×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Friday, 22 January 2021

ဖုန်းရွှေပညာ နှင့် မြန်မာရိုးရာယုံကြည်မှု

အိမ်တစ်အိမ်အတွက်အရေးကြီးသည့် ဖုန်းရွှေပညာ နှင့် မြန်မာရိုးရာယုံကြည်မှု


ဖုန်းရွှေဆိုတာ

ဖုန်းရွှေဆိုသည်မှာ လေနှင့်ရေဟု အဓိပ္ပါယ်ရသည်။တရုတ်ပညာရှင်များက သဘာဝဘေးအန္တရာယ်များဖြစ်သော လေနှင့်ရေ ဘေးမှ ကာကွယ်ရန် တီထွင်ခဲ့ခြင်းဖြစ်သည်။ ယခုနောက်ပိုင်းတွင်မူ ဖုန်းရွှေပညာရပ်ကို အိမ်တည်ဆောက်မှုအပိုင်းနှင့် အလုပ်အကိုင် ပိုမိုကောင်းမွန်စေရေး အတွက်အသုံးပြုလာကြသည်။

 

ဖုန်းရွှေ ကိုယ်စားပြုအပိုင်းများ
ဖုန်းရွှေနည်းပညာအရ အိမ်ကိုရှစ်ပိုင်းခွဲခြမ်းနိုင်သည်။ အိမ်၏ဝင်ပေါက်နှင့်တည့်တည့် အိမ်အလယ်ပိုင်းသည် ပိုင်ရှင်၏ အလုပ်အကိုင်ကို ကိုယ်စားပြုသည်။ ယင်းအနေအထားမှ ညာဘက်သို့ ၄၅ ဒီဂရီစောင်းလိုက်သောအခါ ဗဟုသုတအပိုင်းသို့ရောက် သည်။ ၄၅ ဒီဂရီအချိုးတိုင်းသည် အိမ်၏ ကျန်းမာရေး၊ ကြွယ်ဝမှု၊ အောင်မြင်မှု၊ အိမ်ထောင်ရေး၊ မိသားစုနှင့် သြဇာ အာဏာတို့ကို ကိုယ်စားပြုသွားမည်ဖြစ်သည်။ အိမ်တစ်ခုလုံး၏ ကြမ်းခင်းဧရိယာပေါ်တွင် အဌဂံဆွဲ လိုက်သောအခါ အပိုင်း များကို ခွဲစိတ်ရန် ပို၍လွယ်ကူသွားမည်ဖြစ်သည်။

 

စွမ်းအားဖြည့်ပေးခြင်း
ဆောင်ရန်
သက်ဆိုင်ရာအစိတ်အပိုင်းများကို ပိုမိုစွမ်းအားရှိစေရန် အားဖြည့်ပေးမှု လုပ်ဆောင်ရန်လိုအပ်သည်။ဥပမာ ကျန်းမာရေးကို ကိုယ်စားပြုသော အစိတ်အပိုင်းတွင် မိသားစုပုံများ ချိတ်ဆွဲထားခြင်းဖြင့် အိမ်ရှိလူများ၏ ကျန်းမာရေးကို ကောင်းမွန်စေသည်။ မိသားစုအစိတ်အပိုင်းတွင် မိမိ၏ဆွေမျိုးကလေးငယ်များ၏ပုံကို ချိတ်ဆွဲထားသင့်သည်။ အကြီးအကဲများ၏ အကူအညီကို ရယူလိုပါက သြဇာအာဏာအပိုင်းတွင် မိမိကိုးကွယ်ယုံကြည်သော ဘာသာရေးနှင့်ဆိုင်သည့်ပစ္စည်းများကို ထည့်သွင်းထားသင့်သည်။ မိမိ၏ အိမ်ထောင်ရေးသာယာချမ်းမြေ့စေရန် အိမ်ထောင်ရေးအပိုင်းထဲတွင် ဖယောင်းတိုင် ထည့်ထွန်းသည့် တိုင်နှစ်တိုင်ကို ထည့်သွင်းရသည်။

ထို့ပြင် ထမင်းစားခန်းထဲတွင်ကြည့်မှန်ထားရှိခြင်းဖြင့် အစာရေစာပေါများစေသည်ဟု ယုံကြည်ကြသည်။ ငါးကန်များ ထားရှိခြင်းသည်လည်း အိမ်၏ဝင်ငွေကိုတိုးစေသကဲ့သို့ အိမ်သားများကိုလည်း အေးချမ်းမှု ဆောင်ကြဉ်းပေးနိုင်သည်ဟု ယုံကြည်ကြသည်။

 

ရှောင်ရန်
အံဆွဲထဲတွင် ပစ္စည်းများအပြည့်ထည့်ထားခြင်းသည် စီးပွားရေးဖွံ့ဖြိုးမှုကို အနှောင့်အယှက်ဖြစ်စေသည်။စာအုပ်စင်ပေါ်တွင် စာအုပ်များပြည့်ကျပ်စွာတင်ထားခြင်းသည် အသိပညာဖွံ့ဖြိုးမှုကို ရပ်တန့်စေသည်။ မျက်နှာကြက်တွင် ပစ္စည်းအများအပြား ချိတ်ဆွဲခြင်းသည် စိတ်ဓာတ်ကျဆင်းမှုကို ဖြစ်ပေါ်စေနိုင်သည်။ အထူးသဖြင့် မီးဖိုပေါ်တွင် ဒယ်အိုးချိတ်ဆွဲခြင်းသည် အိမ်၏ ငွေရေးကြေးရေးအခြေအနေကို ဆိုးရွားစေသောကြောင့် ရှောင်ကျဉ်သင့်သည်။ အိပ်ရာဘေးနံရံပေါ်တွင် နံရံကပ်စင်ရိုက်ခြင်း သည် အိပ်ရေးပျက်ခြင်း၊ စွမ်းအင်ကုန်ခမ်းခြင်း၊ ခေါင်းကိုက်ခြင်းတို့ကို ဖြစ်ပေါ်စေသည်။

အိပ်ရာအောက်တွင် စာအုပ်၊ ဗွီဒီယို၊ တီဗွီကဲ့သို့သော ပစ္စည်းအမာများ သိမ်းဆည်းထားခြင်းသည်လည်း အိပ်ရေးပျက်ခြင်းနှင့် အနားမည်မျှယူသည်ဖြစ်စေ ပင်ပန်းနွမ်းနယ်ခြင်းကို ဖြစ်ပေါ်စေသည်။ အိမ်ထဲတွင် မိသားစုဓာတ်ပုံများကို ပြန့်ကျဲပြီးမထား ရပေ။

 

အရေးကြီးဆုံးအချက်မှာ မိမိ၏အဖိုးတန်လက်ဝတ်ရတနာများကို တွေ့ရာဘူးများတွင် ထည့်သွင်းသိမ်းဆည်းခြင်းမပြုရန် ဖြစ်သည်။ ယင်းတို့နှင့်ထိုက်တန်သော ဘူးများအတွင်းတွင် သိမ်းဆည်းသင့်သည်။ ဈေးပေါသောဘူးများကို အသုံးပြုခြင်းဖြင့် ပစ္စည်း၏အစွမ်းသက်ရောက်မှုကိုလျော့ကျစေပြီး ဝတ်ဆင်သူကိုလည်း စိတ်ဓာတ်ကျဆင်းမှုဖြစ်စေသည်။

 


ဖုန်းရွှေနည်းအရ သိနိုင်သောအရောင်များ၏စွမ်းအား
ဖုန်းရွှေနည်းအရ အိမ်တစ်အိမ်တွင်သုတ်ထားသောအရောင်များမှာ အိမ်တွင်နေထိုင်သောသူများ၏ စိတ်ခံစားချက်နှင့် ကျန်းမာ ရေးတွင် အကျိုးသက်ရောက်မှုရှိသည်။ အရောင်တိုင်းတွင် ကိုယ်ပိုင်စွမ်းအားများရှိပြီး ယင်းတို့သည် အခန်းတွင်း နေထိုင်သူ၏ ခံစားချက်ကို ပြောင်းလဲပေးနိုင်သည်။

 

အနီရောင်
အခန်းတွင်းတွင် အနီရောင်သုတ်ခြင်းအားဖြင့် နေထိုင်သူကို တက်ကြွသော၊ သြဇာရှိသော ခံစားချက်ကို ဖြစ်ပေါ်စေသည်။ အခြားတစ်ဖက်တွင် အနီရောင်သည် စိတ်လှုပ်ရှားတတ်သူတစ်ယောက်အတွက် စိတ်ဖိစီးမှုဖြစ်ပေါ်စေသည်။ အိပ်ခန်းတွင်းတွင် အနီရောင် အသုံးပြုလျှင် အနားယူစရာအိပ်ခန်းကောင်းတစ်ခု ဖြစ်မလာနိုင်တော့ပေ။ အားကစားခန်းမများအတွက်မူ အနီရောင်မှာ အသင့်တော်ဆုံးနှင့် အသုံးသင့်ဆုံးအရောင် တစ်ခုဖြစ်သည်။ ပန်းရောင်တွင် အဆိုပါ စွမ်းအားများရှိသော်လည်း အနီရောင်လောက် စွမ်းအားမမြင့်ပေ။

 

လိမ္မော်ရောင်
လိမ္မော်ရောင်အခန်းများသည် ပျော်ရွှင်သောစိတ်ခံစားမှုကို ပေးစွမ်းနိုင်သည်။လိမ္မော်ရောင်ကို ထမင်းစားခန်းနှင့် မိသားစု အခန်းများတွင် အသုံးပြုခြင်းအားဖြင့် အစာစားလိုမှုကို ပိုမိုဖြစ်ပေါ်စေသည်။

 

အဝါရောင်
စိတ်ကြည်လင်ခြင်း၊ ပျော်ရွှင်ခြင်းစသော ခံစားချက်များကို အဝါရောင်အခန်းမှ ရရှိနိုင်သည်။ အဝါရောင်သည် ဦးနှောက်၏ ဘယ်ဘက်ခြမ်းအား ကိုယ်စားပြုသည်ဟု ယုံကြည်ကြသည်။ အဝါရောင်ကို ရုံးခန်းအတွင်းတွင် အသုံးပြုခြင်းအားဖြင့် စိတ်ကူး များ ပိုမိုကွန့်မြူးစေနိုင်သည်မှာ မှန်သော်လည်း စိတ်အနားမရစေနိုင်သောကြောင့် နံရံတစ်ခုလုံးအတွက် အသုံးပြုခြင်းထက် အစိတ်အပိုင်းတစ်ခု အတွက်သာအသုံးပြုရန် ပိုမိုသင့်လျော်သည်။

 

အစိမ်းရောင်
အစိမ်းရောင်မှာ ငြိမ်းချမ်းမှုနှင့် တက်ကြွမှုကို တစ်ပြိုင်တည်းပေးနိုင်သည်။ စိတ်ရှုပ်ထွေးနေသူများနှင့် အနားယူရန် လိုအပ် နေသူများအတွက် လိုအပ်သောစွမ်းအင်ကို အစိမ်းရောင်အခန်းမှ ပေးနိုင်သည်။

 

အပြာရောင်
အပြာရောင်တွင် ငြိမ်းချမ်းခြင်း၊ အေးချမ်းခြင်းစသော စွမ်းအားများရှိသောကြောင့် အိပ်ခန်းများနှင့် တရားထိုင်သော အခန်းများ တွင် အသုံးပြုသည်။ အိပ်မပျော်သောသူများအနေဖြင့် အပြာရောင်အခန်းတွင် အိပ်စက်ခြင်းအားဖြင့် အိပ်ပျော်ရန် လွယ်ကူ စေသည်။

 

ခရမ်းရောင်
ခရမ်းရောင်သည် သက်တောင့်သက်သာဖြစ်သော ခံစားချက်ကိုဖြစ်ပေါ်စေသည်။ ခရမ်းရောင်အခန်းအတွင်းတွင် ယုံကြည်မှု၊ သစ္စာရှိမှုစသော ခံစားချက်များဖြစ်ပေါ်စေသည်။ သို့သော် အခန်းတစ်ခုလုံးအတွက် ခရမ်းရောင်အသုံးပြုရန်မှာမူ မသင့် လျော်ပေ။ ခရမ်းရောင်အနုမှာမူ တည်ငြိမ်သော ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးနိုင်သည်။

 

အဖြူရောင်
အဖြူရောင်၏ သန့်စင်သောစွမ်းအားကြောင့် အခန်းတိုင်းအတွက် အသုံးပြုရန်သင့်လျော်သော်လည်း တစ်ခန်းလုံးအတွက် အသုံးပြုခြင်းမှာမူ အထီးကျန်ဆန်သော ခံစားမှုဖြစ်စေသည်။ မျက်နှာကြက်တွင် အဖြူရောင်အသုံးပြုခြင်းမှာမူ အခန်းကို လင်းစေသောကြောင့် အသုံးပြုသင့်သည်။

 

အနက်ရောင်
အနက်ရောင်သည် ငွေကြေးနှင့်ဝင်ငွေကို ကိုယ်စားပြုသည်။ လုပ်ငန်းခွင်မှ သူများအနေဖြင့် အနက်နှင့် သတ္တုကို တွဲဖက်သုံးစွဲခြင်းအားဖြင့် ငွေကြေးကံကောင်းစေသည်။ ဖုန်းရွှေနည်းအရ အနက်ရောင်သည် ပါဝါကိုတိုးမြင့်စေသည်။

 

 

 

အိမ္တစ္အိမ္အတြက္္အေရးႀကီးသည့္ ဖုန္းေရႊပညာ ႏွင့္ ျမန္မာ႐ိုးရာယံုၾကည္မႈ

ဖုန္းေရႊဆိုတာ

ဖုန္းေရႊဆိုသည္မွာ ေလႏွင့္ေရဟု အဓိပၸါယ္ရသည္။တ႐ုတ္ပညာ႐ွင္မ်ားက သဘာ၀ေဘးအႏၲရာယ္မ်ားျဖစ္ေသာ ေလႏွင့္ေရ ေဘးမွ ကာကြယ္္ရန္ တီထြင္ခဲ့ျခင္းျဖစ္သည္။ ယခုေနာက္ပိုင္းတြင္မူ ဖုန္းေရႊပညာရပ္ကို အိမ္တည္ေဆာက္မႈအပိုင္းႏွင့္ အလုပ္အကိုင္ ပိုမိုေကာင္းမြန္ေစေရး အတြက္အသံုးျပဳလာၾကသည္။

 

ဖုန္းေရႊ ကိုယ္စားျပဳအပိုင္းမ်ား
ဖုန္းေရႊနည္းပညာအရ အိမ္ကို႐ွစ္ပိုင္းခြဲျခမ္းႏိုင္သည္။ အိမ္၏၀င္ေပါက္ႏွင့္တည့္တည့္ အိမ္အလယ္ပိုင္းသည္ ပိုင္႐ွင္၏ အလုပ္အကိုင္ကို ကိုယ္စားျပဳသည္။ ယင္းအေနအထားမွ ညာဘက္သို႕ ၄၅ ဒီဂရီေစာင္းလိုက္ေသာအခါ ဗဟုသုတအပိုင္းသို႕ေရာက္ သည္။ ၄၅ ဒီဂရီအခ်ိဳးတိုင္းသည္ အိမ္၏ က်န္းမာေရး၊ ၾကြယ္၀မႈ၊ ေအာင္ျမင္မႈ၊ အိမ္ေထာင္ေရး၊ မိသားစုႏွင့္ ၾသဇာ အာဏာတို႕ကို ကိုယ္စားျပဳသြားမည္ျဖစ္သည္။ အိမ္တစ္ခုလံုး၏ ၾကမ္းခင္းဧရိယာေပၚတြင္ အဌဂံဆြဲ လိုက္ေသာအခါ အပိုင္း မ်ားကို ခြဲစိတ္ရန္ ပို၍လြယ္ကူသြားမည္ျဖစ္သည္။

 

စြမ္းအားျဖည့္ေပးျခင္း
ေဆာင္ရန္
သက္ဆိုင္္ရာအစိတ္အပိုင္းမ်ားကို ပိုမိုစြမ္းအား႐ွိေစရန္ အားျဖည့္ေပးမႈ လုပ္ေဆာင္ရန္လိုအပ္သည္။ဥပမာ က်န္းမာေရးကို ကိုယ္စားျပဳေသာ အစိတ္အပိုင္းတြင္ မိသားစုပံုမ်ား ခ်ိတ္ဆြဲထားျခင္းျဖင့္ အိမ္႐ွိလူမ်ား၏ က်န္းမာေရးကို ေကာင္းမြန္ေစသည္။ မိသားစုအစိတ္အပိုင္းတြင္ မိမိ၏ေဆြမ်ိဳးကေလးငယ္မ်ား၏ပံုကို ခ်ိတ္ဆြဲထားသင့္သည္။ အႀကီးအကဲမ်ား၏ အကူအညီကို ရယူလိုပါက ၾသဇာအာဏာအပိုင္းတြင္ မိမိကိုးကြယ္ယံုၾကည္ေသာ ဘာသာေရးႏွင့္ဆိုင္သည့္ပစၥည္းမ်ားကို ထည့္သြင္းထားသင့္သည္။ မိမိ၏ အိမ္ေထာင္ေရးသာယာခ်မ္းေျမ႕ေစရန္ အိမ္ေထာင္ေရးအပိုင္းထဲတြင္ ဖေယာင္းတိုင္ ထည့္ထြန္းသည့္ တိုင္ႏွစ္တိုင္ကို ထည့္သြင္းရသည္။

ထို႔ျပင္ ထမင္းစားခန္းထဲတြင္ၾကည့္မွန္ထား႐ွိျခင္းျဖင့္ အစာေရစာေပါမ်ားေစသည္ဟု ယံုၾကည္ၾကသည္။ ငါးကန္မ်ား ထား႐ွိျခင္းသည္လည္း အိမ္၏၀င္ေငြကိုတိုးေစသကဲ့သို႕ အိမ္သားမ်ားကိုလည္း ေအးခ်မ္းမႈ ေဆာင္ၾကဥ္းေပးႏိုင္သည္ဟု ယံုၾကည္ၾကသည္။

 

ေ႐ွာင္ရန္
အံဆြဲထဲတြင္ ပစၥည္းမ်ားအျပည့္ထည့္ထားျခင္းသည္ စီးပြားေရးဖြံ႕ၿဖိဳးမႈကို အေႏွာင့္အယွက္ျဖစ္ေစသည္။စာအုပ္စင္ေပၚတြင္ စာအုပ္မ်ားျပည့္က်ပ္စြာတင္ထားျခင္းသည္ အသိပညာဖြံ႕ၿဖိဳးမႈကို ရပ္တန္႕ေစသည္။ မ်က္ႏွာၾကက္တြင္ ပစၥည္းအမ်ားအျပား ခ်ိတ္ဆြဲျခင္းသည္ စိတ္ဓာတ္က်ဆင္းမႈကို ျဖစ္ေပၚေစႏိုင္သည္။ အထူးသျဖင့္ မီးဖိုေပၚတြင္ ဒယ္အိုးခ်ိတ္ဆြဲျခင္းသည္ အိမ္၏ ေငြေရးေၾကးေရးအေျခအေနကို ဆိုးရြားေစေသာေၾကာင့္ ေ႐ွာင္က်ဥ္သင့္သည္။ အိပ္ရာေဘးနံရံေပၚတြင္ နံရံကပ္စင္႐ိုက္ျခင္း သည္ အိပ္ေရးပ်က္ျခင္း၊ စြမ္းအင္ကုန္ခမ္းျခင္း၊ ေခါင္းကိုက္ျခင္းတို႕ကို ျဖစ္ေပၚေစသည္။

 

အိပ္ရာေအာက္တြင္ စာအုပ္၊ ဗြီဒီယို၊ တီဗြီကဲ့သို႕ေသာ ပစၥည္းအမာမ်ား သိမ္းဆည္းထားျခင္းသည္လည္း အိပ္ေရးပ်က္ျခင္းႏွင့္ အနားမည္မွ်ယူသည္ျဖစ္ေစ ပင္ပန္းႏြမ္းနယ္ျခင္းကို ျဖစ္ေပၚေစသည္။ အိမ္ထဲတြင္ မိသားစုဓာတ္ပံုမ်ားကို ျပန္႔က်ဲၿပီးမထား ရေပ။

အေရးႀကီးဆံုးအခ်က္မွာ မိမိ၏အဖိုးတန္လက္၀တ္ရတနာမ်ားကို ေတြ႕ရာဘူးမ်ားတြင္ ထည့္သြင္းသိမ္းဆည္းျခင္းမျပဳရန္ ျဖစ္သည္။ ယင္းတို႔ႏွင့္ထိုက္တန္ေသာ ဘူးမ်ားအတြင္းတြင္ သိမ္းဆည္းသင့္သည္။ ေစ်းေပါေသာဘူးမ်ားကို အသံုးျပဳျခင္းျဖင့္ ပစၥည္း၏အစြမ္းသက္ေရာက္မႈကိုေလ်ာ့က်ေစၿပီး ၀တ္ဆင္သူကိုလည္း စိတ္ဓာတ္က်ဆင္းမႈျဖစ္ေစသည္။

 


ဖုန္းေရႊနည္းအရ သိႏိုင္ေသာအေရာင္မ်ား၏စြမ္းအား
ဖုန္းေရႊနည္းအရ အိမ္တစ္အိမ္တြင္သုတ္ထားေသာအေရာင္မ်ားမွာ အိမ္တြင္ေနထိုင္ေသာသူမ်ား၏ စိတ္ခံစားခ်က္ႏွင့္ က်န္းမာ ေရးတြင္ အက်ိဳးသက္ေရာက္မႈ႐ွိသည္။ အေရာင္တိုင္းတြင္ ကိုယ္ပိုင္စြမ္းအားမ်ား႐ွိၿပီး ယင္းတို႕သည္ အခန္းတြင္း ေနထိုင္သူ၏ ခံစားခ်က္ကို ေျပာင္းလဲေပးႏိုင္သည္။

 

အနီေရာင္
အခန္းတြင္းတြင္ အနီေရာင္သုတ္ျခင္းအားျဖင့္ ေနထိုင္သူကို တက္ၾကြေသာ၊ ၾသဇာ႐ွိေသာ ခံစားခ်က္ကို ျဖစ္ေပၚေစသည္။ အျခားတစ္ဖက္တြင္ အနီေရာင္သည္ စိတ္လႈပ္႐ွားတတ္သူတစ္ေယာက္အတြက္ စိတ္ဖိစီးမႈျဖစ္ေပၚေစသည္။ အိပ္ခန္းတြင္းတြင္ အနီေရာင္ အသံုးျပဳလွ်င္ အနားယူစရာအိပ္ခန္းေကာင္းတစ္ခု ျဖစ္မလာႏိုင္ေတာ့ေပ။ အားကစားခန္းမမ်ားအတြက္မူ အနီေရာင္မွာ အသင့္ေတာ္ဆံုးႏွင့္ အသံုးသင့္ဆံုးအေရာင္ တစ္ခုျဖစ္သည္။ ပန္းေရာင္တြင္ အဆိုပါ စြမ္းအားမ်ား႐ွိေသာ္လည္း အနီေရာင္ေလာက္ စြမ္းအားမျမင့္ေပ။

 

လိေမၼာ္ေရာင္
လိေမၼာ္ေရာင္အခန္းမ်ားသည္ ေပ်ာ္ရႊင္ေသာစိတ္ခံစားမႈကို ေပးစြမ္းႏိုင္သည္။လိေမၼာ္ေရာင္ကို ထမင္းစားခန္းႏွင့္ မိသားစု အခန္းမ်ားတြင္ အသံုးျပဳျခင္းအားျဖင့္ အစာစားလိုမႈကို ပိုမိုျဖစ္ေပၚေစသည္။

 

အ၀ါေရာင္
စိတ္ၾကည္လင္ျခင္း၊ ေပ်ာ္ရႊင္ျခင္းစေသာ ခံစားခ်က္မ်ားကို အ၀ါေရာင္အခန္းမွ ရ႐ွိႏိုင္သည္။ အ၀ါေရာင္သည္ ဦးေႏွာက္၏ ဘယ္ဘက္ျခမ္းအား ကိုယ္စားျပဳသည္ဟု ယံုၾကည္ၾကသည္။ အ၀ါေရာင္ကို ႐ံုးခန္းအတြင္းတြင္ အသံုးျပဳျခင္းအားျဖင့္ စိတ္ကူး မ်ား ပိုမိုကြန္႔ျမဴးေစႏိုင္သည္မွာ မွန္ေသာ္လည္း စိတ္အနားမရေစႏိုင္ေသာေၾကာင့္ နံရံတစ္ခုလံုးအတြက္ အသံုးျပဳျခင္းထက္ အစိတ္အပိုင္းတစ္ခု အတြက္သာအသံုးျပဳရန္ ပိုမိုသင့္ေလ်ာ္သည္။

 

အစိမ္းေရာင္
အစိမ္းေရာင္မွာ ၿငိမ္းခ်မ္းမႈႏွင့္ တက္ၾကြမႈကို တစ္ၿပိဳင္တည္းေပးႏိုင္သည္။ စိိတ္႐ႈပ္ေထြးေနသူမ်ားႏွင့္ အနားယူရန္ လိုအပ္ ေနသူမ်ားအတြက္ လိုအပ္ေသာစြမ္းအင္ကို အစိမ္းေရာင္အခန္းမွ ေပးႏိုင္သည္။

 

အျပာေရာင္
အျပာေရာင္တြင္ ၿငိမ္းခ်မ္းျခင္း၊ ေအးခ်မ္းျခင္းစေသာ စြမ္းအားမ်ား႐ွိေသာေၾကာင့္ အိပ္ခန္းမ်ားႏွင့္ တရားထိုင္ေသာ အခန္းမ်ား တြင္ အသံုးျပဳသည္။ အိပ္မေပ်ာ္ေသာသူမ်ားအေနျဖင့္ အျပာေရာင္အခန္းတြင္ အိပ္စက္ျခင္းအားျဖင့္ အိပ္ေပ်ာ္ရန္ လြယ္ကူ ေစသည္။

 

ခရမ္းေရာင္
ခရမ္းေရာင္သည္ သက္ေတာင့္သက္သာျဖစ္ေသာ ခံစားခ်က္ကိုျဖစ္ေပၚေစသည္။ ခရမ္းေရာင္အခန္းအတြင္းတြင္ ယံုၾကည္မႈ၊ သစၥာ႐ွိမႈစေသာ ခံစားခ်က္မ်ားျဖစ္ေပၚေစသည္။ သို႕ေသာ္ အခန္းတစ္ခုလံုးအတြက္ ခရမ္းေရာင္အသံုးျပဳရန္မွာမူ မသင့္ ေလ်ာ္ေပ။ ခရမ္းေရာင္အႏုမွာမူ တည္ၿငိမ္ေသာ ပတ္၀န္းက်င္တစ္ခု ဖန္တီးေပးႏိုင္သည္။

 

အျဖဴေရာင္
အျဖဴေရာင္၏ သန္႕စင္ေသာစြမ္းအားေၾကာင့္ အခန္းတိုင္းအတြက္ အသံုးျပဳရန္သင့္ေလ်ာ္ေသာ္လည္း တစ္ခန္းလံုးအတြက္ အသံုးျပဳျခင္းမွာမူ အထီးက်န္ဆန္ေသာ ခံစားမႈျဖစ္ေစသည္။ မ်က္ႏွာၾကက္တြင္ အျဖဴေရာင္အသံုးျပဳျခင္းမွာမူ အခန္းကို လင္းေစေသာေၾကာင့္ အသံုးျပဳသင့္သည္။

 

အနက္ေရာင္
အနက္ေရာင္သည္ ေငြေၾကးႏွင့္၀င္ေငြကို ကိုယ္စားျပဳသည္။ လုပ္ငန္းခြင္မွ သူမ်ားအေနျဖင့္ အနက္ႏွင့္ သတၱဳကို တြဲဖက္သံုးစြဲျခင္းအားျဖင့္ ေငြေၾကးကံေကာင္းေစသည္။ ဖုန္းေရႊနည္းအရ အနက္ေရာင္သည္ ပါ၀ါကိုတိုးျမင့္ေစသည္။

 

Read times Last modified on Friday, 22 January 2021 09:52
Rate this articles
(2 votes)