×
Warning
JUser: :_load: Unable to load user with ID: 81428
Knowledge
Friday, 08 January 2021
ဉာဏ်စမ်လေးတွေဖြေကြည့်တော့ ဗဟုသုတလည်းတိုး၊ ဘဝအမောတစ်ချို့လည်းေျပ၊ ပျော်ဖို့လည်းကောင်းတာပေါ့။
ဉာဏ်စမ်လေးတွေဖြေကြည့်တော့ ဗဟုသုတလည်းတိုး၊ ဘဝအမောတစ်ချို့လည်းေျပ၊ ပျော်ဖို့လည်းကောင်းတာပေါ့။
(၁) တစ်ခါက လူကြီးတစ်ယောက် ခရီးသွားဖို့ ဘူတာရုံမှာ လက်မှတ်ဖြတ်နေပါတယ်။ သူရထားလက်မှတ်ဝယ်ပြီး လှည့်အထွက်မှာ သူ့ရဲ့ ဖိနပ်တစ်ဖက်က ပြက်သွားခဲ့တယ်။ ဒီအခါ ရထားမမှီမှာဆိုးတဲ့အတွက် ဘူတာနဲ့ အနီးနားမှာရှိတဲ့စတိုးဆိုင်ကိုအပြေးသွားပြီး ဖိနပ်တစ်ရံသွားဝယ်ခဲ့တယ်။အချိန်မမှီမှာဆိုးတဲ့အတွက် လောလောလောလောနဲ့ဝယ်ခဲ့ပြီး နောက်မှသေချာပြန်ကြည့်တော့ ဖိနပ်က ဘယ်တစ်ဖက် ညာတစ်ဖက်ဖြစ်နေတယ်။ ဒါဆို (၁) ဖိနပ်ရောင်းတဲ့သူရဲ့အမှားလား။ (၂)ဝယ်တဲ့သူရဲ့အမှားလား။ ဒါမှမဟုတ် (၃) နှစ်ယောက်စလုံးမှာ ဘယ်သူမှမမှားဘူးလား။ အဖြေကိုသေချာစဉ်းစားကြည့်ရအောင်။
1a.jpg
၁။ အဖြေမှန်ကတော့ (၃) နှစ်ယောက်စလုံးဘယ်သူမှမမှားပါဘူး။ မေးခွန်းထဲမှာ ဘယ်တစ်ဖက် ညာတစ်ဖက်လို့ မေးထားပါတယ်။ ကျွန်တော်တို့ခြေထောက်ကလည်း ဘယ်ညာနှစ်ဖက်ပဲရှိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။
*******************************************
(၂) “ဦးတင်အောင်” ဆိုတဲ့သူက ရထားစီးပြီး ညအိပ်ခရီးတစ်ခုသွားခဲ့တယ်။ လမ်းမှာအစားပေါင်းစုံစားပြီး အိမ်သာတက်ချင်သွားပါလေရော။ ဒီအခါ သူက အိမ်သာထဲကို သွားပြီး ချက်ခြင်း ပြန်လှည့်ထွက်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ဦးတင်အောင်က ပြောတယ် အထဲမှာ ငါကိုအိမ်သာမတက်အောင် စာတစ်စောင်ကပ်ထားလို့တဲ့။ ကဲ ဒါဆို သူနဲ့ ပတ်သတ်တဲ့စာတစ်စောင်ဆိုတာ ဘယ်လိုစာမျိုးဖြစ်မလဲ စဉ်းစားကြည့်ရအောင်။
1b.jpg
၂။အဖြေမှန်ကတော့ “အီး တင်အောင် မပါရ” ဆိုတဲ့ စာသားပဲဖြစ်ပါတယ်။
*******************************************
(၃) လူနှစ်ယောက် မြစ်ထဲမှာ လှေလှော်လာခဲ့တယ်။ ထိုလှေရဲ့ လှေဦးပိုင်းမှာတစ်ယောက်ထိုင်တယ်။ လှေရဲ့အနောက်ပိုင်းမှာ တစ်ယောက်ထိုင်လာတယ်။ သူတို့လှေရဲ့အရှေ့မှာတော့ အုန်းသီးတစ်လုံး မြှုပ်လိုက်၊ နစ်လိုက်ဖြစ်နေတယ်။ ဒါဆို ဒီအုန်းသီးကို (၁) နှစ်ယောက်စလုံးမတွေ့ဘူးလား။ (၂) နှစ်ယောက်စလုံးပြိုင်တူတွေ့လား။ (၃) ဘယ်သူက အရင်တွေ့မလဲ။
www.sayar.com_copy.jpg
၃။ အဖြေမှန်ကတော့ ဘယ်သူမှမတွေ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ မေးခွန်းမှာ ပေါ်လိုက် မြှုပ်လိုက်လို့ မေးထားတာမဟုတ်ပါဘူး။ မြှုပ်လိုက် နစ်လိုက်လို့ ပြောထားတာပါ။ မြှုပ်မှတော့ နစ်ရုံပဲရှိတော့တာပေါ့ဗျာ။
*******************************************
(၄) ဦးမောင်ရဲ့ဒေါင်းက ဦးလှရဲ့ခြံထဲမှာ ဥသွားဥတယ်ဆို အဲ့ဒီဥတွေကို ဘယ်သူပိုင်သလဲ?
1e.jpg
၄။ အဖြေ – ဘယ်သူမှ မပိုင်ပါဘူး။ ဒေါင်းက ဥမဥပါဘူး။ အကောင်လေးတွေ မွေးတာပါ။
*******************************************
၅။ ကုန်တင်ကားမောင်းတဲ့လူက တစ်လမ်းမောင်း ယာဉ်ကြောကို လမ်းပြောင်းပြန်သွားမိပေမဲ့ အဲ့မှာရှိတဲ့ ရဲတွေက သူ့ကိုမဖမ်းပါဘူး။ ဘာလို့မဖမ်းတာလဲ?
1c.jpg
၅။ အဖြေ – သူက ကုန်တင်ကားမပါပဲ လမ်းဘေးကနေ လမ်းလျှောက်သွားလို့ပါ။
Credit:
ဉာဏ်စမ်လေးတွေဖြေကြည့်တော့ ဗဟုသုတလည်းတိုး၊ ဘဝအမောတစ်ချို့လည်းပြေ၊ ပျော်ဖို့လည်းကောင်းတာပေါ့။
1a.jpg
*******************************************
1b.jpg
*******************************************
www.sayar.com_copy.jpg
*******************************************
1e.jpg
*******************************************
1c.jpg
Credit:
Read times Last modified on Friday, 08 January 2021 17:40
Rate this articles
(1 Vote)