တချို့က ခန့်မှန်းဖော်ပြထားတာဖြစ်ပါတယ်။

 

အကယ်၍ သင်ကအခုမှ Programming Language ကို လေ့လာမယ့်သူဆိုရင် www.Sayar.com.mm မှာ အခမဲ့ ဆရာရှာဖွေ လေ့လာနိုင်ပါတယ်။

>>> https://www.sayar.com.mm/subjects/all-teachers/subject-380.html
>>> https://www.sayar.com.mm/subjects/all-teachers/subject-247.html

 

#Having_to_find_teachers
Sayar.com.mm

 

 

၂၀၂၁ မွာ နာမည္ႀကီးၿပီးအသုံးမ်ားလာမယ့္ Programming Language (၁၁) ခု

သင္က Programmer တစ္ေယာက္ျဖစ္ခ်င္လို႔ ႀကိဳးစားေနတဲ့သူဆို ဒီေဆာင္းပါးက သင့္အတြက္ အက်ိဳးသိပ္ရွိလိမ့္မယ္ လို႔ သတင္းေကာင္းပါးပါရေစ။ ဘာေၾကာင့္လဲဆိုေတာ့ ၂၀၂၁ မွာ Hot အျဖစ္ဆုံးျဖစ္မယ့္ Programming Language ၁၁ ခု အေၾကာင္း မွ်ေဝေပးမွာမို႔ပါ။ ဒါ့အျပင္ အသုံးျပဳတဲ့ပုံစံနဲ႔ ဘယ္လိုေနရာမွာအသုံးျပဳလဲဆိုတာကိုပါ ေျပာျပေပးမွာျဖစ္တဲ့အတြက္ တူတူဆက္ေလ့လာလိုက္ၾကရေအာင္။

 

1. Python
နံပါတ္ ၁ ေနရာမွာ သရဖူေဆာင္းထားတာကေတာ့ Python ပါ။ Python က Structured paradigm ေရာ Object-oriented paradigm ပါ သြားလို႔ရတဲ့အျပင္ ႀကိဳက္တဲ့ application ကိုေရးလို႔ရတဲ့အတြက္ ဗိုလ္စြဲေနတယ္လို႔ ထင္ပါတယ္။ စက္႐ုပ္ command ၊ web scraper ၊ AI application ၊ Data Analysis ၊ Machine Learning ၊ အသံဖိုင္ေတြနဲ႔ ဗီဒီယိုဖိုင္ေတြအတြက္အျပင္ application ေတြ Computer aided design application ေတြ၊ IOT applications ေတြအထိ အကုန္ ေရးလို႔ရတဲ့ အေကာင္းဆုံး Programming Language ျဖစ္ပါတယ္။ ဒါ့အျပင္ Python က သင္ယူဖို႔လြယ္ကူပါတယ္။ ဒါေၾကာင့္ သင္က အခုမွ Programming ပိုင္းဝင္တယ္ဆိုရင္ Python နဲ႔ေလ့လာလိုက္ပါ။

 

2. Java
ကမာၻေပၚမွာ Developer ရပ္ဝန္းအႀကီးဆုံးျဖစ္တဲ့ Java ကေတာ့ နံပါတ္၂ေနရာမွာ ခ်ိတ္ေနတာျဖစ္ပါတယ္။ Java က သက္တမ္း ၂၅ႏွစ္ရွိၿပီ ျဖစ္ၿပီး တစ္ခါေရးၿပီးရင္ ႀကိဳက္တဲ့စက္မွာ run လို႔ရပါတယ္။ သူက embedded system ေတြကစၿပီး web server ေတြ၊ Desktop application၊ Mobile application၊ Web application၊ Enterprise application နဲ႔ GUI application ေတြအထိ ေနရာစုံမွာရွိပါတယ္။ ၿပီးေတာ့ Java ကို Android app development ေတြမွာ ပိုအသုံးမ်ားၾကပါတယ္။ ခုေနာက္ပိုင္း Business ေတာ္ေတာ္မ်ားမ်ားအတြက္က Android app ေတြလိုအပ္တာေၾကာင့္ Java က ဒုတိယေနရာေရာက္ေနတယ္လို႔ ယူဆပါတယ္။

 

3. C
C က သက္တမ္းအရင့္ဆုံး လို႔ဆိုႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆို သူက ၄၈ႏွစ္သက္တမ္းရွိပါၿပီ။ သူ႔ေနာက္မွေပၚတဲ့ Language ေတြက C ကိုအေျခခံၿပီး ကူးယူထားတာပါ။ C ကို C++ နဲ႔ေပါင္းၿပီး system ေတြေရာ application ေတာ္ေတာ္မ်ားမ်ားကို ဖန္တီးႏိုင္ပါတယ္။ Embedded system လို႔ေခၚတဲ့ စက္ပစၥည္းေတြအတြက္လည္း C ကိုအသုံးျပဳပါတယ္။ ခုေနာက္ပိုင္းေခတ္စားလာတဲ့ IOT( Internet of Things) application ေတြထိ C ကိုသုံးေနရတုန္းပါ။ အကယ္၍ သင္က system-level programmer တစ္ေယာက္ျဖစ္ခ်င္ရင္ေတာ့ C,C++ ကို ေလ့လာသင့္ပါတယ္။

 

4. C++
C Language ကို အဆင့္ျမႇင့္ဖို႔ ရည္႐ြယ္ခ်က္နဲ႔ စတင္ထြက္ေပၚခဲ့တဲ့ သက္တမ္း ၃၅ ႏွစ္ C++ ကေတာ့ နံပါတ္၄ ေနရာ မွာရွိေနတာျဖစ္ပါတယ္။ ခုခ်ိန္ထိ ေရပန္းစားေနရတဲ့ အေၾကာင္းကေတာ့ performance ေတြ efficiency ေတြကို အေလးေပးရတဲ့ အခါ က်န္တဲ့ language ေတြဟာ သူ႔ကို သိပ္မယွဥ္ႏိုင္ေသးပါဘူး။ အထူးသျဖင့္ graphics software၊ graphics load မ်ားတဲ့ game development ေတြ animation software ေတြ၊ Adobe software ေတြက C++ နဲ႔ ေရးထားတာပါ။ ဒါ့အျပင္ Google Chrome, Mozilla Firefox, Bloomberg RDBMS, MySQL၊ Oracle, Operating System ေတြျဖစ္တဲ့ Windows (XP အထိ)၊ Apple OSX, Linux၊ အျခား High level language ေတြရဲ႕ compiler ေတြဟာ C++ နဲ႔ ေရးထားတာပါ။ ဒါေၾကာင့္ performance ကိုပဲ ဦးစားေပးရမယ့္ application/system မ်ိဳး ေရးၾကေတာ့မယ္ဆိုရင္ C++ ကိုပဲ ေ႐ြးခ်ယ္ၾကတာမ်ားပါတယ္။

 

5. Javascript
Frontend ေနရာကေန စတင္ခဲ့တဲ့ Javascript ဟာ နံပါတ္ ၆ ေနရာမွာ ရွိေနပါတယ္။ Node.js လို server side scripting အျပင္ ခုေနာက္ပိုင္း နာမည္ရလာတဲ့ Cross Platform mobile app library ေတြျဖစ္တဲ့ vue.js တို႔ react.js တို႔ဟာလည္း javascript (ECMA6) ပိုင္မွ ေရွ႕ဆက္လို႔ ရမွာပါ။ JS က server-side scripting ေရာ client-side scripting အတြက္ကိုပါ ဒီတစ္ခုတည္းနဲ႔ အဆင္ေျပေစပါတယ္။

 

6. Go (Golang)
Alphabet (Google) က ထုတ္တဲ့ Golang (Go) ဟာ နံပါတ္ ၆ မွာ ေနရာယူထားပါတယ္။ သူက C နဲ႔ ေရးသားပုံခ်င္းတူပါတယ္။ ဒါ့အျပင္ အသုံးအႏႈန္း ေတြကလည္း လူေျပာတဲ့ စကားနဲ႔ ေတာ္ေတာ္ နီးစပ္တာျဖစ္တဲ့အတြက္ ခုမွ Programming စ သင္မယ့္သူေတြအတြက္ အဆင္ေျပေစပါတယ္။ ၁၀ ႏွစ္ သက္တမ္းပဲ ရွိေသးတယ္ဆိုေပမယ့္ Go က ရႈပ္ေထြးတဲ့ System ေတြ ေရးသားႏိုင္ၿပီး concurrency ကို ထိထိေရာက္ေရာက္ ကိုင္တြယ္ႏိုင္တဲ့အတြက္ သူ႔ကို အသုံးျပဳတဲ့ ေနရာ ေတာ္ေတာ္မ်ားပါတယ္။ Go အသုံးျပဳတဲ့ ကုမၸဏီေတြကေတာ့ Google, Dropbox, Uber, Ethereum (Crypocurrency) စတာေတြပဲ ျဖစ္ပါတယ္။ Silicon Valley အတြက္ စတင္ေလ့လာေနသူေတြအဖို႔ Golang က တအားအသုံးဝင္ပါတယ္။

 

7. R
စာရင္းအင္းမ်ားျပားလွတဲ့ Data ေတြကို ဇယားပုံ အမ်ိဳးမ်ိဳးနဲ႔ လြယ္လြယ္ကူကူ analyse လုပ္ႏိုင္ေအာင္ ကူညီေပးတဲ့ R Language ကေတာ့ နံပါတ္ ၇ ခ်ိတ္ပါတယ္။ နယ္ပယ္မ်ိဳးစုံက သုေတသန ျပဳသူေတြရဲ႕ လက္စြဲ ျဖစ္တဲ့ R ဟာ ခုေနာက္ပိုင္း Data Mining နဲ႔အတူ ေရပန္းစားလာပါတယ္။ ၿပီးေတာ့ အျခား Language ေတြကေန သူ႔ကို တိုက္႐ိုက္ ခ်ိတ္ဆက္သုံးႏိုင္ပါတယ္။ ဒီေတာ့ သင္က Data Analytics Organization အႀကီးစားေတြနဲ႔ အလုပ္လုပ္ခ်င္တဲ့သူဆိုရင္ေတာ့ R ကို အခုပဲေလ့လာလိုက္ေတာ့ေနာ္။

 

8. Swift
Apple Inc က ထုတ္တဲ့ Swift ကေတာ့ နံပါတ္၈ ေနရာမွာ ရွိေနပါတယ္။ Apple product ေတြအတြက္ ေရးသားတဲ့ ဒီ language ဟာ သူ႔ရဲ႕ ေရွ႕မ်ိဳးဆက္ Objective C ကေန ဆင္းသက္လာၿပီး Objective C ထက္ code အမွားေတြကို လ်င္လ်င္ျမန္ျမန္ ေဖာ္ထုတ္ႏိုင္ဖို႔ ရည္႐ြယ္ထားပါတယ္။

 

9. PHP
နံပါတ္ (၉) ေနရာမွာ ရွိေနတာကေတာ့ PHP Language ပါပဲ။ PHP ကို ၁၉၉၅ ခုႏွစ္မွာ ဒိန္းမတ္-ကေနဒါႏိုင္ငံသား Programmer တစ္ေယာက္ျဖစ္တဲ့ Rasmus Lerdorf ေရးဆြဲခဲ့တဲ့ Programming Language တစ္ခုျဖစ္ပါတယ္။ PHP ဆိုတာ စာလုံးစု (Acronym) တစ္ခုျဖစ္ၿပီး သူ႔ရဲ႕အရွည္ကေတာ့ ‘PHP: Hypertext Preprocessor’ ပဲျဖစ္ပါတယ္။ PHP ဆိုတာ Web Programming သမားေတြက်ယ္က်ယ္ျပန႔္ျပန႔္ အသုံးျပဳၾကတဲ့ Open Source Scripting Language တစ္ခုလည္းျဖစ္ပါတယ္။ PHP Script ေတြကို Client ရဲ႕ Server မွာပဲအလုပ္ (Execute) လုပ္တာ ျဖစ္တဲ့အတြက္ေၾကာင့္ တစ္နည္းအားျဖင့္ သူ႔ကို အေပၚမွာေဖာ္ျပခဲ့တဲ့အတိုင္း Server Side Language လို႔လည္း ေခၚေလ့ရွိပါတယ္။ သူ႔ရဲ႕ အေကာင္းဆုံးနဲ႔ လူႀကိဳက္အမ်ားဆုံး တစ္ခ်က္ကေတာ့ အခမဲ့ Download ရယူႏိုင္တာပဲျဖစ္ပါတယ္။

- ကမာၻ႔အေက်ာ္ၾကားဆုံးနဲ႔ အႀကီးက်ယ္ဆုံးလို႔ သတ္မွတ္ခံထားရတဲ့ Wordpress လို Content Management System တစ္ခုကေတာင္ PHP ကို သူတို႔ရဲ႕ အေရးအႀကီးဆုံး ပင္မ Programming Language တစ္ခုအျဖစ္အသုံးျပဳၾကပါတယ္။
- ကမာၻ႔လူသုံးအမ်ားဆုံး Social Network တစ္ခုျဖစ္တဲ့ Facebook ဟာဆိုရင္လည္း PHP ကို အသုံးျပဳလ်က္ရွိေနပါတယ္။
- ေနာက္တစ္ခုက PHP ဟာ Programming ကို စတင္ေလ့လာသူ (Beginners)ေတြ အတြက္လည္း အလြယ္ကူဆုံး Programming Language တစ္ခုျဖစ္ပါတယ္။


10. C#
Microsoft က ထုတ္တဲ့ C# ကေတာ့ နံပါတ္ ၁၀ ေနရာမွာ ရွိေနပါတယ္။ ထြက္ခါစက ေဝဖန္ခ်က္ေတြ မ်ားခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ ေတာ္ေတာ္ေလးနာမည္ႀကီးလာပါၿပီ။ C# နာမည္ႀကီးလာတဲ့ အေၾကာင္းရင္း ၂ ခု ရွိပါတယ္။ တစ္ခုကေတာ့ Android ေရာ iOS မွာပါ run ႏိုင္တဲ့ app ေတြေရးဖို႔ Xamarin framework ကို သုံးခ်င္ရင္ C# နဲ႔ ေရးရပါမယ္။ ေနာက္တစ္ခုကေတာ့ Virtual Reality app တို႔၊ Game ေတြ ေရးဖို႔ သုံးတဲ့ Unity Game Engine ေၾကာင့္ပါ။ ဒီ Game Engine သုံးခ်င္ရင္လည္း C# နဲ႔ ေရးရပါမယ္။ AR, VR application ေတြ၊ Game ေတြ ေရးခ်င္ရင္ေတာ့ C# နဲ႔ စတင္လိုက္ပါ။

 

11. MATLAB
Mathworks ကုမၸဏီက ထုတ္တဲ့ MATLAB (MATRIX LABORATORY) ကေတာ့ နံပါတ္ ၁၁ ေနရာမွာ ရွိေနပါတယ္။ Closed source language ျဖစ္ၿပီးေတာ့ algorithm ေတြ တည္ေဆာက္ဖို႔၊ function ေတြ data ေတြကို analysis လုပ္ဖို႔ ေနရာေတြမွာ သုံးပါတယ္။ MATLAB အသုံးျပဳသူေတာ္ေတာ္မ်ားမ်ားဟာ သိပၸံပညာ၊ ေဘာဂေဗဒ၊ အင္ဂ်င္နီယာနယ္ပယ္က ျဖစ္ပါတယ္။
ဒီ Language ေတြက ၂၀၂၁ မွာ IEEE( Institute of Electrical and Electronics Engineers ) ကေန သတ္မွတ္ႏိုင္တဲ့ အဆင့္ေတြကို ပညာရွင္တခ်ိဳ႕က ခန႔္မွန္းေဖာ္ျပထားတာျဖစ္ပါတယ္။

 

အကယ္၍ သင္ကအခုမွ Programming Language ကို ေလ့လာမယ့္သူဆိုရင္ www.Sayar.com.mm မွာ အခမဲ့ ဆရာရွာေဖြ ေလ့လာႏိုင္ပါတယ္။

>>> https://www.sayar.com.mm/subjects/all-teachers/subject-380.html
>>> https://www.sayar.com.mm/subjects/all-teachers/subject-247.html

 

#Having_to_find_teachers
Sayar.com.mm

 

 

Read times
Rate this articles
(0 votes)