×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Saturday, 30 January 2021

အင်တာဗျူးသွားဖြေတဲ့အခါ အလုပ်ရှင်တွေနှစ်သက်သဘောကျစေဖို့

အင်တာဗျူးသွားဖြေတဲ့အခါ အလုပ်ရှင်တွေနှစ်သက်သဘောကျစေဖို့
အလုပ်တစ်ခုကိုလျှောက်လိုက်လို့ အင်တာဗျူးခေါ်ခံရပြီဆိုရင် သင့်အနေနဲ့ အကောင်းဆုံးပြင်ဆင်ထားဖို့လိုအပ်ပါတယ်။ သင်ပိုပြီး ပြင်ဆင်ထားလေ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ပိုရှိလေပါပဲ။ ဒါ့အပြင် သင့်အတွက် အကောင်းဆုံးရလဒ်ကိုလည်းသင်ရရှိမှာပါ။ အလုပ်ရှင်က သင့်ကိုလုံးဝသဘောကျနှစ်သက်ပြီး လုပ်ခလစာကောင်းကောင်းပေးဖို့ သင်တို့အားလုံးမျှော်လင့်ကြတယ်မလား။
ဒါဆိုရင် ဒီဆောင်းပါးလေးကို ဆက်ဖတ်လိုက်တော့နော်။

 

(၁) အကောင်းဆုံးပြင်ဆင်ပါ။
ပြင်ဆင်ခြင်းက ပထမဆုံးအရေးကြီးဆုံးအချက်ပါ။ အဲ့တာကြောင့် အင်တာဗျူးသွားမဖြေခင် ကုမ္ပဏီနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ကြိုတင်ရှာဖွေထားဖို့လိုပါတယ်။ ဥပမာ- ကုမ္ပဏီအမျိုးအစား၊ ကုမ္ပဏီကလိုအပ်နေတဲ့ အရည်အချင်းတွေကဘာတွေလဲ။ အစရှိတဲ့အချက်တွေကို သင်လေ့လာထားဖို့လိုပါတယ်။ ဒီလိုလေ့လာထားခြင်းက အင်တာဗျူးဖြေတဲ့အခါသင့်ကို အလုပ်မှာ တကယ်စိတ်ဝင်စားတယ် လို့ အလုပ်ရှင်က သတ်မှတ်သွားမှာဖြစ်ပါတယ်။ ဒါမှရှေ့ဆက်မယ့် အင်တာဗျူးဖြစ်စဉ်မှာသင်ပြောတဲ့စကားတွေကို ပိုလို့လက်ခံလာပါလိမ့်မယ်။ ပုဂ္ဂိုလ်ခင်မှ တရားမင်မှာလေ။

 

(၂) First Impression ကောင်းပါစေ။
အထက်ကပြောခဲ့တဲ့အတိုင်းပဲ သင့်ကို အလုပ်ရှင်ကမြင်လိုက်တာနဲ့ သဘောကျသွားရပါမယ်။ ဒါကြောင့် သင့်ရဲ့ ဝတ်စားဆင်ယင်ပုံကိုလည်း အထူးဂရုပြုရပါမယ်။ အပြင်ပိုင်းပုံပန်းသဏ္ဍာန်ကို အရင်မြင်ကြရတာဆိုတော့ စကားမပြောကြည့်သေးခင် သင့်ကိုမြင်တာနဲ့ သဘောကျသွားစေအာင်တော့ သင်ဝတ်တတ်စားတတ်ဖို့လိုပါတယ်။ ဆိုလိုတာက အကောင်းစား၊ အလှဆုံးတွေဝတ်သွားဖို့ပြောချင်တာမဟုတ်ပါဘူး။ Casual Dress ကိုမှ အတော်အသင့်သပ်ရပ်တဲ့ အဝတ်အစားလေးကို ဝတ်ဆင်သွားဖို့လိုပါတယ်။

 

(၃) ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုကိုတည်ဆောက်ပါ။
အလုပ်ရှင်တွေဆီက အကြားများဆုံးကိစ္စရပ်တစ်ခုက အင်တာဗျူးလာဖြေတဲ့လူတွေက မေးခွန်းတွေကိုသေချာမဖြေကြဘူးဆိုတဲ့ စကားပါပဲ။ အလုပ်ရှင်က မေးတဲ့မေးခွန်းတွေကို မရှောင်ပါနဲ့။ အရိုးသားဆုံး၊ အမှန်ကန်ဆုံး ဖြေပါ။ အလုပ်ရှင်ကပြောတဲ့စကားကို သေချာနားထောင်ပြီး အထိုက်အလျောက် ဖြေတတ်ဖို့လိုကိုလိုအပ်ပါတယ်။ အလုပ်ရှင်ကို သင့်ရဲ့စကားလုံးတွေကြားကို ရောက်ရှိလာအောင် ဆွဲဆောင်နိုင်ရပါမယ်။

 

(၄) မေးခွန်းမေးပါ။
အင်တာဗျူးဖြေကြတဲ့လူတော်တော်များများလုပ်တတ်တဲ့ အပြုအမူမှားတစ်ခုပါ။ အလုပ်ရှင်က မေးစရာရှိသေးသလား မေးတဲ့အခါ “မရှိပါဘူး” လို့ပြောတတ်ကြပါတယ်။ ဒါက အတော်ကို ဆိုးရွားတဲ့အမှားတစ်ခုပါ။ အင်တာဗျူးဆိုတာ တစ်လမ်းမောင်းပဲမဟုတ်ပါဘူး။ နှစ်လမ်းမောင်းပါ။ အလုပ်ရှင်ဘက်က သင့်ကို မေးစရာတွေစစ်ဆေးစရာတွေရှိသလို သင့်ဘက်ကလည်း သင်သိသင့်တဲ့အချက်တွေကို မေးဖို့လိုအပ်ပါတယ်။

 

(၅) သင့်ကိုယ်သင်ရောင်းပါ။
အင်တာဗျူးဖြေတယ်ဆိုတာ စာစောင်တစ်ခုတည်းနဲ့သင့်ကိုယ်သင်ရောင်းနေတာပါ။ သင့်ရဲ့ အားသာချက်နဲ့ အရည်အချင်းတွေကို အလုပ်ရှင် မြင်သာယုံကြည်လာအောင် ရောင်းရပါမယ်။ အကယ်၍ သင့်မှာဘာမှရောင်းစရာမရှိဘူးလား။ ဒါဆိုရင် သင့်ရဲ့ စိတ်ထားကို ရောင်းထွက်အောင်ရောင်းလိုက်ပါ။ သင်သေချာပေါက်အလုပ်ရပါတယ်။

 

ဒီအချက်(၅)ချက်က လုပ်ငန်းအင်တာဗျူးဖြေတဲ့အခါ သင့်ကို အလုပ်ရှင်နှစ်သက်သဘောကျစေမယ့် အချက်တွေဖြစ်ပါတယ်။ ဒီအချက်လေးတွေကို သတိပြုမှတ်သားပြီး လက်တွေ့မှာအသုံးချကြည့်ပါ။ သင် အကျိုးရကိုရမှာဖြစ်ပါတယ်။

 

 

အင္တာဗ်ဴးသြားေျဖတဲ့အခါ အလုပ္ရွင္ေတြႏွစ္သက္သေဘာက်ေစဖို႔
အလုပ္တစ္ခုကိုေလွ်ာက္လိုက္လို႔ အင္တာဗ်ဴးေခၚခံရၿပီဆိုရင္ သင့္အေနနဲ႔ အေကာင္းဆုံးျပင္ဆင္ထားဖို႔လိုအပ္ပါတယ္။ သင္ပိုၿပီး ျပင္ဆင္ထားေလ ကိုယ့္ကိုယ္ကို ယုံၾကည္ခ်က္ပိုရွိေလပါပဲ။ ဒါ့အျပင္ သင့္အတြက္ အေကာင္းဆုံးရလဒ္ကိုလည္းသင္ရရွိမွာပါ။ အလုပ္ရွင္က သင့္ကိုလုံးဝသေဘာက်ႏွစ္သက္ၿပီး လုပ္ခလစာေကာင္းေကာင္းေပးဖို႔ သင္တို႔အားလုံးေမွ်ာ္လင့္ၾကတယ္မလား။
ဒါဆိုရင္ ဒီေဆာင္းပါးေလးကို ဆက္ဖတ္လိုက္ေတာ့ေနာ္။

 

(၁) အေကာင္းဆုံးျပင္ဆင္ပါ။
ျပင္ဆင္ျခင္းက ပထမဆုံးအေရးႀကီးဆုံးအခ်က္ပါ။ အဲ့တာေၾကာင့္ အင္တာဗ်ဴးသြားမေျဖခင္ ကုမၸဏီနဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြကို ႀကိိုတင္ရွာေဖြထားဖို႔လိုပါတယ္။ ဥပမာ- ကုမၸဏီအမ်ိဳးအစား၊ ကုမၸဏီကလိုအပ္ေနတဲ့ အရည္အခ်င္းေတြကဘာေတြလဲ။ အစရွိတဲ့အခ်က္ေတြကို သင္ေလ့လာထားဖို႔လိုပါတယ္။ ဒီလိုေလ့လာထားျခင္းက အင္တာဗ်ဴးေျဖတဲ့အခါသင့္ကို အလုပ္မွာ တကယ္စိတ္ဝင္စားတယ္ လို႔ အလုပ္ရွင္က သတ္မွတ္သြားမွာျဖစ္ပါတယ္။ ဒါမွေရွ႕ဆက္မယ့္ အင္တာဗ်ဴးျဖစ္စဥ္မွာသင္ေျပာတဲ့စကားေတြကို ပိုလို႔လက္ခံလာပါလိမ့္မယ္။ ပုဂၢိဳလ္ခင္မွ တရားမင္မွာေလ။

 

(၂) First Impression ေကာင္းပါေစ။
အထက္ကေျပာခဲ့တဲ့အတိုင္းပဲ သင့္ကို အလုပ္ရွင္ကျမင္လိုက္တာနဲ႔ သေဘာက်သြားရပါမယ္။ ဒါေၾကာင့္ သင့္ရဲ႕ ဝတ္စားဆင္ယင္ပုံကိုလည္း အထူးဂ႐ုျပဳရပါမယ္။ အျပင္ပိုင္းပုံပန္းသ႑ာန္ကို အရင္ျမင္ၾကရတာဆိုေတာ့ စကားမေျပာၾကည့္ေသးခင္ သင့္ကိုျမင္တာနဲ႔ သေဘာက်သြားေစအာင္ေတာ့ သင္ဝတ္တတ္စားတတ္ဖို႔လိုပါတယ္။ ဆိုလိုတာက အေကာင္းစား၊ အလွဆုံးေတြဝတ္သြားဖို႔ေျပာခ်င္တာမဟုတ္ပါဘူး။ Casual Dress ကိုမွ အေတာ္အသင့္သပ္ရပ္တဲ့ အဝတ္အစားေလးကို ဝတ္ဆင္သြားဖို႔လိုပါတယ္။

 

(၃) ေကာင္းမြန္တဲ့ဆက္ဆံေရးတစ္ခုကိုတည္ေဆာက္ပါ။
အလုပ္ရွင္ေတြဆီက အၾကားမ်ားဆုံးကိစၥရပ္တစ္ခုက အင္တာဗ်ဴးလာေျဖတဲ့လူေတြက ေမးခြန္းေတြကိုေသခ်ာမေျဖၾကဘူးဆိုတဲ့ စကားပါပဲ။ အလုပ္ရွင္က ေမးတဲ့ေမးခြန္းေတြကို မေရွာင္ပါနဲ႔။ အ႐ိုးသားဆုံး၊ အမွန္ကန္ဆုံး ေျဖပါ။ အလုပ္ရွင္ကေျပာတဲ့စကားကို ေသခ်ာနားေထာင္ၿပီး အထိုက္အေလ်ာက္ ေျဖတတ္ဖို႔လိုကိုလိုအပ္ပါတယ္။ အလုပ္ရွင္ကို သင့္ရဲ႕စကားလုံးေတြၾကားကို ေရာက္ရွိလာေအာင္ ဆြဲေဆာင္ႏိုင္ရပါမယ္။

 

(၄) ေမးခြန္းေမးပါ။
အင္တာဗ်ဴးေျဖၾကတဲ့လူေတာ္ေတာ္မ်ားမ်ားလုပ္တတ္တဲ့ အျပဳအမူမွားတစ္ခုပါ။ အလုပ္ရွင္က ေမးစရာရွိေသးသလား ေမးတဲ့အခါ “မရွိပါဘူး” လို႔ေျပာတတ္ၾကပါတယ္။ ဒါက အေတာ္ကို ဆိုး႐ြားတဲ့အမွားတစ္ခုပါ။ အင္တာဗ်ဴးဆိုတာ တစ္လမ္းေမာင္းပဲမဟုတ္ပါဘူး။ ႏွစ္လမ္းေမာင္းပါ။ အလုပ္ရွင္ဘက္က သင့္ကို ေမးစရာေတြစစ္ေဆးစရာေတြရွိသလို သင့္ဘက္ကလည္း သင္သိသင့္တဲ့အခ်က္ေတြကို ေမးဖို႔လိုအပ္ပါတယ္။

 

(၅) သင့္ကိုယ္သင္ေရာင္းပါ။
အင္တာဗ်ဴးေျဖတယ္ဆိုတာ စာေစာင္တစ္ခုတည္းနဲ႔သင့္ကိုယ္သင္ေရာင္းေနတာပါ။ သင့္ရဲ႕ အားသာခ်က္နဲ႔ အရည္အခ်င္းေတြကို အလုပ္ရွင္ ျမင္သာယုံၾကည္လာေအာင္ ေရာင္းရပါမယ္။ အကယ္၍ သင့္မွာဘာမွေရာင္းစရာမရွိဘူးလား။ ဒါဆိုရင္ သင့္ရဲ႕ စိတ္ထားကို ေရာင္းထြက္ေအာင္ေရာင္းလိုက္ပါ။ သင္ေသခ်ာေပါက္အလုပ္ရပါတယ္။

 

ဒီအခ်က္(၅)ခ်က္က လုပ္ငန္းအင္တာဗ်ဴးေျဖတဲ့အခါ သင့္ကို အလုပ္ရွင္ႏွစ္သက္သေဘာက်ေစမယ့္ အခ်က္ေတြျဖစ္ပါတယ္။ ဒီအခ်က္ေလးေတြကို သတိျပဳမွတ္သားၿပီး လက္ေတြ႕မွာအသုံးခ်ၾကည့္ပါ။ သင္ အက်ိဳးရကိုရမွာျဖစ္ပါတယ္။

Read times
Rate this articles
(0 votes)