×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Friday, 22 January 2021

အရောင်များ အသုံးချနိုင်ပုံနည်းလမ်းများ

ကိုယ့်ရဲ့အိမ်ခန်းတွေကို မတူညီတဲ့အရောင်တွေသုံးပြီး ဆွဲဆောင်မှုရှိတဲ့ အခန်းလေးတွေဖြစ်အောင် ဘယ်လိုပြင်ဆင်ရမလဲဆိုတာကို ဖတ်ကြည့်ပါအုန်း။

 

အရောင်များ အသုံးချနိုင်ပုံနည်းလမ်းများ
မျက်နှာကျက် မြင့်မြင့်လို့ထင်ရအောင်...
အရောင်တွေသုံးပြီး အခန်းရဲ့ အရွယ်အစားပုံစံကိုပြောင်းလဲနိုင်ပါတယ်။ အခန်းရဲ့ နိမ့်နေတဲ့မျက်နှာကျက်ကို အရောင် တစ်မျိုးတည်းရဲ့ အနုအရင့် အရောင်သုံးမျိုးကိုသုံးပြီး မြင့်တယ်လို့ထင်ရအောင် ပြုလုပ်နိုင်ပါတယ်။ ပြုလုပ်နည်းကတော့ အခန်းရဲ့ကြမ်းပြင်ကို ကိုယ်ရွေးချယ်ထားတဲ့အရောင်ရဲ့ အရင့်ဆုံးကိုသုံးပြီး နံရံတွေကိုတော့ အလယ်အလတ်ရင့်တဲ့ အမျိုးအစားကို သုံးရပါမယ်။ နောက်ဆုံးအနေနဲ့ မျက်နှာကျက်ကို ရွေးချယ်ထားတဲ့အရောင်ရဲ့ အနုဆုံးအမျိုးအစားကို သုတ်လိမ်းလိုက်မယ်ဆိုရင် သင့်အခန်းရဲ့ မျက်နှာကျက်ဟာ မြင့်တယ်လို့ အခန်းထဲဝင်လာတဲ့လူတိုင်းကို ထင်စေပါလိမ့်မယ်။

 

အသားပေးလိုတဲ့ အခန်းရဲ့ အစိတ်အပိုင်းကို ပေါ်လွင်အောင်...
ကိုယ်အသားပေး သိစေလိုတဲ့အစိတ်အပိုင်း ဥပမာ- အလှဆင် ပြတင်းဘောင်တွေ၊ နဖူးစည်းတွေကို ချက်ချင်းသိရှိ ပေါ်လွင်နေအောင် လုပ်ချင်တယ်ဆိုရင် အဲဒီအရာဝတ္တုအစိတ်အပိုင်းတွေမှာ အခန်းနံရံရဲ့ အရောင်နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အရောင်ကို သုံးလိုက်ပါ။ ဒါဆိုရင် ကိုယ်အသားပေးလိုတာကို ထင်းကနဲကွက်ကနဲ မြင်သာစေမှာပါ။


အိမ်ရဲ့ စင်္ကြန်လမ်းကို ပိုပြီးကျယ်တယ်လို့ထင်ရအောင်...
စင်္ကြန်လမ်းက ရှည်ပြီးကျဉ်းနေရင် ပိုပြီးကျယ်တယ်လို့ထင်ရအောင် စင်္ကြန်လမ်းအဆုံးဘက်က နံရံကို ရင့်ရင့် ဒါမှမဟုတ် – တောက်ပတဲ့အရောင်ကိုသုံးပြီး စင်္ကြန်လမ်း ဘေးဘက်နံရံပိုင်းကို နုတဲ့ ဒါမှမဟုတ် ဖျော့တော့တဲ့အရောင်သုံးလိုက်ပါ။


နွေးထွေးပျူငှာတဲ့ အခန်းတစ်ခုဖြစ်အောင်...
အခန်းထဲမှာ နွေးထွေးပျူငှာတဲ့ အနေအထားဝန်းကျင် ဖန်တီးထားချင်တယ်ဆိုရင် နွေးထွေးတဲ့သဘောဆောင်တဲ့ အရောင်ကို အသုံးပြုလိုက်ပါ။ ဆိုလိုတာကတော့ အပြာရောင်ထက် အနီနဲ့အဝါကဲတဲ့ အရောင်ကို သုံးတာမျိုးဖြစ်ပြီး ဒီလိုသုံးခြင်းအားဖြင့် သင့်ရဲ့ အခန်းဟာ နွေးထွေးပျူငှာလိုက်တာဆိုတဲ့ ခံစားချက်ကို ဖြစ်ပေါ်စေမှာပါ။

 

 

ကိုယ့္ရဲ႕အိမ္ခန္းေတြကို မတူညီတဲ့အေရာင္ေတြသံုးၿပီး ဆြဲေဆာင္မႈရွိတဲ့ အခန္းေလးေတြျဖစ္ေအာင္ ဘယ္လိုျပင္ဆင္ရမလဲဆိုတာကို ဖတ္ၾကည့္ပါအုန္း။

 

အေရာင္မ်ား အသုံးခ်ႏိုင္ပုံနည္းလမ္းမ်ား
မ်က္ႏွာက်က္ ျမင့္ျမင့္လို႔ထင္ရေအာင္...
အေရာင္ေတြသုံးၿပီး အခန္းရဲ႕ အ႐ြယ္အစားပုံစံကိုေျပာင္းလဲႏိုင္ပါတယ္။ အခန္းရဲ႕ နိမ့္ေနတဲ့မ်က္ႏွာက်က္ကို အေရာင္ တစ္မ်ိဳးတည္းရဲ႕ အႏုအရင့္ အေရာင္သုံးမ်ိဳးကိုသုံးၿပီး ျမင့္တယ္လို႔ထင္ရေအာင္ ျပဳလုပ္ႏိုင္ပါတယ္။ ျပဳလုပ္နည္းကေတာ့ အခန္းရဲ႕ၾကမ္းျပင္ကို ကိုယ္ေ႐ြးခ်ယ္ထားတဲ့အေရာင္ရဲ႕ အရင့္ဆုံးကိုသုံးၿပီး နံရံေတြကိုေတာ့ အလယ္အလတ္ရင့္တဲ့ အမ်ိဳးအစားကို သုံးရပါမယ္။ ေနာက္ဆုံးအေနနဲ႔ မ်က္ႏွာက်က္ကို ေ႐ြးခ်ယ္ထားတဲ့အေရာင္ရဲ႕ အႏုဆုံးအမ်ိဳးအစားကို သုတ္လိမ္းလိုက္မယ္ဆိုရင္ သင့္အခန္းရဲ႕ မ်က္ႏွာက်က္ဟာ ျမင့္တယ္လို႔ အခန္းထဲဝင္လာတဲ့လူတိုင္းကို ထင္ေစပါလိမ့္မယ္။

 

အသားေပးလိုတဲ့ အခန္းရဲ႕ အစိတ္အပိုင္းကို ေပၚလြင္ေအာင္...
ကိုယ္အသားေပး သိေစလိုတဲ့အစိတ္အပိုင္း ဥပမာ- အလွဆင္ ျပတင္းေဘာင္ေတြ၊ နဖူးစည္းေတြကို ခ်က္ခ်င္းသိရွိ ေပၚလြင္ေနေအာင္ လုပ္ခ်င္တယ္ဆိုရင္ အဲဒီအရာဝတၱဳအစိတ္အပိုင္းေတြမွာ အခန္းနံရံရဲ႕ အေရာင္နဲ႔ ဆန႔္က်င္ဘက္ျဖစ္တဲ့ အေရာင္ကို သုံးလိုက္ပါ။ ဒါဆိုရင္ ကိုယ္အသားေပးလိုတာကို ထင္းကနဲကြက္ကနဲ ျမင္သာေစမွာပါ။


အိမ္ရဲ႕ စၾကၤန္လမ္းကို ပိုၿပီးက်ယ္တယ္လို႔ထင္ရေအာင္...
စၾကၤန္လမ္းက ရွည္ၿပီးက်ဥ္းေနရင္ ပိုၿပီးက်ယ္တယ္လို႔ထင္ရေအာင္ စၾကၤန္လမ္းအဆုံးဘက္က နံရံကို ရင့္ရင့္ ဒါမွမဟုတ္ – ေတာက္ပတဲ့အေရာင္ကိုသုံးၿပီး စၾကၤန္လမ္း ေဘးဘက္နံရံပိုင္းကို ႏုတဲ့ ဒါမွမဟုတ္ ေဖ်ာ့ေတာ့တဲ့အေရာင္သုံးလိုက္ပါ။


ေႏြးေထြးပ်ဴငွာတဲ့ အခန္းတစ္ခုျဖစ္ေအာင္...
အခန္းထဲမွာ ေႏြးေထြးပ်ဴငွာတဲ့ အေနအထားဝန္းက်င္ ဖန္တီးထားခ်င္တယ္ဆိုရင္ ေႏြးေထြးတဲ့သေဘာေဆာင္တဲ့ အေရာင္ကို အသုံးျပဳလိုက္ပါ။ ဆိုလိုတာကေတာ့ အျပာေရာင္ထက္ အနီနဲ႔အဝါကဲတဲ့ အေရာင္ကို သုံးတာမ်ိဳးျဖစ္ၿပီး ဒီလိုသုံးျခင္းအားျဖင့္ သင့္ရဲ႕ အခန္းဟာ ေႏြးေထြးပ်ဴငွာလိုက္တာဆိုတဲ့ ခံစားခ်က္ကို ျဖစ္ေပၚေစမွာပါ။

Read times
Rate this articles
(2 votes)