×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Saturday, 23 January 2021

Web Developer ဆိုတာ ?

Web Developer ဆိုတာ ?
Web Developer ဆိုတာ ဘာလဲဆိုတာ အရင် သိဖို့လိုတယ်။ Web Developer ဆိုတာက Website တစ်ခုလုံးကို Developing လုပ်နိုင်တဲ့လူပေါ့။ တစ်နည်းပြောရင် ကိုယ်ပိုင် Website တစ်ခုကို ကျွမ်းကျွမ်းကျင်ကျင် ဆောက်နိုင်သူပေါ့။

 

Web Developer တစ်ယောက်ဖြစ်ဖို့ဆိုတာ လေ့လာစရာ သင်ယူစရာတွေအများကြီးပါ။ ဒါကြောင့် အခု ဆောင်းပါးလေးကို ဖတ်ပြီးတော့ စိတ်မကျသွားပါနဲ့။ မွေးကတည်းက တတ်တဲ့လူဆိုလို့ တစ်ယောက်မှ မရှိပါဘူး။ ကိုယ်ပိုင် ဝါသနာနဲ့ လေ့လာမှုကြောင့် လူတွေ အောင်မြင်လာရတာပါ။

 

Want to be a web developer?
ကျွန်တော် အရင်တုန်းက ကိုယ့်ကိုယ် ကို Developer တစ်ယောက်လို့ မဆိုရဲဘူး။ ဘာလို့လဲဆိုတော့ အရံသင့် Script တွေကိုပဲ အသုံးများခဲ့တယ်လေ။

Joomla , WordPress စတာတွေကိုပဲ အဓိကသုံးခဲ့တယ်။ ကိုယ်တိုင် Own Tune ရေးတယ်ဆိုတာ မရှိပါဘူး။ အခုတလော JQuery ကိုလေ့လာရင်း Own Tune လေးတွေ ရေးဖြစ်တယ်။ CMS ကြီး တစ်ခုတော့ ရေးဖို့ အချိန်မပေးနိုင်ဘူးပေါ့ ။ ဒါပေမယ့် ကိုယ် လိုချင်တဲ့ဟာ ကို ကိုယ်ကိုယ် တိုင်ဖန်တီးရတာ ပျော်ဖို့ကောင်းတယ်။ ရေးရတာ သိပ်ခက်ခဲရင် ကိုယ်တိုင်ရေးလိုက်တာ ပိုကောင်းတယ်ဗျ။ ကိုယ့်ဘာသာကိုယ် ကောင်းကောင်းပြုပြင်နိုင်တယ်။ လိုအပ်သလို ထပ်ဖြည့်နိုင်တယ်။ အခြား service တွေထပ်လုပ်နိုင်တယ်လေ။

ကျွန်တော်တို့အနေနဲ့ Web Developer တစ်ယောက်ဖြစ်ဖို့ ဘာတွေ လိုအပ်လဲ။ ဘာတွေ ပြင်ဆင်ဖို့လိုလဲ။ ဘာတွေ လေ့လာဖို့လဲ။

 

တတ်မြောက်ဖို့ လိုတာတွေက ?
သေချာတာကတော့ Web ဆိုကတည်းက HTML ကို မဖြစ်မနေ တတ်မြောက်ဖို့လိုပါတယ်။ HTML ကို သေသေချာချာ တတ်မြောက်ချင်ရင်တော့ အရင်ဆုံး notepad နဲ့ လေ့လာသင့်တယ်။ ပြီးမှ Dreamweaver ကို သုံးပြီး HTML ရေးပေါ့။ HTML ပြီးရင်တော့ CSS ကို ဆက်လေ့လာဖို့လိုတယ်။ CSS ဆိုတာက Web Design ရဲ့ အသက်ပဲလို့ ဆိုလို့ရတယ်။ သူက Website တစ်ခုလုံး လှပပြီး ဆွဲဆောင်မှုရှိအောင် ဖန်တီးပေးမှာလေ။ Design လှလှ မဆွဲတတ်ရင် နေမယ်။ ဒါပေမယ့် CSS ကို တတ်ကျွမ်းနားလည်မှသာ web developer တစ်ယောက်ဖြစ်နိုင်မှာပါ။ CSS ကို သေသေချာချာ သိပြီး HTML နဲ့ CSS ပေါင်းပြီး Website တွေရေးနိုင်ပြီဆိုရင်တော့ ကိုယ်ပိုင် Site တစ်ခုလေး စမ်းသင့်တယ်။ အဲဒီအခါမှာတော့ ကိုယ်ဖန်တီးထားတဲ့ Website တစ်ခုလုံး ရုပ်လုံးပေါ်လာတာကို တွေ့ပြီး ပိတီဖြာရပါလိမ့်မယ်။

 

ပြီးရင်တော့ Javascript ကို စတင်လေ့လာဖို့ လိုလာပါပြီ။ Javascirpt ကို သေသေချာချာ နားလည်ဖို့အတွက် Pseudo code နဲ့ Programming အခြေခံ တတ်ကျွမ်းထားဖို့လိုတယ်။ Programming Skill က Web Developer တစ်ယောက်အတွက် လိုအပ်တဲ့ skill တစ်ခုပါပဲ။ Programming ကို မပိုင်နိုင် မတတ်ကျွမ်းဘူးဆိုရင် Web Developer ဖြစ်ဖို့ ခက်ခဲပါတယ်။ နောက်ပြီး Javascript အဆင့်မှာ တင် စိတ်ပျက်သွားနိုင်တယ်လေ။


Javascript တွေ လေ့လာ တတ်ကျွမ်းသွားရင်တော့ Web Developer တစ်ယောက်လို့ ဆိုလို့ရပါတယ်။ ဒါပေမယ့် Professional တစ်ယောက် မဟုတ်သေးဘူး။ Beginner အဆင့်ထက်တော့ နည်းနည်းသာတာပေါ့။ Web Developer ဆိုတာ ဘာလဲဆိုတာ အရင် သိဖို့လိုတယ်။ Web Developer ဆိုတာက Website တစ်ခုလုံးကို Developing လုပ်နိုင်တဲ့လူပေါ့။ တစ်နည်းပြောရင် ကိုယ်ပိုင် Website တစ်ခုကို ကျွမ်းကျွမ်းကျင်ကျင် ဆောက်နိုင်သူပေါ့။

 

Joomla , WordPress စတာတွေနဲ့လည်း Website တစ်ခု လွယ်လွယ် ဆောက်လို့ရတယ်။ Professional Web Developer တွေသာ လိုအပ်တဲ့အခါမှာ ကိုယ်တိုင် Own Code or Own Creation တွေ အသုံးပြုပြီး Web site ကို တည်ဆောက်နိုင်စွမ်းရှိပါတယ်။ Joomla, WordPress စတာတွေ သုံးပေမယ့် လိုအပ်တဲ့ Customization တွေကို ကိုယ်တိုင် ဖန်တီးနိုင်စွမ်းရှိကြတယ်။ Opensource တွေကို ကောင်းမွန် အသုံးတည့်စွာ သုံးတတ်ကြတယ်။ Web Designer ရဲ့ Design ကို ကောင်းမွန်တဲ့ Website တစ်ခုဖြစ်လာအောင် Develop လုပ်နိုင်တယ်လေ။

 

အခု HTML , CSS , Javascript တတ်မြောက်သွားတာက Web Designer အဆင့်ပဲရှိသေးတယ်လေ။ ကိုယ်ပိုင် Website တစ်ခုကို Static ပဲ တည်ဆောက်နိုင်သေးတယ်။ Database တွေအပြင် အခြား အပိုင်းတွေဖြစ်တဲ့ JSON , XML စတာတွေ အကြောင်း နားလည်ဖို့ လိုသေးတယ်။ Javascript တတ်ကျွမ်းပြီဆိုရင်တော့ Programming အခြေခံ ရှိသွားပြီလို့ ဆိုလို့ရတာပေါ့။ အဲဒီအခါ ကိုယ် ဘယ်လိုင်း ဆက်သွားမလဲဆိုတာ စဉ်းစားရတော့မယ်လေ။ ယခု လက်ရှိ တည်ရှိနေတဲ့ လိုင်းတွေကတော့ ASP.NET , PHP , ROR , Django စတာတွေ လက်ရှိ ရှိနေပါတယ်။

 

ASP.NET မှာတော့ C# နဲ့ ရေးမလား VB.NET နဲ့ ရေးမလား စဉ်းစားဖို့လိုတယ်။ ASP.NET မှာ တချို့က C# ကို ကြိုက်ကြတယ်။ တချို့ကြတော့လည်း VB သမားတွေကနေ လာတဲ့အတွက်ကြောင့် VB.NET ကို သဘောကျတာကို တွေ့ရတယ်။ ဘာနဲ့ပဲရေးရေးပေါ့။ သိပ်အကွာကြီးလည်း မဟုတ်ဘူးလေ။ ကျွန်တော်ကတော့ အရင်တုန်းက C# ကော VB.NET ကိုပါ Windows Application အတွက် လေ့လာဖူးတယ်။ နောက်ပိုင်း ASP.NET အထိ ဆက်လေ့လာဖြစ်တယ်။ ASP.NET က ရေးသားရတဲ့ feel နဲ့ style ကို သဘောမကျလို့ ဆက်မလေ့လာဖြစ်ဘူး။ ကျွန်တော့်အမြင်ပေါ့နော်.... သူက အရာရာကို သူ့ Control တွေ အောက်မှာ ထိန်းချုပ်ထားတယ်။ လုပ်ရတာလွယ်တယ်။ ဒါပေမယ့် လုပ်ပိုင်ခွင့်နည်းတယ်လို့ ခံစားရတယ်။ ဒါပေမယ့် သူ့ကိုမှ အလုပ်တွေ ခေါ်ကြတယ်။ စာမေးပွဲ ဖြေလို့ကောင်းတယ်။ နိုင်ငံခြားမှာ အလုပ်ထွက်လုပ်မယ့်လူတွေ အတွက် သင့်တော်တယ်လေ။

 

PHP ကတော့ လူအသုံးအများဆုံးပဲ။ ကျွန်တော်လည်း PHP ပဲ သုံးဖြစ်တယ်။ သူက ရေးရတာမှာ အလွယ်ဆုံးပဲ။ နောက်ပြီး လေ့လာရတာလည်း အရမ်းလွယ်တယ်။ ရှုပ်ထွေးမှု သိပ်မရှိဘူး။ Programming Logic တတ်ဖို့ရယ် နောက်ပြီး Web အခြေခံဖြစ်တဲ့ Query String , Session, Cookies စတာတွေ နားလည်ဖို့လိုတယ်။ အဲဒါတွေ နားမလည်ရင်တော့ Developer တစ်ယောက်ဖြစ်ဖို့မလွယ်ဘူးနော်။

 

PHP က တော်တော်များများ Opensource တွေပဲ။ Wordpress , Joomla, Phpbb စတာတွေက php နဲ့ရေးထားတာတွေ။ လွယ်ကူအောင် ဖန်တီးပေးနိုင်တာ PHP ရဲ့ အစွမ်းပေါ့။ သူက ASP.NET နဲ့ ဘာကွာလဲဆိုတော့ သူ့ Source Code တွေကို လွယ်လွယ်ကူကူ မြင်နိုင်တာပဲ။ ASP.NET က Compile လုပ်လိုက်တဲ့ Code တွေကို ပြန်ဖတ်လို့ မရပေမယ့် PHP ကတော့ .php တွေကို လွယ်လွယ်ကူကူ ဖတ်နိုင်တယ် ပြင်နိုင်တယ်လေ။ ဒါကြောင့် Company တွေ အတွက် Project လုပ်မယ်ဆိုရင်တော့ အများအားဖြင့် ASP.NET ကို အသုံးပြုကြတာပေါ့။ PHP နဲ့ရေးပေးထားရင် ကိုယ်နဲ့ ဆက်မလုပ်ပဲ တခြား Company နဲ့ ဆက်လုပ်ဖို့ လွယ်သွားတယ်လေ။ Source Code တွေ အကုန်လုံး ရပြီးပြီလေ။

 

ROR နဲ့ Django ကတော့ အခုနောက်ပိုင်း တချို့ Site တွေ အသုံးများလာတယ်။ ROR နဲ့ Twitter ကိုရေးထားတာလေ။ သူတို့တွေက ajax buit-in ပါပြီးသားတွေ။ ရေးရတဲ့ Code ပိုင်းက အခြား PHP , ASP.NET တို့နဲ့ ယှဉ်ရင် ပိုမြန်တယ်လို့ဆိုပါတယ်။ Blog တွေ CMS တွေ လွယ်လွယ်ကူကူ ဆောက်လို့ရတယ်လို့လည်း ဆိုကြတယ်။ ROR ကတော့ Ruby on Rails ဖြစ်ပြီး Ruby Programming တတ်မြောက်ထားဖို့လိုပါလိမ့်မယ်။ Django ကို တတ်ချင်ရင်တော့ Python ကို တတ်ထားဖို့ လိုပါတယ်။

 

ကျွန်တော်တို့အနေနဲ့ Web Developing လုပ်တဲ့အခါမှာ Web Application တွေအထိပါ ကောင်းမွန်စွာ ရေးတတ်ဖို့လိုပါတယ်။ Company တစ်ခုအတွက် Website လောက်လေးပဲ ရေးမယ်ဆိုရင်တော့ အဲဒီ Company Website မှာ ဘာတွေ ပါမလဲ။ ဘာအတွက် သုံးတာလဲ။ just for information sharing အတွက် ပဲဆိုရင်တော့ Joomla သို့မဟုတ် Wordpress သုံးလိုက်ရင် အဆင်ပြေစေမှာပါ။ ကျွန်တော်တို့အနေနဲ့ အခြား Customize ပိုင်းတွေပါလာမယ်ဆိုရင်တော့ စဉ်းစားဖို့လိုလာပြီ။ Add-on တွေနဲ့ အဆင်ပြေမလား။ ကိုယ်ပိုင် Create လုပ်တာ ပိုအဆင်ပြေမလား။ နောက်ပြီး add-on တွေ Plugin တွေ ကောင်းကောင်းရေးနိုင်မလား။ ရေးဖို့လိုရင်လည်း လေ့လာဖို့လိုလာပါတယ်။

 

အခြား ကိုယ်ပိုင် Web Application တွေရေးချင်တယ်ဆိုရင်တော့ ကိုယ်ပိုင် ရေးသားတာ အကောင်းဆုံးပဲ။ ဥပမာ color match လုပ်တာဖြစ်ဖြစ် CMS တစ်ခုလုံးဖြစ်ဖြစ် အခြားအခြားသော ကိုယ်ရေးချင်တာတွေကို ကောင်းမွန်စွာရေးတတ်ဖို့ကို Database နဲ့ Web Programming တစ်ခုခု တတ်မြောက်ထားဖို့လိုတယ်။ Database က Web App တွေမှာ အရေးပါပါတယ်။ Database ဆိုတာ ဘာမှန်းမသိပဲ Web Site အကြီးကြီးတွေ ဆောက်ဖို့ မဖြစ်နိုင်ဘူး။ Dynamic Site တွေ ဆောက်ဖို့ရာ မဖြစ်နိုင်ပါဘူး။ HTML ,CSS, Javascirpt ပဲ တတ်မြောက်မယ်ဆိုရင်တော့ Static Page တွေလောက်ပဲ တည်ဆောက်နိုင်မှာပါ။

 

အခြား Effect ပိုင်းတွေ အခြား အသုံးဝင်တဲ့ အပိုင်းတွေဖြစ်တဲ့ Flash ကိုတော့ မကျွမ်းကျင်ရင်တောင် တတ်ထားဖို့လိုတယ်။ Photoshop ကလည်း အရေးပါတယ်။ Photoshop က Design ပိုင်းကို လှအောင် ဆောင်ရွက်ပေးနိုင်တယ်။ Developer အနေနဲ့ အခုခေတ်ကြီးမှာ Code သာမက လိုအပ်တာလေး အနည်းအကျဉ်းလောက်ကို ပြင်ဖို့ Web Designer ကို အကူအညီတောင်းနေဖို့ အချိန်မရှိတော့ဘူးလေ။ ဒါကြောင့် Photoshop ကို တတ်မြောက်ဖို့လိုပါတယ်။ ပြီးရင်တော့ Web 2.0 ခေတ်ကြီးထဲမှာ သင့် Site တွေ AJAX မသုံးဘူးဆိုရင်တော့ ခေတ်ကုန်နေတဲ့ Site လို့ ဆိုရမလိုဖြစ်နေပြီ။ ဒါကြောင့် AJAX ကို လေ့လာဖို့ ထပ်လိုလာပါတယ်။ AJAX အတွက် JQuery , Mootools အပြင် အခြား Framework တွေ ရှိပါသေးတယ်။ ကျွန်တော်ကတော့ JQuery ပဲပေါ့။ အခုလက်ရှိ Ornagai Project ကို JQuery နဲ့ ရေးသားထားပါတယ်။ AJAX ကိုလေ့လာပြီရင်တော့ JSON ကိုပါ သိထားဖို့လိုလာပါလိမ့်မယ်။ တဖြည်းဖြည်းနဲ့ သိဖို့ တတ်ဖို့ တွေ များလာတယ်။ အဲဒါအပြင် Flash မှာဆိုရင် XML ကို အသုံးပြုတဲ့အတွက်ကြောင့် XML မတတ်ရင်နေ လေ့လာထားဖို့ ထပ်လိုသေးတယ်ဗျ။

 

ကျွန်တော်တို့အနေနဲ့ ပညာတွေကို လေ့လာသင်ယူပြီးသွားတဲ့ အခါမှာတော့ Web Developer တစ်ယောက်ဖြစ်လာပြီလားဆိုတော့ ဖြစ်သင့်သလောက်ဖြစ်နေပြီ။ ဒါပေမယ့် ပြင်ပ ဆိုင်ရာ Knowledge တွေလိုအပ်သေးတယ်လေ။


ပြင်ပဆိုင်ရာ Knowledge ဆိုတာတွေက
၁. Web Site တစ်ခုကို Local လုပ်ပြီးတဲ့အခါ ဘယ်လို Hosting တင်မလဲ ?
၂. Hosting ဆိုတာဘာလဲ ?
၃. Hosting တစ်ခု ဝယ်မယ်ဆို ဘာတွေ အဓိက ကြည့်သင့်လဲ ?
၄. ကိုယ့် Web App ဟာ ဘယ် Hosting နဲ့အဆင်ပြေမှာလဲ ?
၅. Free Host တွေမှာကော အသုံးပြုနိုင်မလား ?
၆. Linux Hosting ဆိုရင် SSH နဲ့ ပတ်သက်ပြီး သိဖို့လိုတယ်။
၇. Upload ဆိုတာဘာလဲ။ FTP ဆိုတာဘာလဲ။ စတာတွေ သိဖို့လိုတယ်။


Linux ပိုင်းကိုလည်း နည်းနည်းသိထားရင် ကောင်းမယ်။ PHP သမား ဖြစ်ခဲ့ရင်တော့ Linux ကို လေ့လာဖို့ လိုတယ်လေ။
အခုခေတ်ကြီးထဲမှာ တစ်ခုထဲ သိရုံနဲ့ မလုံလောက်တော့ဘူး။ ကိုယ်တကယ်လို့ အလုပ်ရခဲ့ရင် အလုပ်လုပ်တဲ့ company မှာ Linux ပဲသုံးတာလည်း ဖြစ်နိုင်တယ်။ ဒါကြောင့် Linux ကို လေ့လာထားဖို့လိုလာပြီ။ ASP.NET သမားဆိုရင်တော့ Windows ကြီးကို ပိုက်ပြီး နေလို့ရတာပေါ့။ PHP ကို Windows , Linux , Mac ကြိုက်တဲ့နေရာမှာ ရေးလို့ရတယ်။


ASP.NET သမားဆိုရင်တော့ Windows Hosting လိုလာတယ်။ မြန်မာနိုင်ငံမှာဆိုရင်တော့ စက်ဖိုးလောက်နဲ့ hosting ထားဖိုးလောက်ပဲ အကုန်ခံပြီးတော့ တင်လိုက်လို့ရပါတယ်။ နိုင်ငံတကာ ဈေးနှုန်းနဲ့ဆို နည်းနည်းများပေမယ့် upload အတွက်က copy & paste လုပ်ရတာလေးပဲလေ။ Linux Hosting တွေကတော့ ဈေးသက်သက်သာသာနဲ့ ရနိုင်ပါတယ်။

 

Web developer တစ်ယောက်ဖြစ်ဖို့ဆိုတာ လေ့လာစရာ သင်ယူစရာတွေအများကြီးပါ။ ဒါကြောင့် အခု ဆောင်းပါးလေးကို ဖတ်ပြီးတော့ စိတ်ကျမကျသွားပါနဲ့ ။ မွေးကတည်းက တတ်တဲ့လူဆိုလို့ တစ်ယောက်မှ မရှိပါဘူး။ ကိုယ်ပိုင် ဝါသနာနဲ့ လေ့လာမှုကြောင့် လူတွေ အောင်မြင်လာရတာပါ။

 

ကိုယ် ဝါသနာ ပါမပါဆိုတာ သိဖို့ကတော့ ခက်သား ။ ကျွန်တော်ဆို Programming ကို တော်တော်များများလေ့လာဖူးတယ်။ VB 6 ကနေ VB.NET , Java , C# , Ruby တစ်ခုမှ သဘောမတွေ့ခဲ့ဘူး။ VB.NET လေ့လာပြီးနောက်မှာ VB ကို လက်လွှတ်ပြီး C# ကိုလေ့လာခဲ့သေးပါတယ်။ သို့သော် သဘောမတွေ့ခဲ့ဘူး။ ပြီးတော့ Flash ကို XML , Action Script တွေပါ မကျန် တော်တော်များများ လေ့လာခဲ့တယ်။ သို့သော် သဘောမတွေ့.... ပြီးတော့ Flex ကို လေ့လာသေးတယ်.... မကြိုက်ပြန်.... ASP.NET web ပိုင်းကို ကူးခဲ့သေးတယ်။

 

Hosting ပြသနာကြောင့် ဆက်မလုပ်ဖြစ်ခဲ့။ နောက်ဆုံးမှ PHP ကိုရောက်လာခဲ့တာပဲ။ HTML ကတော့ ၁၀ တန်းလောက်က လေ့လာဖူးတယ်။ CSS , Javascript က First Year ကတည်းက တတ်ပြီးသားဆိုတော့ web ပိုင်းကို ပြောင်းရတာ အပန်းမကြီးဘူးပေါ့။ အခု JQuery ပိုင်းကို လေ့လာနေပါလို့ ပြောရင်း ပြီးမဆုံးတဲ့ လေ့လာသင်ယူနေတဲ့ ဘဝကြီးကို ပင်ပန်းမှုတွေကို ပျော်ရွှင်မှုတွေနဲ့ ဖြေဖျောက်ရင်း ဘဝကြီးကို ပျော်ပျော်ပါးပါး ချီတက်ကြတာပေါ့ဗျာ။


Credit – Original Uploader

 

 

Web Developer ဆိုတာ ?
Web Developer ဆိုတာ ဘာလဲဆိုတာ အရင္ သိဖို့လိုတယ္။ Web Developer ဆိုတာက Website တစ္ခုလုံးကို Developing လုပ္နိုင္တဲ့လူေပါ့။ တစ္နည္းေျပာရင္ ကိုယ္ပိုင္ Website တစ္ခုကို ကၽြမ္းကၽြမ္းက်င္က်င္ ေဆာက္နိုင္သူေပါ့။ Web Developer တစ္ေယာက္ျဖစ္ဖို့ဆိုတာ ေလ့လာစရာ သင္ယူစရာေတြအမ်ားႀကီးပါ။ ဒါေၾကာင့္ အခု ေဆာင္းပါးေလးကို ဖတ္ၿပီးေတာ့ စိတ္မက်သြားပါနဲ႔ ။

ေမြးကတည္းက တတ္တဲ့လူဆိုလို့ တစ္ေယာက္မွ မရွိပါဘူး။ ကိုယ္ပိုင္ ဝါသနာနဲ႔ ေလ့လာမွုေၾကာင့္ လူေတြ ေအာင္ျမင္လာရတာပါ။

 

Want to be a web developer?
ကၽြန္ေတာ္ အရင္တုန္းက ကိုယ့္ကိုယ္ ကို Developer တစ္ေယာက္လို့ မဆိုရဲဘူး။ ဘာလို့လဲဆိုေတာ့ အရံသင့္ Script ေတြကိုပဲ အသုံးမ်ားခဲ့တယ္ေလ။ Joomla , WordPress စတာေတြကိုပဲ အဓိကသုံးခဲ့တယ္။ ကိုယ္တိုင္ Own Tune ေရးတယ္ဆိုတာ မရွိပါဘူး။ အခုတေလာ JQuery ကိုေလ့လာရင္း Own Tune ေလးေတြ ေရးျဖစ္တယ္။ CMS ႀကီး တစ္ခုေတာ့ ေရးဖို့ အခ်ိန္မေပးနိုင္ဘူးေပါ့ ။ ဒါေပမယ့္ ကိုယ္ လိုခ်င္တဲ့ဟာ ကို ကိုယ္ကိုယ္ တိုင္ဖန္တီးရတာ ေပ်ာ္ဖို့ေကာင္းတယ္။ ေရးရတာ သိပ္ခက္ခဲရင္ ကိုယ္တိုင္ေရးလိုက္တာ ပိုေကာင္းတယ္ဗ်။ ကိုယ့္ဘာသာကိုယ္ ေကာင္းေကာင္းျပဳျပင္နိုင္တယ္။ လိုအပ္သလို ထပ္ျဖည့္နိုင္တယ္။ အျခား service ေတြထပ္လုပ္နိုင္တယ္ေလ။

 

ကၽြန္ေတာ္တို့အေနနဲ႔ Web Developer တစ္ေယာက္ျဖစ္ဖို့ ဘာေတြ လိုအပ္လဲ။ ဘာေတြ ျပင္ဆင္ဖို့လိုလဲ။ ဘာေတြ ေလ့လာဖို့လဲ။

တတ္ေျမာက္ဖို့ လိုတာေတြက ?

ေသခ်ာတာကေတာ့ Web ဆိုကတည္းက HTML ကို မျဖစ္မေန တတ္ေျမာက္ဖို့လိုပါတယ္။ HTML ကို ေသေသခ်ာခ်ာ တတ္ေျမာက္ခ်င္ရင္ေတာ့ အရင္ဆုံး notepad နဲ႔ ေလ့လာသင့္တယ္။ ၿပီးမွ Dreamweaver ကို သုံးၿပီး HTML ေရးေပါ့။ HTML ၿပီးရင္ေတာ့ CSS ကို ဆက္ေလ့လာဖို့လိုတယ္။ CSS ဆိုတာက Web Design ရဲ့ အသက္ပဲလို့ ဆိုလို့ရတယ္။ သူက Website တစ္ခုလုံး လွပၿပီး ဆြဲေဆာင္မွုရွိေအာင္ ဖန္တီးေပးမွာေလ။ Design လွလွ မဆြဲတတ္ရင္ ေနမယ္။ ဒါေပမယ့္ CSS ကို တတ္ကၽြမ္းနားလည္မွသာ web developer တစ္ေယာက္ျဖစ္နိုင္မွာပါ။ CSS ကို ေသေသခ်ာခ်ာ သိၿပီး HTML နဲ႔ CSS ေပါင္းၿပီး Website ေတြေရးနိုင္ၿပီဆိုရင္ေတာ့ ကိုယ္ပိုင္ Site တစ္ခုေလး စမ္းသင့္တယ္။ အဲဒီအခါမွာေတာ့ ကိုယ္ဖန္တီးထားတဲ့ Website တစ္ခုလုံး ႐ုပ္လုံးေပၚလာတာကို ေတြ႕ၿပီး ပိတီျဖာရပါလိမ့္မယ္။

 

ၿပီးရင္ေတာ့ Javascript ကို စတင္ေလ့လာဖို့ လိုလာပါၿပီ။ Javascirpt ကို ေသေသခ်ာခ်ာ နားလည္ဖို့အတြက္ Pseudo code နဲ႔ Programming အေျခခံ တတ္ကၽြမ္းထားဖို့လိုတယ္။ Programming Skill က Web Developer တစ္ေယာက္အတြက္ လိုအပ္တဲ့ skill တစ္ခုပါပဲ။ Programming ကို မပိုင္နိုင္ မတတ္ကၽြမ္းဘူးဆိုရင္ Web Developer ျဖစ္ဖို့ ခက္ခဲပါတယ္။ ေနာက္ၿပီး Javascript အဆင့္မွာ တင္ စိတ္ပ်က္သြားနိုင္တယ္ေလ။


Javascript ေတြ ေလ့လာ တတ္ကၽြမ္းသြားရင္ေတာ့ Web Developer တစ္ေယာက္လို့ ဆိုလို့ရပါတယ္။ ဒါေပမယ့္ Professional တစ္ေယာက္ မဟုတ္ေသးဘူး။ Beginner အဆင့္ထက္ေတာ့ နည္းနည္းသာတာေပါ့။ Web Developer ဆိုတာ ဘာလဲဆိုတာ အရင္ သိဖို့လိုတယ္။ Web Developer ဆိုတာက Website တစ္ခုလုံးကို Developing လုပ္နိုင္တဲ့လူေပါ့။ တစ္နည္းေျပာရင္ ကိုယ္ပိုင္ Website တစ္ခုကို ကၽြမ္းကၽြမ္းက်င္က်င္ ေဆာက္နိုင္သူေပါ့။

 

Joomla , WordPress စတာေတြနဲ႔လည္း Website တစ္ခု လြယ္လြယ္ ေဆာက္လို့ရတယ္။ Professional Web Developer ေတြသာ လိုအပ္တဲ့အခါမွာ ကိုယ္တိုင္ Own Code or Own Creation ေတြ အသုံးျပဳၿပီး Web site ကို တည္ေဆာက္နိုင္စြမ္းရွိပါတယ္။
Joomla, WordPress စတာေတြ သုံးေပမယ့္ လိုအပ္တဲ့ Customization ေတြကို ကိုယ္တိုင္ ဖန္တီးနိုင္စြမ္းရွိၾကတယ္။ Opensource ေတြကို ေကာင္းမြန္ အသုံးတည့္စြာ သုံးတတ္ၾကတယ္။ Web Designer ရဲ့ Design ကို ေကာင္းမြန္တဲ့ Website တစ္ခုျဖစ္လာေအာင္ Develop လုပ္နိုင္တယ္ေလ။

 

အခု HTML , CSS , Javascript တတ္ေျမာက္သြားတာက Web Designer အဆင့္ပဲရွိေသးတယ္ေလ။ ကိုယ္ပိုင္ Website တစ္ခုကို Static ပဲ တည္ေဆာက္နိုင္ေသးတယ္။ Database ေတြအျပင္ အျခား အပိုင္းေတြျဖစ္တဲ့ JSON , XML စတာေတြ အေၾကာင္း နားလည္ဖို့ လိုေသးတယ္။ Javascript တတ္ကၽြမ္းၿပီဆိုရင္ေတာ့ Programming အေျခခံ ရွိသြားၿပီလို့ ဆိုလို့ရတာေပါ့။ အဲဒီအခါ ကိုယ္ ဘယ္လိုင္း ဆက္သြားမလဲဆိုတာ စဥ္းစားရေတာ့မယ္ေလ။ ယခု လက္ရွိ တည္ရွိေနတဲ့ လိုင္းေတြကေတာ့ ASP.NET , PHP , ROR , Django စတာေတြ လက္ရွိ ရွိေနပါတယ္။

 

ASP.NET မွာေတာ့ C# နဲ႔ ေရးမလား VB.NET နဲ႔ ေရးမလား စဥ္းစားဖို့လိုတယ္။ ASP.NET မွာ တခ်ိဳ့က C# ကို ႀကိဳက္ၾကတယ္။ တခ်ိဳ့ၾကေတာ့လည္း VB သမားေတြကေန လာတဲ့အတြက္ေၾကာင့္ VB.NET ကို သေဘာက်တာကို ေတြ႕ရတယ္။ ဘာနဲ႔ပဲေရးေရးေပါ့။ သိပ္အကြာႀကီးလည္း မဟုတ္ဘူးေလ။ ကၽြန္ေတာ္ကေတာ့ အရင္တုန္းက C# ေကာ VB.NET ကိုပါ Windows Application အတြက္ ေလ့လာဖူးတယ္။ ေနာက္ပိုင္း ASP.NET အထိ ဆက္ေလ့လာျဖစ္တယ္။ ASP.NET က ေရးသားရတဲ့ feel နဲ႔ style ကို သေဘာမက်လို့ ဆက္မေလ့လာျဖစ္ဘူး။ ကၽြန္ေတာ့္အျမင္ေပါ့ေနာ္.... သူက အရာရာကို သူ႔ Control ေတြ ေအာက္မွာ ထိန္းခ်ဳပ္ထားတယ္။ လုပ္ရတာလြယ္တယ္။ ဒါေပမယ့္ လုပ္ပိုင္ခြင့္နည္းတယ္လို့ ခံစားရတယ္။ ဒါေပမယ့္ သူ႔ကိုမွ အလုပ္ေတြ ေခၚၾကတယ္။ စာေမးပြဲ ေျဖလို့ေကာင္းတယ္။ နိုင္ငံျခားမွာ အလုပ္ထြက္လုပ္မယ့္လူေတြ အတြက္ သင့္ေတာ္တယ္ေလ။

 

PHP ကေတာ့ လူအသုံးအမ်ားဆုံးပဲ။ ကၽြန္ေတာ္လည္း PHP ပဲ သုံးျဖစ္တယ္။ သူက ေရးရတာမွာ အလြယ္ဆုံးပဲ။ ေနာက္ၿပီး ေလ့လာရတာလည္း အရမ္းလြယ္တယ္။ ရွုပ္ေထြးမွု သိပ္မရွိဘူး။ Programming Logic တတ္ဖို့ရယ္ ေနာက္ၿပီး Web အေျခခံျဖစ္တဲ့ Query String , Session, Cookies စတာေတြ နားလည္ဖို့လိုတယ္။ အဲဒါေတြ နားမလည္ရင္ေတာ့ Developer တစ္ေယာက္ျဖစ္ဖို့မလြယ္ဘူးေနာ္။

PHP က ေတာ္ေတာ္မ်ားမ်ား Opensource ေတြပဲ။ Wordpress , Joomla, Phpbb စတာေတြက php နဲ႔ေရးထားတာေတြ။ လြယ္ကူေအာင္ ဖန္တီးေပးနိုင္တာ PHP ရဲ့ အစြမ္းေပါ့။ သူက ASP.NET နဲ႔ ဘာကြာလဲဆိုေတာ့ သူ႔ Source Code ေတြကို လြယ္လြယ္ကူကူ ျမင္နိုင္တာပဲ။ ASP.NET က Compile လုပ္လိုက္တဲ့ Code ေတြကို ျပန္ဖတ္လို့ မရေပမယ့္ PHP ကေတာ့ .php ေတြကို လြယ္လြယ္ကူကူ ဖတ္နိုင္တယ္ ျပင္နိုင္တယ္ေလ။ ဒါေၾကာင့္ Company ေတြ အတြက္ Project လုပ္မယ္ဆိုရင္ေတာ့ အမ်ားအားျဖင့္ ASP.NET ကို အသုံးျပဳၾကတာေပါ့။ PHP နဲ႔ေရးေပးထားရင္ ကိုယ္နဲ႔ ဆက္မလုပ္ပဲ တျခား Company နဲ႔ ဆက္လုပ္ဖို့ လြယ္သြားတယ္ေလ။ Source Code ေတြ အကုန္လုံး ရၿပီးၿပီေလ။

 

ROR နဲ႔ Django ကေတာ့ အခုေနာက္ပိုင္း တခ်ိဳ့ Site ေတြ အသုံးမ်ားလာတယ္။ ROR နဲ႔ Twitter ကိုေရးထားတာေလ။ သူတို့ေတြက ajax buit-in ပါၿပီးသားေတြ။ ေရးရတဲ့ Code ပိုင္းက အျခား PHP , ASP.NET တို့နဲ႔ ယွဥ္ရင္ ပိုျမန္တယ္လို့ဆိုပါတယ္။ Blog ေတြ CMS ေတြ လြယ္လြယ္ကူကူ ေဆာက္လို့ရတယ္လို့လည္း ဆိုၾကတယ္။ ROR ကေတာ့ Ruby on Rails ျဖစ္ၿပီး Ruby Programming တတ္ေျမာက္ထားဖို့လိုပါလိမ့္မယ္။ Django ကို တတ္ခ်င္ရင္ေတာ့ Python ကို တတ္ထားဖို့ လိုပါတယ္။

 

ကၽြန္ေတာ္တို့အေနနဲ႔ Web Developing လုပ္တဲ့အခါမွာ Web Application ေတြအထိပါ ေကာင္းမြန္စြာ ေရးတတ္ဖို့လိုပါတယ္။ Company တစ္ခုအတြက္ Website ေလာက္ေလးပဲ ေရးမယ္ဆိုရင္ေတာ့ အဲဒီ Company Website မွာ ဘာေတြ ပါမလဲ။ ဘာအတြက္ သုံးတာလဲ။ just for information sharing အတြက္ ပဲဆိုရင္ေတာ့ Joomla သို့မဟုတ္ Wordpress သုံးလိုက္ရင္ အဆင္ေျပေစမွာပါ။ ကၽြန္ေတာ္တို့အေနနဲ႔ အျခား Customize ပိုင္းေတြပါလာမယ္ဆိုရင္ေတာ့ စဥ္းစားဖို့လိုလာၿပီ။ Add-on ေတြနဲ႔ အဆင္ေျပမလား။ ကိုယ္ပိုင္ Create လုပ္တာ ပိုအဆင္ေျပမလား။ ေနာက္ၿပီး add-on ေတြ Plugin ေတြ ေကာင္းေကာင္းေရးနိုင္မလား။ ေရးဖို့လိုရင္လည္း ေလ့လာဖို့လိုလာပါတယ္။

 

အျခား ကိုယ္ပိုင္ Web Application ေတြေရးခ်င္တယ္ဆိုရင္ေတာ့ ကိုယ္ပိုင္ ေရးသားတာ အေကာင္းဆုံးပဲ။ ဥပမာ color match လုပ္တာျဖစ္ျဖစ္ CMS တစ္ခုလုံးျဖစ္ျဖစ္ အျခားအျခားေသာ ကိုယ္ေရးခ်င္တာေတြကို ေကာင္းမြန္စြာေရးတတ္ဖို့ကို Database နဲ႔ Web Programming တစ္ခုခု တတ္ေျမာက္ထားဖို့လိုတယ္။ Database က Web App ေတြမွာ အေရးပါပါတယ္။ Database ဆိုတာ ဘာမွန္းမသိပဲ Web Site အႀကီးႀကီးေတြ ေဆာက္ဖို့ မျဖစ္နိုင္ဘူး။ Dynamic Site ေတြ ေဆာက္ဖို့ရာ မျဖစ္နိုင္ပါဘူး။ HTML ,CSS, Javascirpt ပဲ တတ္ေျမာက္မယ္ဆိုရင္ေတာ့ Static Page ေတြေလာက္ပဲ တည္ေဆာက္နိုင္မွာပါ။

 

အျခား Effect ပိုင္းေတြ အျခား အသုံးဝင္တဲ့ အပိုင္းေတြျဖစ္တဲ့ Flash ကိုေတာ့ မကၽြမ္းက်င္ရင္ေတာင္ တတ္ထားဖို့လိုတယ္။ Photoshop ကလည္း အေရးပါတယ္။ Photoshop က Design ပိုင္းကို လွေအာင္ ေဆာင္ရြက္ေပးနိုင္တယ္။ Developer အေနနဲ႔ အခုေခတ္ႀကီးမွာ Code သာမက လိုအပ္တာေလး အနည္းအက်ဥ္းေလာက္ကို ျပင္ဖို့ Web Designer ကို အကူအညီေတာင္းေနဖို့ အခ်ိန္မရွိေတာ့ဘူးေလ။ ဒါေၾကာင့္ Photoshop ကို တတ္ေျမာက္ဖို့လိုပါတယ္။ ၿပီးရင္ေတာ့ Web 2.0 ေခတ္ႀကီးထဲမွာ သင့္ Site ေတြ AJAX မသုံးဘူးဆိုရင္ေတာ့ ေခတ္ကုန္ေနတဲ့ Site လို့ ဆိုရမလိုျဖစ္ေနၿပီ။ ဒါေၾကာင့္ AJAX ကို ေလ့လာဖို့ ထပ္လိုလာပါတယ္။ AJAX အတြက္ JQuery , Mootools အျပင္ အျခား Framework ေတြ ရွိပါေသးတယ္။ ကၽြန္ေတာ္ကေတာ့ JQuery ပဲေပါ့။ အခုလက္ရွိ Ornagai Project ကို JQuery နဲ႔ ေရးသားထားပါတယ္။ AJAX ကိုေလ့လာၿပီရင္ေတာ့ JSON ကိုပါ သိထားဖို့လိုလာပါလိမ့္မယ္။ တျဖည္းျဖည္းနဲ႔ သိဖို့ တတ္ဖို့ ေတြ မ်ားလာတယ္။ အဲဒါအျပင္ Flash မွာဆိုရင္ XML ကို အသုံးျပဳတဲ့အတြက္ေၾကာင့္ XML မတတ္ရင္ေန ေလ့လာထားဖို့ ထပ္လိုေသးတယ္ဗ်။

 

ကၽြန္ေတာ္တို့အေနနဲ႔ ပညာေတြကို ေလ့လာသင္ယူၿပီးသြားတဲ့ အခါမွာေတာ့ Web Developer တစ္ေယာက္ျဖစ္လာၿပီလားဆိုေတာ့ ျဖစ္သင့္သေလာက္ျဖစ္ေနၿပီ။ ဒါေပမယ့္ ျပင္ပ ဆိုင္ရာ Knowledge ေတြလိုအပ္ေသးတယ္ေလ။


ျပင္ပဆိုင္ရာ Knowledge ဆိုတာေတြက
၁. Web Site တစ္ခုကို Local လုပ္ၿပီးတဲ့အခါ ဘယ္လို Hosting တင္မလဲ ?
၂. Hosting ဆိုတာဘာလဲ ?
၃. Hosting တစ္ခု ဝယ္မယ္ဆို ဘာေတြ အဓိက ၾကည့္သင့္လဲ ?
၄. ကိုယ့္ Web App ဟာ ဘယ္ Hosting နဲ႔အဆင္ေျပမွာလဲ ?
၅. Free Host ေတြမွာေကာ အသုံးျပဳနိုင္မလား ?
၆. Linux Hosting ဆိုရင္ SSH နဲ႔ ပတ္သက္ၿပီး သိဖို့လိုတယ္။
၇. Upload ဆိုတာဘာလဲ။ FTP ဆိုတာဘာလဲ။ စတာေတြ သိဖို့လိုတယ္။


Linux ပိုင္းကိုလည္း နည္းနည္းသိထားရင္ ေကာင္းမယ္။ PHP သမား ျဖစ္ခဲ့ရင္ေတာ့ Linux ကို ေလ့လာဖို့ လိုတယ္ေလ။ အခုေခတ္ႀကီးထဲမွာ တစ္ခုထဲ သိ႐ုံနဲ႔ မလုံေလာက္ေတာ့ဘူး။ ကိုယ္တကယ္လို့ အလုပ္ရခဲ့ရင္ အလုပ္လုပ္တဲ့ company မွာ Linux ပဲသုံးတာလည္း ျဖစ္နိုင္တယ္။ ဒါေၾကာင့္ Linux ကို ေလ့လာထားဖို့လိုလာၿပီ။ ASP.NET သမားဆိုရင္ေတာ့ Windows ႀကီးကို ပိုက္ၿပီး ေနလို့ရတာေပါ့။


PHP ကို Windows , Linux , Mac ႀကိဳက္တဲ့ေနရာမွာ ေရးလို့ရတယ္။ ASP.NET သမားဆိုရင္ေတာ့ Windows Hosting လိုလာတယ္။ ျမန္မာနိုင္ငံမွာဆိုရင္ေတာ့ စက္ဖိုးေလာက္နဲ႔ hosting ထားဖိုးေလာက္ပဲ အကုန္ခံၿပီးေတာ့ တင္လိုက္လို့ရပါတယ္။ နိုင္ငံတကာ ေစ်းႏွုန္းနဲ႔ဆို နည္းနည္းမ်ားေပမယ့္ upload အတြက္က copy & paste လုပ္ရတာေလးပဲေလ။ Linux Hosting ေတြကေတာ့ ေစ်းသက္သက္သာသာနဲ႔ ရနိုင္ပါတယ္။

 

Web developer တစ္ေယာက္ျဖစ္ဖို့ဆိုတာ ေလ့လာစရာ သင္ယူစရာေတြအမ်ားႀကီးပါ။ ဒါေၾကာင့္ အခု ေဆာင္းပါးေလးကို ဖတ္ၿပီးေတာ့ စိတ္က်မက်သြားပါနဲ႔ ။ ေမြးကတည္းက တတ္တဲ့လူဆိုလို့ တစ္ေယာက္မွ မရွိပါဘူး။ ကိုယ္ပိုင္ ဝါသနာနဲ႔ ေလ့လာမွုေၾကာင့္ လူေတြ ေအာင္ျမင္လာရတာပါ။

 

ကိုယ္ ဝါသနာ ပါမပါဆိုတာ သိဖို့ကေတာ့ ခက္သား ။ ကၽြန္ေတာ္ဆို Programming ကို ေတာ္ေတာ္မ်ားမ်ားေလ့လာဖူးတယ္။ VB 6 ကေန VB.NET , Java , C# , Ruby တစ္ခုမွ သေဘာမေတြ႕ခဲ့ဘူး။ VB.NET ေလ့လာၿပီးေနာက္မွာ VB ကို လက္လႊတ္ၿပီး C# ကိုေလ့လာခဲ့ေသးပါတယ္။ သို့ေသာ္ သေဘာမေတြ႕ခဲ့ဘူး။ ၿပီးေတာ့ Flash ကို XML , Action Script ေတြပါ မက်န္ ေတာ္ေတာ္မ်ားမ်ား ေလ့လာခဲ့တယ္။ သို့ေသာ္ သေဘာမေတြ႕.... ၿပီးေတာ့ Flex ကို ေလ့လာေသးတယ္.... မႀကိဳက္ျပန္.... ASP.NET web ပိုင္းကို ကူးခဲ့ေသးတယ္။

 

Hosting ျပသနာေၾကာင့္ ဆက္မလုပ္ျဖစ္ခဲ့။ ေနာက္ဆုံးမွ PHP ကိုေရာက္လာခဲ့တာပဲ။ HTML ကေတာ့ ၁၀ တန္းေလာက္က ေလ့လာဖူးတယ္။ CSS , Javascript က First Year ကတည္းက တတ္ၿပီးသားဆိုေတာ့ web ပိုင္းကို ေျပာင္းရတာ အပန္းမႀကီးဘူးေပါ့။ အခု JQuery ပိုင္းကို ေလ့လာေနပါလို့ ေျပာရင္း ၿပီးမဆုံးတဲ့ ေလ့လာသင္ယူေနတဲ့ ဘဝႀကီးကို ပင္ပန္းမွုေတြကို ေပ်ာ္ရႊင္မွုေတြနဲ႔ ေျဖေဖ်ာက္ရင္း ဘဝႀကီးကို ေပ်ာ္ေပ်ာ္ပါးပါး ခ်ီတက္ၾကတာေပါ့ဗ်ာ။


Credit – Original Uploader

Read times
Rate this articles
(1 Vote)